What is VLAN?

ဟိုတလောက ကျွန်တော်နဲ့ same batch သူငယ်ချင်း ညီမ တယောက် က သူ့အလုပ်မှာ လုပ်နေရတဲ့ အလုပ်အတွက်... သူသိချင်တာလေးတွေ မေးလာတာလေး တခုကို ကျန်တဲ့ မသိသေးသူတွေ အတွက် ပြန်ှဝေမျှပေးလိုက်ပါတယ်...

ဒီတခါတော့ အရင် တုန်းက ရေးတဲ့ ပုံစံ မဟုတ်ပဲ...သူ မေးလာတဲ့ အတိုင်း ပြန်ဖြေထားတဲ့ မူရင်းပုံစံ နဲ့ ပြန်မျှဝေလိုက်ပါတယ်ဗျာ...

 

ayemyathida.enics: ကိုဇော်ထက်

 

zaw: ဗျာ

 

ayemyathida.enics: စာမေးလို့ရမလား

 

zaw: မေးစေသတည်း

 

ayemyathida.enics: အားမှပြောနော်

 

zaw: အားသလိုပဲ … ရပါတယ်

 

ayemyathida.enics: သီတာ VLAN တွေအကြောင်းနားမလည်လို့

 

zaw: အင်း … ဘာပြောပြရမလဲ

 

ayemyathida.enics: ဘာမှကိုမသိတာ … ဘယ်လိုမေးရမှန်းတောင်မသိ

                                 Network တစ်ခုမှာ VLAN တွေကိုဘာကြောင့်ခွဲရတာလဲ

 

zaw: ပြောပြမယ်

 

ayemyathida.enics: ဟုတ်

 

zaw: VLAN ကိုဖန်တီးရခြင်းအကြောင်းကတော့ Network Traffic တွေ လျှော့ချနိုင်ဖို့ရယ်.. Network size  

        ကိုလျှော့ချနိုင်ဖို့ရယ်အတွက် ပဲဖြစ်ပါတယ်တဲ့ သိပြီလားဗျာ

 

ayemyathida.enics: ဆက်မရှင်းတော့ဘူးလား

 

zaw: Broadcast domain တွေကိုလျှော့ချပေးရန် အတွက်လဲ VLAN ကိုသုံးရပါတယ်။

        သူ့ကို Switching Network တွေမှာ ဖန်တီးနိုင်တယ်။

        Layer 2 Switch နှင့် Layer 3 Switch တို့မှာပဲ VLAN ကိုဖန်တီးနိုင်ပါတယ်။

 

ayemyathida.enics: အော်

 

zaw: VLAN ဆိုတာ... Broadcast Domain တခုလည်း ဖြစ်ပါတယ်တဲ့ဗျာ

 

ayemyathida.enics: အခု သီတာတို့ရုံးမှာက layer 3 switch တွေသုံးနေတာ

 

zaw: အင်း … Layer 3 Switch ဆိုတာ တနည်းအားဖြင့် Router ပါပဲနော်

 

ayemyathida.enics: ဟုတ် … ဒါပေမဲ့ ကွဲတာတော့ရှိမှာပေါ့နော် … router နဲ့လေ

 

zaw: ကဲ.... ဘာသိချင်သေးလဲ

 

ayemyathida.enics: ဒါဆို VLAN တစ်ခု create လုပ်ချင်ရင်ဘာတွေလိုလဲ

 

zaw: VLAN ID

 

ayemyathida.enics: network တစ်ခုမှာ VLAN အများဆုံး ဘယ်နှစ်ခုလောက်လိုသလ

zaw: ဒါမပြောခင် အရင်ဆုံး VLAN ကို ဘယ်အခြေအနေမှာ သုံးရလဲ ပြောပြချင်တယ

ayemyathida.enics: ဟုတ်

 

zaw: LAN တခု မှာ Device 200 ကျော်လာပြီဆိုရင် VLAN လိုလာပြီ

       Boradcast Traffic တွေများလာရင် လိုလာပြီ

       Security ပိုလိုအပ်လာရင် လိုလာပြီ

      Physical Switch တခုမှာ Virtual Switch အများကြီး ဖန်တီးချင်ရင် လိုလာပြီ

      ကဲ...

      ဒီလောက်ဆိုရင် တွက်တတ်လောက်ပြီထင်တယ်

 

ayemyathida.enics: ဟီး

 

zaw: VLAN ID ဆိုတာ ပြောပြီးပြီနော်..

.

ayemyathida.enics: ဟုတ်

 

zaw: သူက 1 to 4096 ထိ ဖန်တီးလို့ရတယ်

 

ayemyathida.enics: ဟုတ်

 

zaw: ရပြီလား...

 

ayemyathida.enics: ဒါဆို VLAN အမျိုးအစားဘယ်နှစ်မျိုးလောက်ရှိလဲဟင

zaw: Cell-based VLAN ရယ်... Frame-based VLAN ရယ် ဆိုပြီး နှစ်ခုရှိတယ်

 

ayemyathida.enics: ဘယ်လိုတွေကွာတာလဲ

 

zaw: Broadband Network တွေ အတွက် ဆိုရင် တနည်းအားဖြင့် ATM Switched Network    

        တွေအတွက်ဆိုရင် Cell-based ကို သုံးတယ် Ethernet Network အတွက်ဆိုရင် Frame-based

        ကိုသုံးတယ်

 

ayemyathida.enics: အော် … အခုမှနည်းနည်း ရှင်းလာပီ

 

zaw: ကုန်ပြီ … ပြောစရာလည်း … မရှင်းလည်း မတတ်နိုင်တော့ဘူး

 

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable, pass it on then)

1 comment :