စင်္ကာပူမှာအလုပ်ရှာရသောအခက်အခဲများ...အပိုင်း(၃)

ငါမြန်မာပြည် ပြန် ရင် လူတွေ က မေးကျမယ် “ဘာလို.လဲ၊ ဘာလဲ၊ ဘာလို.တုန်း “ ။ အဲ.ဒါတွေ ကို မျက်နှာ ချင်းမဆိုင်ချင် တာနဲ. စိတ်ကိုဒုန်းဒုန်းချပြီး ပင်နီဆူလာ ပလာဇာ မှာ မလေးဗီဇာ တင်လိုက်ပါတယ်။ ဒေါ်လာ ၃၀ ကျပါတယ်။ မလေး ဗီဇာ ကို တင်ရင် ၄ ရက်ကြိုတင်ရတယ်နော်။ မှတ်ထားဦး။

မလေး ကို ၂ မျိုးသွားလို.ရတယ်။ Express ကားနဲ. လက်မှတ် ၀ယ်ပြီး သွား လို. ရသလို Bus ကားနဲ. ၃၊၄ ဆင်.စီး သွားရင်လဲ ကွာလာလမ်ပူမြို.ကိုရောက်နိုင် ပါတယ်။ ကျွန်တော် က တော. စျေးသက်သာတဲ. Bus နဲ.ပဲ အဆင်.အဆင်. သွားတာပေါ.။

မလေး ကို Bus နဲ. သွားနည်း လေး ပြောပြချင်တယ်နော်။ Singapore က Woodland bus interchange ကနေ Bus နံပါတ် ၉၀၃ ကို စီးပြီး စလုံးနဲ. မလေး နယ်စပ် တံတား ပေါ်ရှိ စလုံး Check point ကို အရင်ဖြတ်ရတယ်။ စလုံး Officer က မြန်မာ Passport ဆိုတော. သိတဲ. အတိုင်း “ မင်းဘယ်နေ. ပြန် ၀င်မှာတုန်း၊ မြန်မာ ပြည် အပြန်လေယာဉ်လတ်မှတ်ပြ၊” ဆိုပြီး စစ်တာပေါ.။ ဒီလောက်ပါပဲ။

စလုံး Check point ကို ကျော်ပြီး နောက် တခါ ဟိုဘက်ခြမ်း က မလေး Check point ထို ဖြတ်ပြီး မလေး နယ်စပ် Johor Baru ကိုရောက်သွားတယ်။ အဲ.ဒီ ကမှ တဆင်. Bus ကားနဲ. Lankin station လို.ခေါ်တဲ. အဝေးပြေး ကားဂိတ် ကို သွားရတယ်။ Lankin station ကိုလဲ ရောက်ရော KL KL လို.အော် ခေါ်နေတဲ. စပယ်ရာ တွေရဲ. အော်သံတွေ ကြားရမှာပါ။ ဒါနဲ. ကားလက်မှတ် ရင်းဂစ် ၃၀ ပေးပြီး ကားလူပြည်.တာ ထိုင်စောင်.နေလိုက်ပါတယ်။ စလုံး ဒေါ်လာ ၁၅၀ ဆိုရင် မလေး ရင်းဂစ် ၃၀၀ ကျော်ရတယ်လေ။

Lankin Station ကနေ နေ.လည် ၁၂ ကနေ စထွက်တာ လမ်းမှာ ထမင်းစား တခါ နားပါတယ်။ မြန်မာပြည် ကရှမ်းပြည် ကိုခရီးသွားတဲ. အတိုင်းပဲ တောတောင် တွေ အရမ်းလှပါတယ်။ ညနေ ၆ နာရီလောက်မှာ တော. ကွာလာလမ်ပူထဲ ကို၀င်လာပါပြီ။ လာကြိုတဲ. သူငယ်ချင်း ရှိတော. အဆင်ပြောတာပေါ.လေ။ သူက INTI ကောလိပ်မှာ ကျောင်းတက် တယ်လေ။ ဒီတော. သူကောလိပ် နဲ.နီးတဲ. သူ.အိမ်မှာပဲ ကျွန်တော် တည်းပါတယ်။ သူတို.ကျောင်းကို အလည်တောင်လိုက်သွားသေးတယ် အာဖရိက နီဂရိုးတွေ အများကြီးပဲ။

မလေး မှာ ၅ရက်အနေပြပြီးမှ စလုံးဗီဇာ တင်လို.ရမယ်ဆိုလို. ကြားထဲမှာ KLCC Tower တို. Genting တို.တောင် အလည်သွားလိုက်ပါသေးတယ်။ မလေးမှာ တော. မြန်မာ တွေ ရှယ်ပေါတာနော်။ ကျွန်တော် စားခဲ.တဲ. စားသောက်ဆိုင် တိုင်းလိုလိုမှာ မြန်မာ အလုပ်သမား (သို.) မြန်မာဆိုင်ရှင် တွေများတယ်။

၆ ရက်ပြည်.တဲ. နေ.မှာတော. စလုံး သံရုံးမှာ ဗီဇာ သွားတင်ပါတော.တယ်။ တင်ရင်းနဲ. ဘေးကမြန်မာတွေ ရဲ. တဆင်.စကားအရ ဒီရက်ပိုင်း စလုံးဗီဇာ တင်ရင် ၉၉% လောက်က Reject ဖြစ်ကျတယ်။ မြန်မာပြည် လေယာဉ်လတ်မှတ် တွဲပြီး ဗီဇာ တင်တယ်လေ။ ဗီဇာကြေး ရင်းဂစ် ရ၀ ပေးရပါတယ်။ နောက်ရက် ပြန်ချိန်းတယ် ဗီဇာ လာထုတ်ဖို.။ အဲ.ဒါနဲ. ၂၄ ပစ္စည်း၊ သံဗုဒေ္ဓ ကို တရဆက်ကို ရွတ်တော.တာပါပဲ။

နောက်ရက် ညနေပိုင်း လောက် ရင်တမမ နဲ. ဗီဇာသွားထုတ်တယ်။ လာပြန်ပြီ Reject တဲ.။ ဘာလို.လဲလို.မေးတော.လဲ မဖြေဘူး။ ဟူး။ ဒီနဲ. အသည်း အသန် စလုံး က သူငယ်ချင်း ကို ပန်နီဆူလာပြေးပြီး စလုံး Re-entry Visa တင်ခိုင်းရတယ်။ စလုံး ဒေါ်လာ ၈၀ ကျပါတယ်။ အဖြေသိဖို. ၂ ရက်စောင်.ရမယ်တဲ.။ ဒီတော. မလေး ကနေ နောက်တခါ ရင်တမမ နဲ.ဆက်စောင်.နေရပါတယ်။ နောက်ဆုံးမရခဲ.လျှင် မြန်မာပြည် ပြန်မည် လို.တောင်တွက်ထားပါတယ်။

ကလင် ကလင်။ သူငယ်ချင်း မင်း ဗီဇာ ရပြီ စလုံးဝင်လာ လို.ရပြီ။ ဟားဟား အလုံးကြီးတလုံးကျသွားပြီ။ နောက် တလုံးက က Check point မှာ အဆင်ပြေဖို. လိုသေးတယ်လေ။ Officer သဘောကောင်းတာလေးနဲ.တွေ.ပါစေ ဗျာ။ ဒါနဲ.ချက်ချင်းပဲ စလုံး ကို ပြန်လာတယ်။ မလေး-စလုံး နယ်စပ် Johor Baru ကို မနက် မိုးသောက် ၄ နာရီရောက်တယ်လေ။ သူငယ်ချင်းကို မနက် ရ နာရီ ချိန်းထားတော. စောင်.နေရတာပေါ.။

သူငယ်ချင်းက စလုံး citizen လေ။ ဒါကြောင်. သူက စလုံး ကနေ မလေးကို တံခါးမရှိ ဓါးမရှိလာလို.ရတယ်လေ။ ဒါကြောင်.လဲ သူက စလုံး check point နဲ. မလေး check point ကိုဖြတ်ပြီး ကျွန်တော. ကို ဗီဇာလာပေးလို.ရတာပေါ.။ Citizen မဟုတ်ရင်တော. ဒါမျိုးလုပ်လို.မရဘူးလေ အနည်းဆုံး မလေး ဗီဇာ ရှိမှ ဒီ Johor Baru ကိုလာလို.ရမယ်။

ကဲ ရောက်ပါပြီ စလုံး check point ရောက်ပါပြီ။ Officer က မြန်မာ ပတ်စပို.စ် ဆိုတော. အခန်းထဲ ကြွခဲ.ပါတဲ.။ စလုံး မှ Stay ရဖို. သူ.အပေါ်မှာမူတည်တယ်လေ။ အကျိုးအကြောင်းဆီလျှော်အောင် ပြောနိုင်ရင် ၁လ၊ မပြောနိုင်ရင် ၄ရက် ၁ပတ်ပေါ.။ Visa မှာ stay ကိုကျွန်တော် ၁ လဖြည်.ထားတဲ.အတွက်

Officer - ဘာလို. စင်ကာပူမှာ ၁ လ ထပ် နေချင်ရတာလဲ။
ကျွန်တော် - ကျွန်တော်. S Pass က လစာမှာ 1800 ထက်နည်းလို. Reject ထိတယ်။ အဲဒါကြောင်.မလေးကို ခဏ Stay ရှောင်လိုက်တယ်။ အခု ကျောင်းတက် မယ်လို.ဆုံးဖြတ်ထားတဲ.အတွက် စလုံး က ကျောင်းတွေ ကို အေးအေးဆေးဆေး စုံးစမ်း လို.ရအောင် ၁ လ လောက် တော. လိုချင်ပါတယ်။

အဲဒါနဲ. သူက ကျေကျေနပ်နပ် ပဲ ၁လ ဆိုပြီး တံဆိပ်တုံးထုပေးလိုက်ပါတယ်။ Stay တစ်လ ရမှလဲ နောက်ထပ် Stay တစ် လ ထပ်တိုး လို.ရမှာလေ။ ၄ ရက် ၁ ပတ်ဆို ထပ် တိုးလို.မရတော.ဘူးလေ။ အခုလို ကျောင်းတက်မယ် လို. ပြော ဒါမှ အဆင်ပြေမယ် လို. အသိမိတ်ဆွေတွေ ကသင်ပေးလိုက်တာကိုး။

စလုံးမှာ ပြန်နေရတဲ. Draft Man အလုပ် ကရှားတော. ၁ လအတွင်း အင်တာဗျူးက ၂ ခုလောက်ပဲရတယ်လေ။ ၂ခုလုံး အဆင်မပြောပါဘူး။ ဒါနဲ. Online ကနေ ထပ်တိုးရပြန်ပါပြီ သက်တမ်းမကုန်ခင်လေး။ အဲ.ဒီ ၁ လ ပြီးရင် ဂိတ်ကုန်ပြီလေ။ အမိနိုင်ငံကို ၀မ်းနညး်စွာနဲ. ပြန်ရမှာပေါ.။

ကလင် ကလင် "မင်းကို ငါ.တို Boss က အင်တာဗျူး မယ်တဲ. လာခဲ.ပါဦး" ဆိုပြီး ရင်းနှီးသူ အစ်ကိုတစ်ယောက်ဆီမှ ဖုန်းဝင်လာတယ်။ သူနဲ. က အရင်ကတညး် ကိုယ်.အခက်အခဲတွေ ကို ပြောပြထားတာကိုး။ အဲဒီ အင်တာဗျူး တခုလုံး အဆင်ချောပါတယ်။ လူခံ ကလဲ ရှိနေတော. အားရှိတာပေါ.။ ခန်.မခန်. ကို နောက်နေ.ဖုန်း ဆက်မယ် ဆိုပြီး သူဌေး ပြောလိုက်ပါတယ်။

ကလင် ကလင် အဲ.ဒီ ဖုန်းသံကို အကြောက်ဆုံး။ ဒီတခါ တော. ဖုန်းကလေး က ချစ်ဖို.ကောင်းပါတယ်။
"ကုမ္ပဏီ ကို လာခဲ.ပါ။ S Pass တင်ရအောင််" တဲ.။ ဒီကုမ္ပဏီ ကျတော. S Pass ကို ၁၈၀၀ နဲ. လိမ်လိမ်မာမာ တင်ပေးတယ်။ သူတို. က နပ် ပြီးသားလေ မြန်မာတွေ ကို စျေးနိှိမ်ပြီး ခန်.နေကျလေ။

ကဲ ဒီလောက် အလုပ်လုပ်ချင်နေ တဲ. အကောင် ရူန်းပေတော.။

နောက်အလုပ် လာရှာမည်. မြန်မာ Draft Man များ ကံကောင်းပါစေသား . . . . .

အထက်ပါပိုစ့်လေးကို...www.royal-myanmar.com...ကနေကူးယူဖော်ပြခြင်းဖြစ်ပါသည်။

No comments :

Post a Comment