Location Aware Printing in Windows 7



Laptop အသုံးပြုတဲ့ customer များကို Service ပေးတဲ့အခါ အများဆုံး ဖြေရှင်းပေးရလေ့ရှိတဲ့ ပြဿနာက Printer ပြဿနာပါ။
ဘယ်လိုမျိုးလဲဆိုတော့... customer က mobile ဖြစ်နေလို့ပါ။
Mobile ဆိုတော့ ရုံးနေရာ က အမြဲ ပြောင်းနေတတ်ပါတယ်။
ဒီနေ့ ဒီရုံး Network ကို အသုံးပြုပေမယ့် နောက်တနေ့ ကျပြန်တော့ နောက် တစ်ရုံးရဲ့ Network မှာ သုံးချင်သုံးနေမယ်။
တခါတလေ ကျပြန်တော့လဲ... Meeting Room, Conference Room မှာ သုံးနေတာမျိုးပါ။
ဒီလိုအခြေအနေမျိုးမှာ သူရောက်နေတဲ့ နေရာရဲ့ Printer နဲ့ ချိတ်ဆက်အသုံးပြုဖို့ ခက်ခဲလေ့ရှိပါတယ်။
Printer အရေအတွက် အနည်းငယ်ပဲ ရှိရင် သိပ်ပြဿနာမရှိပေမယ့်...
Large Orginization မျိုးတွေမှာ အသုံးပြုနေတဲ့ Customer မျိုးအတွက်ဆိုလျှင် Printer တွေလိုက်မှတ်နေဖို့ မဖြစ်နိုင်တော့ပါဘူး။
ဒီတော့ လိုအပ်လို့ Print out လုပ်ရတော့မယ်ဆိုလျှင် ပြဿနာ တက်ပါပြီ။
မည်သည့် Printer မှ print ထုတ်ရမည်ဆိုတာကို မသိတော့ပါဘူး။

ဒီလိုမျိုး အဖြစ်တွေကနေ ကျော်လွှားနိုင်အောင် Windows 7 မှာ Location Aware Printing ဆိုတဲ့ Feature တခုကို အသုံးပြုနိုင်ပါတယ်။

အောက်က အဆင့်လေးတွေ လိုက်လုပ်လိုက်ကြပါစို့လား...

Start>Devices and Printers ကိုသွားပါ။

၁။ မိမိ Default အနေဖြင့် အသုံးပြုချင်သော Printer ကို Select လုပ်ပါ။
၂။ Manage default printers ဆိုတာကို ရွေးပါ။
၃။ " Always use the same printer as my default printer "
    " Change my default printer when I change networks " ဆိုပြီး Option နှစ်ခုတွေ့ပါမယ်။
    " Change my default printer when I change networks " ဆိုတာကို ရွေးပါ။
၄။ Select network ဆိုတဲ့နေရာမှာ...မိမိ အသုံးပြုမည့် Network ကို ရွေးပါ။
    (ဥပမာ Sales Dept or  Marketing Dept or Home Network or Meeting Room)
၅။ Select printer ဆိုတဲ့ နေရာမှာ မိမိရွေးချယ်ခဲ့သော Network တွင် Default အဖြစ် အသုံးပြုမည့်  Printer ကို ရွေးပေးပါ။
    Add လုပ်ပါ။ ( Printer ရွေးချယ်တာ မှားသွားရင်လဲ အလွယ်တကူ ပြန် Remove လုပ်နိုင်ပါတယ်။
    မှားသွားတဲ့ Network & Printer Name ကို ရွေးပြီး Remove ဆိုတာကို နှိပ်လိုက်ရုံပါပဲ။

အခြား Network များအတွက် Default Printer များထပ်မံ သတ်မှတ်ရန် အဆင့် (၁) မှ (၅) အထိ ထပ်မံ ပြုလုပ်ပါ။

ဒါဆိုရင်... သင့်အနေနဲ့ နောက်ပိုင်းမှာ Customer ဆီကနေ print out ထုတ်မရတဲ့ ပြဿနာ မျိုးကို သင်ကြားရတော့မှာ မဟုတ်ပါဘူး။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to Create a Bootable Offline Version of Windows Defender?


Virus ရှင်းလင်းတဲ့ နည်းလမ်းပေါင်းမြောက်မြားစွာကို... အင်တာနက်မှာတွေ့နိုင်ပါတယ်။
ဒါပေမယ့် Microsoft ဟာ သူ့ရဲ့ Windows Defender Anti-malware ကို  Built-in အဖြစ်နဲ့
OS တွေမှာ ထည့်ပေးလာရာကနေ အခုအခါမှာတော့ Stand-alone version အနေဖြင့် ထုတ်ပေးလိုက်ပါပြီ။

အခု ၄င်း Stand-alone Windows Defender ကို USB Drive တွေကနေ Bootable လုပ်ပြီး
Virsus Scan လုပ်လို့ရအောင် ပြုလုပ်ပုံကို ပြောပြပေးချင်ပါတယ်။

ပထမဆုံး ဒီနေရာကို http://goo.gl/2BkEu သွားပြီး မိမိ Windows နဲ့ ကိုက်ညီတဲ့ Version ကို Download လုပ်ပါ။
ရလာတဲ့ File ကို Run ပါ။

Welcome to the Windows Defender Offline Tool ဆိုတဲ့ Windows ပေါ်လာပါမယ်။ Next နှိပ်ပါ။

ထုံစံ အတိုင်း License ကို Accept လုပ်မယ် မလုပ်ဖူး မေးတဲ့ Windows ပေါ်လာပါမယ်။ Accept ပဲပေါ့ဗျာ။

Choose your startup media ဆိုတဲ့ Windows ပေါ်လာရင်... CD or DVD, USB , ISO file  တွေထဲက အခုက USB Drive အတွက် လုပ်မှာဆိုတော့ USB ကိုပဲ ရွေးပေါ့ဗျာ။ ဒီနေရာမှာ သင့်ရဲ့ USB Drive ဟာ Bit-Locker နဲ့ Encrypt လုပ်ထားခြင်း ဖြစ်မနေရပါဘူး။
ပြီးရင် Next ပေါ့။

Reformat the USB flash drive ဆိုတဲ့ Windows ပေါ်လာရင် Next ပဲ ပေါ့။
င်္Format ရိုက်မှာ ဖြစ်တဲ့ အတွက် ကိုယ့် USB Drive လေးထဲမှာ ဘာ Data မှ မရှိရင် ပိုကောင်းပါတယ်။

ဒီအခါမှာ... Creating the startup USB flash drive ဆိုတဲ့ Windows ပေါ်လာပြီး လုပ်ငန်းစဉ် ပြီးတဲ့ အထိ စောင့်ပါ။

ပြီးသွားပြီဆိုရင် Installation complete ဆိုပြီး Windows ပေါ်လာပါမယ်။
အဲဒီ Windows မှာ အခု လုပ်ထားတဲ့ Windows Defender Offline နဲ့ malware တွေကို scan and remove လုပ်မယ်ဆိုရင် မည်ကဲ့သို့ အသုံးပြုရမလဲ ဆိုတာကို ရှင်းပြထားတဲ့ အချက်တွေ မြင်ရပါမယ်။
လိုက်ဖတ်ကြည့်ပြီး မှတ်ထားပေါ့ဗျာ။ ပြီးရင်တော့ Finish ပေါ့။

ကဲ...  virus ထိ နေတဲ့ PC ကို ဒီ USB Drive လေးတပ်ပြီး Boot တက်လိုက်ပါ။
ပြီးရင် Scan လုပ်ပေါ့။ သူက OS နဲ့ Built-in ပါတဲ့ Windows Defender နဲ့ အကုန်တူပါတယ်။
ဒါကတော့ USB Drive နဲ့ Boot လုပ်ပုံလေးပါ။
တကယ်လို့များ... သင်က အလိုရှငိတယ်ဆိုရင်တော့... Bootable CD/DVD အဖြစ်ဖြင့် လဲ အသုံးချနိုင်ပါတယ်။
ISO file အနေနဲ့ CD/DVD လုပ်ပြီး သိမ်းထားချင်ရင်လည်း ရပါတယ်။

Reference URL: http://goo.gl/waefo

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to configure Lotus Notes email client for Beginners?


ဒီတခါ Lotus Notes ကို Configure လုပ်ပုံ ရှင်းပြပါမယ်
ပထမဆုံး Lotus Notes ကို ဖွင့်လိုက်ပါ။
ပွင့်လာရင် ပုံမှာ ပြထားသလို Contacts ကို Click လုပ်ပါ။
Advanced>Connections>New>Server Connection ကို Click လုပ်ပါ။
(တခြား Server , Port တွေ ရှိနေခဲ့ရင် အကုန်လုံးကို ဖျက်ပစ်ပါ။)





Basic မှာ Connection type : Local Area Network, Use LAN port TCPIP ဆိုတာကို ရွေးပေးပါ။
ှServer name နေရာမှာ Administrator က ပေးတဲ့ server name ပေးပါ။ (ဥပမာ elitem01/ygn/myn)



ပြီးရင် Advanced ကိုသွားပါ။
Destination server address မှာ Administrator က ပေးတဲ့ address ပေးပါ။ (ဥပမာ elitem01.myn.com)
ပြီးရင် Save & Close ကို နှိပ်ပါ။


