Web Hosting အကြောင်းသိကောင်းစရာ (၃)

ဒီတခါတော့ Hosting တွေမှာ တွေ့ရမယ့် disk space နဲ့ traffice volume တွေအကြောင်းပြောပြပါမယ်။

အပိုင်း (၁) မှာတုန်းက ကိုယ့် Web Site ကို Web Server ပေါ်မှာ Store လုပ်ထားရတယ်လို့ ပြောခဲ့ပြီးပါပြီ။

ဒီတော့ ကိုယ့် Web Site အတွက် လိုအပ်တဲ့ disk space နဲ့ traffic volume တွေကို Hosting Provider က ပေးနိုင်လား မပေးနိုင်ဘူးလား ဆိုတာ သိအောင်လုပ်ရပါမယ်။


How Much Disk Space?

အသေးစားကနေ အလတ်စား web site တခုဟာ ပုံမှန်အားဖြင့် 10MB ကနေ 100MB အတွင်း နေရာယူလေ့ရှိပါတယ်။

တကယ်လို့...ကိုယ်က HTML page အနေနဲ့ စဉ်းစားမယ်ဆိုရင် ကိုယ့် web site ရဲ့ space size က တော်တော်လေး သေးပါလိမ့်မယ်။

ဒါမှမဟုတ်ပဲ... Image တွေ တခြား Size ယူနိုင်တဲ့ content တွေ အနေနဲ့ စဉ်းစားမယ်ဆိုရင်တော့ space size ကို ကြီးကြီး ခန့်မှန်းထားရပါမယ်။

ဒီတော့ HTML page တခုစီက... 5KB ကနေ 50KB လောက်ထိ web server ပေါ်မှာ နေရာယူတတ်ပါတယ်...ဒါက average တွက်ကြည့်တာပါ။

ကိုယ့် Web Site မှာ image တွေလိုမျိုး space-consuming element တွေ ပါရင် ပါသလို space size ကြီးနိုင်ပါသေးတယ်။

 

ပြောချင်တာကတော့ ကိုယ်လိုချင်တဲ့ space အတို်င်းအတာ ကို web host အတွက် မရွေးခင်ကတည်းက စဉ်းစားဖို့ပါပဲ။

 

Monthly Traffic

အသေးစားကနေ အလတ်စား web site တခုဟာ တစ်လ ကို 1GB ကနေ 5GB အထိ data transfer ရှိတတ်ပါတယ်။

data transfer rate ကို တွက်ပုံတွက်နည်း ကျွန်တော် နမူနာတွက်ပြပါမယ်...


Average page size * expected page views per month


ဥပမာအနေနဲ့...

ကိုယ့် web page ရဲ့ average page size က 30KB ဆိုပါစို့... web page ကို တစ်လအတွင်းလာကြည့်မယ့် အကြိမ်အရေအတွက်ကို 50,000 လို့ မျှော်လင့်ထားမယ်ဗျာ။

ဒါဆို အပေါ်က Formula နဲ့ တွက်ကြည့်လိုက်မယ်...

30KB * 50,000 = 1.5GB ရပါတယ်...

ဒီတော့ 30KB ရှိတဲ့ web page အတွက် traffic တနည်းအားဖြင့် data transfer rate က တစ်လကို 1.5GB ပေါ့။

 

ကျော်ကြားတဲ့ Web Site တွေ... Commercial Site တွေကတော့ တစ်လကို 100GB ထက်မနည်း data transfer လုပ်ရလေ့ရှိပါတယ်။

 

အခုပြောချင်တာကတော့...

Host provider တခုကို sign up မလုပ်ခင်မှာ...အောက်က အချက်တွေ သေချာအောင် မေးထားဖို့လိုပါတယ်။

(၁) တစ်လကို data transfer ဘယ်လောက်ပဲ လုပ်ခွင့်ရှိတယ်ဆိုတာမျိုး ကန့်သတ်ထားလား။ ဘယ်လိုမျိုးတွေ ကန့်သတ်ထားတာလဲ။

(၂) တကယ်လို့များ ကန့်သတ်ထားတဲ့ traffic volume ထက်ကျော်လွန်သွားတာမျိုးရှိခဲ့ရင် ကိုယ့် Web Site ကို ပိတ်ပစ်မှာလား။

(၃) ကန့်သတ်ထားတဲ့ traffic volume ကျော်သွားရင် ပိုက်ဆံ အများကြီး ပိုတောင်းမှာလား။

(၄) လိုအပ်လို့ Web Site ကိုပဲဖြစ်ဖြစ်..တခြား data transfer rate တွေကိုပဲဖြစ်ဖြစ် upgrade လုပ်ချင်တဲ့အခါ အလွယ်တကူ လုပ်လို့ရရဲ့လား။

 

ဆိုတဲ့ အချက်တွေ ကို သေချာမေးထားသင့်ပါတယ်။

 

Connection Speed

Internet connection တွေကို T1 ပဲရစဉ်အချိန်တုန်းက ကျွန်တော်တို့ တွေ ဒါကိုပဲ fast connection အဖြစ် စဉ်းစားခဲ့ရဖူးပါတယ်။

ဒီနေ့ခေတ်မှာတော့... အလွန်မြန်ဆန်တဲ့ transmission medium တွေရနေပါပြီ။

 

1 byte ဟာ 8 bits နဲ့ ညီမျှ ပါတယ်။ Low-speed modem တွေဟာ 14,000 bits per second ကနေ 56,000 bits per second အထိ data transfer လုပ်နိုင်ပါတယ်။

ဒီနှုန်းဟာဆိုရင် စာလုံးရေ... ၂၀၀၀ ကနေ ရ၀၀၀ အတွင်းမှာရှိပါတယ်။

စာမျက်နှာနဲ့ တွက်ပြရမယ်ဆိုရင် 1 page ကနေ 5 pages ထိ ရှိပါတယ်။

 

အောက်မှာ Connection Speed တွေနဲ့ပတ်သက်ပြီး ဒီကနေ့ခေတ်မှာ ရနိုင်တာကို ဖော်ပြပေးထားပါတယ်။

ဒါလေးကို ကြည့်ပြီး Hosting Provider တွေရဲ့ Connection Speed ကိုသိရှိနိှုင်းယှဉ်လို့ရသလို data transfer (or) traffic volume အတွက်လည်း စဉ်းစားနိုင်တာပေါ့။

အပေါ်မှာလည်း data transfer rate ကိုတွက်လို့ရအောင် နမူနာတွက်ပြထားပါတယ်။


            Name             Connection          Speed per second

           Modem             Analog                   14.4-56Kb

             D0              Digital (ISDN)              64Kb

             T1                  Digital                     1.55Mb

             T3                  Digital                     43Mb

           OC-1          Optical Carrier             52Mb

          OC-3           Optical Carrier             156Mb

         OC-12          Optical Carrier             622Mb

         OC-24         Optical Carrier             1.244Gb

         OC-48         Optical Carrier             2.488Gb


ဒီတော့ နောက်ဆုံးပြောပြချင်တာကတော့...

host provider တခုကို sign up မလုပ်ခင်မှာ... အဲ့ဒီ host provider ရဲ့ server တွေပေါ်မှာ run နေတဲ့ web site တွေကို surf လုပ်ကြည့်သင့်ပါတယ်။

ပြီးတော့...သူတို့ပေးထားတဲ့ service တွေ.. network speed တွေကို ကိုယ့်လိုအပ်ချက်မျိုးရှိရဲ့လား စမ်းကြည့်သင့်ပါတယ်။

နောက်တခုက တခြား host provider တွေနဲ့ နိှုင်းယှဉ်ကြည့်သင့်ပါတယ်။

စိတ်ကြိုက် နိှုင်းယှဉ်ကြည့်ပြီး...ကိုယ့် လိုအပ်ချက်နဲ့ အကိုက်ညီဆုံး... host provider ကိုရွေးချယ်ပေါ့ဗျာ။

 

ကဲ... ဒါကတော့... web hosting capacities တွေနဲ့ ပတ်သက်ပြီး အခြေခံအားဖြင့် သိထားသင့်တာလေးတွေပါ။

 

အပိုင်း (၄) မှာ host email နဲ့ ပတ်သက်ပြီး ရေးပါအုံးမယ်။

 

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable,pass it on then)

 

 




No comments :

Post a Comment