H1N1 အကြောင်း Mail တွေကို သတိထားပါ

လက်ရှိ ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံးက အမေရိကန် သမ္မတမဟုတ်သလို၊ ရုပ်ရှင်
သရုပ်ဆောင်တွေ၊ လက်နက်ဆန်းတွေလည်း မဟုတ်ပါဘူး။ လူသားတွေကို လျှင်မြန်စွာ
တိုက်ခိုက် ဖျက်စီးသွားနိုင်စွမ်း ရှိတဲ့ ကပ်ရောဂါ တစ်မျိုးပါ။ (H1N1)
ဖြစ်ပါတယ်။ ဒီရောဂါကို အကြောင်းပြု ပြီးတော့ အမှောင်ခြမ်းမှာ
ရှိတဲ့သူတွေက ကမ္ဘာကွန်ရက်ထဲမှာ အဖျက်လုပ်ငန်း တွေလုပ်လာနေကြပါပြီ။

(H1N1) အကြောင်းကို ဖော်ပြထားတဲ့ e-mail တွေကို လူတွေဆီ
ပို့ပြီး တိုက်ခိုက်မှု ပြုလာတာပါ။ ဒီ e-mail မှာပါတဲ့ link တွေကို click
ခေါက်မိလျှင်တော့ Qhost.NJI ဆိုတဲ့ Trojan ၀က်ရောက်တာကို ခံရမှာပါ။ ဒီ
Link က မက္ကဆီကန် ၀က်ဘ်ဆိုက်တစ်ခုဆီသို့ ဆွဲခေါ်သွားမှာ ဖြစ်ပြီး
ဒီဆိုက်ထဲမှာ ရှိနေတဲ့ Trojan က ၀င်ရောက်သွားမှာပါ။ မက္ကဆီကို ဆိုက်ဟာ
တရားဝင်ဆိုက်ဖြစ်ပေမယ့်လည်း ဖောက်ထွင်းခံထားရပြီး တိုက်ခိုက်သူတွေရဲ့
ထိန်းချုပ်မှုကို ခံထားရတာကြောင့် ယခုလို Trojan တွေရှိနေတာလို့ Sonic
Wall က intivirus သုတေသန ဌာနရဲ့ မန်နေဂျာ Nick Bilogorskiy က
ပြောဆိုလိုက်ပါတယ်။

[AH1N1 အီးမေးလ်များ သတိထားသင့်] Qhost.NJI ဆိုတဲ့ Trojan ဟာ
ဘဏ်တွေကို log in ၀င်ရောက်တဲ့ သတင်းအချက် အလက်တွေကို မှတ်သားဖို့
အထူးပြုလုပ် ဖန်တီးထားတာ ဖြစ်ပါတယ်။ Visual Basic ထဲမှာ code တွေကို
ရေးထားတာ ဖြစ်ပြီး Windows သုံးစွဲတဲ့ ကွန်ပျူတာတွေမှာ အရေးပါတဲ့
ဖိုင်တွေကို ပူးပေါင်းပြီး ချိန်းယူလိုက်တာ ကွန်ပျူတာထဲမှာ စောင့်ကြည့်သူ
အဖြစ် နေနေပါတော့တယ်။ အင်တာနက်ထဲကို ၀င်ရောက်ပြီး log in တစ်ခုခုကို
၀င်လိုက်တာနှင့် တစ်ပြိုင်နက်မှာ လိုက်လံမှတ်သားမှုတွေကို ပြုလုပ်နေမှာ
ဖြစ်ပါတယ်။
သိပ်မကြာခင် ရက်တွေအတွင်းက Symantec ကပြောခဲ့သလို PDF
တွေကြောင့် ပြဿနာတွေ ကြုံတွေ့ရပြီး နောက်ပိုင်း အရေးပါလာတဲ့
ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်မသိတဲ့ သူတွေဆီက ဖြစ်စေ link
တွေပို့လာလျှင် အလွယ်တကူ click မခေါက်ကြဖို့ လုံခြုံရေး ပညာရှင်တွေက
ပြောဆိုထားကြပါတယ်။

Source : Forward Mail

No comments :

Post a Comment