နောက်အဆင့်မှာ ပုံ (၂) မှာ ပြထားတဲ့ Connection အောက်က Location ကို Click လုပ်ပါ။

Desktop များအတွက် ဆိုရင် Home, Travel , Offline တို့ကို ဖျက်ပစ်ပါ။ Laptop အတွက်ဆိုရင် Home,Travel ကို ဖျက်ပစ်ပါ။
Online ကိုရွေးပါ။ Edit ကို နှိပ်ပါ။
Basics Tab မှာ
Location type က Local Area Network
Location name က Online
Internet mail address က Administrator က သတ်မှတ်ပေးထားတဲ့ user name ပေါ့။
ကျန်တာတွေက Default အတိုင်းပဲ ထားပါ။



Servers Tab မှာလည်း Default အတိုင်းပဲ ထားပါ။
Ports Tab မှာ လည်း TCPIP ကို Tick လုပ်ထားပါ။
Mail Tab မှာ ဖြည့်ရမယ့် အပိုင်းတွေကို အောက်က ပုံ မှာ ဝိုင်းပြထားပါတယ်။
Internet domain for notes address when connectring directly to the Internet ဆိုတဲ့ နေရာမှာ Administrator ပေးတဲ့ Domain name ကို ထည့်ပေးပါ။
(ဥပမာ myn.com)


Replication Tab မှာ လည်း ဖြည့်ရမယ့် အပိုင်းတွေကိုအောက်က ပုံမှာ ဝိုင်းပြထားပါတယ်။
Repeat every ဆိုတဲ့ နေရာမှာတော့ Company ရဲ့ IT Policy မှာ သတ်မှတ်ထားတဲ့ အချိန်ကို ထည့်ပေးပါ။



ကျန်တဲ့ Tab တွေမှာ Default အတိုင်းထားပါ။
Save & Close ကို နှိပ်ပါ။

Laptop များကို Setting ချတဲ့ Offline အတွက် ကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်။ ပုံထဲက မှာ ဝိုင်းပြထားသလို လိုက်ပြီး Setting လုပ်ပေးလိုက်ရုံပါပဲ။
အားလုံးပြီးရင်  Save & Close ပေါ့ဗျာ။





ကျန်တာတွေကတော့... Replicate လုပ်တာတို့...Synchronize လုပ်မယ်တို့.. Message Sending and Receiving မှာ signature ထည့်မယ် မထည့်ဘူး စ တာတွေကို File>Preference မှာ သွားပြင်တာပါပဲ။
ဒါကတော့ Company ရဲ့ IT Policy ပေါ်မူတည်ပြီး ကွဲပြားပါတယ်။

ကဲ... ဒီလောက်ဆိုရင် Lotus Notes ကို အခက်အခဲ မရှိပဲ... Configure လုပ်တတ်ပြီလို့ ယူဆပါတယ်။
ဖော်ပြထားတဲ့ အချက်အလက်တွေဟာ... Reference လုပ်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။
တချို့ နေရာတွေမှာ Company တခုခုနဲ့ တခုခု မတူညီတဲ့ အပေါ်မူတည်ပြီး အနည်းငယ် ပြောင်းလဲ မှုတွေ ရှိကောင်းရှိနိုင်ပါတယ်။
ဒါပေမယ့် တော်တော်များများတော့ တူတယ်လို့ ပြောနိုင်ပါတယ်။

Lotus Notes နဲ့ မရင်းနှီးသော သူငယ်ချင်းများ အားလုံး အဆင်ပြေကြပါစေ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to find and solve bottlenecks in Windows 7?


တခါတလေ... Application တွေဟာ Not Responding ဖြစ်နေတာမျိုးကို သင်တို့ ကြုံဖူးမှာပါ။
ဒါမျိုးဘာကြောင့်ဖြစ်ရတာလဲ...ဘယ်လိုဖြေရှင်းရင်ရနိုင်မလဲ ဆိုတာကို သင် သိချင်မှာပေါ့။
ဒီအတွက် Windows 7 မှာ Resource Monitor ဆိုတာပါပါတယ်။
သင် ကွန်ပျူတာ သုံးနေရင်း အကြောင်းတခုခုကြောင့် Application တခု Not Responding ဖြစ်သွားပြီဆိုပါစို့...
Start>Run or WinKey+R > RESMON ဆိုပြီး OK လိုက်ပါ။
Resource Manager Windows ပေါ်လာပါလိမ့်မယ်။
Overview, CPU, Memory, Disk , Network ဆိုတဲ့ Tab လေးတွေ တွေ့ပါလိမ့်မယ်။
CPU ဆိုတဲ့ Tab ကတော့ သင့်ကို အကောင်းဆုံးကူညီပေးပါလိမ့်မယ်။
Not Responding ဖြစ်နေတဲ့ Application ကို လိုက်ရှာပြီး...
Right Click> Analyze Process ဆိုပြီး နှိပ်လိုက်ပါ။
Windows 7 က သင့်ကို ဘာကြောင့် သင်သုံးနေတဲ့ Application ဟာ Not Responding ဖြစ်နေပါတယ်ဆိုတာကို အဖြေထုတ်ပေးပါလိမ့်မယ်။
ဥပမာ အနေနဲ့ သင့်ရဲ့ Application ဟာ ဘယ် Process ကိုစောင့်နေရပါတယ်ဆိုတာမျိုးပေါ့။

