Dangerous Applications need to remove from your phone immediately

Cyble လို့ခေါ်တဲ့ ဆိုက်ဘာလုံခြုံရေးဆော့ဖ်ဝဲလ်ကုမ္ပဏီရဲ့ Report တခုမှာ သင့်ရဲ့  Mobile Phone ထဲမှာ တကယ့် App အစစ်တွေရဲ့ နာမည် (သို့မဟုတ်) ပုံစံတူ အတုယူထားတဲ့ App တွေ သွင်းထားတယ်ဆိုရင် ဖျက်ပစ်ဖို့ အကြံပြုထားပါတယ်။ 

ဒီအတုအယောင် Digital Wallet, Crypto Wallet App တွေဟာ ထည့်သွင်းပြီး ဖွင့်လိုက်တာနဲ့ Phishing Website (သို့မဟုတ်) In-App Browser တစ်ခုကို ဖွင့်ပေးတာကို တွေ့ရှိခဲ့ပါတယ်။

အဲဒီနောက်မှာ App တွေက သင့်ရဲ့  Digital Wallet, Crypto Wallet ကို ရှင်းထုတ်ဖို့ အသုံးပြုနိုင်တဲ့ စကားလုံးအတွဲ (mnemonic phrase) ကို တောင်းဆိုပါတယ်။ 

အဆိုပါ အတုအယောင် App တွေဟာ အသုံးပြုသူတွေကို စကားလုံးအတွဲ (mnemonic phrase) ထည့်သွင်းမိအောင် လှည့်စားဖို့အတွက် လုံခြုံမှုမရှိတဲ့ (သို့မဟုတ်) ပြန်လည်အသုံးပြုထားတဲ့ developer အကောင့်တွေကို အသုံးပြုထားပါတယ်။ 

လက်ရှိမှာတော့ Wallet အစစ်ကို တုပထားရတဲ့ Fake Wallet (၉) ခု ရှိတယ်လို့ သတိပေးထားပေမယ့် လက်ရှိတွေ့ရှိထားတဲ့ အက်ပ် ၂၀ ကျော် ရှိတာကြောင့် အဲဒီစာရင်းက တိုးလာနိုင်ပါတယ်။

ချက်ချင်းဖျက်ပစ်သင့်တဲ့ App တွေကတော့ -

Pancake Swap

Suiet Wallet

Hyperliquid

Raydium

BullX Crypto

OpenOcean Exchange

Meteora Exchange

SushiSwap

Harvest Finance Blog

တို့ပဲ ဖြစ်ပါတယ်တဲ့။

Digital Wallet, Crypto Wallet Appတွေမှာ လုံခြုံရေးစနစ် (safety net) မရှိတဲ့အတွက် ဘယ်လိုဆုံးရှုံးမှုမျိုးမဆို ပြန်လည်ရယူလို့မရပါဘူး။ ဒါကြောင့် Wallet ပိုင်ရှင်တွေက တကယ်ထုတ်ပေးတာ ဟုတ်၊ မဟုတ် သေချာပြီး တရားဝင် Website ကနေ Wallet App ကို ချိတ်ဆက်ထားတာ မဟုတ်ရင် ဘယ် App ကိုမှ Download and Install မလုပ်ဖို့ အရေးကြီးပါတယ်။ အပေါ် က App တွေထဲက တစ်ခုခု သင့် ဖုန်းထဲမှာရှိနေတယ်ဆိုရင် ချက်ချင်းဖျက်ပစ်ဖို့ အရေးကြီးပါတယ်။

Safety Net ဆိုတာကတော့ အလွယ်‌‌ပြောရရင် Protection mechanism ထည့်သွင်းတည်ဆောက်ထားတာကို ဆိုလိုတာပါ။

Apple Pay, Paypal တို့လို Digital Wallet မျိုးကျတော့ ကြားခံ Custodian လို့ ခေါ် တဲ့ Apple, Bank တွေ ရှိတဲ့ အတွက် သူတို့ရဲ့ ထိန်းချုပ်မှု တစိတ်တပိုင်း (သို့မဟုတ်) အပြည့်အဝ ရှိတဲ့ အတွက် ငွေမှားလွှဲမိတာ တို့ ၊ မိမိ မသိလိုက်ပဲ ငွေလွှဲ ထားတာတို့ ဆိုရင် ပြန်လည်ရယူနိုင်တာမျိုးပေါ့။

Crypto Wallet တွေ မှာလဲ Centralize Exchange တွေ က ထုတ်ပေးထားတာမျိုးဆိုရင် Safety Net တချို့ တလေ ပါတဲ့ အတွက် လုံခြုံမှု အတိုင်းအတာ တခုထိ ရရှိနိုင်ပေမယ့် Decentralize Crypto Wallet App မျိုးဆိုရင်တော့ mnemonic phrase အခိုးခံရတာတို့ ၊ ပျောက်သွားတာ မေ့သွားရင်တော့ အဆုံးလို့သတ်မှတ်ရမှာပါပဲ။

Report မှာ နိဂုံးချုပ်ထားတာကတော့ 'ဒီလှုပ်ရှားမှုဟာ အလျင်အမြန်တိုးပွားနေတဲ့ Digital Wallet, Crypto Wallet App အသုံးပြုသူတွေကို ပစ်မှတ်ထားပြီး စနစ်တကျစီစဉ်ထားတဲ့ phishing operation ကို မီးမောင်းထိုးပြနေပါတယ်။ 

Google Play Store ကနေ Fake Android App (၂၀) ကျော်ကို ဖြန့်ဝေခြင်းအားဖြင့် Attackerတွေဟာ PancakeSwap, SushiSwap, Raydium စတဲ့ Legit Wallet App တွေကို အတုယူပြီး အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို ဝင်ရောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ စကားလုံးအတွဲ (mnemonic phrases) တွေကို ခိုးယူနေကြပါတယ်။ 

ဒီလှုပ်ရှားမှုကို အထူးသဖြင့် အန္တရာယ်များစေတာကတော့ ယခင်က အန္တရာယ်မရှိခဲ့ဖူးတဲ့ (သို့မဟုတ်) လုံခြုံမှုမရှိတော့တဲ့ developer အကောင့်တွေအောက်မှာ ထားရှိတဲ့ Legit ဖြစ်ပုံပေါ်တယ်လို့ ထင်ရတဲ့ App တွေကို အသုံးပြုထားခြင်းအပြင်၊

Traditional Protection တွေ ရဲ့ Detection ကို ရှောင်ရှားနိုင်ဖို့ နဲ့ Attack Surface ကို ပိုကျယ်ကျယ်ပြန့်ပြန့် ရောက်စေဖို့  Webiste Domain (၅၀) ကျော်နဲ့ ချိတ်ဆက်ထားတဲ့ Phishing Infrastructure တွေပါ ပေါင်းစပ်ထားပါသေးတယ်တဲ့။

နောက်ဆုံး အနေနဲ့ Cyble က လူတွေကို စိစစ်ပြီးသား developer တွေဆီကနေပဲ App တွေကို Download and Install လုပ်ဖို့နဲ့ ဘာကိုမဆို Download and Install မလုပ်ခင် သုံးသပ်ချက်တွေကို ကြည့်ဖို့ အကြံပြုထားပါတယ်။ 

သူတို့က အသုံးပြုတွေအနေနဲ့ ကွန်ပျူတာ၊ လက်ပ်တော့ပ်နဲ့ ဖုန်းလိုမျိုး ပစ္စည်းတွေမှာ ယုံကြည်စိတ်ချရတဲ့ Antivirus, Internet Security Software တွေကို အသုံးပြုသင့်တယ်လို့လည်း အလေးအနက်ထား ပြောကြားထားပါတယ်။ 

Password တခုထက်ပို တဲ့ multi-factor authentication ကို အသုံးပြုဖို့ ကိုလဲ အကြံပြုထားပြီး လုံခြုံရေး ပိုမိုကောင်းမွန်ဖို့အတွက် တတ်နိုင်သမျှ Face, Fingerprint တို့လို biometric data တွေကို အသုံးပြုဖို့လည်း တိုက်တွန်းထားပါတယ်။

သင့်ဖုန်းရဲ့ လုံခြုံရေးအတွက် ဒီအချက်အလက်တွေက အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ 


ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable, pass it on then)

The Security Artichoke Metaphor: Understanding Layered Defense in Cybersecurity



လက်ပတ်နာရီတို့ ၊ အိမ်က ရေခဲသေတ္တာတို့ ၊ Smart Bulb တို့၊ Smart TV/CCTV တို့က အစ အင်တာနက် က နေ လှမ်း ပြီး Control လုပ်လို့ရနေတဲ့ ဒီနေ့လို ခေတ်ကြီး မှာ ကျတော် တို့ လို Information Security Professional တွေ အတွက် အရင်က သုံးနေတဲ့ Security Onion Model ကို သုံးဖို့ သိပ်အဆင်မပြေ တော့ ပါဘူး။

အဲဒီအတွက် System/ System Group တခုချင်းစီအတွက် Security Artichoke ဆိုတဲ့ Model ကိုသုံးဖို့ လုပ်လာကြရပါတယ်။

သို့ပေမယ့် Security Artichoke Model ဟာ လုံခြုံ တယ်၊ မလုံခြုံ ဘူးဆိုတဲ့ အဖွဲ့ နှစ်ဖွဲ့ ကွဲနေပြန်ပါရော။

ကျတော် က Security Artichoke Model ဟာ မလုံခြုံ ဘူး ဆိုတဲ့ အဖွဲ့ ဖက်ကနေ ဘာလို့ မလုံခြုံ တာလဲ ဆိုတာကို နည်းနည်း ရှင်းပြချင်ပါတယ်။

Security Onion မှာဆိုရင် System အားလုံး အတွက် layered security defense လို့ ခေါ် တဲ့ တလွှာချင်းစီကို လုံခြုံ ရေး အဆင့် ခံ ထားတဲ့ အတွက် Attacker တယောက်အနေနဲ့  Core Data/System ဆီကို ရောက်ဖို့ တဆင့်ချင်းစီကို ထိုးဖောက်ရမှာဖြစ်လို့ပါပဲ။

Security Artichoke မှာကျတော့ Core Data/System ဆီကို ရောက်ဖို့ အတွက် Attacker တယောက်က  လုံခြုံ ရေး တလွှာချင်းစီကိုထိုးဖောက်ဖို့ ကြိုးစားစရာမလိုပဲ။ Core Data/System ကို ရောက်နိုင်တဲ့ လုံခြံရေး အလွှာ တခုကို ချိုးဖျက်နိုင်တာနဲ့ ရသွားနိုင်တာဖြစ်နေလို့ပါ။

ဥပမာ အနေနဲ့  Corporate Infra ကို Access လုပ်နိုင်တဲ့ BYOD တခုခုရဲ့  IoT/Bluetooth Gadgets (Wireless Earbud/Smart Tracker လိုဟာမျိုး) ကို Exploit လုပ်နိုင်ရင်ကိုပဲ အဲ့ကနေ တဆင့် Lateral Movement လုပ်သွားပြီး Core Data/System ကို ရောက်နိုင်ဖို့ လွယ်လို့ပါ။

IoT gadgets တွေဟာ ဆိုရင် minimum hardware ပေါ် မှာ သူတို့ Firmware ကို Run နိုင်အောင် လုပ်ထားရလို့ လုံခြုံ ရေး ပိုင်း နဲ့ ပတ်သတ်တာမှန်သမျှ အားလုံးနီးပါး ထည့်သွင်းထားလေ့ မရှိတဲ့ အပြင် Manufacture/Vendor တွေက လဲ Security Fix Update တွေ မထုတ်ကြတာများတဲ့ အတွက် အလွယ်တကူ ချိုးဖောက်နိုင်ကြပါတယ်။

Security Artichoke ဟာ လုံခြုံတယ်ဆိုတဲ့ အဖွဲ့က ပြောတာကတော့ ဒီလိုပါ။

အပေါ် မှာ ဥပမာပြောထားတဲ့ ပြဿနာမျိုးက Security Artichoke ရဲ့ အားနည်းချက်ကြောင့် မဟုတ်ပဲ Implementation လုပ်တဲ့သူတွေ ရဲ့ အားနည်းချက်ကြောင့် ပါတဲ့။

အဲ့လို ပြဿနာမျိုးကို မဖြစ်အောင် လုပ်ရမယ့် နည်းလမ်းတွေ အများကြီး ရှိတဲ့ အထဲက ၃ မျိုးလောက် ကျတော် ပြန်လည် ဝေမျှချင်ပါတယ်။

၁) Zero Trust

 Corporate Infra ကို ချိတ်ဆက်မဲ့  ဘယ် အလွှာကပဲ ဖြစ်ဖြစ် No Trust လုပ်ရမှာ ဖြစ်ပြီး Authentication, authorization နဲ့ accounting ကို လုပ်ကိုလုပ်ရမှာပါတဲ့။

၂) Air-Gapping

Core Data/System ရှိတဲ့ အလွှာကို Physically Isolated လုပ်ထားရမှာဖြစ်ပြီး၊ လိုအပ်လို့ Access လုပ်မယ်ဆိုရင်တောင် အဆင့်ဆင့်သော ခွင့်ပြုမိန့် တွေ ရယူဖို့ လိုတဲ့ စနစ်တခု ရှိနေရပါမယ်တဲ့။

၃) Chaos Engineering

ဒါကတော့ Secured Layer တိုင်းဟာ သူတို့ လုပ်သင့်တဲ့ အလုပ်ကို မျှော်လင့်ထားသလို တကယ်လုပ်သလားဆိုတာကို လက်တွေ့ စမ်းသပ်ကြည့်ခြင်းပါတဲ့။

ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် အနည်းဆုံး အပေါ် ကပြထားတဲ့ Zero Trust System တခုကို Disable လုပ်လိုက်ပြီး  Core Data/System ကို Red Team/Penetration Tester က ထိုးဖောက်နိုင်လား ဆိုတာကို စမ်းကြည့်တာမျိုးပါ။

Onion ကတော့ ကြက်သွန်နီဥ ဆိုတော့ ကြက်သွန်ဖက် အလွှာလေးတွေ ကို ပြောတာမှန်း သိသာပေမယ့် Artichoke ဆိုတာကို ကျတော်လဲ မြန်မာလို မသိလို့ မရေး ပြတော့ဘူး။ ‌

ဂေါ်ဖီ ထုပ်လိုလို၊ ငှက်ပျောဖူးလိုလို ပဲ။ ဒါနဲ့ Artichoke ဆိုတာ မျက်လုံးထဲ မြင်အောင် ပုံလေးပါ ပြထားပါတယ်။

မြန်မာနှစ်သစ်မှာ အားလုံးပဲ ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်လုံး ရွှင်ပြုံး ကျန်းမာကြပါစေဗျာ။


ပျှော်ရွှင်ပါစေ။

(Be knowledgeable, pass it on then)