အတု အယောင်











အမှန်သည် အမှား … အမှားသည် အမှန်

“မပြောရ--မလုပ်ရ--မသွားရ”

အဲဒီလို မဟူရာရောင် ပုတ်အက်အက်ရန့ံဆန်တဲ့

ပုံစံခွက်ကြီး ထဲမှာ

ယက်ကန်ယက်ကန် ရှင်သန်ခဲ့ရပြီး

ဘာမဆို ပိတ်ပင်တားဆီး

အခွင့်အလမ်းဆိုတာ

ညအိမ်မက်ပဲလားဆိုတဲ့ တွေးခေါ်မှူတွေနဲ့

ကြီးပြင်း ခဲ့ရလို.

ကျမ ပြုံးနေတယ်

ဒါပေမယ့်် အပြုံးတု

ကျမ ရယ်နေတယ်

ဒါပေမယ့် အရယ်တု

ကျမ ငိုနေတယ်

ဒါပေမယ့််် မျက်ရည်တု





written by: နှင်းဆီခင်းလေး

1 comment :

  1. အဲ...မလုပ်လိုက်ပါနဲ ့

    ညီမလေး

    ReplyDelete