How to Jailbreak iOS 5.1 Tethered with Redsn0w in iDevice?

iOS 5.1 ကို Jailbreak လုပ်တာ ဒီလိုပါ...

- iDevice ကို ပထမဆုံး Power Off ထားပါ။
- Computer နဲ့ Sync Cable သုံးပြီး ချိတ်ပါ။
- Download လုပ်ထားတဲ့ Redsn0w.exe ကို Run ပါ။ ( Windows မှာဆိုရင် Run As Administrator ပေါ့)
- iDevice ကို DFU mode လုပ်ပါ။ (Power button နှင့် Home button ကို ၁၀ စက္ကန့်ကြာအောင် အတူ ဖိနှိပ်ထားပါ။
  ပြီးလျှင်  Power button ကို လွှတ်ပြီး Home button ကို နှိပ်မြဲ နှိပ်ထားလျှက် ၁၀ စက္ကန့်ကြာ နှိပ်ထားပါ။)
- Redsn0w မှ "Jailbreak" ဆိုတာကို click နှိပ်ပါ။ Next နှိပ်ခိုင်းလာပါက Next လုပ်ပါ။ အချိန် အနည်းငယ်စောင့်ပါ။
- iDevice reboot လုပ်ပါမယ်။
- Boot တက်လာပါက DFU mode ပြန်လုပ်ပြီး Redsn0w ကို ပြန်ဖွင့်ပါ။
- "Extras" ကို Click လုပ်ပါ။ "Just boot" ကို Click လုပ်ပါ။
- iDevice reboot လုပ်ပါမယ်။ Boot ပြန်တက်လာပါက Jailbreak လုပ်ငန်းစဉ် အောင်မြင်စွာ ပြီးဆုံးပါပြီ။

Tethered Jailbreak ဖြစ်တဲ့ အတွက် iDevice power off ပြီး power ပြန် on တိုင်း Redsn0w ကို သုံးပြီး iDevice ကို boot ပြန်လုပ်ပေးဖို့လိုပါတယ်။
ဘယ်လို Boot လုပ်တာလဲ ဆိုတော့ iDevice ကို Computer နဲ့ ချိတ်ပါ။
Redsn0w ကိုဖွင့်ပါ။ Extras menu ရဲ့ option ထဲမှ "Boot Tethered" ဆိုတာကို ရွေးပေးပြီး Boot လုပ်တာပါ။
Jailbreak လုပ်ပြီးသော သင့် iDevice ပေါ်မှာ အဖြူရောင် Cydia icon လေး ပေါ်နေတာဆိုရင်တော့ ဒါဟာ သင် Tethered Boot မလုပ်ရသေးဘူး။
Redsn0w ကိုသုံးပြီး Tethered boot ပြန်လုပ်ဖို့လိုပါတယ်။

ဒီပိုစ့်ရေးနေချိန်မှာ iBooks အလုပ်မလုပ်သေးပါဘူး။
တကယ်လို့ သင်ဟာ iBooks နဲ့ eBook တွေ ဖတ်တဲ့သူဆိုရင်တော့ လောလောဆယ် Jailbreak မလုပ်ပါနဲ့အုံး။





Jailbreak လုပ်ဖို့ လိုအပ်တာလေးတွေကတော့...

- iPhone 3GS, iPhone 4 CDMA & GSM, iPod Touch 2nd, 3rd, & 4th Generation ဖြစ်ဖို့လိုပါတယ်။
- iOS 5.1 ကို download လုပ်ပြီး update လုပ်ထားပြီးဖြစ်ရပါမယ်။ iOS 5.1 backup ipsw file ရှိထားရပါမယ်။
- Redsn0w 0.9.10b6 လိုပါတယ်။
- iTunes 10.6 လိုပါတယ်။

နောက်ဆုံး သတိပေးချင်တာကတော့... Jailbreak လုပ်ငန်းစဉ် ဟာ စွန့်စားရတဲ့ အလုပ်ဖြစ်ပါတယ်။
နောက်ပြီး ယခု သင် Jailbreak လုပ်မည့် iOS သည် နောက်ဆုံး Version ဖြစ်တဲ့ အတွက် တစုံတရာ အမှားအယွင်း ဖြစ်ခဲ့ပါလျှင် ရေးသားသူ ကျတော် ၏ တာဝန်မရှိကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
At your own risk ပေါ့ဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment