Triple Play Service

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း... FTTx ဆိုတဲ့... Service တခုကို သုံးလို့ရနေပါပြီ...
သူက ဘာလုပ်ပေးလဲဆိုတော့... Triple Play Service ဆိုတာကို လုပ်ပေးပါတယ်တဲ့..
ဒီတော့ Triple Play ဆိုတာ ဘာလဲ.. ဆိုတာကို ရှင်းပြဖို့ လိုလာပြီပေါ့...

ကဲ...
Triple Play ဆိုတာဟာ Telecommunication Networking Field က ဝေါဟာရတစ်ခုပါ။
အထူးသဖြင့် NGN ပေါ်မှာ Data + Voice + Multimedia သုံးမျိုးစလုံး ပေးနိုင်တဲ့ service ပါ။
Data Service မှာဆိုရင် Broadband (xDSL, Wi-Max, WLL, ...) Internet Access, Hot-spot, GPRS, စသဖြင့် ပေးနိုင်တယ်။
Voice ကတော့ telephone services (PSTN, CDMA, GSM, WCDMA, IN, 3G) တွေနဲ့ VoIP ကိုပါ ပေးနိုင်တယ်။
Multimedia ဆိုတာကတော့ IPTV, Video Conference, စတဲ့ service တွေကို ပေးနိုင်တယ်။
အဲ့ဒီ service သုံးမျိုးစလုံး ရတဲ့ Telecom Network ကို Triple Play Network လို့ခေါ်တယ်။
Triplay Play Network ရဲ့ Sample Structure နမူနာပုံလေးတွေကို အောက်မှာပြထားပါတယ်။







Technical Terms
GPRS (General Packet Radio Service)
GPRS က mobile phone (GSM, CDMA) တွေပေါ်မှာ Internet Access ရအောင် လုပ်ပေးတဲ့ service ပါ။

Hot-Spot WiFi wireless technology ကို အသုံးပြုပြီး Internet Access ပေးတဲ့ နေရာတွေကိုခေါ်ပါတယ်။
ဥပမာ လေဆိပ်လို မီးရထားဘူတာရုံလို နေရာမျိုးတွေမှာ Hot-Spot ရှိနိုင်တယ်။ အဲ့ဒီလိုနေရာတွေမှာ အင်တာနက်သုံးချင်ရင် ကိုယ်. ရဲ့ Laptop ဒါမှမဟုတ် PDA ကိုသုံးပြီး အင်တာနက် ကိုအသုံးပြုနိုင်တယ်။ ဒီလိုအသုံးပြုနိုင်အောင်လို့ SP (Service Provider) ကဆောင်ရွက်ပေးပါတယ်။ SP မရှိရင်တော့ သုံးလို့မရဘူးပေါ့။

NGN (Next Generation Network)
WLL (Wireless Local Loop)
PSTN (Public Switched Telephone Network)
CDMA (Code Division Multiple Access)
GSM (Global System for Mobile communication)
W-CDMA (Wideband CDMA)
IN (Intelligent Network)
3G (Third Generation Mobile phone network)
IPTV (Internet Protocol Television)
PDA (Personal Digital Assistant)
VoIP (Voice over Internet Protocol)

xDSL (Refers collectively to all types of Digital Subscriber Lines)
Wi-MAX (Worldwide Interoperability for Microwave Access)

No comments :

Post a Comment