Dear reader, please download one of Myanmar unicode font and install it on your PC to see my blog well.Thanks.

Email ထဲက အတွေးအခေါ်များ

ကိုယ့်အကြောင်းကို ဘယ်တော့မှ တခြားတယောက်ကို ရှင်းပြမနေပါနဲ့။

ဘာလို့လဲဆိုတော့ သင့်ကို သဘောကျတဲ့သူက သင့်အကြောင်းကို သိဖို့ ကို မလိုအပ်လို့ပါ။

ဒါပေမယ့်... သင့်ကို သဘောမကျတဲ့သူကျပြန်တော့လည်း သင်ပြောတဲ့ သင့်အကြောင်းတွေကို ယုံကြည်ပေးမှာ မဟုတ်ပြန်ဘူး။

 

သင်ဟာ အလုပ်ရှုပ်တယ်... မအားဘူးလို့ ပြောနေသရွေ့ သင်လည်း ဘယ်တော့မှ အားလာမှာ မဟုတ်ဘူး။

သင့်မှာ အချိန်မရှိဘူးလို့ ပြောနေသရွေ့ သင့်မှာ ဘယ်တော့မှ အချိန်ရှိလာမှာ မဟုတ်ဘူး။

မနက်ဖြန်မှ သင်လုပ်မယ်လို့ ပြောနေသရွေ့ သင့်ရဲ့ မနက်ဖြန် ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး။

 

သင် မနက်ခင်း အိပ်ယာ က နိုးလာတာနဲ့ သင့်မှာ ရွေးချယ်စရာ နှစ်ခု ရှိနေပါတယ်။

တခုက ပြန်အိပ်ပြီး အိပ်မက်တွေ မက်မှာလား...

နောက်တခုက အိပ်ယာက ထ ပြီး သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်မှာလား...

 

ကျွနု်ပ်တို့ကို ဂရုမစိုက်တ့ဲသူတွေ ကို ကျွန်ုပ်တို့က ငို ရအောင် လုပ်တယ်။

ကျွန်ုပ်တို့ကို ဂရုမစိုက်တဲ့သူတွေ အတွက်တော့ ကျွန်ုပ်တို့ ငို ကြတယ်။

ဒါပေမယ့်... ကျွန်ုပ်တို့ အတွက် ဘယ်တော့မှ မငိုတဲ့သူတွေ ကိုတော့ ကျွန်ုပ်တို့ ဂရုစိုက်ကြတယ်။

ဒါက ဘဝရဲ့ အမှန်တရားပါ...သင့်အတွက် ထူးဆန်းနေလိမ့်မယ်...ဒါပေမယ့် မှန်တယ်နော်။

ဒီ အမှန်တရားကို သင်တကြိမ် နားလည်တယ်ဆိုရင်ပဲ...သင့်အနေနဲ့ ပြောင်းလဲပစ် ဖို့ သိပ်နောက်မကျသေးပါဘူး။

 

သင်ပျော်နေတဲ့အချိန်မှာ ကတိမပေးမိပါစေနဲ့။

သင်ဝမ်းနည်းနေတဲ့ အချိန်မှာ ဆိတ်ဆိတ်လေးပဲ ငြိမ်နေလိုက်ပါ။ ဘာဆိုဘာမှ ပြန်ပြောဖို့ မကြိုးစားပါနဲ့။

သင်ဒေါသထွက်နေတဲ့ အချိန်မှာ ဆုံးဖြတ်ချက် မချပါနဲ့။

အမြဲတမ်း နှစ်ကြိမ် စဉ်းစားပါ...ပြီးမှ လုပ်ပါ။

 

အချိန်ဆိုတာ မြစ်တစ်စင်းလိုပါပဲ။

ကိုယ့်ရှေ့ က မြစ်ထဲက ရေကို သင်ဘယ်တော့မှ နှစ်ကြိမ်ထိတွေ့ခွင့်မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီတကြိမ် စီးဆင်းသွားတဲ့ မြစ်ရေဟာ နောက်တကြိမ် သင့်ရှေ့မှောက်ကနေ ပြန်မစီးဆင်းတော့လို့ပါပဲ။

ဒါကြောင့် ကိုယ့်ဘဝရဲ့ အချိန်တွေကို တန်ဖိုးထားပြီး ပျော်ရွှင်စွာ ကုန်ဆုံးပါစေ။

 

ပထမဆုံး...ငါ အထက်တန်းကျောင်းသားဘဝကို ဖြတ်ကျော်ဖို့ ကြိုးစားတယ်..ပြီးတော့ တက္ကသိုလ်တက်တယ်။

တက္ကသိုလ် ကျောင်းသားဘဝကို ဖြတ်ကျော်ပြီးတော့ အလုပ်စလုပ်တယ်။ နောက်တော့ အိမ်ထောင်ပြုတယ်။ သားသမီးတွေရတယ်။

သားသမီးတွေ အရွယ်ရောက်လာတဲ့ အထိ နေပေးတယ်... သူတို့လေးတွေ အရွယ်ရောက်လာတော့ အလုပ်ပြန်လုပ်တယ်။

ဒီလိုနဲ့ ပဲ အလုပ်ကနေ နားတဲ့ အထိ အလုပ်လုပ်တယ်။ ခုတော့ သေဖို့ အချိန်ကိုစောင့်နေတဲ့ အခြေအနေကို ရောက်နေတယ်။

ဒီတော့မှ နားလည်တယ်...ဘဝကို အေးအေးဆေးဆေး နေထိုင်ခဲ့ရတဲ့ အချိန်မှ မရှိခဲ့ပဲ။

ကဲ...သူငယ်ချင်း...သင်လည်း ဘယ်တော့မှ ဒီလိုမျိုးမဖြစ်စေနဲ့နော်။ ကိုယ့်ရဲ့ လက်ရှိ အချိန်နဲ့အခြေအနေတွေကို တန်ဖိုးထားပြီး တနေ့စီ တနေ့စီ ပျော်ပျော်ကြီး ကုန်ဆုံးစမ်းပါ။

 

 

(သူငယ်ချင်းတယောက်က ပို့ပေးလိုက်တဲ့ Forward email တစ်စောင်က စာလေးကို ဘာသာပြန်ကြည့်ထားတာပါ။)

No comments :

Post a Comment