My Myanmar New Year Gifts for Myanmar IT Professionals

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
မနှစ်ကတော့ အပိုင်း (၈) ပိုင်း နဲ့ ရေးသားဖော်ပြခဲ့တဲ့ Web Hosting အကြောင်းသိကောင်းစရာများဆိုတာ ကို  eBook လေးအဖြစ်ပြောင်းပြီး လက်ဆောင်ပေးခဲ့ပါတယ်။
ဒီနှစ်မှာလည်း မနှစ်ကလို စာအုပ်အလှူ လုပ်ဖို့ ကြိုးစားပြီး user guide eBook (၂) အုပ်ရေးနေတာ မပြီးတဲ့ အတွက် တခြားလက်ဆောင် ပေးဖို့ပဲ စဉ်းစားလိုက်ရပါတော့တယ်။

တခြားထွေထွေထူးထူးတော့ မဟုတ်ပါဘူး... အသုံးတည့်မယ်လို့ ယူဆမိတဲ့ application သေးသေးလေးတွေကို စုစည်းပြီး တင်ပေးထားတာပါ။
ဒီ Application တွေ အားလုံးကို ကိုယ်တိုင် လက်တွေ့ သုံးပါတယ်။ အသုံးလည်း တည့်ပါတယ်။

ဘာတွေလဲဆိုတော့

(၁) Acronics True Image Portable Version

System တခုကို Image လုပ်ထားချင်တယ်ဆိုရင် Portable လေးက ပိုအဆင်ပြေတာပေါ့ဗျာ။ USB Storage လေးထဲကနေ Run လို့တောင် ရတယ်။
ဒီတော့ Running ဖြစ်နေတဲ့ Server လို ဟာမျိုးကို Image လုပ်မယ်ဆိုရင် သိပ်အဆင်ပြေတာပေါ့။

(၂) Advanced IP Scanner

Network/System ပိုင်းတွေကို ကိုင်တွယ်နေရတဲ့ IT သမားများအတွက်တော့ IP/MAC Address, Host Name စတာတွေကို တနေရာတည်းကနေ စုစည်းနိုင်ရင် ပိုကောင်းတာပေါ့။
ဒီ Application ကိုသဘောကျမိတဲ့ အချက်(၂) ချက်က ကိုယ် Manage လုပ်ရတဲ့ စက်တွေရဲ့ Wake-on LAN လေးကို Enable လုပ်ထားမယ်ဆိုရင် Remote Shutdown or Wake up လုပ်လို့ရတာပါပဲ။
နောက်ပြီး Manage လုပ်ရတဲ့ စက်ရဲ့ Resource တွေဖြစ်တဲ့ HTTP,HTTPS,FTP နဲ့ Shared Folder တွေကို Access လုပ်လို့ရပါတယ်။

(၃) Robocopy GUI

Robocopy ဆိုတာနဲ့ Network နဲ့ ပတ်သက်တဲ့ IT သမားများက Big File Size တွေကို Network မှာ Copy/Move လုပ်တာကို ပြေးမြင်ကြတော့မှာပါ။
ဒါလေးကတော့ GUI ဖြစ်တဲ့ အတွက် Command Line Interface နဲ့ မရင်းနှီးတဲ့သူတွေ၊ Keyboard ကို တချောက်ချောက်ရိုက်ရမှာ ပျင်းတဲ့ IT သမားတွေအတွက် အသုံးတည့်ကောင်းတည့်နိုင်မယ်လို့ယူဆမိပါတယ်။

(၄) Tree Size Free

ဒါလေးကတော့ တခြားဘယ်နေရာမှာ အသုံးတည့်သေးလဲ သေချာမသိပေမယ့်... Folder တခုရဲ့ အောက်မှာ Subfolder ဘယ်နှစ်ခုများ ရှိနေလဲ။ Permission တွေက ဘာတွေပေးထားတာလဲ။ Folder တခုချင်းစီရဲ့ Size က ဘယ်လောက်ရှိလဲ..စသည်ဖြင့် ကြည့်ပေးနိုင်တဲ့ Application ပါ။
အသုံးတည့်မယ်လို့ ယူဆပါတယ်။

(၅) WinAudit

အဖွဲ့အစည်းတခု ဒါမှ မဟုတ် Network တခုရဲ့ IT ပိုင်းကို ထိန်းကျောင်းနေရတဲ့ IT သမားအတွက် System တွေကို Audit လုပ်ရမယ့် တာဝန်ဆိုတာ မဖြစ်မနေလုပ်ရမယ့် အလုပ်ထဲမှာ ပါပါတယ်။
ဒီတော့ System တခုရဲ့ Hardware ပိုင်းဆိုင်ရာ အချက်အလက်တွေ၊ Software ပိုင်းဆိုင်ရာအချက်အလက်တွေကို ဒီ Application လေးသုံးပြီး စစ်မယ်ဆိုရင်...
တခြားနည်းတွေနဲ့ စစ်တာထက် အချိန်ကုန် လူသက်သာပြီး တိကျတဲ့ အချက်အလက်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
WinAudit နဲ့ WinAuditUnicode ဆိုပြီး (၂) မျိုးပေးထားပါတယ်။ English Language အပြင်တခြား Language တွေကိုပါ အသုံးပြုချင်တယ်ဆိုရင်တော့ WinAuditUnicode ဆိုတာက သင့်အတွက် ပိုအဆင်ပြေပါလိမ့်မယ်။


အောက်က Download Link များမှာ Download လုပ်ယူပါ။ တစုတစည်းထဲ စုစည်းထားချင်တာကြောင့် ကိုယ်ပိုင် Dropbox ကို upload တင်ပြီး ပြန်လည် ဝေမျှထားပါတယ်။ Download လုပ်ရတာ အခက်အခဲ ရှိခဲ့ပါက ခွင့်လွှတ်ပါ။

Download Acronics True Image Portable
Download Advanced IP Scanner
Download Robocopy GUI
Download Tree Size Free
Download WinAudit (or) Download WinAuditUnicode

စာဖတ်သူများ အပါအဝင် သတ္တဝါ အားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနဲ့ ပြည့်စုံကြပါစေ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to run Windows on a MacBook?

မနေ့က Customer Site တခုမှာ Customer က Request လုပ်လာပါတယ်။ သူ့ MacBook မှာ Windows သုံးချင်လို့ရလားလို့မေးလာပါတယ်။
ထုံးစံ အတိုင်း ရတယ်ဆိုပြီး လုပ်ပေးတာပေါ့။

လိုတာကတော့ Boot Camp ဆိုတဲ့ Application ပါ။ OS X နဲ့ အတူတူ ပါလာပါတယ်။
ဒီတော့ Mac ပေါ်မှာ Windows ကို Boot Camp သုံးပြီး တင်မယ်ဆိုရင် အောက်က အဆင့်လေးတွေအတိုင်း လိုက်သာလုပ်ပါ။

(၁) OS X ကို Updates အရင်လုပ်ပါ။

- Mac မှာ Administrator အနေနဲ့ Log in ဝင်ပါ။ Run နေတဲ့ Application တွေ အားလုံးကို ပိတ်လိုက်ပါ။ တခြား user တွေ log in ဝင်ထားရင် log out လုပ်ပါ။
- Apple Menu ကနေ Software Update ကို ရွေးပါ။
- Update လုပ်ရင်း Restart လုပ်ရရင် log in ပြန်ဝင်ပြီး Software Update ထပ်လုပ်ပါ။ အားလုံး update ဖြစ်တဲ့ အထိ လုပ်ပါ။
- www.apple.com/support/bootcamp ကို သွားပြီး Boot Camp ရဲ့ update ကို စစ်ပါ။ လိုအပ်ရင် Download လုပ်ပါ။

How to configure mailbox forwarding in Exchange Server 2007?


Company တခုမှာ ဝန်ထမ်းတယောက်ထွက်သွားပြီး အဲဒီဝန်ထမ်းနေရာမှာ တခြားဝန်ထမ်းတယောက်ကို ခန့်ထားလိုက်ပြီဆိုပါစို့။

ထွက်သွားတဲ့ ဝန်ထမ်းရဲ့ လုပ်ငန်းတွေကို နောက်ဝင်လာတဲ့ ဝန်ထမ်းအနေနဲ့ ဆက်လက်ဆောင်ရွက်နိုင်ဖို့ သိရမယ့် အပိုင်းတွေထဲမှာ

email ဟာလဲ အရေးပါတဲ့ အစိတ်အပိုင်းတခုပါ။

Administrator တွေဟာ ဒီလိုအပ်ချက်ကို အမြဲတစေ ဖြည့်စည်းပေးနေရပါတယ်။

အခု လုပ်ပေးရမှာက ဒီလိုဆိုပါစို့....ထွက်သွားတဲ့ ဝန်ထမ်းရဲ့ useracount ကို disable လုပ်ထားမယ်။

ဒါပေမယ့် သူ့ mailbox ထဲ ဝင်လာတဲ့ email တွေကို အသစ်ခန့်ထားတဲ့ ဝန်ထမ်းရဲ့ mailbox ထဲကို forward လုပ်မယ်။

Email Server က Exchange Server 2007 ကို သုံးထားပါတယ်။

အောက်က အတိုင်းလေးဆက်လုပ်လိုက်ကြတာပေါ့။

Disable လုပ်ထားတဲ့ user account ရဲ့ properties ကို သွားပါ။
Mail Flow Settings ဆိုတဲ့ Tab ကို နှိပ်ပါ။
Delivery Options ရဲ့ အောက်မှာ Forwarding address ဆိုတာတွေ့ပါမယ်။
Forward to: ဆိုတဲ့ Check Box လေးကို on ပြီး အသစ်ခန့်ထားတဲ့ ဝန်ထမ်းရဲ့ account ရှိတဲ့ဆီ ကို Browse လုပ်ပေးလိုက်ရုံပါပဲ။




တကယ်လို့ သင်က Command တွေသုံးရတာ နှစ်သက်တယ်ဆိုရင် Exchange Management Shell ကို ဖွင့်ပြီး အောက်က အတိုင်းလေး လုပ်လိုက်ရုံပေါ့။

[PS] C:\>set-mailbox Account that you disabled -ForwardingAddress Account that you wanna mailbox forward

[PS] C:\>get-mailbox Disable Mailbox Account Address | fl name,*forward*

Name                       : Disabled Account Name
DeliverToMailboxAndForward : False
ForwardingAddress          : YourDomain/....../Users/Account Name that you wanna mailbox forward

အနီရောင် နဲ့ ရေးထားတဲ့ နေရာလေးတွေမှာတော့ သင့် ထည့်သွင်းပေးရမယ့် အချက်အလက်တွေ အစားထိုးထည့်ပါ။

ဒါဆိုရင် Disable လုပ်ထားတဲ့ email account ဆီကို email အသစ်ဝင်လာတိုင်း ဝန်ထမ်းအသစ်ရဲ့ email Mailbox ထဲကို Forward လုပ်ပေးပါပြီ။

ဝန်ထမ်းအသစ်အနေနဲ့လဲ ဒီဝင်လာတဲ့ email ဟာ Disable လုပ်ထားတဲ့ email account ဆီက ဆိုတာအလွယ်တကူ သိနိုင်ပါတယ်။


သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာတခုအတွင်း Mailbox forward လုပ်ခြင်းကို ရပ်လို့ ရပြီး ရပ်ပါလို့ တောင်းဆိုလာပြီဆိုရင် ပုံမှာ ပြထားသလို Forward to: ဆိုတဲ့ Check box လေးကို uncheck လုပ်လိုက်ရင် ရပါပြီ။


Command line ကနေ ဆိုရင်တော့ [PS] C:\>set-mailbox Account that you disabled -ForwardingAddress $null ပေါ့။

ဒါဆို သင့်အနေနဲ့ မေးခွန်းမေးလာစရာရှိပါတယ်။

Disable လုပ်ထားတဲ့ account ကို Mailbox Forwarding လုပ်လို့ရလားပေါ့။

ဒါဆို ဖြေရပါလိမ့်မယ် ရပါတယ်လို့။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to Fix Master Browser (MRxSmb) Event ID 8003 errors

လွန်ခဲ့တဲ့ (၂) ရက်က Customer Site တခုမှာ Server Hang တဲ့ issue တခုဖြစ်လို့ သွားဖြေရှင်းပေးရပါတယ်။

ဖြစ်တဲ့ issue က Server ကို ဖြတ်ပြီး Workstation တွေက Email စစ်လို့မရတော့ဘူး။

Browser တွေ အလုပ်မလုပ်တော့ဘူး.... Shared Drive တွေကို ဝင်ကြည့်လို့မရတော့ဘူး။

အဲဒီအခြေအနေတွေဖြစ်နေချိန်မှာ Server က Not Responding ဖြစ်နေတာပါ။

Server ကို Restart လုပ်လိုက်ရင်တော့ သုံးလို့ ပြန်အဆင်ပြေသွားပါတယ်။

Domain Level Server တော့ မဟုတ်ပါဘူး။ Server ကို Workgroup Level မှာပဲ သုံးထားတာပါ။

ဒီတော့ Server ရဲ့ Event Log ကို ဝင်စစ်ပါတယ်။

Master Browser (MRxSmb) Event ID 8003 errors ကိုတွေ့ပါတယ်။

ဒီ error မျိုးဟာ Workgroup Network တွေမှာ အဖြစ်များတာတွေ့ဖူးနေကြပါ။

ဖြေရှင်းပုံက လွယ်ပါတယ်။

Workstation တွေရဲ့ Servies မှာ Computer Browser Service ကို Stop လုပ်ပြီး Starup Type နေရာမှာ Disable or Manual လုပ်လိုက်ရင် ရပါပြီ။

နောက်တခုက VPN Connection သုံးတဲ့ Application တွေ Remote Login သုံးတဲ့ Application တွေကို သေချာစစ်ဆေးဖို့လိုပါတယ်။

မလိုအပ်ရင် ဖြုတ်ပစ်လိုက်ဖို့လိုပါတယ်။

ဒီ Server ပေါ်မှာတော့ Hamachi Logmein ဆိုတာ Install လုပ်ထားပါတယ်။

အဲဒီကောင်ကလဲ ပြဿနာပေးပါတယ်။

Windows တက်လာတာနဲ့ တပြိုင်နက် ဒီကောင်ကလဲ Run ပါတယ်။ Network ကို Search လုပ်ပါတယ်။ Resolved မလုပ်နိုင်တဲ့ အခါ ပြဿနာ ပေးတေ့တာပါပဲ။

အဲဒီကောင်ကို ပါဖြုတ်ပေးလိုက်ရပါတယ်။

ဒီ Master Browser ပြဿနာက Server နဲ့ Workstation တွေရဲ့ Browser Service တွေ နေရာလုရာကနေ ဖြစ်ရတာပါ။

တကယ်လို့ ဒီလိုအဖြစ်မျိုး ကြုံရင် Browser Service လေးကို တာ Stop လုပ်ပေးလိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။

Startup ကိုတော့ ကျတော် က Manual ပဲ ထားပေးလေ့ရှိပါတယ်။ သင်တို့ အနေနဲ့ကတော့ Disable လုပ်ချင်လဲ ရပါတယ်။

သူ့ကို Disable လုပ်လိုက်လို့ တခြား Service တွေကို ထိခိုက်မှု မရှိပါဘူး...ဘယ် Service နဲ့မှ Dependent မဖြစ်နေပါဘူး။

တကယ်လို့ ဒါနဲ့တင် ပြဿနာ မပြေလည်သေးရင်

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\Browser\Parameters\IsDomainMaster ကိုသွားပြီး Value ကို False လုပ်ပေးထားလိုက်ပါ။

(ပုံမှန်အားဖြင့် ဒီအဆင့် ကို သင့်အနေနဲ့ မလိုအပ်ပါဘူး။)

ဒါဆို ပြေလည်သွားပါလိမ့်မယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)