How to update to iOS7 without UDID registration on iPhone?

ဒီနေ့တော့ iOS7 ကို UDID registration လုပ်စရာမလိုပဲ update လုပ်ပုံလေး ဝေမျှချင်ပါတယ်။

တခုတော့ သတိပေးထားချင်ပါတယ်။ ယခုဖော်ပြထားတဲ့ နည်းကိုစမ်းသပ်နေရင်းကနေ သင့် iPhone ပျက်သွားနိုင်ပါတယ်။သင့် Data တွေ ပျက်သွားနိုင်ပါတယ်။ ဒီတော့ သတိထားပြီး စမ်းဖို့ သတိပေးပါရစေ။


update မလုပ်ခင်လိုအပ်ချက်တွေကတော့

- iPhone 5 အတွက် iOS 6.1.4 ကို download လုပ်ပါ။
- iPhone 4s နှင့် အောက် Model များအတွက် iOS 6.1.3 ကို download လုပ်ပါ။
- iOS 7 beta 1 ကို download လုပ်ထားပါ။
- Latest iTunes ကို download and install လုပ်ထားပါ။
- မိမိ iPhone ကို Full Backup လုပ်ထားပါ။ ဖြစ်နိုင်ရင် Full Backup Copy ကို Default Location မှနေပြီး တခြားတနေရာတွင်ပါ Backup Copy လုပ်ထားပါ။

ကဲ အထက်ပါ အချက်အလက်တွေ ပြည့်စုံပြီဆိုရင် စ ပါမယ်။
၁) iPhone ကို PC နဲ့ချိန်ပြီး iTunes ဖွင့်ပါ။
၂) Summary Page မှာ Restore iPhone button ကို Shift Key နှိပ်ပြီး မောက်စ်နဲ့ Click လုပ်ပါ။ iOS file တောင်းတဲ့ Windows ပေါ်လာပါမယ်။
၃) Download လုပ်ထားတဲ့ iOS 6.1.3 file ကို ရွေးပေးပါ။ Restore လုပ်ငန်းစဉ်ပြီးတဲ့အထိစောင့်ပါ။
၄) Restore ပြီး၍ Summary Page ရောက်လျှင် Shift Key နှိပ်ပြီး မောက်စ်နဲ့ Check for updae ကို Click လုပ်ပါ။ iOS file တောင်းတဲ့ Windows ပေါ်လာရင် download လုပ်ထားတဲ့ iOS7 file ကို ညွှန်းပေးလိုက်ပါ။
၅) Restore လုပ်ငန်းစဉ်ပြီးတဲ့အထိ စောင့်ပါ။ Restore ပြီး၍ Summary Page ရောက်လျှင် Manually Back Up and Restore အောက်က Restore Backup ကို Click လုပ်ပါ။ New Backup or Old Backup မေးလာရင် iOS 6.1.3 ကို Restore မလုပ်ခင် Full Backup လုပ်ထားတဲ့ backup ကို ရွေးပေးပြီး Restore လုပ်ပါ။

Restore လုပ်ငန်းစဉ်ပြီးတဲ့အခါ သင့် အရင် Data များနဲ့ အတူ သင့် iPhone ဟာ iOS7 ကို update ဖြစ်နေတာကို ဝမ်းမြောက်ဖွယ်ရာတွေ့ပါလိမ့်မယ်။

ကျနော် iPhone 4S နဲ့ အရင်စမ်းသပ်ကြည့်ပြီး ဒီပိုစ့်ကိုရေးပါတယ်။



ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment