How to configure the file size limit of (.pst) and (.ost) in Outlook 2010,2007 and 2003?

မနေ့က Customer Site တခုကိုမှာ Backup Server က Fail ဖြစ်ဖြစ်သွားတဲ့ issue တခုသွားရှင်းပေးရတယ်။

ဖြစ်တဲ့ ပြဿနာက user တယောက်ရဲ့ outlook pst file တခု corrupt ဖြစ်နေလို့ backup server က verify လုပ်မရပဲ Fail ဖြစ်ဖြစ်သွားတာ။

ဒါနဲ့ အဲဒီ user ရဲ့ pst file လေး repair လုပ်ပေးလိုက်တော့ အဆင်ပြေသွားပါတယ်။

ပြောချင်တာက ဒါ မဟုတ်ပါဘူး။

In-charge လုပ်တဲ့သူက Mail File Size တွေကို စစ်ခိုင်းလို့ စစ်ပေးရင်းကနေ File Size တွေ တအားကြီးရင် Outlook က တအားလေးသွားတဲ့ အကြောင်းမေးလာပါတယ်။

ဒါနဲ့ ရှင်းပြတာပေါ့။

သူတို့ သုံးတာက Outlook 2003 လေ။

pst and ost file တွေရဲ့ Warning File Size က 1.816 GB

Maximum File Size က 1.933 GB ဖြစ်တယ်ဆိုတဲ့အကြောင်း Warning File Size ရောက်လာရင် Outlook က Warning Prompt လုပ်မယ်ဆိုတဲ့ အကြောင်းရှင်းပြလိုက်ပါတယ်။

ဒီတော့ user က 1GB လောက်ရောက်တာနဲ့ Warning ပေါ်စေချင်တယ်... ဒါမှာ သူ့အနေနဲ့ Archive လုပ်တာမျိုး Mail Box Size ကို Reduce လုပ်ချနိုင်မှာဖြစ်ကြောင်း ပြောလာပါတယ်။

ဒါနဲ့ အောက် က အတိုင်းလေး လုပ်ပေးလိုက်တယ်ပေါ့ဗျာ။

သင်တို့ အနေနဲ့ Outlook ကို အခုလိုမျိုးလေး Manage လုပ်ပေးထားမယ်ဆိုရင် အဆင်ပြေတာပေါ့ဗျာ။

Outlook 2010
ဒီမှာ Policy ပါ
HKEY_CURRENT_USER\Software\Policies\Microsoft\Office\14.0\Outlook\PST
ဒီမှာ user preference ပါ
HKEY_CURRENT_USER\Software\Microsoft\Office\14.0\Outlook\PST
Outlook 2007
ဒီမှာ Policy ပါ
HKEY_CURRENT_USER\Software\Policies\Microsoft\Office\12.0\Outlook\PST
ဒီမှာ user preference ပါ
HKEY_CURRENT_USER\Software\Microsoft\Office\12.0\Outlook\PST
Outlook 2003
ဒီမှာ Policy ပါ
HKEY_CURRENT_USER\Software\Policies\Microsoft\Office\11.0\Outlook\PST
ဒီမှာ user preference ပါ
HKEY_CURRENT_USER\Software\Microsoft\Office\11.0\Outlook\PST

Size Limit တွေ ပြောင်းမယ်ဆိုရင်တော့...

၁) Start>Run
၂) Type Regedit and OK
၃) HKEY_CURRENT_USER\Software\Policies\Microsoft\Office ထိရောက်အောင် သွားပါ။
၄) Outlook 2003 အတွက်ဆိုရင် 11.0, Outlook 2007 အတွက်ဆိုရင် 12.0, Outlook 2010 အတွက်ဆိုရင် 14.0 ကို Expand လုပ်ပါ။
၅) PST ကို Click လုပ်ပြီး MaxFileSize ကို Right Click လုပ်ပါ။
၆) Modify ကို Click လုပ်ပြီး Value data box မှာ ကိုယ် ထည့်ချင်တဲ့ Maximum File Size ကို ထည့်ပါ။ ပြီးရင် OK ပေါ့။
၇) WarnFileSize ကို Right Click လုပ်ပြီး အဆင့် (၅) (၆) အတိုင်း လုပ်ပါ။
၈) MaxLargeFileSize ကို Right Click လုပ်ပြီး အဆင့် (၅) (၆) အတိုင်း လုပ်ပါ။
၉) WarnLargeFileSize ကို Right Click လုပ်ပြီး အဆင့် (၅) (၆) အတိုင်း လုပ်ပါ။

ဒါဆိုရင် ပြီးပါပြီ။

တကယ်လို့ သင့်အနေနဲ့ PST ဆိုတဲ့ Registry Values တွေကို ရှာမတွေ့ခဲ့ရင်။ Create လုပ်ရမှာပါ။

အောက်က အတိုင်း လုပ်ပါ။

၁) Start>Run, Type Regedit and OK
၂)  ဘယ်ဖက်ခြမ်းမှာ အောက်က ပြထားသလို registry key တွေကို expand လုပ်ပါ။

For Outlook 2010
HKEY_CURRENT_USER\Software\Policies\Microsoft\Office\14.0\Outlook
For Outlook 2007
HKEY_CURRENT_USER\Software\Policies\Microsoft\Office\12.0\Outlook
For Outlook 2003
HKEY_CURRENT_USER\Software\Policies\Microsoft\Office\11.0\Outlook

၃) သက်ဆိုင်ရာ Outlook ပေါ်မှာ Right Click,New,Key လုပ်ပြီး PST လို့ အမည်ပေးလိုက်ပါ။ ပြီးရင် Enter ပေါ့။
၄) PST ပေါ်မှာ Right Click,New,DWORD လုပ်ပြီး MaxFileSize လို့ အမည်ပေးလိုက်ပါ။ ပြီးရင် Enter နှစ်ကြိမ်နှိပ်ပါ။
၅) Edit DWORD Value Window ပေါ်လာပါမယ်။ Value data box မှာ မိမိလိုချင်တဲ့ Value ထည့်ပါ။ ပြီးရင် OK နှိပ်ပါ။
၆) WarnFileSize, MaxLargeFileSize, WarnLargeFileSize တွေရဲ့ DWORD Value ကို ပြောင်းဖို့ အဆင့် (၃) (၄) (၅) အတိုင်းလုပ်ပါ။

ဒါဆို ပြီးပါပြီ။

ဒီမှာသတိထားရမယ့် အချက်လေးတွေကတော့

FileSize Registry Value တွေတခုနဲ့တခု ဟာ 5% ခြားရပါမယ်။

LargeFileSize Registry Value တွေတခုနဲ့ တခု ဟာ 5% ခြားရပါမယ်။

နောက်တခုက အပေါ်မှာ ပြထားတဲ့ ဇယားထဲ က တန်ဖိုးတွေထက် ကျော်ပြီး ပေးလို့မရပါဘူး။
ပေးထားရင်လဲ ဇယားထဲက Maximum Size ကိုပဲ Default ပြန်လုပ်ပါလိမ့်မယ်။

WarnFileSizeRegistry entry Default Value ဟာ unicode file ကို သုံးတဲ့ MaxFileSize Registry Entry ရဲ့ 95% ထားပါတယ်။

.ost or .pst files တွေက WarnFileSize or WarnLargeFileSize registries limit ကိုရောက်ရင် email sent လို့မရတော့ပါဘူး။

သင့်အနေနဲ့ email messages တွေကို delete or archive လုပ်လို့တော့ရပါတယ်။

ဒါပေမယ့် သင် archive လုပ်မယ့် .pst file က AutoArchive Function ကို သုံးမယ်ဆိုရင် AutoArchive Operation Fail ဖြစ်မှာပါ။

သင့် email files တွေ maximium limit ကို ရောက်နေပြီဆိုရင် အောက်မှာ ပြထားသလို error မျိုးတွေ သင်တွေ့ရပါလိမ့်မယ်

Maximium Limit ကို ရောက်နေတဲ့ .pst or .ost files တွေကို move လုပ်မယ်ဆိုရင် အောက်က လိုမျိုး error တက်ပါမယ်။



Maximium Limit ကို ရောက်နေတဲ့ Cached Exchange Mode သုံးတဲ့ .pst or .ost file တွေ ကို mail file location ကို deliver လုပ်ရင် Mailbox Cleanup Wizard ပေါ်လာပါလိမ့်မယ်။

ကဲ... ဒီလောက်ဆို Outlook Mail File Size အကြောင်း သိမယ်လို့ ထင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to remove corrupted Ubuntu boot loader from startup on a Dual-Boot System?


Windows 7 တင်ထားတဲ့ ကွန်ပျူတာပေါ်မှာ Ubuntu လေးတင်ပြီး စမ်းကြည့်ပါတယ်။
Windows ပေါ်မှာ install လုပ်ပြီး သုံးရတဲ့ Version လေးဖြစ်လို့ တင်ပြီး စမ်းကြည့်တာပေါ့။

တနေ့ကျတော့ အကြောင်းတခုခုကြောင့် Windows 7 ကို Repair လုပ်လိုက်ရပါတယ်။

ဒီတော့ Ubuntu လေး သုံးမရတော့ပါဘူး။

သုံးလို့တာ မရတော့တာ Starup Boot option လေး မှာ တော့ Ubuntu ဆိုတာလေး က ပေါ်နေသေးတယ်ဗျ။

ဒီတော့ စိတ်အနှောက်အယှက်ဖြစ်ရတာပေါ့။

Uninstall File လေးလိုက်ရှာပြီး uninstall လုပ်တော့လဲ ပျောက်မသွားပါဘူး။

Version တူတာလေး ကို install လုပ်ကြည့်ပါတယ် Overwrite လေးများ လုပ်သွားမလားဆိုပြီးတော့ပေါ့။

Starup Boot မှာ Ubuntu နောက်တခု ထပ်ပေါ်လာတာပဲ အဖတ်တင်ပါတယ်။

ဒါနဲ့ နည်းလမ်းထပ်ရှာရတော့တာပေါ့။

တွေ့ပါပြီ။ အောက်က နည်းအတိုင်း ရှင်းထုတ်လိုက်တာ အဆင်ပြေသွားပါတယ်။

ဒီလိုပါ...

ကောင်းနေတဲ့ Windows 7 နဲ့ Boot တက်လိုက်ပါ။

Windows တက်လာပြီဆိုရင် Start>Accessories>Command Prompt ကိုသွားပါ။

Run As Administrator နဲ့ Run လိုက်ပါ။

ပေါ်လာတဲ့ Command Prompt Windows ထဲမှာ bcdedit /enum ဆိုပြီး ရိုက်လိုက်ပါ။

အောက် က အတိုင်း ပေါ်လာပါမယ်... ( ကိုယ့်စက်ရဲ့ Windows တင်ထားတဲ့ အပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။)

C:\Windows\system32>bcdedit /enum

Windows Boot Manager
--------------------
identifier              {bootmgr}
device                  partition=C:
description             Windows Boot Manager
locale                  en-US
inherit                 {globalsettings}
default                 {current}
resumeobject            {883ec0be-ed32-11e0-935d-cd1402c0b74b}
displayorder            {current}
                        {883ec0bb-ed32-11e0-935d-cd1402c0b74b}
toolsdisplayorder       {memdiag}
timeout                 10

Windows Boot Loader
-------------------
identifier              {current}
device                  partition=C:
path                    \Windows\system32\winload.exe
description             Windows 7
locale                  en-US
inherit                 {bootloadersettings}
recoverysequence        {883ec0c0-ed32-11e0-935d-cd1402c0b74b}
recoveryenabled         Yes
osdevice                partition=C:
systemroot              \Windows
resumeobject            {883ec0be-ed32-11e0-935d-cd1402c0b74b}
nx                      OptIn

Real-mode Boot Sector
---------------------
identifier              {883ec0bb-ed32-11e0-935d-cd1402c0b74b}
device                  unknown
path                    \ubuntu\winboot\wubildr.mbr
description             Ubuntu


Ubuntu ဆိုတာ ပါလာတဲ့ Real-mode Boot Sector အောက်က identifier လေးကို မှတ်ထားလိုက်ပါတယ်။ (ဒီနေရာမှာ သင် ဖျက်ချင်တဲ့ Windows ရဲ့ identifier လေးကို မှတ်ရမှာပါ။)

ပြီးတော့

C:\Windows\system32>bcdedit /delete  {883ec0bb-ed32-11e0-935d-cd1402c0b74b} ဆိုပြီး Command Prompt ထဲမှာ ရိုက်ထည့်လိုက်ပါတယ်။

C:\Windows\system32>bcdedit /delete  {883ec0bb-ed32-11e0-935d-cd1402c0b74b}
The operation completed successfully. ဆိုပြီး ပေါ်လာရင် Ubuntu ဆိုတာကြီး Starup Boot Option မှာ ပေါ်လာတော့မှာ မဟုတ်ပါဘူး။

ကဲ...ဘယ်လောက်လွယ်သလဲဗျာ။

မသိတော့လဲ ခက်တာပေါ့... သိတော့လဲ လွယ်သွားတာပါပဲ။


ဒီနည်းလေးက Ubuntu မဟုတ်တဲ့ တခြား Windows Boot Loader လေးကို ဖျက်ချင်ရင်လဲ သုံးလို့ရပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Server,Domain,Workgroup, DNS and Me

မနေ့က Customer Site တခုမှာ ကြုံခဲ့ရတာလေးပါ။

ဘယ်လိုလဲ ဆိုတော့ PC အသစ်တပ်ပေးရပါတယ်။

လိုအပ်တဲ့ Application တွေ Install လုပ်ပြီးတဲ့အခါမှာ...

