ရတနာပုံ Website Hack လုပ်ခံရခြင်း

မကြာသေးခင်က ဖွင့်လှစ်လိုက်သော ရတနာပုံ Website သည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် ည ၁၂ နာရီ ၂၃ မိနစ်ခန့်တွင် Hack လုပ်ခံလိုက်ရပါသည်။

"ညနေကမှပဲ ဖွင့်လို့ရသေးတယ်။ ဒီနေ့ည www.yatanarpon.com.mm ဆိုပြီး ဖွင့်ကြည့်လိုက်တော့ ဖွင့်မရတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ပုံ ပေါ်လာတယ်" ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတစ်ဦးက အွန်လိုင်းမှတစ်ဆင့် ပြောကြားသည်။

ရတနာပုံ Website ကို လူအင်အား၊ ငွေအင်အားများစွာသုံးကာ အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ် တည်ထောင်ထားခြင်း ဖြစ်ပြီး မြန်မာ့အကြီးဆုံး Web Portal တစ်ခုလည်း ဖြစ်ပါသည်။ ထို Website စတင်ပေါ်ပေါက်လာကတည်းက ရတနာပုံ Web Server ကို အဆက်မပြတ်တိုက်ခိုက်မှုများ ရှိနေခဲ့သည်။



မှတ်ချက်။    ။ (၁၉) ရက်နေ့ တုန်းကလဲ ဝင်ကြည့်တော့ Access has been denied ဆိုပြီးပေါ်လာတာ ကြုံခဲ့ရပါသေးတယ်...

                   ခုတလော ဝင်ကြည့်လိုက်တိုင်း လိုအပ်တာထက် ပိုမိုလေးလံတာကိုလည်းသတိထားမိပါတယ်...


Source: http://www.myanmaritmen.com


No comments :

Post a Comment