What is DDNS?

ဒီနိုင်ငံ ရောက်လာကတည်းက DDNS ဆိုတာကို Network တော်တော်များများမှာ တွေ့ရပါတယ်။
CCTV အပါအဝင် တခြား Device တွေကို Network နဲ့တွဲသုံးလာတာကို တော်တော်လေးတွေ့ပါတယ်။
ဒီတော့ အဲဒီဟာလေး ပြောချင်စိတ်ပေါက်လာလို့ နည်းနည်း လက်ဆော့လိုက်တယ်ဗျာ။
DNS ဆိုတာကတော့ Domain Name System ပေါ့ဗျာ။
DDNS ဆိုတာကတော့ Dynamic DNS ပေါ့။

DNS ဆိုတာ IP Address ကနေ Name, Name ကနေ IP Address ကို ပြောင်းပေးတဲ့ အလုပ်ကို လုပ်ပေးပါတယ်။
Network တခုမှာ ရှိတဲ့ Device တွေကို ကျတော်တို့ အနေနဲ့ မှတ်ဖို့ဆိုတာ IP Address တွေနဲ့ဆို ဘယ်မှတ်မိပါ့မလဲ... ဒီတော့ DNS သုံးပြီး IP ကို Name အနေနဲ့ မှတ်ထားရတာပေါ့။
ဒါမျိုး အလုပ်ကို Device တခုချင်းစီအတွက် Network Administrator ဆိုတဲ့သူ က လိုက်သတ်မှတ်ပေးရပါတယ်။

Device တွေ အများကြီးဆို Administrator လဲ လျှာထွက်ပြီပေါ့ဗျာ။
ဒီတော့ Automatic လုပ်ဖို့ DNS Server ဆိုတာကို တည်ဆောက်လိုက်တယ်ပေါ့။
ဒါနဲ့ ပြီးသွားပြီလားဆိုတော့ ပြီးသေးဘူးဗျ... ဒါက Device တွေက နေ Server ရဲ့ IP ကို Server Name အဖြစ် သိဖို့ အတွက်ပဲ ရှိသေးတယ်။
Server က Device အားလုံး ရဲ့ IP ကနေ Name ကို သိဖို့ ကြပြန်တော့ ခုပြောချင်တဲ့ DDNS Server ဆိုတာကို တည်ဆောက်ပေးမှ ရတယ်။

ဒီတော့မှ Network Administrator တယောက် Device တခုချင်းကို Name သတ်မှတ်ပေးရတဲ့ အလုပ်ကနေ အနားရတော့တာပေါ့။

နည်းနည်းများ ရှုပ်သွားလားမသိဘူး... ဒီလိုဗျ...

DNS Server တလုံးမှာ IP Address တွေကို Name သတ်မှတ်ပေးဖို့ အတွက် Host A Record File ဆိုတာရယ်.. Pointer PTR Record File ဆိုတာရယ် ဆိုပြီး Record File (၂) ခုရှိတယ်...

သူတို့က အဓိက အလုပ်လုပ်ပေးတာပါ။

အဲဒီ File (၂) File ထဲကမှ Host A Reocrd File က Name နှင့် IP ကို Mapping လုပ်ပေးတယ်။

Pointer PTR Record File က IP နှင့် Name ကို Mapping လုပ်ပေးတယ်။

ဒီတော့ DNS Server ရဲ့ အဓိက ဇာတ်လိုက်ကြီးတွေက ဒီ File (၂) File ပေါ့ဗျာ။

ဒီ File (၂) File ကို ဖန်တီးပေးထားမှသာလျှင် DNS Server ကြီးဟာ IP to Name , Name to IP ပြောင်းပေးခြင်းကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

DDNS လို့ခေါ်တဲ့ Dynamic Domain Name System ဆိုုတာကတော့ Host A Record  File နဲ့ Pointer PTR လို့ခေါ်တဲ့ Record  File တွေကို Client Device တွေ အတွက် Automatically Update လုပ်ပေးတဲ့ System ပါ။

အဲဒီ System ကြီးကို Service ပေးတဲ့ Server ကို ပဲ DDNS Server လို့ ခေါ်တာပေါ့။

သူက Client Device တွေ အတွက် DNS Automatically Update ဖြစ်အောင်... တနည်းအားဖြင့် Host A Record File နဲ့ Pointer PTR Record File တွေကို Automatically Update ဖြစ်အောင် လုပ်ပေးပါတယ်ဗျာ။

DDNS Server သေချာလေး လုပ်မထားတဲ့ Network တွေမှာ ကြုံရလေ့ရှိတာကတော့ Client Device တခု Domain ကို Join တဲ့ အခါ အဆင်မပြေဖြစ်တတ်တာပါပဲ။

DDNS ကို CCTV တွေနဲ့ တွဲသုံးတာ ကို အများဆုံးတွေ့ဖူးတာ တခုကတော့... Company Network မဟုတ်တဲ့ အပြင် Network (Internet) ကနေပါ CCTV IP Camera, DVR တွေကို လှမ်းကြည့်လို့ရအောင် Configure လုပ်တာပါပဲ။

ဒီအတွက်တော့ သက်ဆိုင်ရာ Switch, Router နဲ့ Server တွေမှာပါ လိုအပ်ချက်အတိုင်း Configure လုပ်ပြီး အသုံးပြုလေ့ရှိပါတယ်။

ကဲ... ဒီလောက်ဆိုရင် DDNS အကြောင်း ပြောတာ နားပါပြီ။


လိုအပ်တာရှိရင်...မှားနေတာများရှိရင် ထောက်ပြပေးပါဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

1 comment :