ပျော်ရွှင်ပါစေ။
(Be knowledgeable, pass it on then)

How to install Lotus Notes email Client Program Properly for beginners?

ဒီရက်ပိုင်း အလုပ်မှာ Lotus Note နဲ့ မရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ သိရပါတယ်။
ဒါနဲ့ ကိုယ့်တုန်းကလို မျိုး မဖြစ်ရလေအောင်...
Lotus Notes Client Program ကို ဘယ်လို Setup လုပ်ရတယ်ဆိုတာ ပုံလေးတွေနဲ့ ရှင်းပြလိုက်ပါတယ်။
တကယ်တော့ ဒါလေးက မခက်ပါဘူး...ဒါပေမယ့် မြန်မာပြည်မှာက ဒီ Lotus Notes ဆိုတာကို အသုံးနည်းတဲ့အတွက် စင်ကာပူကိုလာပြီး IT အလုပ်လုပ်တဲ့အခါ Lotus Notes ကို Setup လုပ်ပေးပါလို့ တောင်းဆိုလာခဲ့ရင် ကိုယ့်နိုင်ငံမှာလဲ မဟုတ်လို့ အနည်းငယ် ရှိန်ပြီး ဘာစလုပ်လို့ လုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ ကျတော် အလုပ်စဝင်တုန်းကလဲ ဖြစ်ပါတယ်။ နောက်နောင် အလုပ်လာလုပ်မယ့် သူငယ်ချင်းများ ဒီအဖြစ်မျိုးကနေ လွတ်အောင် ပြန်လည်မျှဝေလိုပါတယ်။

ကဲ...စ လိုက်ရအောင်
ပထမဆုံး Lotus Notes Client Program ဟာ ကိုယ့် Setup လုပ်မယ့် Computer ပေါ်မှာ Install လုပ်ဖို့အတွက် Installer လိုပါတယ်။ ဒါက လဲ Domino Administrator ဆီကနေ ရမှာပါ။ သင် ပူစရာမလိုပါဘူး။
Install လုပ်လိုက်ပါ။

ပြီးပြီဆိုတာနဲ့...
Desktop ပေါ်က Lotus Notes icon လေးကို Double Click လိုက်ပါ။




ပုံမှာ ပြထားသလိုပေါ်လာရင် Next နှိပ်ပါ။



Your Name မှာ အသုံးပြုမယ့် User Name ပေါ့
Domino Server မှာ Domino Server Administrator က ပေးတဲ့ Name ပေါ့ ။ (ဥပမာ Elitem01/YGN/MYN)
ပြီးရင် Next နှိပ်ပါ။



Notes ID File ရွေးပေးရတဲ့ နေရာရောက်ပါမယ်။ ဒါကလည်း Administrator က create လုပ်ထားတဲ့ ID File လေးကို ရှာထည့်ပေးလိုက်ရုံပါ။
ပြီးရင် Next ပေါ့။



တကယ်လို့ သင်ဟာ ID File ကို Lotus Notes ရဲ့ Default ID Location နေရာကို ရွေးပေးထားတာ မဟုတ်ရင် (ဥပမာ Desktop ပေါ်မှာ တင်ထားတဲ့ ID File ကို ရွေးပေးထားတာဆိုရင်) အောက်က ပုံ အတိုင်းပေါ်လာပါလိမ့်မယ်။
Yes  ပေါ့ဗျာ။



ဒါဆို Password တောင်းတဲ့ Windows ပေါ်လာပါလိမ့်မယ်။
Administrator ပေးထားတဲ့ password ထည့်ပြီး Log in လုပ်ပါ။



Instant Message ကို ပါ တခါတည်း ထည့်ပေးမယ်ဆိုရင် Setup instant messaging check box ကို အမှန်ခြစ်ပါ။
Instant message server name ထည့်ပေးပါ။ (ဥပမာ Elite01/YGN/MYN ) ဒါက သင့်ကို Administrator က ပေးထားပါလိမ့်မယ်။ ကျန်တာတွေက Default အတိုင်းပါပဲ။


ပြီးရင် Next ပေါ့။




ဒီအဆင့်မှာလည်း ဘာမှ ရွေးပေးစရာမလိုပဲ Next နှိပ်ပါ။




Notes Setup Complete ဖြစ်ပါပြီ။ OK ပေါ့။




Default Email Program မဟုတ်သေးတဲ့ အတွက် Default ဖြစ်အောင် Yes လုပ်ပေးလိုက်ပါ။

Program version ပေါ်မူတည်ပြီး အနည်းငယ် ပြောင်းလဲတာလေးတွေရှိပါတယ်။
ဒါပေမယ့် အခြေခံကတော့ အတူတူပါပဲ။
အခုရှင်းပြထားတာကတော့ Lotus Notes Client 8.0 ပါ။

နောက်ရက်တွေမှာ... Install လုပ်ပြီးတဲ့ Lotus Notes Client ကို User အတွက် ဘယ်လို Setup လုပ်ပေးရတယ်ဆိုတာ ရှင်းပြပေးပါအုံးမယ်။

ပျော်ရွှင်ပါစေ။
(Be knowledgeable, pass it on then)

UltraVNC ... Remote Control Software for lazy Network/System Administrator


Medium to Large Network တွေကို ကိုင်တွယ်နေရတဲ့ Network/System Administrator တွေအနေနဲ့... ပြဿနာဖြစ်တိုင်းသာ Client ဆီကို သွားရမယ်ဆိုရင်... အမောဖောက်ပြီး မြန်မြန်အသက်ထွက်မှာပေါ့ဗျာ။

ဒီတော့ Remote လှမ်းပြီး Monitor and Control လုပ်ဖို့ လိုလာတယ်ပေါ့။
ဒီအတွက် Remote Desktop ဆိုတာ Windows မှာ ပါတယ်။
ဒါပေမယ့် သူက Server ကို Remote Log on/Log off လုပ်လို့ အဆင်ပြေပေမယ့် Client ဖက်မှာ ကျတော့ အဆင်မပြေတော့ဘူး။ ဘယ်လိုအဆင်မပြေတာလဲဆိုတော့... Administrator က Log on ဝင်လိုက်ရင် Client က Log off ဖြစ်သွားလို့ပါ။

ဒီတော့ Client အနေနဲ့ အလုပ်ပျက်တာပေါ့။
Client နဲ့ Log off မဖြစ်ပဲ... ဆက် ပြီး အလုပ်လုပ်နေမယ်။ Administrator က လဲ Client စက်ကို ဝင်မွှေကြည့်ချင်တယ်... ဒီအတွက် မဖြစ်နိုင်ဘူးလား...

ဖြစ်နိုင်ပါတယ်။

ကျတော့် ရုံးမှာတော့ UltraVNC ဆိုတဲ့ Software ကိုသုံးပါတယ်။

တကယ်တော့ UltraVNC နဲ့ လုပ်နိုင်တဲ့ အလုပ်တွေက တော်တော်များပါတယ်။ Remote Control တခုတည်း အတွက်တင် မကပါဘူး။
စမ်းသပ်သုံးချင်သူများအနေနဲ့ ဒီနေရာမှာ သွားရောက်လေ့လာပြီး Download လုပ်နိုင်ပါတယ်။

သူက Windows Version အကုန်လုံးနီးပါးမှာ အလုပ်လုပ်ပါတယ်။
Linux , Mac တို့အတွက်လည်း Support လုပ်တယ်လို့ဆိုပါတယ်။

သူ့မှာ Server နဲ့ Viewer ဆိုပြီး နှစ်မျိုးရှိပါတယ်။
အလိုရှိရာကို ရွေးချယ်ပြီး သုံးပေါ့ဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Offical OS Version 2.2.2 for Huawei C8600 build number B279 and B280 have been release !

Huawei C8600 ကို OS Version upgrade လုပ်ချင်သူတွေအတွက်... Official Version အသစ်  ထွက်နေတာ ကြာပြီလို့ ပြောပါတယ်။ ၈ လပိုင်းလောက်ကတည်းက ထွက်နေတာလို့ သူငယ်ချင်းတယောက်က ပြောလာပါတယ်။
Build Number B279 နဲ့ B280 အတွက်ပဲ ရသေးတယ် ပြောပါတယ်။

ဒီကနေ Download လုပ်လို့ရပါတယ်။
ဒီမှာကတော့ Huawei ရဲ့ Offical Site တခုက တင်ထားတာပါ။


ပျော်ရွှင်ပါစေ။
(Be Knowledgeable, pass it on then)

New Web Address of ICT for Myanmar is already transferred !!!

ဒီနေ့တော့... www.itformyanmar.co.cc ကနေ www.ictformyanmar.com ကို အပြီးသတ်ပြောင်းလိုက်ပါပြီ။

Google Apps နဲ့ အရင် domain ကို setup လုပ်ထားတာတွေ က New Domain မှာ ပြဿနာ နည်းနည်း တက်နေတာနဲ့ တော်တော်လေး ပြန်လုပ်လိုက်ရပါသေးတယ်။

Google Apps နဲ့ သိပ်လည်းမရင်းနှီးတာဆိုတော့... စာတွေလိုက်ဖတ်လိုက်ရတာ တော်တော်အချိန်ပေးလိုက်ရပါတယ်။

Facebook,Twitter,Feed စတာတွေနဲ့ Site Link တွေ ပြန်ပြောင်းရပါတယ်။

အလုပ်က ဒီနေ့မှ နားရက်ဖြစ်လို့... မနေ့က Domain Register လုပ်ပြီး... ကျန်တာ ဘာမှ ဆက်မလုပ်ပဲ... ဒီနေ့ နားရက်ကြမှ အိပ်ရာ က နိုးကတည်းက အကုန်လိုက်ပြောင်းနေတာ... အခု မှပဲ ပြီးတော့တယ်။

ကဲ... Domain Name အသစ်နဲ့ စာ တွေ ဆက်ရေးပါအုံးမယ်ဗျာ။

ပျော်ရွှင်ပါစေ။
(Be knowledgeable, pass it on then)

My web site address (Domain Name) will be change soon !!!

အခု www.itformyanmar.co.cc ဟာ သိပ်မကြာခင်ကာလမှာ Expire ဖြစ်တော့မှာမို့...
ဒီနေ့ ည ပဲ... www.ictformyanmar.com ကို Register လုပ်လိုက်ပါတယ်။
ဒီတော့ နောက်ရက်များက စပြီး www.ictformyanmar.com ကို ပဲ အသုံးပြုတော့မည်ဖြစ်ကြောင်းကို
အသိပေးကြေငြာပါတယ် ခင်ဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

My Windows is upside down !!!

ဒီနေ့... ပြဿနာပေါင်းများစွာကို ဒိုင်ခံထိုင်ရှင်းရတဲ့နေ့တစ်နေ့ပါ။
Server နဲ့ connection မရတဲ့သူ...
Share Drive ဝင်မရတဲ့သူ...
Wireless မရတဲ့သူ...
စုံနေတာပါပဲ...

လူပေါင်း ၅၀၀ ကျော်လောက် သုံးနေတဲ့ Network တခုမှာ ပြဿနာကလဲ ကုန်တယ်ရယ်လို့မရှိပါဘူး...

ဒါပေမယ့်... ရုံးဆင်းခါနီးမှ...အင်မတန်ထူးဆန်းသော ပြဿနာ တခုပေါ်လာပါတယ်...

မှတ်မှတ်ရရ...ဒီပြဿနာမျိုးကို...ကိုယ်တိုင် Windows ကို ကလိ တုန်းက တခါပဲ ကြုံဖူးပါတယ်။

ဒါတောင် Log in ဝင်ပြီး Graphics ကို ကလိရင်းမှ ဖြစ်တာပါ။

အခု ကြံုရတာကတော့... Log on screen ပေါ်နေတုန်းမှာပဲ... ဖြစ်နေတာပါ။

ဖြစ်တာက hp Elitebook 8440P Laptop ပါ။ Windows 7 Professional ကို သုံးထားပါတယ်။

သုံးတဲ့ သူက ဘယ်လိုများ လုပ်လိုက်တယ် မသိ...

အောက်က ပုံအတိုင်းဖြစ်နေတာပါ။



ရုံးမှာက Capture ဖမ်းလို့ အဆင်မပြေတာနဲ့ ကိုယ့်အိမ်ပြန်ရောက်မှ ကိုယ့်စက်နဲ့ ပြန်လုပ်ပြီး ဒီပုံကို တင်ထားတာပါ။ ဖြစ်တာက တော့ အပေါ်က ပုံအတိုင်း အတူတူပါပဲ။

ဒါကို ရှင်းတာကတော့ လွယ်ပါတယ်...

Ctrl + Alt + Up Arrow Key ကို နှိပ်လိုက်ရင် အတည့် ပြန်ဖြစ်သွားပါတယ်။

ဒါမျိုးကြံုခဲ့ရင် ... ဒီဖြေရှင်းနည်းလေးကို သတိရပေါ့။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to control Fast User Switching mode in Windows 7 logon options and why?

Windows 7 မှာ Fast User Switching mode ဆိုတာပါလာပါတယ်။
အဲဒီ Feature ကို Customer Company တော်တော်များများက Disable လုပ်ခိုင်းတတ်ပါတယ်။
ဘာလို့ လုပ်ခိုင်းတာလဲဆိုတော့...

Domain ထဲမှာ သုံးနေတဲ့ ကွန်ပျူတာဆိုရင်..
Log on လုပ်တိုင်း Active Directory မှာ လုပ်ရတဲ့ လုပ်ငန်းစဉ်တွေ အများကြီး လုပ်ဆောင်ရလို့ပါ။

နောက်တခုက... User နောက်တယောက်က Log on ဝင်ဖို့ Switch User လုပ်လိုင်းတိုင်း ပထမ User က log off ဖြစ်မသွားပဲ Session က run နေသေးလို့ပါ။

ဒီအချက်က Company ရဲ့ Security ပိုင်း Regulation တွေနဲ့ ငြိနေတတ်ပါတယ်။

ထို့အပြင် User ၃ ယောက် ၄ ယောက်လောက် Log on ဝင်လိုက်တာနဲ့ ကွန်ပျူတာရဲ့ Performance၊ Network ရဲ့ Performance က သိသိသာသာ ကျဆင်းလာပါတယ်။

ဒီတော့ Fast User Switching ဆိုတာကြီးကို Disable လုပ်ခိုင်းတယ်ပေါ့ဗျာ။

ကဲ... ဘယ်လိုလုပ်ကြမလဲ...

လွယ်ပါတယ်...

GUI နဲ့ သွားမလား...

Registry ကနေ လုပ်မလား...

Group Policy နဲ့ ထိန်းမလား...

ကြိုက်တာနဲ့ လုပ်နိုင်ပါတယ်။

GUI ကတော့ Windows XP , Windows Vista Beta Version တွေမှာပဲ ရတယ်လို့ ဆိုပါတယ်။ Windows 7 မှာတော့ မရပါဘူး။

အခု Windows 7 မှာ လုပ်ချင်တာဆိုတော့

Registry အတွက် ဒီလိုလုပ်ပါ...

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\System အထိရောက်အောင် သွားပါ
HideFastUserSwitching ရဲ့ Default Value (0) ကို (1) ပြောင်းပြီး Restart ချလိုက်ပါ။ Windows ပြန်တက်လာတဲ့အခါ Switch User ဆိုတာလေး ပေါ်မလာတော့တာ တွေ့ရမှာပါ။

Group Policy ကနေ လုပ်ချင်ရင်တော့...
Start>Run>gpedit.msc ကိုသွားပါ။
Computer Configuration>Administrative Templates>System>Logon ထိသွားပါ။
Right Pane ထဲက Hide entry points for Fast User Switching ဆိုတာကို Right Click>edit>Enable လုပ်ပေးလိုက်ပါ။

ပြီးရင် Start>Run>gpupdate လုပ်လိုက်ပါ။

Switch User ဆိုတာလေး Disable ဖြစ်သွားပါပြီ။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

My favorite one ... Ninite



အောက်မှာ ပြထားတဲ့ Application အားလုံးကို တခါတည်း Installation လုပ်နိုင်တဲ့ Installer ရှိတယ်ဆိုရင် သင်တို့ လိုချင်မှာ အမှန်ပဲ မဟုတ်လား...

Web Browsers
Chrome,Firefox,Safari,Opera

Messaging Application
Skype,Google Talk,Yahoo,AIM,Pidgin,Messenger

Media
iTunes,VLC Player, KM Player, Winamp , Quick Time

Runtimes
Flash, Flash for IE, Java, .Net, Shockwave Player

Imaging
Picasa, GIMP, IrfanView, Paint.NET

Documents
Office (Trial), OpenOffice,Adobe Reader, Foxit Reader

Security
Microsoft Security Essentials, Avast, AVG

File Sharing
uTorrent, eMule

Other
Dropbox, Google Earth

Utilities
ImgBurn, Auslogics, CDBurnerXP

Compression
7-Zip, WinRAR

Developer Tools
Python, FileZilla , Notepad++, JDK, WinSCP, PuTTY, WinMerge, Eclipse

ကဲ... ဒါတွေ အားလုံးကို တခုချင်းစီ Install လုပ်ရမယ်ဆိုရင် အချိန်တော်တော်လေးပေးရမှာတော့ အမှန်ပဲဗျ... ဒါပေမယ့် မပူပါနဲ့...အားလုံးကို စုပေါင်းပြီး Installer လုပ်ပေးတာလေးကို ပေးချင်လို့...ဒီပို့စ်လေးကို ရေးတာပါ....
ကဲပါ... ဒီအောက်က Link ကိုသွားလိုက်ပါ...
http://ninite.com/
မိမိလိုချင်တာလေးတွေကို Check လုပ်လိုက်ပါ...
အားလုံးပြီးရင် အောက်နားက Get Installer ဆိုတာလေးကို နှိပ်လိုက်ပါ... မကြာမှီအချိန်လေးအတွင်းမှာပဲ သင်လိုချင်တဲ့ Application တွေအားလုံးကို စုစည်းပေးထားတဲ့ Installer တခုသင့်စက်ထဲကို အလိုအလျောက် download လုပ်ပေးပါလိမ့်မယ်။

ကဲ...ဘာလိုသေးလဲဗျာ။ (Antivirus ကောင်းကောင်းတခုတော့ လိုမယ်ထင်တယ်ဗျ... Download လုပ်ထားတာလေးကို စစ်ဖို့)

တခုတော့ရှိပါတယ်.... သူက သင် Check လုပ်ခဲ့တာတွေကို Internet ကနေ Download လုပ်ပြီးမှ Install လုပ်မှာဖြစ်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Toshiba e-STUDIO 2330c Color Copier and me

ဒီကနေ့ Customer company တခုက ဖုန်းဆက်လာပါတယ်။ Old Desktop တစ်လုံးကို New Desktop တစ်လုံးနဲ့ လဲချင်လို့ပါတဲ့။ ဒါနဲ့...လိုအပ်တဲ့ ပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေ ယူပြီး ရုံးကနေ ထွက်ခဲ့ပါတယ်။
ဟိုရောက်တော့... Old Desktop ကို Backup လုပ် New Desktop မှာ လိုအပ်တာတွေ Install လုပ်... အားလုံးပြီးတာနဲ့ အရေးအကြီးဆုံး တွေဖြစ်တဲ့ Outlook, Network Device တွေကို စတင် Migrate လုပ်ပါတော့တယ်။
ကျန်တာတွေ အားလုံးအဆင်ပြေပေမယ့်... ဒီ အရေးကြီးတာ ၂ ခု ကျမှ အဆင်မပြေဖြစ်ပါတယ်။
ဖြစ်တာက ဒီလိုဗျ... ပထမတခု... Outlook 2003 ကနေ Outlook 2010 ကို ပြောင်းတုန်းက တခါ Outlook 2010 နဲ့ သိပ်မရင်းနှီးလို့ အချိန်အတော်ပေးလိုက်ရတယ်။
နောက်တခုက Toshiba E-Studio 2330c Color Copier Network printer ပါ... သူ့ကို Install လုပ်ပြီး တဲ့နောက် test print ထုတ်ကြည့်ပါတယ် မရပါဘူး... Server ကနေ print ထုတ်ကြည့်ပါတယ် ရပါတယ်... တခြား PC တွေကနေ print လုပ်ကြည့်ပါတယ် ရပါတယ်။
ဒါနဲ့ ရှိသမျှ ဖြစ်နိုင်တာတွေ အကုန်မွှေနှောက်ရှာပြီး လုပ်ကြည့်ပြီး တခါ ပြန် Test print လုပ်ကြည့်ပါတယ်... မရပါဘူး... ကျတော် အတော်လေး ခေါင်းခြောက်သွားပါတယ်။ ရုံးလည်းဆင်းချိန်ရောက်နေပါပြီ။ ဘယ်လိုမှ အဆင်မပြေသေးပါဘူး။
နောက်ဆုံး ဝန်ထမ်း တယောက်က လာပြောပါတယ်။ ဒီ Copier/Printer က user တယောက် တခါမှ Print မထုတ်ရသေးတဲ့ user ဆိုရင် Copier/Printer မှာ အရင် log in ဝင်ပေးရတယ်လို့ ပြောလာပါတယ်။ ဒီတော့မှ user name, password , Department code စတာတွေနဲ့ ၄င်း Copier မှာ တကြိမ် log in ဝင်လိုက်ပါတယ်။
ပြီးတော့... New Desktop ကနေ print ထုတ်ကြည့်လိုက်တာ စာရွက်လေး ထွက်လာပါတော့တယ်။
ကဲ...ဒါပါပဲဗျာ...
နောက်နောင်များ... ဒီလို Copier/Printer မျိုးကို Setup လုပ်ရတော့မယ်ဆိုရင် ဒီအဖြစ်လေးကို သတိရကြပါလို့... သတိပေးရင်း....

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)