Hand Phone Radiation



အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်လို ့ ၂လကျော် ၃လအရောက်မှာ သနေ္ဓသားလေး အလိုလိုပျက်ကျခဲ့ပါတယ် ။ တကယ်တော ့သူမဟာ ဒီလိုကြေကွဲစရာ အဖြစ်မျိုး ခဏခဏ ကြံ ုတွေ ့ခဲ့ရပြီးပါပြီ။ သူမတို့စုံတွဲဟာ ဆရာဝန်အများကြီးနဲ့လည်း ဒြီပဿနာရဲ့ အဖြေကိုသိဖို ့ စမ်းသပ်စစ်ဆေးမှုတွေ ပြ ုလုပ်ခဲ့ကြပါတယ်။ နောက်ဆုံးပြခဲ့တဲ့ဆရာဝန်ကတော့ သနေ္ဓသားလေးရဲ့ သေနေတဲ့ ဆဲ(လ်)တွေကို စစ်ဆေးပြီးနောက် အဖြေထုတ်နိုင်ခဲ့ပါတယ်။ မိခင်ရဲ့ သားအိမ်ကအဓိကကျတဲ့ ဆဲ(လ်) အချို ့ဟာ ဆဲ(လ်)ဖုန်းရဲ့ ရောင်ခြည်သင့်မှုကြောင့် သေနေပြီ ဖြစ်လို ့ သူမမှာ ကျန်းမာတဲ့ ကလေးတစ်ယောက်မွေးဖွားဖို ့အခွင့်အလမ်းမရှိတော့ ပါဘူး နောက်ထပ်ကိုယ်ဝန်ဆောင်နိုင်ခဲ့ ရင်တောင်မှ သနေ္ဓသားဟာ နည်းနည်းရင့်လာတာ နဲ ့ပျက်စီးမှာပဲ လို့ ဆရာဝန်ကပြော ခဲ့ ပါတယ်။.
ဒါဟာဘာကြောင့်လဲဆိုတော့ သူမဟာ သူမရဲ့ ဆဲ(လ်)ဖုန်းကို အမြဲတမ်း သူမအလုပ်လုပ်တဲ့ ဂျာကင်င်္အကျီရဲ့ အိပ်ကပ် ( သူမသားအိမ်ရဲ့ ညာဘက်ထောင့်နဲ့နီးတဲ့နေရာ ) မှာ နှစ်ရှည်လများ ထားခဲ့မိလို့ပါပဲ။
ဒီအမျိုးသမီးလို အဖြစ်ဆိုးမျိုးမဖြစ်ရလေအောင် အောက်ပါအချက်များကိုသတိပြ ုကြပါ။
၁။ ဟန်းဖုန်းရဲ့ ရောင်ခြည်သင့်မှုကြောင့် ကျွန်မတို့ ရဲ့ ကိုယ်အင်္ဂါ နှင့်ကျန်းမာရေးကို ထိခိုက်နိုင်တယ် ဆိုတဲ့ အချက်ကို ကျေးဇူးပြ ုပြီး သတိမလွတ်ပါစေနှင့် ။
၂။ အသုံးမလိုလျှင် တတ်နိုင်သမျှု ခန္ဓာကိုယ်နှင့်ဝေးသောနေရာတွင်ထားပါ။
၃။ အမျိုးသားများ မိမိတို ့ရဲ့ကျောက်ကပ်နှင့်နီးသော ဘောင်းဘီအိပ်တွင်ထည့်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
၄။ ကလေးငယ်တွေရဲ့ နုနယ်တဲ့ ဦးနှောက်ဆဲ(လ်)တွေကို ရောင်ခြည်မသင့် စေဖို ့အတွက် တတ်နိုင်သမျှ ကလေးတွေနဲ ့ ဝေးရာမှာထားပါ။
၅။ကလေးငယ်များသည် ကြီးထွားစအရွယ်တွင် အရမ်းကိုနူးညံ ့ပါသဖြင့် ဟန်းဖုန်းနှင့် မကစားပါစေနှင့်။
၆။အိပ်စက်ချိန်တွင် ဖုန်းကို မိမိအိပ်ယာတွင်မထားပဲ မနီးမဝေးတွင်ထားပါ။
၇။ တတ်နိုင်သမျှ တီဗွီကဲ့သို့သော ရောင်ခြည်သင့် သည့် အရာများကို မိမိရဲ့ အိပ်ခန်းတွင်မထားပါနှင့် ( တီဗွီသည် ပိတ်ထားယုံနှင့် ရောင်ခြည်သင့်မှု မှ ကင်းလွတ်ပြီဟု မပြောနိုင်ပါ။)
ဒီအကြောင်းအရာကို http://groups.yahoo.com/group/hum-our-tum/မှရပါတယ်။
တစ်စုံတစ်ခုမှားယွင်းခဲ့ပါက ဘာသာပြန်သူကျွန်မ နှင်းဆီခင်းလေး ရဲ့တာဝန်သာဖြစ်ပါတယ်။

No comments :

Post a Comment