Solving the "A general system error occured:Invalid fault" error in vSphere 4

အကြောင်းတခုခုကြောင့် VM ကို တခြား Host ပေါ် Migrate လုပ်ရတဲ့ အခါ လုပ်မရပဲ အောက်ကလို error ပေါ်လာတဲ့ အခါ၊



VM ကို edit လုပ်ချင်လို့ Edit Virtual Machine Setting ကိုနှိပ်လိုက်တဲ့ အခါ အောက်က ပုံလိုမျိုး error ပေါ်လာတာရယ်။



VM ကို Power On တဲ့ အခါ အောက်က ပုံလိုမျိုး ပေါ်လာတတ်တာ မျိုးတွေကို ဖြေရှင်းကြည့်ရအောင်ဗျာ။


Error တက်နေတဲ့ VM ရှိတဲ့ Host ကို Direct Console/ SSH Terminal နဲ့ Login ဝင်ပါ။


ပြီးရင် အောက်က Command တာရိုက်ပြီး Enter နှိပ်ပါ။
services.sh restart
ခဏစောင့်ပါ။ VMware Service တွေ Restart လုပ်ပြီးရင် Error ပြနေတဲ့ VM ကို Power On/ Edit Setting/ Migrate လုပ်ကြည့်ပါ။ ဘာ Error မှ မတက်တော့ပဲ အဆင်ပြေပြေ လုပ်လို့ရတာ ကို သင်တွေ့ရပါလိမ့်မယ်။


တခါတလေ VM တွေကို Proper Shutdown/ Restart မလုပ်မိလို့ဖြစ်စေ။
VM run နေတုန်း Host ကို unproper Reboot or Shutdown လုပ်လိုက်လို့ဖြစ်စေ။

VM ကို unproper shutdown or restart လုပ်မိတာမျိုး ၊ VM run နေတဲ့ Host ကို upproper shutdown or restart လုပ်မိတာမျိုး ဒါမှမဟုတ် ဖြစ်သွားတာမျိုး တွေမှာ ဒီလို Error တတ်တတ်ပါတယ်။

အသေးစိတ်သိချင်ရင်တော့ log file ကို သာ ဝင်မွှေပေတော့ဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then).

No comments :

Post a Comment