Storm Control for Switching Network

လွန်ခဲ့တဲ့ တစ်လလောက်က MetroE သုံးထားတဲ့ ကျတော့် Switch Network နဲ့ပတ်သက်ပြီး SingTel က Engineer နဲ့ စကားအချေအတင်ပြောလိုက်ရပါတယ်။
တခြားတော့ မဟုတ်ပါဘူး Remote Site က User တွေက Network နှေးလို့ Complain တက်တာကနေစတာပါ။
တကယ်က Link Bandwidth ထပ်တိုးဖို့လိုတာပါ။ SingTel Engineer ကတော့ Broadcast ကြောင့်လို့ ငြင်းပါတယ်။
ငြင်းရတာကလဲ အကြောင်းရှိပါတယ်။ ကျတော်က Site ၂ ခု အတွက် Router သုံးမထားပါဘူး လိုလဲ မလိုအပ်လို့ပါ။

ဒီလို ကိစ္စမျိုးဖြစ်လာတဲ့အခါ ကိုယ့်ဖက်ကလိုအပ်နေတာမျိုး မဖြစ်ဖို့ Switch မှာ Broadcast ကို Control လုပ်ထားတာလေး ပြန်ဝေမျှချင်ပါတယ်။

အောက်က ပုံလေးကိုကြည့်ပါ။



broadcast, multicast, unicast storm တွေကို action နဲ့ control လုပ်နိုင်တာကို တွေ့ရပါမယ်။

အောက်က ပုံကိုထပ်ကြည့်ပါ။


storm level threshold ကို ပုံစံ ၃ မျိုးနဲ့ control လုပ်နိုင်တာကိုတွေ့ရပါမယ်။

rising threshold ကတော့  bandwidth ရဲ့ % နဲ့ control လုပ်တာပါ။
bps, pps ကိုတော့ description ကိုကြည့်တာနဲ့ တင်ဆိုလိုရင်းကို သိနိုင်ပါတယ်။

level တွေကို control လုပ်တဲ့အခါ မှာ rising တခုထဲ သို့မဟုတ် rising and falling threshold ၂ မျိုးနဲ့ control လုပ်နိုင်ပါတယ်။

threshold က rising level ကို ရောက် ရင် action အနေနဲ့ port ကို shutdown လုပ်မှာလား snmp server ကို notification ပို့မှာလားဆိုပြီး ရွေးနိုင်ပါတယ်။

အောက်ကပုံကိုကြည့်ပါ။


 threshold က rising level ကိုရောက်ပြီး falling level အောက် ကို မရောက်မချင်း action အနေနဲ့ port ကို shutdown လုပ်မှာလား snmp server ကို notification ပို့မှာလား ဆိုပြီးရွေးနိုင်ပါတယ်။
အောက်ကပုံကိုကြည့်ပါ။


rising level က 10Mbps ဖြစ်ပြီး falling level က 5Mbps ဖြစ်ပါတယ်။
ဒီ control အလုပ်လုပ်ပုံက ဒီလိုပါ။
traffic က 10Mbps ရောက်ရင် traffic ကို drop လုပ်ပစ်ပါမယ်။ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ traffic က 5Mbps အောက်ကို ရောက်ရပါမယ်။

strom-control ရဲ့ default action က drop ဖြစ်ပါတယ်။
ဒါကြောင့် action မှာ shutdown, trap မပေးထားရင် default action အတိုင်း အလုပ်လုပ်ပါလိမ့်မယ်။

အကောင်းဆုံးကတော့ trap ပေးတားတာပါပဲ။ ကိုယ် သိဖို့ပဲ လိုတာ မဟုတ်လား။

storm control အလုပ်လုပ်လား မလုပ်လားဆိုတာကို လဲ အောက်ကပုံထဲက အတိုင်းစစ်နိုင်ပါသေးတယ်။




broadcast ကိုတင်မဟုတ်ပဲ multicast , unicast များကိုလဲ control လုပ်နိုင်ပါတယ်။

ကဲ storm control များလုပ်နိုင်ကြပါစေ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)






No comments :

Post a Comment