စိတ်ရှည်လက်ရှည် စောင့်ပါလေ

လူတိုင်း မိမိလိုချင်သည့်အရာကို ချက်ချင်းရရှိ လိုကြခြင်းမှာ ဓမ္မတာပင်ဖြစ်သည်။ မျှော်လင့်ထား သည့်အရာ(ဝါ)အောင်မြင်မှုဆိုသည့်အရာကိုလည်း မည်သူမဆို အမြန်အလိုရှိတတ်ကြသည်။ အလုပ် တစ်ခုကို ယခုစလုပ်လျှင် ယခု သို့မဟုတ် သိပ် မကြာမီဆိုသလို အောင်မြင်သောအလုပ်တစ်ခု ဖြစ် စေချင်ကြပေသည်။ အကယ်စင်စစ် မည်သည့် အလုပ်မျိုးမဆို အောင်မြင်ဖို့အတွက် အချိန်တစ်ခု ပေးရန်၊ တစ်နည်း စိတ်ရှည်စွာစောင့်နိုင်ရန် လိုအပ် သည်ဟုဆိုချင်ပါသည်။

မိမိမျှော်လင့်ထားသည့်အရာတစ်ခုကို မြန်နိုင် သမျှ မြန်မြန်ဆန်ဆန်မလိုချင်သူဟူ၍ လောကတွင် ရှိမည်မထင်ပါ။ အမြန်လိုချင်ကြသည်ချည်းဖြစ်ပေ မည်။ ယင်းသို့ အမြန်လိုချင်သည့်အရာတစ်ခုသည် မျှော်လင့်သလို၊ ထင်ထားသလိုဖြစ်မလာသည့်အခါ စိတ်ထောင်းကိုယ်ကြေခံစားရတတ်ပေသည်။ မျှော် လင့်ချက်မထားခဲ့လျှင်မူ ခံစားရစရာအကြောင်းရှိ မည်မဟုတ်ပါပေ။ သို့ရာတွင် တိုးတက်အောင်မြင်လို သူတစ်ဦးအဖို့ ရည်မှန်းချက်ဟုဆိုဆို၊ မျှော်လင့်ချက် ဟုဆိုဆို ဦးတည်ချက်တစ်ခုထား၍ ကြိုးပမ်းအား ထုတ်မှုကို အမြဲမပြတ်ပြုကြရမည်သာဖြစ်ပါသည်။ ဤသို့ဦးတည်ချက်တစ်ခုထား၍ လုပ်ဆောင်ကြရာ ၌ မျှော်မှန်းထားသလိုမဖြစ်သေးသည်များနှင့် မအောင်မြင်မှုများကိုကြုံတွေ့နိုင်ပါသည်။ အဘယ် အရာမျှ လွယ်လွယ်နှင့်မရဆိုသည်ကို ခေါင်းထဲအမြဲ စွဲမှတ်၍ စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက်ကြိုးပမ်း အားထုတ်နေရမည်ဖြစ်သည်။ ဤနေရာ၌ စိတ်ရှည် သည်းခံစောင့်ဆိုင်းနိုင်ခြင်းသည် မမြင်ရသော အင်အားတစ်ခုဖြစ်သည်ကို လက်ခံသဘောပေါက် ထားရန်ဖြစ်ပါသည်။ စိတ်ရှည်သည်းခံမှုအကြောင်း အသိပညာပေးထားသော တရုတ်စကားပုံတစ်ခုရှိ သည် :- ‘Patience is power; with time and patience the mulberry leaf becomes silk’- အဓိပ္ပာယ်မှာ စိတ်ရှည်သည်းခံမှုသည် အင်အား တစ်ရပ်ဖြစ်သည်။ အချိန်ပေးစောင့်ဆိုင်းမှုနှင့်စိတ်ရှည် သည်းခံမှုတို့ဖြင့် ပိုးစာရွက်မှ အဖိုးတန် ပိုးချည်မျှင် များရရှိလာနိုင်သည်ဟူ၍ဖြစ်သည်။ ပိုးချည်မျှင်ဖြစ် အောင်လုပ်ဆောင်မည့် အဓိကဇာတ်ဆောင်ပိုး ကောင်(Silk-worm)က ပိုးစာရွက်တို့ကိုစားရင်း ဝါးရင်း ပိုးချည်မျှင်လုံးများဖြစ်လာသည့်တိုင်အောင် စောင့်ဆိုင်းရသည့်ပိုးချည်မျှင်ထုတ်လုပ်သူတို့၏ အလုပ်ကို ငယ်စဉ်က ကိုယ်တိုင်တွေ့မြင်ခဲ့ဖူးသူ တစ်ဦးအနေဖြင့် အဆိုပါ တရုတ်စကားပုံ၏အနက် အဓိပ္ပာယ်နှင့်အသိပညာပေးမှုကို သိမြင်နားလည် နိုင်စွမ်းရှိပါသည်။

ဆိုရလျှင် မည်သည့်အရာမဆို အချိန်အတိုင်း အတာတစ်ခုကို ကျော်ဖြတ်၍သော်လည်းကောင်း၊ စောင့်ဆိုင်း၍သော်လည်းကောင်း ပြုလုပ်ပြီးမှရရှိကြ သည်ကများပါသည်။ သို့ဆိုလျှင် ယင်းသို့အချိန် အတိုင်းအတာတစ်ခုကို စောင့်ဆိုင်းကျော်ဖြတ်ဖို့ စိတ်ရှည်မှု၊ သည်းခံမှုတို့လိုအပ်သည်ဟု နားလည်ကြ ရမည်ဖြစ်သည်။ ဤစိတ်ဓာတ်ပိုင်းဆိုင်ရာ စိတ်ရှည် မှု၊ သည်းခံမှုတို့သည် မိမိကိုယ်တိုင်က မွေးမြူကျင့်ကြံ မှသာ လက်တွေ့အကောင်အထည်ဖော်နိုင်သည်ဖြစ် ရာ မိမိကိုယ်တိုင်အပေါ်၌ များစွာတည်မီနေပါသည်။ သို့ဖြစ်၍ မိမိတို့ရည်မှန်းချက်ပန်းတိုင်နှင့်မျှော်လင့် ချက်များရရှိနိုင်ရန် စိတ်ရှည်လက်ရှည်စောင့်ပါလေ ဟု ပြောလိုပါသည်။

Studying Aboard for Myanmar Student(That's what I want to say)

You will face the environment changes (culture shot- eg. living together, black & white).
Whatever doing, you should achieve your goals.
You should do survives yourself.
You miss->you miss.
You fill->you fill.
If you have accident, use your health insurance card.
Take care your health before you go to aboard especially in infection diseases.
Take care subject especially in Law.
Don't shy & depression.
When you studying aboard, the English (IELTS 6+) is essential and use everyday to go library and be practical.
The attendance must have at least 80%, if you don't have it that not permit visa.
S'pore:
You not get PR. First, you must get job.
There are 4 billions people in S'pore, why are you going there???
There may be getting in overloads workers.
When you finished your school at S'pore, it is you get the diploma,not the degree.
Don't believe the private school in S'pore, they can't make you a qualified student.
For example. to join another University for future studying.