How to Backup Printer Drivers and Restore to Another Computer?


ခုတလော ရှင်းပေးရတဲ့ ပြဿနာတော်တော်များများက Printer ပြဿနာ တွေဖြစ်ပါတယ်။

ဖြစ်သမျှရဲ့ ရာခိုင်နှုန်းတော်တော်များများကလဲ Driver, Network Sharing, Policy and Permission စတာတွေထဲက Driver ပြဿနာ ပိုများပါတယ်။

ဒီတော့ အရင်ကဆို Printer Brand and Model ကို ကြည့်ပြီး Internet ကနေ လိုက်ရှာ Download လုပ်လိုက်တာပါပဲ။

ဒါပေမယ့် တခါတခါ အဆင်မပြေတာ မျိုးတော့ ကြုံရလေ့ရှိပါတယ်။

တလောကတော့ အလုပ်ထဲက ညီလေးတယောက် ပြောလို့ Printer Migrator ဆိုတာလေးကို သိခွင့်ရခဲ့ပါတယ်။

ဒါနဲ့ Google လုပ်ကြည့်တော့ Printer Migrator ဆိုတာက Print Server တွေအတွက် အဓိက ထားပြီး ထုတ်လုပ်ထားတဲ့ Application လေးဖြစ်နေတာကို တွေ့ရပါတယ်။

ဒါပေမယ့် ထုံးစံအတိုင်း အထွန့်တက်ကြည့်တာပေါ့ Server ပဲလား Desktop တွေ မှာ သုံးမရဘူးလား ဆိုပြီး ထပ်မွှေကြည့်ပါတယ်။ စမ်းကြည့်ပါတယ်။

ကံကောင်းတယ်ဆိုရမယ်... သုံးလို့ရပါတယ်။

Stand-alone Application လေးဖြစ်တဲ့ အတွက် Thumb Drive ကနေလည်း သုံးလို့ရနေပါတယ်။

လိုချင်သူများကတော့ ဒီမှာ Download Printer Migrator 3.1 from Microsoft  လုပ်ပါ။

သုံးနည်းကတော့ လွယ်လွန်းပါတယ်။ Download လုပ်လို့ရလာတဲ့ printmig.exe ဆိုတာလေးကို Printer Driver လိုချင်တဲ့ Computer မှာ Run As Administrator ဆိုပြီး Run လိုက်ပါ။

File Menu ကနေ Action ကို နှိပ်ပြီး Backup ပေါ့။ ပြီးရင် Save လုပ်ဖို့ File Path လေး ရွေးပေးလိုက်။

PM Cab File (*.cab) ဆိုတဲ့ Files အမျိုးအစားလေးနဲ့ Save ပါလိမ့်မယ်။

အဲဒီ File လေးကို Copy ကူးထားပေါ့ဗျာ။

ပြီးရင် Printer Driver တွေ Install လုပ်ချင်တဲ့ Computer ပေါ်မှာ printmig.exe လေးကို Run As Administrator နဲ့ Run ပါ။

File Menu ကနေ Action>Restore ကိုနှိပ်ပြီး Backup လုပ်ထားတဲ့ File လေးကို ရွေးပေးလိုက်ပေါ့။

ဒါဆို သင့်အနေနဲ့ Printer Driver အတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။

တခုတော့ရှိပါတယ်။ Backup လုပ်တဲ့ Computer နဲ့ Restore လုပ်တဲ့ Computer တွေရဲ့ Operating System တော့ တူဖို့လိုတာပေါ့။

ဒီ Application လေးကို သိခွင့်ပေးခဲ့တဲ့ ညီလေး ဇေယျာကို အထူးပဲ ကျေးဇူးတင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

2 comments :

  1. Hi , brother how can I do more than 10 pc with printer sharing at window xp
    Thanks

    ReplyDelete
  2. It's depend on your choice. My suggestion is buy print server and share it.
    But I don't know what kind of printer that you are plan to use.
    If use network printer, just share it via network.

    ReplyDelete