Route Redistribution 101 (1)

Redistribution အကြောင်းနည်းနည်းပွားပါရစေ။
မဖတ်ခင် Routing Protocols တွေအကြောင်းတော့ သိထားဖို့လိုပါတယ်။
ကဲ...စလိုက်ရအောင်။
မတူညီတဲ့ Routing Protocols တွေ အချင်းချင်း Routing Information တွေကို Exchange လုပ်တာကို Redistribution လုပ်တယ်လို့ခေါ်ပါတယ်။
Static Route တွေနဲ့ Directly Connected Route တွေကိုလဲ Restribute လုပ်လို့ရပါသေးတယ်။
အောက်ကပုံမှာနမူနာကြည့်ပါ။



EIGRP, OSPF နဲ့ RIP ဆိုပြီး Network သုံးမျိုးကို ချိတ်ထားပါတယ်။
သူတို့ တခုကနေ တခုကို routing information တွေ exchange လုပ်ဖို့ Redistribution လိုပါတယ်။

Redistribution ကို Outbound မှာပဲ လုပ်လို့ရပါတယ်။
အောက်ကပုံကိုကြည့်ပါ။



EIGRP ရဲ့ Routing Information ကို RIP ကို Redistribute လုပ်ဖို့ R2 မှာပဲ လုပ်လို့ရမှာပါ။
RIP ရဲ့ Routing Information ကို EIGRP ကို Redistribute လုပ်ဖို့ဆိုရင်လဲ R2 မှာပဲ လုပ်လို့ရမှာပါ။

Routing Protocol တခုကနေ နောက်တခုကို Redistribute လုပ်တဲ့အခါ မတူညီတဲ့ Seed Metric ဆိုတာကို သုံးရပါတယ်။
Metric တွေကလဲ Routing Protocol တခုနှင့်တခု မတူပါဘူး။
RIP မှာ ဆိုရင် Hop count ၊ EIGRP မှာဆိုရင် K-Values (Bandwidth, Delay, Load and Reliability) သုံးပြီး၊
OSPF မှာတော့ Cost ကိုသုံးပါတယ်။

နောက်တချက်က Routing Protocol တခုကနေ နောက်တခုရဲ့ Metric ကို Redistribute လုပ်ဖို့ convert လုပ်ဖို့လိုပါသေးတယ်။

မဖြစ်မနေသိထားရမယ့် Default Seed Metric တွေကတော့ ဒါတွေပါပဲ။



Protocol Default Seed Metric
RIP Infinity
EIGRP Infinity
OSPF 20 except BGP is 1.
BGP BGP metric is set to IGP metric


ဒီလောက်ပါပဲ။ နည်းနည်းနားလည်ရခက်မယ်၊ မရှင်းမရှင်းဖြစ်နေမယ်လို့ ထင်ပါတယ်။ သည်းခံပါ။

Redistribution ကို ဘယ်လိုလုပ်ရတယ်ဆိုတာကိုနောက်ပို့စ်မှာ ရေးပါမယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment