စင်္ကာပူမှာအလုပ်ရှာရသောအခက်အခဲများ...အပိုင်း(၁)

အင်း ၂၀၀၅ ခုနှစ်လောက် ကပေါ. မြန်မာပြည် မှာနေရင်း စင်ကာပူမှာ သွားအလုပ်လုပ်ချင်တော. စင်ကာပူ က အလည်ပြန်လာတဲ.ကိုကို၊မမ တွေရဲ. စကားတွေ နားစွင်.ရတာပေါ.။ သူတို.တွေရဲ. အပြောအရ စင်ကာပူမှာလောလောဆယ် Draft man (Auto CAD)အလုပ်ဟာ ရှာရလွယ်တယ် ပေါ.နော်.။ ဒါကြောင်. ကိုယ်လဲ မြန်မာပြည် မှာ Auto CAD ကိုဇောက်ချ လေ.ကျင်.လိုက်ပါတော.တယ်။ သင်တန်း တွေ တက်တယ်ပေါ.နော်။ ဒါနဲ. လာမယ်် လာမယ်် နဲ. လုပ် တာ စိတ်က ပါပေမယ်. ငွေက မလိုက်နိုင်တော. ငွေစုရင်း ၂၀၀၈ ခုနှစ် နှစ်လယ်ထိရောက်သွား တာပေါ.။

စလုံး ကို လာဖို.လဲ အားလုံးသေသေချာချာ ပြင်ဆင်ရတယ်နော်။ မြန်မာပြည် ကတည်း က သူငယ်ချင်း ကို နေစရာ တနေရာ ရဖို. ၁ လလောက်ကြိုပြောရတယ်။ အဲ.လိုမှ မဟုတ်ရင် ရောက်လာလို. နေရာစရာ မရ လို. တည်းခိုခန်း တွေ ၊ သူများ အိမ်ဧည်.ခန်းတွေ ကပ်ပြီး အိပ်ရတာ တွေ ဖြစ်မယ် လို. သူငယ်ချင်းကပြောပြထားတယ်လေ။


စလုံးကိုလေယာဉ်ဆိုက်တဲ. အချိန် က သူငယ်ချင်း ရဲ. အလုပ်ချိန်ဖြစ်နေလို. လိပ်စာ ကို Taxi ဆရာ ပြပြီး နေရမဲ. အိမ်ကို ကိုယ်ထူကိုယ်ထ ချီတက်လာရတယ်လေ။ စလုံးက တရုတ်တွေ က တော်တော် ကိုသဘောကောင်းတယ် ခင်ဗျ ရွဲ.ပြောတာ၊ Taxi ဆရာ ကလဲ တိုက်ခန်း (Block)အောက်မှာ ထိုးရပ်ပေးတယ်လေ။ ဒီတော. ပိုက်ဆံရှင်းပြီး ကိုယ်.အထုပ်အပိုးတွေ ကို ကားနောက်ဖုံုးကနေ ဆွဲချရတယ်ပေါ.။ ဒါကို ကူညီမယ် မရှိပဲ အဲ.နေ.က မိုးရွာ နေတော. သူကားနောက်ဖုံး ရေစိုမှာ ဆိုးလို. "အမြန်လုပ် ကားနောက်ဖုံး ရေစိုကုန်တော.မယ်" လို.တောင် မာန်လိုက်ပါသေးတယ်။ ဒါကတခု။ နောက်တခု က အခန်း က အပေါ်ထပ်မှာ ဆိုတော. တက်ရတာပေါ. ဓါတ်လှေကားနဲ.။ တိုက် က ဓါတ်လှေကား ၂ စင်း ရှိတော. မဟုတ်တဲ. ဘက်ကို မှားတက်သွားမိတော. လုံးဝ ကိုလမ်းပျောက်တော.တာပေါ.။ တိုက်နံပါတ်ကလဲ တူနေတယ် ဘာလို.ရှာမတွေတာတုန်းဆိုတော. တိုက်ခန်း တခုက ထွက်လာတဲ. တရုတ်မ ကြီးကို မေးတယ် တိုက်ခန်း နံပါတ် xx-xx က ဘယ်မှာ တုန်း ဆိုတော. "Don't Know" ဆိုပြီး အခန်းတံခါး ကိုဆောင်.ပိတ်ပြီး သူ.အိမ်ထဲ သူဝင်သွားတယ်လေ။ ကောင်းကောင်းမွန်မွန် မသိဘူးလို.ပြောရင် သေမယ်ထင်မယ်နော်။ ပုံစံ က သူအိမ်ရှေ.ထွက် လေညင်းခံ နေတာ ကို နှောက်ယှက်ခံရတဲ. မျက်နှာပေါက်နဲ.။ သြော် နောက်ဆုံးမှ အောက်ဆင်း ပြီး နောက် ဓါတ်လှေခါးနဲ. တက်မှ စလုံးက ကိုယ်.ရဲ. Home Sweet Home လေးကိုရောက်ပါတော.တယ်။ သူငယ်ချင်း က အိမ်သော.ကို အိမ်ရှေ.က ရူးဖိနပ် ထဲ ထည်.ထားတယ် နူိက်လိုက်လို.မှာထားလို. နူိက်ပြီး အိမ်ထဲ ရောက်ပါတော.တယ်။ ဟူး မောလိုက်တာ။

ကဲ လုပ်ငန်း စပြီဗျိုး ညှားပြီ www.jobstreet.com , www.jobsdb.com တို. Strait Time သတင်းစာ တို.နဲ.။ အလုပ် ကတော. လျှောက်တယ် ၁ နေ.ကို ၅ ခုနှင်.အထက်။ အဲ.ဒါတောင် ၁ ပတ်လုံးမှ အင်တာဗျူးက ၂ ခုလောက်ရရင်ကံကောင်း။ တခါ ကြုံဖူးလိုက်တယ် ဖုန်း ၀င်လာတယ်လေ ကိုယ််ပြောတဲ. အင်္ဂလိပ် လေသံကို နားထောင် ပြီး "Where are you from?" လို.မေးတယ်လေ။ ဒါနဲ. ဖြေတာပေါ. "MYANMAR" လို.။ ပြန်ပြောတယ် စလုံးမ က "Sorry, BURMA CANNOT" ဆိုပြီး ဖုန်းချသွားပါလေရဲ.။ အင်း မလွယ်ပါလားနော်။

ခေတ်ဆိုတာလဲ အမြဲတမ်းပြောင်းလဲနေပါတယ်။ ၂၀၀၅ ခုနှစ် က ခေတ်စားတဲ. အလုပ်စျေးကွက် နဲ. ၂၀၀၈ ခုနှစ် အလုပ်စျေးကွက်နဲ. မတူဘူးလို.ပဲ ကျွန်တော်ယူဆ လိုက်ပါတယ်။ ဘာလို.လဲ ဆိုတော. မြန်မာပြည် ကနေ Draft man အလုပ်နဲ. လာရှာတဲ. သူ ပေါများ လာတော. အလုပ် ရှာရတာ ခက်ပြီး လစာကလည်း အင်မတန်ကို လျှော.နည်း သွားလို.လေ။ စင်ကာပူရဲ. အလုပ်သမား ၀န်ကြီးငှာန ရဲ. rule အရ Special Pass (SP)တစ်ယောက် ရဲ. လစာ က ဒေါ်လာ ၁၈၀၀ အနည်းဆုံးရတဲ.သူဖြစ်ရမယ်ဆိုတော. ဒုက္ခရောက်တော.တာပေါ.။ ဒါပေမယ်. အချို.သော ကုမ္ပဏီ တွေလဲ နားလည်မူနဲ. လစာ ၁၈၀၀ အောက် ရပေမယ်. S Pass ကို ၁၈၀၀ နဲ. လျှောက်ပေးပြီး နောက်မှ အချင်းချင်း သဘောသူညီမူ ယူစားပြီး လစာ ထဲ က ပြန်ဖြတ်တာတွေလဲ ရှိပါတယ်။

Draft Man အလုပ်တိုင်း ၁၈၀၀ အောက် ရတယ် လို.တော. မဆိုလိုဘူးပေါ.လေ။ တချို. လုပ်သက်ရှိ တဲ. ကျွမ်းကျင်တဲ.သူတွေ ဆိုလဲ ဒီထက်မကရကျပါတယ်။ ကျွန်တော် ကတော. အလုပ်အတွေ.အကြုံမရှိတော. အစခက်တာပေါ. လေ။

အထက်ပါပိုစ့်လေးကို...www.royal-myanmar.com... ကနေကူးယူခြင်းဖြစ်ပါသည်။

No comments :

Post a Comment