Unlocker ဆိုပါလား...





File ဖြစ်ဖြစ် Folder ဖြစ်ဖြစ် Delete လုပ်တဲ့ အခါမှာ



"Cannot delete xxx: It is being used by another person or program."

ဒီလိုမျိုးတွေ ဘယ်နှစ်ခါလောက်များကြုံဖူးကြလဲဗျာ….

ကဲ…လာပါပြီ … Unlocker တဲ့ဗျာ..

သူ့ကိုသာ စက်ထဲမှာ… Install လုပ်ထားလိုက်..

ပြီးတာနဲ့ ဖျက်မရဘူးဆိုတဲ့ … File or Folder ပေါ်မှာ Right Click နှိပ်…

ပေါ်လာတဲ့ Pop-up menu လေးပေါ်မှာ Unlock ဆိုတာလေးကိုရွေးပေးလိုက်…

ဒါဆိုရင်… Window က ဘယ် Process တွေက ခုဖျက်ချင်တဲ့ File or Folder ကို Using/Lock လုပ်နေလဲဆိုတာကိုပြောပြပါလိမ့်မယ်…အဲ့ဒီ့အခါကျရင်…Using/Lock လုပ်ထားတဲ့ Process လေးတွေကို ရွေးပြီး… Unlock ဆိုတာလေးကို Click လိုက်ပါ… ကဲ… ဖျက်ချင်တာလေးတွေဖျက်လို့ရသွားပါပြီဗျာ…

Unlocker ဆိုတာလေးက Windows 2000, XP, 2003 and Vista တွေမှာသုံးလို့ရတယ်လို့ပြောတယ်ဗျ….

ကျွန်တော်တော့ Windows 7 မှာသုံးတာ အဆင်ပြေပါတယ်… file size လေးကလဲ တော်တော်လေးသေးပါတယ်…216KB ပဲရှိတယ်ဗျ…

သူ့ကို လိုချင်ရင်တော့… www.filehippo.com မှာ ရှိတယ်ဗျို့

အောက်မှာ တော့ သူ့ရဲ့ Screen Shot လေးနဲနဲပါးပါးတော့ ကျွန်တော်ပြပေးထားပါတယ်ဗျာ…



No comments :

Post a Comment