I cannot use my password to get back into Window XP

တကယ်လို့ password သာ မသိတော့ဘူးဆိုရင်... Windows XP ရဲ့ Built-in features အရပြောရရင် Log in ဝင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့ဗျာ...ဒါဆိုရင် ကိုယ်လုပ်ထားတဲ့ အလုပ်တွေ သွားပြီပေါ့ဗျာ...
ဒါပေမယ့်...ဒီပြဿနာကို ဖြေရှင်းဖို့တော့ နည်းလမ်းတွေအများကြီးရှိပါတယ်ဗျာ...
အဲ့ဒီထဲက မှ နည်းလမ်းတခု ကို ကျွန်တော်ပြောပြပါ့မယ်...

ဒီလိုဗျ... ပထမဦးဆုံး... Administrator rights ရထားတဲ့ User account တခုတော့ ရှိဖို့လိုတာပေါ့ဗျာ..
ဒါမှမဟုတ်ရင်လည်း... Built-in administrator account ကို သုံးလို့ရနေတယ်ဆိုရင်လည်းဖြစ်ပါတယ်...

ကဲစမယ်ဗျာ
၁။ကွန်ပျူတာကို Power ဖွင့်ဗျာ
၂။ Keyboard က F8 Key ကို ၃ စက္ကန့်လောက်တော့ နှိပ်ထားဗျာ
၃။ Windows startup menu ကိုတွေ့လိမ့်မယ်။ Keyboard က Arrow Key တွေကို သုံးပြီး.. Safe Mode 
    ဆိုတာကို ရွေးပါ။
၄။ Safe Mode ကို ရွေးပြီးပြီဆိုရင် Enter ခေါက်ပါ။
၅။ ဒါဆိုရင် Windows က Safe Mode နဲ့ Boot တက်ပြီပေါ့ဗျာ။

Welcome Screen ပေါ်လာပြီဆိုရင်... Administrator account or Administrator Right ရထားတဲ့ account တခုခုနဲ့ Log on ဝင်ဗျာ... (အဲ့... Window XP Home Edition ဆိုရင်တော့ Ctrl+Al+Del Key ကို ၂ ကြိမ် နှိပ်ပေးမှ Safe Mode မှာ administrator account ပေါ်တယ်ဗျ... Professional Edition ဆိုရင်တော့ မလိုပါဘူး။)

Log on ဝင်ပြီးလို့ Desktop ကိုရောက်ပြီဆိုရင်... အောက်က အဆင့်လေးတွေ အတိုင်းလိုက်လုပ်ပါအုံးဗျာ
၁။ Start>Control Panel>Administrative Tools ကို အဆင့်ဆင့်သွားပါ။
၂။ Computer Management ဆိုတာကို Click လုပ်ပါ။
၃။ Local Users and Groups ဆိုတာကို Double Click လုပ်ပါ။ Users ဆိုတဲ့ folder ကိုလည်း Double
    Click လုပ်ပါအုံး။
၄။ ဒီနေရာမှာ ဖွင့်မရတဲ့ (သို့မဟုတ်) password မေ့သွားတဲ့ account name ပေါ်မှာ Right Click နှိပ်ပါ။
    ပေါ်လာတဲ့ Pop-up menu ပေါ်က Set Password ဆိုတာကို Click လုပ်ပါ။
၅။ ဒါဆိုရင်...Password change တ့့ဲအတွက် Warning Box လေး ပေါ်လာမယ်ဗျ Proceed ကိုပဲ Click ပါ။
၆။ New Password box နေရာမှာ ဘာမှ မထည့်နဲ့ပေါ့ဗျာ... Confirm Password box မှာလည်း ဘာမှ
    မထည့်နဲ့ဗျာ။ (နောက်မှ ပြန်ထည့်ကြတာပေါ့နော်)
၇။ ပြီးရင် OK... OK ပေါ့ဗျာ။
၈။ ကဲ... ဖွင့်ထားသမျှ Windows တွေအကုန်ပိတ်ဗျာ... Windows ကို Restart လုပ်ပါ။ အရင် Log in
    ဝင်မရတဲ့ account ကို ဝင်ကြည့်ပါအုံး... ရမရသိရအောင်.... ကျွန်တော်ပြောရဲပါတယ်... Log in
    ဝင်လို့ ရတယ်ဆိုတာ...


ကဲအပေါ်က နည်းက မရဘူးဆိုရင်လဲ မပူပါနဲ့... Windows XP Password Remover တို့... ဘာတို့ Software တွေမှ ပေါမှ ပေါပါဗျာ... ဒါကိုမှ မရဘူးဆိုရင်လည်း...ကျွန်တော့်ဆီလာခဲ့... ဟဲဟဲ...ကြော်ငြာဝင်တာ

No comments :

Post a Comment