ပြဿနာ တခု စ ပါတော့တယ်။

ဘယ်လိုမျိုးလဲဆိုတော့... လုပ်ပေးရတဲ့ Customer Company က ခရီးသွားဝန်ဆောင်မှု လုပ်ငန်းလုပ်တဲ့ Company ပါ။

သူတို့မှာ သုံးတဲ့ Application က SQL Database သုံးပါတယ်။ SQL Server နဲ့ချိတ်ထားရတာပေါ့။

Application သွင်းပြီး... Database နဲ့ချိတ်ဖို့ကြီးစားတဲ့ အခါမှာ Server ကို မတွေ့ဘူးဖြစ်နေတာပါ။

ှSQL Server Service နဲ့ SQL Browser Service နှစ်ခုကို Server Side ကနေ Stop and Start ပြန်လုပ်လိုက်ပြီး Client PC မှာ Database ကို ပြန်ချိန်ဖို့ကြိုးစားကြည့်ပါတယ်။ မရသေးပါဘူး။

ဒါနဲ့ Server Name ကို တိုက်ရိုက် Connect မလုပ်ပဲ IP နဲ့ Connect လုပ်လိုက်တော့ အဆင်ပြေသွားပါတယ်။

ဒါပေမယ့် နောက်တခုကတော့ Database ကို ဝင်ကြည့်ရတဲ့ Local Webpage ကို ခေါ်မရတာပါ။

Client ဖက်ကနေ Server IP ကို လှမ်း Ping လို့ရပါတယ်။ Server Name ကို Ping တော့ Reply မလာပါဘူး။

ဒီတော့ စဉ်းစားတယ်ပေါ့ DNS Resolve မလုပ်နိုင်ဘူးဆိုပြီး။ ဒါနဲ့ Server မှာ သွားကြည့်တယ် DNS, DHCP အားလုံး OK နေတာ တွေ့ပြန်ပါတယ်။

ခေါင်းကိုက်တော့တာပါပဲ။ Client ရဲ့ IP ကို စစ်လိုက်တော့ တခြား Network ဖြစ်နေပြန်ပါရော။ ဒါဆို DHCP,DNS ကြောင့်ပဲ လို့ အတွေး က ပြန်ဝင်လာပြန်ပါရော။

ဒါနဲ့ Company Network ကို ပြန်စစ်လိုက်တော့.... 10.10.10.x နဲ့ သုံးတဲ့ Domain Network တခု၊ 10.10.20.x နဲ့ သုံးတဲ့ Workgroup Network က တခု ဖြစ်နေတာ တွေ့ပါတယ်။

ကိုယ်လုပ်နေတာက Workgroup Network ထဲက Client ကိုပါ။

IP တွေချိန်း.... DNS Resolve, Register, တွေ လုပ်ပေမယ့် ဘာမှ ထူးမလာပါဘူး။

Server Side, Client Side အကုန် စုံနေပါပြီ။ လုပ်စရာ မကျန်တော့လောက်အောင် ပါပဲ။

အလုပ်ထဲ က လုပ်ဖော်ကိုင်ဖက်တွေကို မေးတော့လဲ... Service Restart, Server Restart လုပ်ခိုင်းကြပါတယ်။

ပထမ SQL ပြဿနာကို တော့ Service Restart လုပ်လိုက်တာ ပြေလည်သွားပေမယ့်... ခု ဒုတိယ ဒီ Web Page ခေါ်မရတာကိုတော့ Server Restart လုပ်လို့ မရပါဘူး။

Domain Network က Client တွေက Server နဲ့ချိတ်ဆက် အလုပ်လုပ်နေလို့ Customer က ပေးမလုပ်ပါဘူး။

အရင် ရက်တွေက ဒီပြဿနာ မတက်ဘူး ဒီနေ့မှ တက်တာဆိုတော့ ပိုခေါင်းကိုက်တာပေါ့ဗျာ။

ကိုယ့်ကြောင့် ဖြစ်သွားတာ မဟုတ်ပေမယ့် ကိုယ်က ရှင်းပေးရမှာလေ။

အရင် လုပ်သွားတဲ့ သူ က ဘယ်လို Configure လုပ်ပြီး အဆင်ပြေတယ် မသိ ကိုယ်လဲ ခေါင်းခြောက်နေပြီ။

နောက်ဆုံး ခေါင်းပူတာပျောက်အောင်... Pantry Room ကို သွား Fridge ထဲက အအေးဆုံး အအေးတစ်ဗူးကို ယူ ဖြည်းဖြည်းချင်းသောက်ပြီး စဉ်းစားခန်းဝင်ရတာပေါ့။

အအေးဗူးကုန်တော့ အကြံရသွားပါတယ်။

Client စက်ကို သွားတယ်... Notepad ကို Administrator အဖြစ်နဲ့ ဖွင့်တယ်... Windows ရဲ့ host file ကို ဖွင့် ပြီး Server IP နဲ့ Server Name ကို ထည့်ပါတယ်။ ပြီးတော့ Save လိုက်တယ်။

Web Page ကို ပြန်ဖွင့်ကြည့်တယ်.... အားပါးပါး...ဝမ်းသာစရာပါပဲ... Web Page ပေါ်လာပါတယ်။

သေချာအောင် PC ကို Restart လုပ်လိုက်ပြီး ပြန်စမ်းကြည့်ပါတယ်။ OK ပါတယ်။

ဒီတော့မှ သက်ပြင်းမော တချက် ချ လိုက်ပါတယ်။

ကျန်တဲ့ PC တွေကို လဲ ဒီနည်းအတိုင်း လိုက်လုပ်လိုက်တော့ မှ အားလုံး အဆင်ပြေသွားပါတယ်။

ဒီတော့ အကျဉ်းချုပ်အားဖြင့်...

Domain Network , Workgroup Network နှစ်ခုရှိတယ်။
Network ၂ ခု လုံးက Server ကို Access လုပ်ဖို့လိုတယ်။
Domain Network ဖက်က ဘာမှ လုပ်ဖို့မလိုပါဘူး... IP က အစ Same Network ဖြစ်နေပြီး DNS Server အောက်မှာ လဲ ပါနေတာကြောင့် ကောင်းကောင်း အလုပ်လုပ်ဖို့ သေချာနေပါတယ်။
Workgroup Network ကတော့ Server ရဲ့ Database & Webpage ကို Access လုပ်ဖို့ လိုပေမယ့်။ IP က မတူပါဘူး။

ဒီတော့ DNS Resolve မလုပ်နိုင်ဘူးပေါ့။ Local Server ကို မလုပ်နိုင်ဘူးပြောတာပါ။
တခြား Internet Web တွေကို IP & Name Ping ရင် ရပါတယ်။
Local Server ရဲ့ IP ကို Ping လဲ ရပါတယ်။ Server Name ကို Ping မှ မရတာပါ။

ဒါမျိုး ကြံုလာလို့ကတော့ အပေါ်က နည်းအတိုင်းသာ လုပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

လုပ်ငန်းခွင့် အတွေ့အကြံုဆိုတာ တကယ့်လုပ်ငန်းခွင်ရောက်မှ ပို သိ ရတာပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)







How to reduce the picture files attached within Outlook 2010?

email user အားလုံးနီးပါးဟာ Mail Inbox Size Limit ရှိကြပါတယ်။

သို့ပေမယ့် အလုပ်သဘောအရ Photo တွေ ကို email အပြန်အလှန်ပို့ကြရပါတယ်။

ဒီတော့ Photo သဘောကိုက File Size ကြီးလေ့ရှိတော့ Mailbox size က အချိန်တိုအတွင်း ပြည့်တာပေါ့။

ဒီလို အဖြစ်မျိုးကနေ ကျော်လွှားဖို့ တချို့တွေက File Resizing Application တွေသုံးကြတာပေါ့။

WinRAR, WinZIP, 7zip စတာမျိုးတွေ သုံးကြပါတယ်။

ဒါက Advanced user မျိုးတွေ သုံးကြတာပါ။

အတွေ့အကြုံ အရ ပြောရရင် user တော်တော်များများက ZIP Software တွေကို မသုံးတတ်ကြတာ များပါတယ်။

ဒီတော့ Customer Service လုပ်ပေးနေရတဲ့ သင့်အနေနဲ့ ဘယ်လို ဖြေရှင်းပေးမယ် စိတ်ကူးလဲ ???

Google ကနေ အဖြေရှာမယ် ကြံစည်နေလား ???

တခါတလေ Customer တယောက်လုံးဘေးနားမှာ ကြည့်နေတဲ့ အချိန် သင် Google ကြီး ဖွင့်ပြီး How to ဆိုတာနဲ့ ရှာမှာလား ???

ဒါဆို အရင်ဆုံး သင့်ကို Customer က အထင်သေးသွားပေတော့မှာပေါ့။

မလိုပါဘူး လွယ်ပါတယ် အခု ဒီပို့စ်လေးကို ကူးထားပြီး လိုက်လုပ်လိုက်ပေါ့။

ကျတော်ကတော့ အောက်က နည်းလေးအတိုင်းပဲ လုပ်ပြလိုက်တာပါပဲ....

၁) Outlook မှာ new email message ဖွင့်လိုက်တယ်။

၂) Insert Tab ရဲ့ Include ဆိုတဲ့ Group မှာ Attach File ဆိုတာကို Click ပါတယ်။

၃) Message Window ထဲမှာ File tab ကို Click လုပ်ပါတယ်။

၄) Image Attachments အောက်မှာ Resize large images when I send this message ဆိုတာကို Click လုပ်ပါတယ်။

၅) Message Tab ကို Click ပါတယ်။

၆) Compose လုပ်ချင်တာတွေ ရေးပြီးရင် Send ကို Click လုပ်တာပေါ့။

ဒီ နည်းလမ်းလေးနဲ့ User ကို Reducing Photos attachment  လုပ်ပြီး email ဘယ်လိုပို့ရလဲ ဆိုတာ ပြပေးလိုက်တာပါပဲ။


မသိရင် ခက်ပါတယ်။ သိတော့လဲ လွယ်တာပေါ့။



ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to Backup Printer Drivers and Restore to Another Computer?


ခုတလော ရှင်းပေးရတဲ့ ပြဿနာတော်တော်များများက Printer ပြဿနာ တွေဖြစ်ပါတယ်။

ဖြစ်သမျှရဲ့ ရာခိုင်နှုန်းတော်တော်များများကလဲ Driver, Network Sharing, Policy and Permission စတာတွေထဲက Driver ပြဿနာ ပိုများပါတယ်။

ဒီတော့ အရင်ကဆို Printer Brand and Model ကို ကြည့်ပြီး Internet ကနေ လိုက်ရှာ Download လုပ်လိုက်တာပါပဲ။

ဒါပေမယ့် တခါတခါ အဆင်မပြေတာ မျိုးတော့ ကြုံရလေ့ရှိပါတယ်။

တလောကတော့ အလုပ်ထဲက ညီလေးတယောက် ပြောလို့ Printer Migrator ဆိုတာလေးကို သိခွင့်ရခဲ့ပါတယ်။

ဒါနဲ့ Google လုပ်ကြည့်တော့ Printer Migrator ဆိုတာက Print Server တွေအတွက် အဓိက ထားပြီး ထုတ်လုပ်ထားတဲ့ Application လေးဖြစ်နေတာကို တွေ့ရပါတယ်။

ဒါပေမယ့် ထုံးစံအတိုင်း အထွန့်တက်ကြည့်တာပေါ့ Server ပဲလား Desktop တွေ မှာ သုံးမရဘူးလား ဆိုပြီး ထပ်မွှေကြည့်ပါတယ်။ စမ်းကြည့်ပါတယ်။

ကံကောင်းတယ်ဆိုရမယ်... သုံးလို့ရပါတယ်။

Stand-alone Application လေးဖြစ်တဲ့ အတွက် Thumb Drive ကနေလည်း သုံးလို့ရနေပါတယ်။

လိုချင်သူများကတော့ ဒီမှာ Download Printer Migrator 3.1 from Microsoft  လုပ်ပါ။

သုံးနည်းကတော့ လွယ်လွန်းပါတယ်။ Download လုပ်လို့ရလာတဲ့ printmig.exe ဆိုတာလေးကို Printer Driver လိုချင်တဲ့ Computer မှာ Run As Administrator ဆိုပြီး Run လိုက်ပါ။

File Menu ကနေ Action ကို နှိပ်ပြီး Backup ပေါ့။ ပြီးရင် Save လုပ်ဖို့ File Path လေး ရွေးပေးလိုက်။

PM Cab File (*.cab) ဆိုတဲ့ Files အမျိုးအစားလေးနဲ့ Save ပါလိမ့်မယ်။

အဲဒီ File လေးကို Copy ကူးထားပေါ့ဗျာ။

ပြီးရင် Printer Driver တွေ Install လုပ်ချင်တဲ့ Computer ပေါ်မှာ printmig.exe လေးကို Run As Administrator နဲ့ Run ပါ။

File Menu ကနေ Action>Restore ကိုနှိပ်ပြီး Backup လုပ်ထားတဲ့ File လေးကို ရွေးပေးလိုက်ပေါ့။

ဒါဆို သင့်အနေနဲ့ Printer Driver အတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။

တခုတော့ရှိပါတယ်။ Backup လုပ်တဲ့ Computer နဲ့ Restore လုပ်တဲ့ Computer တွေရဲ့ Operating System တော့ တူဖို့လိုတာပေါ့။

ဒီ Application လေးကို သိခွင့်ပေးခဲ့တဲ့ ညီလေး ဇေယျာကို အထူးပဲ ကျေးဇူးတင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to Jailbreak iOS 5.1 Tethered with Redsn0w in iDevice?

iOS 5.1 ကို Jailbreak လုပ်တာ ဒီလိုပါ...

- iDevice ကို ပထမဆုံး Power Off ထားပါ။
- Computer နဲ့ Sync Cable သုံးပြီး ချိတ်ပါ။
- Download လုပ်ထားတဲ့ Redsn0w.exe ကို Run ပါ။ ( Windows မှာဆိုရင် Run As Administrator ပေါ့)
- iDevice ကို DFU mode လုပ်ပါ။ (Power button နှင့် Home button ကို ၁၀ စက္ကန့်ကြာအောင် အတူ ဖိနှိပ်ထားပါ။
  ပြီးလျှင်  Power button ကို လွှတ်ပြီး Home button ကို နှိပ်မြဲ နှိပ်ထားလျှက် ၁၀ စက္ကန့်ကြာ နှိပ်ထားပါ။)
- Redsn0w မှ "Jailbreak" ဆိုတာကို click နှိပ်ပါ။ Next နှိပ်ခိုင်းလာပါက Next လုပ်ပါ။ အချိန် အနည်းငယ်စောင့်ပါ။
- iDevice reboot လုပ်ပါမယ်။
- Boot တက်လာပါက DFU mode ပြန်လုပ်ပြီး Redsn0w ကို ပြန်ဖွင့်ပါ။
- "Extras" ကို Click လုပ်ပါ။ "Just boot" ကို Click လုပ်ပါ။
- iDevice reboot လုပ်ပါမယ်။ Boot ပြန်တက်လာပါက Jailbreak လုပ်ငန်းစဉ် အောင်မြင်စွာ ပြီးဆုံးပါပြီ။

Tethered Jailbreak ဖြစ်တဲ့ အတွက် iDevice power off ပြီး power ပြန် on တိုင်း Redsn0w ကို သုံးပြီး iDevice ကို boot ပြန်လုပ်ပေးဖို့လိုပါတယ်။
ဘယ်လို Boot လုပ်တာလဲ ဆိုတော့ iDevice ကို Computer နဲ့ ချိတ်ပါ။
Redsn0w ကိုဖွင့်ပါ။ Extras menu ရဲ့ option ထဲမှ "Boot Tethered" ဆိုတာကို ရွေးပေးပြီး Boot လုပ်တာပါ။
Jailbreak လုပ်ပြီးသော သင့် iDevice ပေါ်မှာ အဖြူရောင် Cydia icon လေး ပေါ်နေတာဆိုရင်တော့ ဒါဟာ သင် Tethered Boot မလုပ်ရသေးဘူး။
Redsn0w ကိုသုံးပြီး Tethered boot ပြန်လုပ်ဖို့လိုပါတယ်။

ဒီပိုစ့်ရေးနေချိန်မှာ iBooks အလုပ်မလုပ်သေးပါဘူး။
တကယ်လို့ သင်ဟာ iBooks နဲ့ eBook တွေ ဖတ်တဲ့သူဆိုရင်တော့ လောလောဆယ် Jailbreak မလုပ်ပါနဲ့အုံး။





Jailbreak လုပ်ဖို့ လိုအပ်တာလေးတွေကတော့...

- iPhone 3GS, iPhone 4 CDMA & GSM, iPod Touch 2nd, 3rd, & 4th Generation ဖြစ်ဖို့လိုပါတယ်။
- iOS 5.1 ကို download လုပ်ပြီး update လုပ်ထားပြီးဖြစ်ရပါမယ်။ iOS 5.1 backup ipsw file ရှိထားရပါမယ်။
- Redsn0w 0.9.10b6 လိုပါတယ်။
- iTunes 10.6 လိုပါတယ်။

နောက်ဆုံး သတိပေးချင်တာကတော့... Jailbreak လုပ်ငန်းစဉ် ဟာ စွန့်စားရတဲ့ အလုပ်ဖြစ်ပါတယ်။
နောက်ပြီး ယခု သင် Jailbreak လုပ်မည့် iOS သည် နောက်ဆုံး Version ဖြစ်တဲ့ အတွက် တစုံတရာ အမှားအယွင်း ဖြစ်ခဲ့ပါလျှင် ရေးသားသူ ကျတော် ၏ တာဝန်မရှိကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
At your own risk ပေါ့ဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

iOS 5.1 Download Links for all iDevices !

iOS 5.1 ကတော့ ထွက်လာပါပြီ။

ဒီတော့ Update လုပ်ကြမှာပဲ။

Update လုပ်ပြီးတာနဲ့ Jailbreak လုပ်ထားတဲ့ Device တွေ အကုန်လုံး ပြန် Jailbreak လုပ်ရမှာပါ။

ဒီတော့ Jailbreak မလုပ်ခင် ပထမဆုံး လိုအပ်တာကတော့ iOS 5.1 ကို အရင် Download ချထားဖို့ပါပဲ။

ဒါမှ Jailbreak လုပ်တုန်းတခုခုမှားယွင်းခဲ့ရင် ပြန်ပြီး Restore လုပ်လို့ရမယ် မဟုတ်လား။

အောက်က Links များမှာ သက်ဆိုင်ရာ iDevice တခုချင်းစီအတွက် Download Link တွေ ရှိပါတယ်။

မိမိ လိုအပ်သည့် File ကို ရွေးပြီး Download လုပ်ပေါ့ဗျာ။

Downloads

iPad


iPad 3 (wifi): 5.1

iPad 3 (3G): 5.1

iPad 3 (4G): 5.1

iPad 2: 5.1

iPad 2 (GSM): 5.1

iPad 2 (CDMA): 5.1

iPad 1: 5.1

iPhone

iPhone 4S: 5.1

iPhone 4 (GSM): 5.1

iPhone 4 (CDMA): 5.1

iPhone 3GS: 5.1
 
iPod Touch

iPod touch 4G: 5.1

iPod touch 3G: 5.1


တကယ်လို့ အပေါ်က တခုချင်းစီကို လိုက်ကြည့်ရတာ ပျင်းရင် အောက်က Link ကိုသွားပြီး
iDevice, Model, iOS Version တွေကို ရွေးပြီး Download iOS လုပ်ပေါ့။
ဒီ ပိုစ့် ရေးနေတုန်းမှာတော့ iOS 5.1 အတွက် Download Update မဖြစ်သေးပါဘူး။
ဒီတော့ iOS Version အဟောင်းတွေကို Download လုပ်မယ်ဆိုရင် အဆင်ပြေပါတယ်။

iOS Downloader



အထက်ပါ Link များသည် လက်လှန်းမှီသလောက် စုစည်းတင်ပြပေးထားတာပါ။ လိုအပ်ချက်များရှိပါက နားလည်ပေးစေချင်ပါသည်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

Windows Server is DOWN !!!

လွန်ခဲ့တဲ့ (၃) ရက်လောက်က Project Site မှာ အလုပ်လုပ်နေရင်း
Service ဖက်က Customer Site တခုမှာ Server Down နေလို့ အမြန်သွားဖြေရှင်းပေးဖို့ ဖုန်းဆက်လာပါတယ်။
ဒါနဲ့ ရောက်သွားတယ်ပေါ့။
ရောက်ရောက်ချင်း Server ကို မြင်လိုက်ရတာကတော့ NTLDR missing ဆိုတာပါပဲ။

Windows Server 2003 Standard Edition R2 တင်ထားပါတယ်။
RAID 5 နဲ့ Backup လုပ်ထားပါတယ်။
External Drive သုံးပြီး Backup လုပ်ထားတာပါ။
ဒီတော့ ခန့်မှန်းမိတာကတော့ Virus ပြဿနာပဲ ဖြစ်မယ်ပေါ့။
ဒါနဲ့ Hiren's Boot CD နဲ့ Boot အရင်တက်ကြည့်ပြီး Drive တွေကို ဝင်စစ်ပါတယ်။
သေချာသွားပါပြီ။ Recycler Virus ဝင်နေတာပါ။
ဒီတော့ ပထမဆုံး Virus ကို ရှင်းလင်းရေးလုပ်ပါတယ်။
ပြီးတာနဲ့ Hiren's Boot CD မှာပါတဲ့ NTLDR missing repair ဆိုတာကို သုံးပြီး ပြင်ပါတယ်။
မရပါဘူး။
ဒါနဲ့... Original Windows CD နဲ့ စတင် repair လုပ်ပါတယ်။
ဒီမှာ ပြဿနာစပါတယ်။
Corrupt ဖြစ်သွားတဲ့ Boot System File တွေကို Copy လုပ်လို့မရပါဘူး။
Screen မှာ ပေါ်လာတာက Access Denied ဖြစ်နေတာပါ။
တကယ်တော့ မူရင်း Windows ရဲ့ Boot system file တွေ က Virus ကြောင့် ပျက်သွားတော့ Boot Setting တွေ မှားနေတာပါ။
မူရင်း Windows တင်ထားတဲ့ Partition က C: မှာပါ။
ဒါပေမယ့် Command Windows မှာ ပေါ်နေတာက D: အနေနဲ့ပါ။
ကိုယ်က လဲ အရင် Windows ကို ဘယ်မှာတင်ထားတာလဲ ဆိုတာ သေချာမသိတော့ ခက်တာပေါ့။
ဒါနဲ့ အဖြေရှာလိုက်တော့ External Drive ကို သွားသတိထားမိပါတယ်။
ဒီကောင် က C: drive ဖြစ်နေတာကြောင့်ပါ။
ဒါနဲ့ သူ့ကို ဖြုတ်ပြီး Reboot လုပ် , Repair ပြန်လုပ်ပါတယ်။

ဝမ်းသာစရာပါ။ အားလုံး အဆင်ပြေသွားပါပြီ။

ဒီ ပျက်နေတဲ့ Server ပေါ်မှာ AD,DNS Server,DHCP Server, Print Server and SQL Server တွေ တင်ထားပါတယ်။ Backup Server လဲ သက်သက် တစ်လုံးမရှိပါဘူး။
ဒီတော့ အရမ်းသတိထားပြီးလုပ်ရပါတယ်။
မတော်လို့ မှားပြီးတခုခု လွဲချော်သွားလို့ Windows တခုလုံးပြန်တင်ရပြီဆိုရင် နောက်ဆက်တွဲ လုပ်ရမှာတွေ ကတော့ များမှများပဲလေ။

ကဲ...တခါတလေ မှာ ဘာရယ်မဟုတ်တဲ့ ပြဿနာလေးဆိုပေမယ့် ... သတိမထားမိရင် ခေါင်းကိုက်လောက်အောင်ကို စဉ်းစားရခက်နေတတ်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)