How to reset a lost password on a Fortigate unit?


Fortigate Administrator Password မေ့သွားတဲ့အခါ Reset လုပ်ပုံလေး ဝေမျှချင်ပါတယ်။

၁) Console cable ကို Fortigate Unit နှင့် Computer မှာ ချိတ်ဆက်ပါ။

၂) Putty or Hyperterminal လို Terminal Emulator တခုခု ကို Computer မှာ Run ထားပါ။

၃) Fortigate Unit ကို Reboot လုပ်ပါ။ Login Prompt ပေါ်လာရင် username နေရာမှာ "maintainer" လို့ရိုက်ထည့်ပြီး password နေရာမှာ "bcpb+Fortigate Unit Serial Number" ကို ရိုက်ထည့်ပါ။
  (ဥပမာ - bcpbFGT60C3G10014505)
  ဒီအဆင့်မှာ သင့်အနေနဲ့  ၁၄ စက္ကန့် ပဲ အချိန်ရတဲ့အတွက် bcpd နဲ့ စတဲ့ Fortigate Serial Number ကို Notepad လို Text Editor မှာ ကြိုတင်ရေးထားပြီး Copy & Paste လုပ်ဖို့ အကြံပေးလိုပါတယ်။

၄) အဆင့် ၃ ပြီးပြီဆိုရင် သင့် Admin password ကို Command Windows ထဲမှာ အောက်ပါ အတိုင်း ရိုက်ပြီး ပြောင်းနိုင်ပါပြီ။

 " config system admin
      edit %user%
      set password %password%
      end "

%user% နေရာမှာ Administrator ရဲ့ username ထည့်ပါ။
%password% နေရာမှာ မိမိ ပြောင်းချင်တဲ့ password ထည့်ပါ။

ကဲ...Fortigate Unite Administrator Password Reset လုပ်ခြင်း ပြီးပါပြီ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable pass it on then)

No comments :

Post a Comment