Picasa ဆိုတဲ့ Software လေးရဲ့ အသုံးဝင်ပုံ




Google ကပေးတဲ့ Software တွေထဲက မိမိ ကြိုက်နှစ်သက်တဲ့ Software လေး တခုကို ညွှန်းချင်ပါတယ်။ Picasa Software လေးပါ။ Photo Viewer ဆိုပေမယ့် အသုံးတည့်တာတွေ များပါတယ်။
၁) Web ပေါ်ကို ဓါတ်ပုံတင် Upload လုပ်လို့ရခြင်း၊
၂) မိမိစက်ထဲတွင် ရှိသော ဓါတ်ပုံများကို Email ပေးပို့နိုင်ခြင်း၊
(ဓါတ်ပုံ ပို့ တဲ့နေရာမှာ မြန်ဆန်ပုံကတော့ ဗျာ... Modem နဲ့ သုံးတဲ့ အင်တာနက်မှာတောင် တော်တော်မြန်တယ်)
၃) Print ထုတ်ရာတွင် အထူးကောင်းမွန်ခြင်း၊
( Photo Viewer ဆိုပေမယ့်... Editing လည်းလုပ်လို့ရတယ်ဗျ... နည်းနည်းပါးပါးပေါ့လေ)
၄) Export လုပ်နိုင်ခြင်း၊
၅) Blog ကို တန်းတင်နိုင်ခြင်း၊
၆) Collage ခေါ် ပုံများကို ဖြတ်ညှပ်ကပ်လုပ်နိုင်ခြင်း၊
၇) Movie လုပ်နိုင်ခြင်းနှင့် Youtube ကို တင်နိုင်ခြင်း၊
၈) Goolge Earth တွင် ထည့်သွင်းအသုံးပြုနိုင်ခြင်း၊
(Geo-Tag function ဆိုရင်... ဒီဓါတ်ပုံဟာ ဘယ်နေရာ... ဘယ်အချိန်မှာ ရိုက်ခဲ့တယ်ဆိုတာကိုတောင် သိနိုင်တယ်ဗျ)

မိမိ အကြိုက်ဆုံးကတော့ စက်ထဲမှာ ရှိသမျှ ပုံများကို တစ်စုတစ်စည်းတည်း ရှာဖွေ ကြည့်ရှုနိုင်ခြင်းပင် ဖြစ်ပါတယ်။(ဒါပေမယ့်လည်း... တခါတခါတော့ USB Drive လိုမျိုး Storage Drive တခုခု တပ်တိုင်း Scanning လုပ်တာတခုတော့လည်း စိတ်ထဲသိပ်ဘဝင်မကျဘူးဗျာ)
ပုံကိုလဲ အကြီးချဲ့ ကြည့်စရာ မလိုပဲ ကြည့်နိုင်ပါတယ်။ အလွန်အသုံးဝင်တဲ့ ဆော့ဝဲလ်လေး တစ်ခု ဖြစ်တဲဲ့အတွက် အရေးတယူ ရေးသားလိုက်ရပါတယ်။ သုံးရင်း သုံးရင်း သုံးရမည့် နည်းလမ်းများကို သိလာပါလိမ့်မယ်။
စိတ်ဝင်စားရင် အောက်က Download Picasa ဆိုတာလေးကို Click လုပ်ပေါ့ဗျာ။

Download Picasa

အောက်မှာတော့ သူ့ ရဲ့ Screen shot လေးပါ။


Source: မောင်စေတနာ

No comments :

Post a Comment