Solving HCL 7.1.59 installation error

HP Router, Switch တွေနဲ့ အလုပ်လုပ်ရတဲ့အခါ Simulation လုပ်ကြည့်ဖို့အတွက်
HP Comware simulator (H3C Cloud Lab) လေး Install လုပ်တဲ့အခါ အောက်ကလို error တက်နေပါတယ်။
ကျတော်စက်မှာ Virtualbox Version 5.0.16 သွင်းထားတာပါ။ Latest Version ပါ။

The virtualbox version is lower than the HCL needed.

ဒီ error ကိုဖြေရှင်းဖို့ registry editor ကိုဖွင့်ပြီး။
HKEY_LOCAL_MACHINE>SOFTWARE>Oracle>Virtualbox ကိုသွားပါ။
Version နဲ့ VersionExt ရဲ့ Data ကို 4.2.18 ကိုပြောင်းလိုက်ပါ။

ပြီးတာနဲ့ HP Comware Simulator (H3C Cloud Lab) ကို ပြန် install လုပ်ကြည့်ပါ။
အဆင်ပြေသွားပါလိမ့်မယ်။
Simulator installation ပြီးတဲ့အခါ Registry value ကို အရင်အတိုင်း ပြန်ပြောင်းဖို့တော့မမေ့နဲ့ပေါ့ဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment