Remote Shutdown လုပ်ကြည့်ရအောင်

Network Administrator တယောက်ဖြစ်လာပြီဆိုရင်... ကွန်ပျူတာတွေအများကြီးကို Administration လုပ်ရပြီဗျာ...ကဲ...ကွန်ပျူတာတွေက အများကြီး...အဆောက်အအုံကလဲ...၄ ထပ် ၅ ထပ် လောက်ရှိမယ်ဗျာ... ကိုယ်က နေတာက.. အပေါ်ဆုံးထပ်... ပြဿနာဖြစ်နေတဲ့ ကွန်ပျူတာက...အောက်ဆုံးထပ်ဆိုရင်...ဘယ်လိုလုပ်မှာလဲ... ဆင်းလိုက်တက်လိုက်လုပ်မှာလား... ဒါဆိုရင်တော့သေပြီပေါ့... ကဲ... ဒီတော့ ကျွန်တော်တို့တွေက... Remote Desktop ဆိုတာကို သုံးကြတယ်ဗျာ... သူက လည်း... ကောင်းတော့ကောင်းတယ်ဗျ... တခုဆိုးတာက... Remote Shutdown/ Restart လုပ်လို့မရဘူးဗျာ... အဲ့ဒီတော့ Software ဖြစ်ဖြစ်... Configuration ဖြစ်ဖြစ် ပြောင်းလဲမှု တခုခု လုပ်ပြီဆိုရင်. Shutdown/ Restart လုပ်ဖို့ အောက်ဆင်းလိုက် အပေါ်တက်လိုက်လုပ်မှာလား... ဒါလည်းမဖြစ်သေးပါဘူး...
ဒီတော့... ကျွန်တော် Remote Shutdown ဘယ်လိုလုပ်ရတယ်ဆိုတဲ့ နည်းလမ်းလေး ၂ မျိုး ကို ပြောပြမယ်

 နည်းလမ်း (၁)
၁။ My Computer ကို Select လုပ်ပြီး right click> Manage ကို Click လုပ်ပါ။
၂။ Computer Management ဆိုတဲ့ Window ပေါ်လာပါလိမ့်မယ်။ Computer Management (Local) ဆိုတာကို Select လုပ် Right Click>Connect to another computer... (or) Menu Bar က Action>Connect to another computer... ဆိုတာကို Click လုပ်ပါ။
၃။ Select Computer ဆိုတဲ့ Window ပေါ်လာပါလိမ့်မယ်။ Another computer ဆိုတာကို ရွေးပြီး... ကိုယ် Connect လုပ်ချင်တဲ့ ကွန်ပျူတာရဲ့ အမည်ကို ရေးပါ။ (ဥပမာ...YTP - 002)၊ ပြီးရင် OK ပေါ့။
၄။ Connected ဖြစ်သွားပြီဆိုရင်... Computer Management Window ထဲက Computer Mangement (Remote Computer ဥပမာ YTP - 002) ကို Select လုပ် Right Click> Properties ကိုသွားပါ။
၅။ Properties Window ပေါ်လာရင် Advanced Tab ကို နှိပ်ပါ။ Star up and Recovery အောက်က Settings ဆိုတာကို နှိပ်ပါ။ Shutdown ကို နှိပ်ပါ။
၆။ Action ဆိုတာရဲ့ အောက်မှာ log off current user, shut down, restart, or power down.... force all applications to close, close hung apps, or wait for all apps to close by themselves ဆိုတာတွေကို ကြိုက်သလို... အဆင်ပြေသလို ရွေးချယ်နိုင်ပါတယ်။

ပြီးရင်တော့... ဘာဆက်လုပ်ရမှာလဲဆိုတာ ကို ပြောစရာမလိုတော့ပါဘူးနော်... :P

နည်းလမ်း (၂)

ဒီနည်းလမ်းကတော့... DOS ပါ... သူလေးကလည်း ဟောင်းပေမယ့်... ကောင်းနေတုန်းပဲဗျ...
ကွန်ပျူတာသမားတွေ ရဲ့ အချစ်တော် လေးဆိုလည်းမမှားဘူးပေါ့ဗျာ..

ကဲ... Start>Run>cmd or Strart>All Programs>Accessories Command Prompt ကြိုက်တာနဲ့ တာ သွားဗျာ... Command Prompt Windows ပေါ်လာပြီဆိုရင်.. အောက်က စာသားလေးတွေ ရိုက်ထည့်လိုက်ဗျာ...

%windir%\System32\shutdown.exe -r -m \\Machinename
Machinename နေရာမှာတော့ Remote Computer ရဲ့ အမည်ပေါ့ဗျာ... ဒါဆိုလည်း... shutdown/ restart လုပ်တာပါပဲဗျာ...
ဒီနည်းကတော့ ပိုလွယ်သလိုပဲဗျ...
shutdown.exe ကို command prompt ထဲမှာ switch တွေ ဘယ်လိုခံပြီး သုံးလို့ရသေးလဲဆိုတာကို  Detail သိချင်ရင်...  shutdown.exe /? ဆိုပြီး ရှာပေါ့ဗျာ...



ကဲ...Network Administrator/ Network Operators တွေ ဟိုပြေးဒီပြေး ဘဝက လွတ်နိုင်ကြပါစေဗျာ...

မှတ်ချက်။    ။ ခုပြောတာ Windows XP အတွက်နော်။


   

No comments :

Post a Comment