ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း

အခုရက်ပိုင်း...မိမိအကြောင်းကို သေချာမသိတဲ့သူတွေရဲ့ ချီးမွမ်းခြင်းနဲ့
ကဲ့ရဲ့ခြင်းတွေကို တော်တော်မျာများခံရပါတယ်။

တချို့ကတော့...လည်း မိမိအကြောင်းကို သေချာသိလို့ ချီးမွမ်းပါတယ်။ ကဲ့ရဲ့ပါတယ်။

ဒီတော့ ... မိမိရဲ့ စာဖတ်သူ သူငယ်ချင်းများကို ထိုသူများကဲ့သို့
တဦးတယောက်အကြောင်းကို သေချာမသိသေးပဲ

အချီးမွန်း မစောရအောင် ... အကဲ့ရဲ့ မစောရအောင် ဘုရားရှင်ကိုယ်တော်မြတ်က
ဒီလိုမျိုးသတိပေးခဲ့တာကို ပြန်လည် ဝေမျှပေးလိုပါတယ်။

ရဟန်းတို့လေးပါးသောတရားတို့နှင့် ပြည့်စုံသော လူဖျင်း၊
လူမိုက်တို့သည် တူးဖြိုဖျက်ဆီးထားပြီးသော မိမိကိုယ်ကို
ပြုစုစောင့်ရှောက်နေသည် မည်၏။

အပြစ်နှင့်တကွ ဖြစ်၏။

ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့ဖွယ် ဖြစ်၏။ များစွာသော
မကောင်းမှုကိုလည်း တိုးပွားစေ၏။ အဘယ်တရားလေးပါးနည်းဟူမူ ...

- မစူးမစမ်း ဉာဏ်ဖြင့် မဆင်ခြင်ဘဲ မချီးမွမ်းထိုက်သောသူကို ချီးမွမ်း၏။

- မကဲ့ရဲ့တိုက်သောသူကို ကဲ့ရဲ့၏။

- မကြည်ညိုသင့်သော အရာဌာနကို ကြည်ညို၏။

- ကြည်ညိုသင့်သော အရာဌာန ကို မကြည်ညို။

ဤ တရားလေးပါးတို့တည်း။

(အဂုင်္တ္တရ နိကာယ၊ စတုက္ကနိပါတ၊ ပဌမ ခတသုတ်)

အကြင်လူမိုက်သည်

ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း၏

ချီးမွမ်းထိုက်သူကို ကဲ့ရဲ့၏

ထိုလူမိုက်သည် နှုတ်ဖြင့် အကုသိုလ်အပြစ်ကို ဆည်းပူးစုဆောင်းနေ၏

ထိုအကုသိုလ် အပြစ်ကြောင့်

ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကို မရနိုင်

(သံယုတ္တ နိကာယ၊ သဂါထာဝဂ်၊ တုရူဗြဟ္မသုတ်)

(အလှူတကာ့ အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံး)

No comments :

Post a Comment