Tool Command Language Simple Shell (TCLSH) in HP Switch

ဒီတခါတော့ (Hub and Spoke) လို Network မှာ Spoke Network Node တွေအများကြီးကို Hub ဖက်ကနေ IP Connectivity Test လုပ်ပုံလေး ပြန်ဝေမျှချင်ပါတယ်။
Cisco Router တွေ Switch တွေမှာတော့ သုံးနေတာကြာပါပြီ။ အခု HP Device တွေကို လက်ရှိ Project မှာ သုံးနေတော့မှ ပဲ လိုအပ်ချက်ရ  IP Connectivity Test လုပ်ရတဲ့အခါ Node တွေအများကြီးကို PING Test လုပ်ရတာ အတော် လက်ဝင်ပါတယ်။
ဒီတော့မှ ထုံးစံအတိုင်း ငပျင်းကျတော် ရှာရင်းဖွေရင်း TCLSH ကို HP မှာလည်း သုံးလို့ရတာသွားတွေ့ပါတယ်။
သုံးပုံက လွယ်ပါတယ်။
Device ထဲ console/remote shell ကနေဝင်ပြီးတာနဲ့ user view mode မှာတင် အောက်မှာ နမူနာ ပြထားသလို ရိုက်ထည့်လိုက်ရုံပါပဲ။ IP Address တွေနေရာမှာတော့ ကိုယ့် Node IP Address တွေကိုထည့်ပေါ့။

tclsh
foreach address {
192.168.5.1
192.168.5.2
192.168.5.3
192.168.5.4
192.168.5.5
192.168.5.6
192.168.5.7
192.168.5.8
} { ping $address }
နောက်ဆုံး တကြောင်းရိုက်ထည့်ပြီး Enter နှိပ်လိုက်တာနဲ့ PING result တွေထွက်လာပါလိမ့်မယ်။
Test လုပ်ချင်တာတွေလုပ်ပြီးရင်တော့ tclshquit ဆိုတာလေးရိုက်ပြီး ထွက်လိုက်ရုံပါပဲ။




အသေးစိတ် သိချင်ရင်တော့ အောက်ကလင့်မှာ သွားဖတ်နိုင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment