VLAN Trunking Protocol (VTP) (၃)

VTP Pruning
Switch တွေကြားမှာရှိတဲ့ Trunk Connection ဟာ dfault အနေဖြင့် Traffice တွေကို အားလုံးသော VLAN တွေဆီကို သယ်ဆောင်သွားပေးပါတယ်။
ဘယ်လို Traffic တွေလဲ ဆိုရင် Broadcast frame တွေ သို့မဟုတ် destination မသိတဲ့ unknown unicast frame တွေ စတဲ့ Traffic တွေပေါ့။
အဲ့ဒီ Traffic တွေကို လက်ရှိ အသုံးပြုနေတဲ့ Spanning Tree Protocol ပေါ်မူတည်ပြီး Network မှာရှိတဲ့ သွားလို့ရတဲ့ တစ်နည်းအားဖြင့် သွားခွင့်ရတဲ့ Switch တွေအားလုံးဆီက VLAN တွေ အားလုံးဆီကို ပေးပို့တော့တာပါပဲ။
ဒါကလဲ လိုအပ်နေတာဆိုရင်တော့ ဘယ်ကိစ္စရှိမလဲဗျာ။ တကယ်လို့များ မလိုအပ်ဘူးဆိုရင်တော့ အဖိုးတန်လှတဲ့ Bandwidth ကို ဆုံးရှုံးစေတာပေါ့။ ပြောချင်တာက Network မှာရှိတဲ့ Switch တိုင်းဟာ VLAN ခွဲထားချင်မှ လဲ ခွဲထားမှာပေါ့ဗျာ။ VLAN ခွဲမထားတဲ့ Switch လဲရှိချင်ရှိနေမှာပေါ့။
ဒီတော့ Traffic တွေကို VLAN ရှိတဲ့ Switch ကော၊ VLAN မရှိတဲ့ Switch ကော ပေးပို့နေမယ်ဆိုရင်... အဖိုးတန် Bandwidth လေးကုန်သွားမှာပေါ့။
ဒီတော့ကား VTP Pruning ဆိုတာ စောစောက ပြောခဲ့တဲ့ Broadcast ဆိုတဲ့ one to all frame တွေ ၊ Unknown Unicast ဆိုတဲ့ unknown one to one frame တွေစတဲ့ Traffic တွေကို VLAN မရှိတဲ့ Switch တွေကို ပေးပို့ခြင်းမှ ကာကွယ်တာကို ပြောတာဖြစ်ပါတယ်။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ VTP Pruning ဆိုတာကြီးကြောင့် Broadcast frame တွေ၊ Unknown Unicast Frame တွေဟာ ရှိသမျှ Switch တွေဆီ မရောက်တော့တာကြောင့် Bandwidth သုံးစွဲမှုမလိုအပ်ပဲ သုံးစရာမလိုတော့ဘူးပေါ့။
နောက်တနည်းပြောမယ်ဆိုရင် Network ကို ပိုမြန်စေတာပေါ့။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

VLAN Trunking Protocol (VTP) - (၂)

VTP Modes
VTP management domain တခုထဲမှာ ပါဝင်ဖို့ အတွက် switch တလုံးစီတိုင်းဟာ
- Server mode
- Client mode
- Transparent mode ဆိုတဲ့ mode သုံးမျိုးထဲက တမျိုးမျိုးနဲ့ အလုပ်လုပ်နိုင်အောင် configure လုပ်ထားရပါမယ်။

Server Mode
Server mode က default mode ပါ။ ဒီ mode မှာ VTP server တွေဟာ သူတို့ ရဲ့ domain တွေမှာ VLAN creation နှင့် modification လုပ်ခြင်းတွေကို full control လုပ်နိုင်ပါတယ်။
Domain ထဲမှာ ရှိသမျှ switch တွေအားလုံးကို VTP information တွေကို advertise လုပ်တယ်။ အဲ့လိုလုပ်တာနဲ့ ရလာတဲ့ VTP information တွေကို တခြားသော domain ထဲက switch တွေက သူတို့ အချင်းချင်း synchronize လုပ်ပေးပါတယ်။
Management domain တခုအတွင်းမှာ တခြား Server တွေ client switch တွေ အသုံးပြုထားပေမယ့် လဲ  မည်သည့် switch ကိုမဆို server mode အနေဖြင့် အသုံးပြုနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ default mode ဖြစ်နေလို့ပါပဲ။

Client Mode
Client mode ဟာ passive listening mode လဲ ဖြစ်ပါတယ်။ Switch တွေဟာ တခြား switch တွေဆီကနေ VTP advertisement များကို listen လုပ်ပြီး သူတို့ရဲ့ VLAN configuration တွေကို ပြန်လည် modify လုပ်ပါတယ်။
Network Administrator တွေဟာ ဒီနည်းလမ်းနဲ့ VLAN များ create လုပ်ခြင်း၊ change လုပ်ခြင်း နှင့် delete လုပ်ခြင်းများကို ခွင့်မပြုပါဘူး။
Management domain ထဲမှာရှိတဲ့ switch အသစ် တလုံးကို client mode operation အဖြစ်နဲ့ပဲ configure လုပ်သင့်ပါတယ်။
ဒီနည်းလမ်းနဲ့  switch တွေဟာ ရှိပြီးသား VTP information တွေကို server ဆီကနေ learn လုပ်ပါတယ်။
တကယ်လို့ ၄င်း swith ဟာ redundant server အနေနဲ့ အသုံးပြထားတယ်ဆိုရင် သူဟာ client mode အနေနဲ့ VTP information တွေကို reilable ဖြစ်တဲ့ source တွေကနေ learn စတင် လုပ်ယူပါတယ်။
အကယ်၍ ၄င်း switch ကိုပဲ server mode အနေနဲ့ initial configure လုပ်မိမယ်ဆိုရင်တော့ သူဟာ တခြား domain switch တွေဆီကို incorrect information တွေ ပဲ ပို့ပေးပါလိမ့်မယ်။
Switch ဟာ လက်ရှိ VTP information ကို learn တကြိမ်လုပ်ပြီးတာနဲ့ သူ့ကို server mode အဖြစ် ပြန်လည် configure လုပ်နိုင်ပါပြီ။ ပထမဆုံး အနေနဲ့ကတော့ client mode အနေနဲ့ စတင်သင့်ပါတယ်။ သို့မဟုတ် redundant server အနေနဲ့ စတင်သင့်ပါတယ်။

Transparent Mode
Transparent mode ဟာ switch ကို VTP negotiation တွေမှာ ပါဝင်ပတ်သက်ခွင့် မပေးပါဘူး။
ဒီနည်းလမ်းနဲ့ switch တလုံးဟာ သူ့ရဲ့ ကိုယ်ပိုင် VLAN configuration ကို advertise မလုပ်ပါဘူး။ ပြီးတော့ switch တလုံးဟာ သူ လက်ခံရရှိတဲ့ advertisement တွေနဲ့ သူ့ရဲ့ VLAN database နဲ့ synchronize မလုပ်ပါဘူး။
VLAN ကိုတော့ create, delete နှင့် rename လုပ်တာတွေကိုတော့ transparent switch တွေမှာ လုပ်နိုင်နေပါသေးတယ်။
သို့ပေမယ့် ၄င်း switch တွေဟာ neighboring switch တွေဆီကိုတော့ advertise မလုပ်ပါဘူး။
Transparent switch တလုံးဟာ သူလက်ခံရရှိတဲ့ VTP advertisement တွေကိုတော့ Trunk link များပေါ်ကနေ တခြား switch တွေဆီသို့ forward လုပ်ပေးပါတယ်။

ဆက်ပါအုံးမယ်...


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)



 

VLAN Trunking Protocol (VTP) - (၁)

Switch ပေါင်းများစွာ interconnected လုပ်ထားတဲ့ network environment ကို administration လုပ်ရတဲ့ အလုပ်ဟာ အလွန်ရှုပ်ထွေးပါတယ်။
ဒီလို switch များစွာကို manage လုပ်ဖို့ အတွက် Cisco ကနေ VLAN Trunking Protocol (VTP) ဆိုတာကို develop လုပ်ပေးခဲ့ပါတယ်။
ဒီ solution က Switch တွေ အချင်းချင်း ရဲ့ VLAN configuration information တွေကို exchange လုပ်ဖို့ အသုံးပြုပါတယ်။
VTP ဟာ Layer 2 trunk frame များကို သုံးပြီး VLAN information တွေကို exchange လုပ်ပါတယ်။
VTP က VLAN name များ ပြောင်းလဲခြင်း၊ VLAN name များထပ်နေခြင်း သို့မဟုတ် VLAN type setting များ မမှန်မကန်ဖြစ်နေခြင်း အစရှိတာတွေကို minimize ပြုလုပ်ခြင်း၊ VLAN များအား add or delete လုပ်ခြင်း စ တာတွေကို လဲ manage လုပ်ပါတယ်။

VTP ကို VLAN requirement တွေ common ဖြစ်တဲ့ management domain သို့မဟုတ် area တွေမှာ organize လုပ်ပါတယ်။
Switch တလုံးဟာ VTP domain တခုကိုပဲ ပိုင်ဆိုင်နိုင်ပါတယ်။
မတူညီတဲ့ VTP domain များမှာရှိတဲ့ switch များဟာ VTP information များကို share မလုပ်ကြပါဘူး။
VTP domain တခုအတွင်းမှာ ရှိတဲ့ Switch များဟာ သူတို့ရဲ့ domain neighbor တွေကို sever attribute များအား advertise လုပ်ပါတယ်။
Advertisement တခုချင်းစီမှာ VTP management domain, VTP configuration revision number, known VLANs နှင့် specific VLAN parameter များ၏ information များ ပါဝင်ပါတယ်။

Switch တခုပေါ်မှာ VLAN တခု စတင် create လုပ်တာကနေ စ တဲ့ VTP process ကို VTP server လို့ခေါ်ပါတယ်။
VTP floods advertisement ကို VTP domain ထဲမှာ ၅ မိနစ်ကို တကြိမ် သို့မဟုတ် VLAN configuration ပြောင်းလဲသွားတိုင်း advertise လုပ်ပါတယ်။
VTP advertisement မှာ VLAN configuration revision number, VLAN name နှင့် number, ဘယ် Switch ရဲ့ ဘယ် Port များကတော့ မည်သည့် VLAN အဖြစ် သတ်မှတ်ထားပါတယ်ဆိုတဲ့ information တွေ ပါဝင်ပါတယ်။
တစ်လုံး သို့မဟုတ် တစ်လုံးထက်ပိုသော VTP server များပေါ်မှာ detail VLAN configuration များကို configure လုပ်ပြီး configured information များအား advertisement  လုပ်ပေးလိုက်ခြင်းဖြင့် switch များကို VLAN များ၏ name and number များ သိစေပါတယ်။

ဆက်ပါအုံးမယ်...

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

I like Dropbox !

Internet ပေါ်မှာ ကိုယ့်ရဲ့ သူငယ်ချင်းတွေကို ပုံလေးတွေ Share လုပ်ချင်လို့ပဲဖြစ်ဖြစ်...
အသုံးတည့်တဲ့ file လေးတွေ Share လုပ်ချင်လို့ပဲဖြစ်ဖြစ်...
Hosting တွေရှာပြီး upload တင်... ရလာတဲ့ link ကို မှ သူငယ်ချင်းတွေကို Share ပြန်လုပ်ရတာ... မြန်မာပြည်ရဲ့ Internet connection speed နဲ့ အလွန်စိတ်ပျက်စရာကောင်းပါတယ်။
ဒီတော့ ကျွန်တော် အသုံးပြုနေတဲ့ Dropbox ဆိုတာလေးကို ပြန်မျှဝေချင်ပါတယ်။ ဒါလေးကို သုံးနေတာတော့ကြာပါပြီ။
ခုမှပဲ Internet connection speed တွေ တအားနှေးနေတဲ့ အချိန်မှာ file upload လုပ်ရတာ ကို သည်းမခံနိုင်တော့တဲ့ အဆုံး ကိုယ့် သူငယ်ချင်းတွေလဲ ဒီလို ဒုက္ခမျိုးက ကျော်လွှားနိုင်အောင် ပြန်လည်ဝေမျှလိုက်ပါတယ်။ - http://www.dropbox.com/ ကိုသွားပြီး sing up လုပ်ပါ။
- Free account ဆိုရင် Storage limit 2GB ရပါတယ်။
- Sign up လုပ်ပြီးပြီဆိုရင် dropbox ကို download လုပ်ခိုင်းပါလိမ့်မယ်။ လုပ်လိုက်ပါ။ ပြီးရင် မိမိ PC မှာ install လုပ်ပါ။
- Install လုပ်နေစဉ်မှာ email, password နဲ့ Computer Name တွေတောင်းပါလိမ့်မယ်။
- Dropbox account လုပ်ထားတဲ့ email , password ထည့်ပေးလိုက်ပါ။
- Computer Name နေရာမှာ မိမိ PC ရဲ့ name ထည့်ပေးလိုက်ပါ။
- Dropbox Folder ကို Default အနေနဲ့ My Documents Folder အောက်မှာ ထားပေးပါလိမ့်မယ်။
- Default location ကိုမကြိုက်ရင် မိမိကြိုက်နှစ်သက်ရာ location မှာ ထားနိုင်ပါတယ်။
- Installation ပြီးဆုံးပါက Dropbox Folder ကို ဖွင့်ကြည့်ပါ။
- Photos Folder နဲ့ Public Folder နှစ်ခုကိုတွေ့ပါလိမ့်မယ်။


ဓာတ်ပုံများကို Photos Folder မှာ file တခုချင်းစီဖြစ်စေ ... album folder တခုချင်းစီဖြစ်စေ ထည့်သွင်းပြီး Share လုပ်လို့ရပါပြီ။
Public Folder မှာတော့ မိမိကြိုက်နှစ်သက်ရာ file တခုချင်းစီဖြစ်စေ ... folder တခုချင်းစီဖြစ်စေ ထည့်သွင်းပြီး Share လုပ်နိုင်ပါတယ်။
Share လုပ်ပုံက အရမ်းကို ရိုးရှင်းလွယ်ကူပါတယ်။
Folder တွေကို Share လုပ်မယ်ဆိုရင် .... Folder ပေါ် Righ click နှိပ်ပြီး Dropbox>Share this folder ဆိုပြီး ရွေးပေးလိုက်ပါ။


ကိုယ့်ရဲ့ dropbox account log in ဝင်ထားတဲ့ dropbox web page ပေါ်လာပါမယ်။
ကိုယ် share လုပ်ပေးချင်တဲ့သူတွေရဲ့ email address နဲ့ ကိုယ်ပြောချင်တဲ့ message ထည့်ပေးပြီး Share button ကို နှိပ်ပါ။ ဒါဆို Share လုပ်ပြီးပါပြီ။ Email address တွေဆီကို download link ပို့ပေးပါလိမ့်မယ်။


ဒါက ကိုယ် share ပေးချင်တဲ့သူတွေကို ပဲ သီးသန့်ပေးတာပါ။
တကယ်လို့ Share this folder ကိုမရွေးပဲ Copy public gallery link ကို ရွေးမယ်ဆိုရင်တော့ Public download link ကို share လုပ်ပေးတာပါ။
ဒါမှ မဟုတ်လို့ file တခုချင်းစီကို share လုပ်ချင်တယ်ဆိုရင်တော့ Copy public link ကို ရွေးပြီး share လုပ်နိုင်ပါတယ်။


ဒီလောက်ဆို dropbox ကို ဘယ်လိုသုံးရလဲဆိုတာ သိလောက်ပြီထင်ပါတယ်။
သူ့ရဲ့ အသုံးပြုပုံကိုလဲ Photos Folder နဲ့ Public Folder တွေထဲမှာ user manual တွေ ပါပါတယ်။ ဖတ်ကြည့်ပါ။
သူ့ကို သဘောကျတဲ့ အချက်တွေကတော့ ...
- upload တင်ရတာ လွယ်ကူခြင်း
- download link အလွယ်တကူ ထုတ်ပေးနိုင်ခြင်း
- multiple computer များပေါ်တွင် same account အသုံးပြု၍ file and folder များအား sync လုပ်နိုင်ခြင်း။
  (ဥပမာ.. Dropbox application တင်ထားသော PC 1 နှင့် PC 2 ရှိသည်ဆိုပါစို့... PC1 မှ upload တင်လိုက်သော file အား PC2 မှ ချက်ချင်း download ပြုလုပ်နိုင်ခြင်း)
- File နှင့် Photo များအား web ပေါ်တွင် အလွယ်တကူ share လုပ်နိုင်ခြင်း။
- Windows, Mac, Linux နှင့် iPhone client များ အား offer လုပ်ပေးထားခြင်း
- 2GB free storage account ရရှိခြင်း။
- File upload တင်ထားသော PC power off နေသော်လည်း share လုပ်ထားသော file & folder များအား download လုပ်ယူနိုင်ခြင်း စသည် တို့ပဲ ဖြစ်ပါတယ်။
အလွန်အင်မတန်မှ နှေးကွေးလေးလံလှသော မြန်မာပြည်၏ Internet connection speed ကို ကျော်လွန်ပြီး File upload လုပ်နိုင်ကြပါစေဗျာ။


ပျော်ရွှင်ပါစေ။
(Be knowledgeable, pass it on then)

 

Dynamic Port Range

Dynamic port rage ကို client computer (သို့မဟုတ်) client computer အသွင် အလုပ်လုပ်ပေးတဲ့ Server တွေဟာ Well Know Port Service or Root Service တွေ နဲ့ချိတ်ဆက်ဖို့ အတွက် သုံးပါတယ်။
DNS Server တစ်လုံးဟာ server တစ်လုံး အဖြစ်အလုပ်လုပ်ပြီး specific well known port တခုကို listening လုပ်ပါတယ်။
Client computer တွေ အသုံးပြုရတဲ့ Dynamic Port Range တွေဟာဆိုရင် ၄င်း client computer တွေရဲ့ Operating System Version ပေါ်မူတည်ပြီး ကွဲပြားတာလေးတွေရှိပါတယ်။

Port Range: 1024 - 65535

ဒီ port range ကို Win XP, 2000 Professional နဲ့ Win Server 2003 run ထားတဲ့ computer တွေမှာ သုံးပါတယ်။
ဒီ OS version တွေ သုံးထားတဲ့ client computer တစ်လုံးဟာ အပေါ်က dynamic port တခုကို ယူသုံးတော့မယ်ဆိုရင် အပေါ်က port range ထဲမှာ ရှိတဲ့ port တခုကို ယူသုံးရပါတယ်။

Port Range: 49152 - 65535

Windows Vista, Windows 7 နဲ့ Windows Server 2008 တွေမှာတော့ Dynamic Port Range တွေ ပြောင်းသွားပါပြီ။
Fresh Window Server 2008 installation က Default အနေနဲ့ Dynamic Port Range ကို configure လုပ်ထားပေးပြီးသားပါ။
တကယ်လို့ များ Configure လုပ်ထားတဲ့ Dynamic Port Range ကို ကြည့်ချင်ရင်တော့ အောက် က command တွေနဲ့ ကြည့်လို့ရပါတယ်...

To check dynamic port range
-     NetSh INT IPV4 Show DynamicPort TCP
-     NetSh INT IPV4 Show DynamicPort UDP

တကယ်လို့ Default Dynamic Port Range ကို မကြိုက်ဘူး...ကိုယ့်ဟာကိုယ် သတ်မှတ်ချင်တယ်ဆိုရင်တော့ အောက်က command တွေနဲ့ လုပ်ပေါ့...

To set or change the dynamic port range
- netsh int <ipv4> set dynamic <tcp> start=number num=range
- netsh int <ipv6> set dynamic <tcp> start=number num=range  
- netsh int <ipv4> set dynamic <udp> start=number num=range
- netsh int <ipv4> set dynamic <udp> start=number num=range

ဥပမာ အနေနဲ့...
- netsh int ipv4 set dynamicport tcp start=10000 num=1000
- netsh int ipv4 set dynamicport udp start=10000 num=1000

ဒီ command က port range 1000, start port number က 10000 ပေါ့။
Port range ကို minimun အနေနဲ့ 255 ပဲ ထားရပါမယ်။
Starting port number ကို 1025 ကနေ ထားရပါမယ်။
Ending port number ကတော့ 65535 ပေါ့။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Quick Tip To Check If A Port Is Listening On Multiple Computers

Local computer တလုံး အနေနပြ NetStat command ကိုသုံးပြီးတော့ computer မှာ listening လုပ်နေတဲ့ port list ကိုရနိုင်ပါတယ်။
ဒါက Computer တလုံးထဲအတွက်ပဲ ရနိုင်တာပါ။
တကယ်လို့များ... DMZ Zone လိုမျိုး Server တွေအများကြီးပေါ်မှာ specific port listening လုပ်နေလားဆိုတာကို check လုပ်ဖို့ အတွက်ဆိုရင်တော့  Windows Computer တွေမှာ support ပါမလာပါဘူး။
ဒီတော့ ... နည်းလမ်းလေး တခုလောက် လက်တို့ချင်ပါတယ်...
ဥပမာဗျာ.... port no 3389 ဟာ ကိုယ့် Server တွေပေါ်မှာ listening လုပ်နေလား မလုပ်နေဘူးလား သိချင်တယ်ဆိုပါတော့...
အောက်က script လေး ကို သုံးပြီး သိနိုင်ပါတယ်.... ၁။ Servers.txt ဆိုပြီး text file တခုဆောက်လိုက်ပါ။
၂။ ၄င်း text file ထဲမှာ ကိုယ့် Server name တွေ ထည့်လိုက်ပါ။
၃။ အောက်မှာ ရေးထားတဲ့ Script လေးကို file တခုဆောက်ပြီး ထည့်လိုက်ပါ။ ပြီးရင် ၄င်း file ကို CheckPort.CMD ဆိုပြီး Save လိုက်ပါ။
    REM ***START HERE***
     Echo Off
     SetLocal EnableDelayedExpansion
     IF EXIST Result.csv DEL Result.csv
     FOR /F "Tokens=*" %%L IN (Servers.txt) DO (
     SET ServerName=
     SET ServerName=%%L
     Psexec.exe file://!servername/! NetStat -an > Result.txt
     Find /i "3389" < Result.txt
     IF !ErrorLevel! == 0 (
      Echo !ServerName!, Listening >> Result.CSV
     ) ELSE (
     Echo !ServerName!, Not Listening >> Result.csv
        )
     )
     REM ***END HERE***
ကဲ... ရပါပြီ...  Result.csv ဆိုပြီး result ဖော်ပြပေးပါလိမ့်မယ်...
3389 ဆိုတဲ့နေရာမှာ ကိုယ်သိချင်တဲ့ port no. ကို အစားထိုးနိုင်ပါတယ်။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

Why I use unicode? How to set it up on your PC and Browser?

ကျွန်တော့် blog လေးကို 19.3.2011 (တပေါင်းလပြည့်နေ့) မှာ Unicode စနစ်ကို အပြီးတိုင်ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။

ဘာလို့ ပြောင်းလဲလိုက်တာလဲဆိုတော့... မြန်မာစာကို စနစ်တကျ အသုံးပြုချင်လို့ပါပဲ။

ပြောင်းလိုက် တာနဲ့ ရင်ဆိုင်ရတဲ့ ပြဿနာတွေကတော့...

- Blog post တွေကို မြင်ရဖို့ အတွက် unicode font လိုအပ်ခြင်း

- Unicode font ရှိသော်လည်း browser များတွင် set up ပြန်လုပ်ပေးရန်လိုအပ်ခြင်း

- Unicode font ဖြင့် broswer များတွင် set up လုပ်ပြီးပါက ZawGyi font များဖြင့် ရေးထားသော Website,Blog များအား ဖတ်၍မရတော့ခြင်း...

စသည် စသည် ပြဿနာများ ပဲ ဖြစ်ပါတယ်။

ပထမ ပြဿနာဖြစ်တဲ့ unicode font လိုအပ်ခြင်းကိုတော့ font download & install ပြုလုပ်ဖို့ အခက်အခဲရှိတဲ့ user တွေအတွက် Font Embedded လုပ်ပေးဖို့လိုအပ်ပါတယ်။

ဒုတိယ ပြဿနာကို ဖြေရှင်းဖို့ အတွက်ကတော့ user တွေကိုယ်တိုင် လုပ်ယူရမှာဖြစ်ပါတယ်။

တတိယ ပြဿနာကိုတော့ တချို့တွေက browser bookmark နဲ့ ဖြေရှင်းပေးပါတယ်... တချို့ကတော့ browser ခွဲပြီးကြည့်ပါတယ်။

ဥပမာ Unicode နဲ့ ရေးထားတဲ့ webpage ကို IE နဲ့ ကြည့်ပြီး ZawGyi နဲ့ ရေးထားတဲ့ webpage ကိုတော့ mozilla firefox နဲ့ ကြည့်တာမျိုးပေါ့။



ပြဿနာတွေကို ရှင်းဖို့အတွက်... ကိုယ့် blog မှာ Font Embedded ထည့်ပေးခြင်း

Browser boomark script လေးများဖြည့်တင်းပေးခြင်း

Converter page ထည့်သွင်းပေးခြင်း...

အစရှိသည်တို့ကို လုပ်ပေးထားမယ်ဆိုရင် တော်တော်လေးအဆင်ပြေပါတယ်....



ဒါပေမယ့် ဒီနည်းလမ်းတွေကို တခုမှ ကျွန်တော်လုပ်မထားပါဘူး...ဘာဖြစ်လို့လဲဆိုတော့... ဒီနည်းလမ်းတွေက ယာယီအတွက် ပဲ ဖြစ်တာကြောင့်မို့လို့ပါ။

နောင်တချိန်မှာ... unicode စနစ်ကို မဖြစ်မနေ ကို ကျွန်တော်တို့ ပြောင်းလဲ အသုံးပြုရမှာဖြစ်တဲ့အတွက်... user များကို တိုက်တွန်းချင်တာကတော့...

Myanmar unicode font & keyboard တွေကို ပဲ ပြောင်းလဲ အသုံးပြုကြပါပေါ့။



ဒီတော့.... လတ်တလော unicode နဲ့ မရင်းနှီးသေးတဲ့ user များအတွက်... အောက်က link တွေ မှာ

Unicode user guide for Myanmar နှင့် How to set up your browser ဆိုပြီး ရှင်းပြပေးထားပါတယ်။ ဖတ်ကြည့်စေလိုပါတယ်။


http://www.myanmaritpro.com/profiles/blogs/unicode-user-guide-for-myanmar

http://mrdba.info/2011/01/how-to-set-your-browser/





How to prevent use of writable CD/DVD drives?

တကယ်လို့ ကိုယ်အလုပ်လုပ်နေတဲ့ Company ရဲ့ Policy က Employee တွေကို CD/DVD Write လုပ်တာကို တားမြစ်ထားတယ်။ဒါပေမယ့် သူတို့ ကို ပေးသုံးထားတဲ့ ကွန်ပျူတာတွေက Windows Vista or 7 တင်ထားတဲ့ Laptop တွေဖြစ်ပြီး CD/DVD Writer တွေပါ တပ်ထားတယ်ဆိုပါစို့...
သင် ခေါင်းစားပြီပေါ့... သင်လုပ်ရမှာက CD/DVD Write Function ကိုပဲ ပိတ်ရမှာနော်... Read Function ကို တော့ ပိတ်လို့မဖြစ်ဘူးလေ...
သိပ်လည်း ဦးနှောက်ခြောက်မသွားပါနဲ့... အဆင်ပြေမယ့် နည်းလမ်းလေး တခု ပြောပြချင်ပါတယ်..
သင့်အနေနဲ့ သူတို့ သုံးနေတဲ့ Laptop တွေရဲ့ Group Policy Setting လေးကို အောက်က နည်းလေးအတိုင်း နဲနဲ ပြင်ပေးလိုက်တာနဲ့ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။
Start>Run>gpedit.msc လို့ရိုက်လိုက်ပါ။
Local Group Policy Editor Window ပေါ်လာပါမယ်...
Computer Configuration>Administrative Templates>System>Removable Storage Access>CD and DVD: Deny Write Access ရောက်တဲ့အထိ သွားပါ။
CD and DVD: Deny Write Access ကို Double Click နှိပ်ပြီး Not Configure, Enable , Disable သုံးခု ထဲက Enable ကို ရွေးပေးလိုက်ပြီး Apply, OK လုပ်ပါ။
Star>Run>gpupdate လို့ရိုက်ပါ။

ကဲ...ဒါဆိုရင်... သင်ခေါင်းခြောက်နေတဲ့ ကိစ္စလည်း ပြီးသွားပြီပေါ့ဗျာ...
User တွေ က CD/DVD Burning Software တွေ ဘယ်လောက်ပဲ တင်နေပါစေ...သူတို့တွေအနေနဲ့ CD/DVD တွေကိုတော့ Write လုပ်လို့ မရတော့ပါဘူး...

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Internet မှ တဆင့် VoIP Call များသုံးစွဲသည့်ကိစ္စ

နောက်ဆို Internet ကနေ နိုင်ငံခြားကိုပဲဖြစ်ဖြစ်... နိုင်ငံခြားကနေ... Internet ကို သုံးပြီး ကိုယ့်နိုင်ငံ ကိုပဲဖြစ်ဖြစ် ဖုန်းခေါ်ဖို့ မလွယ်တော့ဘူးပဲ...

Free Tool to Restore Windows functionality after virus and trojan attack

Virus , Trojans တို့ တိုက်ခိုက်တာကို ခံရတာဟာ အလွန်စိတ်ညစ်စရာကောင်းတဲ့ ကိစ္စတခုပါ။
ကိုယ့်ရဲ့ Windows feature တော်တော်များများကို ပုံမှန်မဟုတ်အောင် သူတို့တွေက ဖျက်ဆီးပစ်လိုက်တာလေ။
ဒီတော့ ဒီကောင်တွေကို အပြီးတိုင် ရှင်းလင်းပစ်လိုက်ပြီးတာတောင် ကိုယ့်မှာတော့ ကိုယ့် Windows လေး ပုံမှန်အတိုင်းပြန်ဖြစ်အောင် နာရီတော်တော်များများ ကို အကုန်ခံပြီး ပြန်လည်ပြင်ဆင်ရပါတယ်။
တချို့ များဆို Windows ပါ ပြန်တင်ရတဲ့ အခြေအနေတောင် ရောက်ကြရပါတယ်။
ဒီလို အခြေအနေမျိုးကို ် Windows XP လိုမျိုး အရင် Windows တွေမှာကြုံဖူးကြမှာပါ...ဖြေရှင်းဖို့ Tool လေးတွေ ရှိပါတယ်...
တကယ်လို့များ Windows 7 မှာ ကြုံလာရင် ဘယ်လိုလုပ်ကြမလဲ ???
 Windows 7 အတွက်လည်း ကိုယ့်ရဲ့ Windows Setting တွေကို ပြန်ပြင်ပေးဖို့ Re-Enable ဆိုတဲ့ Tool လေးရှိပါတယ်။

သူက အောက်မှာ ပြထားတဲ့ Setting လေးတွေကို one-click fix လုပ်ပေးနိုင်အောင် design လုပ်ပေးထားပါတယ်တဲ့...
    * Windows Registry
    * Command Line Tool
    * Windows Task Manager
    * System Restore Config
    * Folder Options
    * Run command
    * My Computer
    * Task Scheduler
    * Right Click Context menu
    * MsConfig (XP only)
    * Control Panel
    * Search
နောက်ပြီး... သူက Autorun.inf file တွေ ကို Scan,Edit နဲ့ Delete လုပ်နိုင်ပါတယ်။
Desktop icon တွေ နဲ့ Background ကို repair လုပ်နိုင်ပါတယ်။
Hosts, Services, Network, Protocol file တွေကို Edit လုပ်နိုင်ပါတယ်။
File and Folder Attribute တွေကို Reset လုပ်နိုင်ပါတယ်။
Explorer.exe နဲ့ Startup problem တွေကို Repair လုပ်နိုင်ပါတယ်။
Hidden ဖြစ်နေတဲ့ drive တွေကိုလည်း unhide ပြန်လုပ်ပေးနိုင်ပါတယ်။
F8 နှိပ်ပြီး ဝင်ရတဲ့ Safe Mode Menu disable ဖြစ်နေရင်တောင် ၄င်း Safe Mode ကြီးကို Repair ပြန်လုပ်ပေးနိုင်ပါတယ်။
နောက်ထပ် သူ လုပ်ပေးနိုင်တာတွေ အများကြီး ကျန်ပါသေးတယ်။
သုံးကြည့်ရင်းနဲ့ သိလာပါလိမ့်မယ်။
ခု ဒီ Post ကို သင်ဖတ်နေတဲ့ အချိန်မှာ ဘာပြဿနာမှ မကြုံသေးဘူးဆိုရင်လည်း... Re-Enable လေးကိုတော့ ဆောင်ထားပါလို့ တိုက်တွန်းချင်ပါတယ်။
သင် နောင် တချိန်ချိန်မှာ လိုကို လိုလာမှာ မို့လို့ပါ။
ကဲ... အောက်က link လေးမှာ Download လုပ်နိုင်ပါတယ်ဗျာ။
http://www.tangosoft.co.uk/re-enable%20v2.html

သူ့ရဲ့ Screenshot လေးကိုလည်း တင်ပေးလိုက်ပါတယ်။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

6 Free Tools for Web Designer who working with Drupal

1. Color Calibration
Designer တယောက် color တွေနဲ့ အလုပ်လုပ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ monitor display က accurate color ရနေဖို့ နဲ့ သင့်တော်တဲ့ brightness ရှိနေဖို့လိုတယ်လေ။ ဒါကို Calibrate လုပ်တယ်လို့ ခေါ်ပါတယ်။
Calibrate လုပ်မထားတဲ့ monitor နဲ့သာ color or design တွေ လုပ်မယ်ဆိုရင် ရလာမယ့် Design က တခြား Screen တွေမှာ အရမ်းမှောင်နေတာမျိုး... အရမ်းလင်းနေတာမျိုး တြွေဖစ်နိုင်ပါတယ်။
QuickGamma ဆိုတဲ့ free , software-based color calibration tool လေးက monitor တွေကို Calibrate လုပ်ပေးတဲ့နေရာမှာ အသုံးတည့်ပါလိမ့်မယ်။ http://quickgamma.de/indexen.html မှာ သွားပြီး download လုပ်နိုင်ပါတယ်။


2.  Editing Code
    Desinger တိုင်းမှာတော့ သူ့စိတ်ကြိုက် text editor tool ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် Komodo Edit ဆိုတဲ့ free, open source editor လေးနဲ့ တော့ မိတ်ဆက်ပေးချင်ပါတယ်။သူကတော့ multi-document editing, syntax highlighting, autocomplete, regular expression search/replace, built in function call tips for PHP, JavaScript, jQuery စသည်ဖြင့် professional feature တွေ များစွာပါဝင်ပါတယ်။ http://www.activestate.com/komodo_edit/ မှာ သွားပြီး download လုပ်နိုင်ပါတယ်။


3. Page Design Debugging
   HTML , CSS တွေ ကို အဓိက ကိုင်တွယ်ရမယ့် အပိုင်းဆိုရင်တော့ Firebug ဆိုတဲ့ tool လေးကိုပဲ ညွှန်းချင်ပါတယ်။ သူနဲ့ layout change တွေကို testing out လုပ်မယ်။ Bug တွေကို tracking down လုပ်မယ်ဗျာ။ ဒါလေးရဲ့ အသုံးဝင်ပုံကတော့ Web Designer တိုင်းသိပြီးသားပါ။ http://getfirebug.com/ မှာ download လုပ်နိုင်ပါတယ်။



4. Page Design Debugging...in IE
   Mozilla Firefox အတွက်သာ Tool တွေက ပေါတာဗျ... Internet Explorer အတွက်ကျတော့ နည်းမှနည်းပဲ... Web Design လုပ်ပြီး Testing & Debugging လုပ်ပြီဆိုရင် IE မှာ နည်းနည်း ခွကျတာလေးတွေ ရှိတတ်ပါတယ်။သူ့အတွက်တော့.... IE Dev Toolbar ဆိုတာလေး ကို လက်တို့ချင်ပါတယ်။ သူ့ကိုလည်း လျှော့တွက်လို့တော့မရပါဘူး... cross-bowser layout bugs တွေကို tracking down လုပ်ဖို့ကျတော့ အဖိုးတန်တယ်ဗျ။ Firebug Lite ဆိုတာလေးတော့ ရှိပါတယ်။ ဒါပေမယ့် IE Dev Toolbar လေးကို ပဲ အဓိကထားပြောရတာကတော့ သူ့ကို Microsoft က ထုတ်ထားလို့ပါ။
 http://www.microsoft.com/downloadS/details.aspx?familyid=E59C3964-672D-4511-BB3E-2D5E1DB91038&displaylang=en မှာ download လုပ်နိုင်ပါတယ်။

               
5. Color Picker
   Firefox ထဲမှာ Design လုပ်နေတဲ့အချိန် တခါတခါ image or background ရဲ့ color value တွေကို check လုပ်ဖို့ လိုအပ်တာမျိုးတွေ ရှိပါတယ်။ ဒီလိုအချိန်မျိုးအတွက်... Colorzilla ဆိုတဲ့ Firefox extension နဲ့ မိတ်ဆက်ချင်ပါတယ်။ http://www.colorzilla.com/firefox/ မှာ download လုပ်နိုင်ပါတယ်။


6. Web Developer Toolbar
   Durpal လိုမျိုး Content Management System တွေနဲ့ အလုပ်လုပ်ရတဲ့ အခါမျိုးမှာဆိုရင် cookies or cache တွေကို ခဏ လောက် disable လုပ်ထားရတာမျိုး ရှိပါတယ်။ဒီလိုလုပ်ဖို့ အတွက် Web Developer ဆိုတဲ့ Firefox extension နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ images, cookies, cache, CSS, Java နဲ့ JavaScript တွေကို disable လုပ်တဲ့နေရာမှာ အသုံးတည့်ပါတယ်။နောက်ပြီး page validation, form tweaks , layout highlighting လိုမျိုးတွေအတွက် quick access ကို provide လုပ်ပေးပါသေးတယ်။ https://addons.mozilla.org/en-US/firefox/addon/60 မှာ download လုပ်နိုင်ပါတယ်။


အပေါ်မှာ ပြောခဲ့တာတွေကတော့ great free tool တွေပါ။ ၆ ခုထဲကို ရွေးပြောခဲ့တယ်ဆိုပေမယ့်... PuTTY လို great SSH client, Notepad++ လို lightweight text editor, PNGGauntlet လို PNG compressor တွေလည်း ရှိနေပါသေးတယ်။
အခု အပေါ်မှာ ပြောခဲ့တဲ့ Tool တွေဟာ Drupal နဲ့ အလုပ်လုပ်နေရတဲ့ Web Designer တွေ အတွက် ပိုမို အသုံးတည့်မယ့်လို့ ယုံကြည်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Email ထဲက အတွေးအခေါ်များ

ကိုယ့်အကြောင်းကို ဘယ်တော့မှ တခြားတယောက်ကို ရှင်းပြမနေပါနဲ့။

ဘာလို့လဲဆိုတော့ သင့်ကို သဘောကျတဲ့သူက သင့်အကြောင်းကို သိဖို့ ကို မလိုအပ်လို့ပါ။

ဒါပေမယ့်... သင့်ကို သဘောမကျတဲ့သူကျပြန်တော့လည်း သင်ပြောတဲ့ သင့်အကြောင်းတွေကို ယုံကြည်ပေးမှာ မဟုတ်ပြန်ဘူး။

 

သင်ဟာ အလုပ်ရှုပ်တယ်... မအားဘူးလို့ ပြောနေသရွေ့ သင်လည်း ဘယ်တော့မှ အားလာမှာ မဟုတ်ဘူး။

သင့်မှာ အချိန်မရှိဘူးလို့ ပြောနေသရွေ့ သင့်မှာ ဘယ်တော့မှ အချိန်ရှိလာမှာ မဟုတ်ဘူး။

မနက်ဖြန်မှ သင်လုပ်မယ်လို့ ပြောနေသရွေ့ သင့်ရဲ့ မနက်ဖြန် ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး။

 

သင် မနက်ခင်း အိပ်ယာ က နိုးလာတာနဲ့ သင့်မှာ ရွေးချယ်စရာ နှစ်ခု ရှိနေပါတယ်။

တခုက ပြန်အိပ်ပြီး အိပ်မက်တွေ မက်မှာလား...

နောက်တခုက အိပ်ယာက ထ ပြီး သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်မှာလား...

 

ကျွနု်ပ်တို့ကို ဂရုမစိုက်တ့ဲသူတွေ ကို ကျွန်ုပ်တို့က ငို ရအောင် လုပ်တယ်။

ကျွန်ုပ်တို့ကို ဂရုမစိုက်တဲ့သူတွေ အတွက်တော့ ကျွန်ုပ်တို့ ငို ကြတယ်။

ဒါပေမယ့်... ကျွန်ုပ်တို့ အတွက် ဘယ်တော့မှ မငိုတဲ့သူတွေ ကိုတော့ ကျွန်ုပ်တို့ ဂရုစိုက်ကြတယ်။

ဒါက ဘဝရဲ့ အမှန်တရားပါ...သင့်အတွက် ထူးဆန်းနေလိမ့်မယ်...ဒါပေမယ့် မှန်တယ်နော်။

ဒီ အမှန်တရားကို သင်တကြိမ် နားလည်တယ်ဆိုရင်ပဲ...သင့်အနေနဲ့ ပြောင်းလဲပစ် ဖို့ သိပ်နောက်မကျသေးပါဘူး။

 

သင်ပျော်နေတဲ့အချိန်မှာ ကတိမပေးမိပါစေနဲ့။

သင်ဝမ်းနည်းနေတဲ့ အချိန်မှာ ဆိတ်ဆိတ်လေးပဲ ငြိမ်နေလိုက်ပါ။ ဘာဆိုဘာမှ ပြန်ပြောဖို့ မကြိုးစားပါနဲ့။

သင်ဒေါသထွက်နေတဲ့ အချိန်မှာ ဆုံးဖြတ်ချက် မချပါနဲ့။

အမြဲတမ်း နှစ်ကြိမ် စဉ်းစားပါ...ပြီးမှ လုပ်ပါ။

 

အချိန်ဆိုတာ မြစ်တစ်စင်းလိုပါပဲ။

ကိုယ့်ရှေ့ က မြစ်ထဲက ရေကို သင်ဘယ်တော့မှ နှစ်ကြိမ်ထိတွေ့ခွင့်မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီတကြိမ် စီးဆင်းသွားတဲ့ မြစ်ရေဟာ နောက်တကြိမ် သင့်ရှေ့မှောက်ကနေ ပြန်မစီးဆင်းတော့လို့ပါပဲ။

ဒါကြောင့် ကိုယ့်ဘဝရဲ့ အချိန်တွေကို တန်ဖိုးထားပြီး ပျော်ရွှင်စွာ ကုန်ဆုံးပါစေ။

 

ပထမဆုံး...ငါ အထက်တန်းကျောင်းသားဘဝကို ဖြတ်ကျော်ဖို့ ကြိုးစားတယ်..ပြီးတော့ တက္ကသိုလ်တက်တယ်။

တက္ကသိုလ် ကျောင်းသားဘဝကို ဖြတ်ကျော်ပြီးတော့ အလုပ်စလုပ်တယ်။ နောက်တော့ အိမ်ထောင်ပြုတယ်။ သားသမီးတွေရတယ်။

သားသမီးတွေ အရွယ်ရောက်လာတဲ့ အထိ နေပေးတယ်... သူတို့လေးတွေ အရွယ်ရောက်လာတော့ အလုပ်ပြန်လုပ်တယ်။

ဒီလိုနဲ့ ပဲ အလုပ်ကနေ နားတဲ့ အထိ အလုပ်လုပ်တယ်။ ခုတော့ သေဖို့ အချိန်ကိုစောင့်နေတဲ့ အခြေအနေကို ရောက်နေတယ်။

ဒီတော့မှ နားလည်တယ်...ဘဝကို အေးအေးဆေးဆေး နေထိုင်ခဲ့ရတဲ့ အချိန်မှ မရှိခဲ့ပဲ။

ကဲ...သူငယ်ချင်း...သင်လည်း ဘယ်တော့မှ ဒီလိုမျိုးမဖြစ်စေနဲ့နော်။ ကိုယ့်ရဲ့ လက်ရှိ အချိန်နဲ့အခြေအနေတွေကို တန်ဖိုးထားပြီး တနေ့စီ တနေ့စီ ပျော်ပျော်ကြီး ကုန်ဆုံးစမ်းပါ။

 

 

(သူငယ်ချင်းတယောက်က ပို့ပေးလိုက်တဲ့ Forward email တစ်စောင်က စာလေးကို ဘာသာပြန်ကြည့်ထားတာပါ။)