How to fix boot error 0xc000000f in Windows Server 2008?



အပေါ်မှာ ပြထားတဲ့ ပုံလိုမျိုး သင့် Server Windows မှာကြုံရပြီဆိုရင် တော့ သေချာပါပြီ သင့် Server ရဲ့ BCD Corrupt ဖြစ်တာပါ။

အောက်က နည်းအတိုင်း ပြန်ပြင်လို့ရပါတယ်။

Windows CD/DVD နဲ့ Boot တက်ပါ။
Repair Option မှာ Command Prompt ကို သွားပါ။

Command Prompt Windows ထဲ ရောက်ပြီဆိုရင် အောက်ပါ Command များကို ရိုက်ထည့်ပါ။

>rename C:\Boot\BCD bcd.old
>Boortrec /rebuildbcd
>dispart
>select disk 0
>select partition 1
>active
>exit

စက်ကို Restart လုပ်ပြီး Hard Disk ဖြင့် Boot တက်ပါ။

သင့် Windows မူလ အတိုင်း အကောင်းပကတိ ပြန်ဖြစ်နေတာကို တွေ့ရပါမယ်။

ဘာကြောင့် ဒီ Boot file တွေ ပျက်ရလဲ ဆိုရင်...

- Virus ကြောင့် ဖြစ်နိုင်ပါတယ်။
- SCSI or RAID အစရှိတဲ့ Disk Controller တွေ ပါဝင်တဲ့ Server တွေကို Force Shutdown မကြာခဏ လုပ်တဲ့အခါ ဖြစ်တတ်ပါတယ်။
- NAS or USB Drive တွေ တပ်ထားပြီး ဖြုတ်လိုက် ပြန်တပ်လိုက် လုပ်တဲ့ အခါ BIOS Configuration တွေ ပြောင်းသွားတတ်ပါတယ်။ ဒါကို သတိမထားမိလို့ Configuration ကို ပြန်မပြင်ပဲ Boot တက်တဲ့အခါ Boot မတက်ပဲဖြစ်တယ်ပါတယ်။

ပျှော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)