Location Aware Printing in Windows 7



Laptop အသုံးပြုတဲ့ customer များကို Service ပေးတဲ့အခါ အများဆုံး ဖြေရှင်းပေးရလေ့ရှိတဲ့ ပြဿနာက Printer ပြဿနာပါ။
ဘယ်လိုမျိုးလဲဆိုတော့... customer က mobile ဖြစ်နေလို့ပါ။
Mobile ဆိုတော့ ရုံးနေရာ က အမြဲ ပြောင်းနေတတ်ပါတယ်။
ဒီနေ့ ဒီရုံး Network ကို အသုံးပြုပေမယ့် နောက်တနေ့ ကျပြန်တော့ နောက် တစ်ရုံးရဲ့ Network မှာ သုံးချင်သုံးနေမယ်။
တခါတလေ ကျပြန်တော့လဲ... Meeting Room, Conference Room မှာ သုံးနေတာမျိုးပါ။
ဒီလိုအခြေအနေမျိုးမှာ သူရောက်နေတဲ့ နေရာရဲ့ Printer နဲ့ ချိတ်ဆက်အသုံးပြုဖို့ ခက်ခဲလေ့ရှိပါတယ်။
Printer အရေအတွက် အနည်းငယ်ပဲ ရှိရင် သိပ်ပြဿနာမရှိပေမယ့်...
Large Orginization မျိုးတွေမှာ အသုံးပြုနေတဲ့ Customer မျိုးအတွက်ဆိုလျှင် Printer တွေလိုက်မှတ်နေဖို့ မဖြစ်နိုင်တော့ပါဘူး။
ဒီတော့ လိုအပ်လို့ Print out လုပ်ရတော့မယ်ဆိုလျှင် ပြဿနာ တက်ပါပြီ။
မည်သည့် Printer မှ print ထုတ်ရမည်ဆိုတာကို မသိတော့ပါဘူး။

ဒီလိုမျိုး အဖြစ်တွေကနေ ကျော်လွှားနိုင်အောင် Windows 7 မှာ Location Aware Printing ဆိုတဲ့ Feature တခုကို အသုံးပြုနိုင်ပါတယ်။

အောက်က အဆင့်လေးတွေ လိုက်လုပ်လိုက်ကြပါစို့လား...

Start>Devices and Printers ကိုသွားပါ။

၁။ မိမိ Default အနေဖြင့် အသုံးပြုချင်သော Printer ကို Select လုပ်ပါ။
၂။ Manage default printers ဆိုတာကို ရွေးပါ။
၃။ " Always use the same printer as my default printer "
    " Change my default printer when I change networks " ဆိုပြီး Option နှစ်ခုတွေ့ပါမယ်။
    " Change my default printer when I change networks " ဆိုတာကို ရွေးပါ။
၄။ Select network ဆိုတဲ့နေရာမှာ...မိမိ အသုံးပြုမည့် Network ကို ရွေးပါ။
    (ဥပမာ Sales Dept or  Marketing Dept or Home Network or Meeting Room)
၅။ Select printer ဆိုတဲ့ နေရာမှာ မိမိရွေးချယ်ခဲ့သော Network တွင် Default အဖြစ် အသုံးပြုမည့်  Printer ကို ရွေးပေးပါ။
    Add လုပ်ပါ။ ( Printer ရွေးချယ်တာ မှားသွားရင်လဲ အလွယ်တကူ ပြန် Remove လုပ်နိုင်ပါတယ်။
    မှားသွားတဲ့ Network & Printer Name ကို ရွေးပြီး Remove ဆိုတာကို နှိပ်လိုက်ရုံပါပဲ။

အခြား Network များအတွက် Default Printer များထပ်မံ သတ်မှတ်ရန် အဆင့် (၁) မှ (၅) အထိ ထပ်မံ ပြုလုပ်ပါ။

ဒါဆိုရင်... သင့်အနေနဲ့ နောက်ပိုင်းမှာ Customer ဆီကနေ print out ထုတ်မရတဲ့ ပြဿနာ မျိုးကို သင်ကြားရတော့မှာ မဟုတ်ပါဘူး။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to Create a Bootable Offline Version of Windows Defender?


Virus ရှင်းလင်းတဲ့ နည်းလမ်းပေါင်းမြောက်မြားစွာကို... အင်တာနက်မှာတွေ့နိုင်ပါတယ်။
ဒါပေမယ့် Microsoft ဟာ သူ့ရဲ့ Windows Defender Anti-malware ကို  Built-in အဖြစ်နဲ့
OS တွေမှာ ထည့်ပေးလာရာကနေ အခုအခါမှာတော့ Stand-alone version အနေဖြင့် ထုတ်ပေးလိုက်ပါပြီ။

အခု ၄င်း Stand-alone Windows Defender ကို USB Drive တွေကနေ Bootable လုပ်ပြီး
Virsus Scan လုပ်လို့ရအောင် ပြုလုပ်ပုံကို ပြောပြပေးချင်ပါတယ်။

ပထမဆုံး ဒီနေရာကို http://goo.gl/2BkEu သွားပြီး မိမိ Windows နဲ့ ကိုက်ညီတဲ့ Version ကို Download လုပ်ပါ။
ရလာတဲ့ File ကို Run ပါ။

Welcome to the Windows Defender Offline Tool ဆိုတဲ့ Windows ပေါ်လာပါမယ်။ Next နှိပ်ပါ။

ထုံစံ အတိုင်း License ကို Accept လုပ်မယ် မလုပ်ဖူး မေးတဲ့ Windows ပေါ်လာပါမယ်။ Accept ပဲပေါ့ဗျာ။

Choose your startup media ဆိုတဲ့ Windows ပေါ်လာရင်... CD or DVD, USB , ISO file  တွေထဲက အခုက USB Drive အတွက် လုပ်မှာဆိုတော့ USB ကိုပဲ ရွေးပေါ့ဗျာ။ ဒီနေရာမှာ သင့်ရဲ့ USB Drive ဟာ Bit-Locker နဲ့ Encrypt လုပ်ထားခြင်း ဖြစ်မနေရပါဘူး။
ပြီးရင် Next ပေါ့။

Reformat the USB flash drive ဆိုတဲ့ Windows ပေါ်လာရင် Next ပဲ ပေါ့။
င်္Format ရိုက်မှာ ဖြစ်တဲ့ အတွက် ကိုယ့် USB Drive လေးထဲမှာ ဘာ Data မှ မရှိရင် ပိုကောင်းပါတယ်။

ဒီအခါမှာ... Creating the startup USB flash drive ဆိုတဲ့ Windows ပေါ်လာပြီး လုပ်ငန်းစဉ် ပြီးတဲ့ အထိ စောင့်ပါ။

ပြီးသွားပြီဆိုရင် Installation complete ဆိုပြီး Windows ပေါ်လာပါမယ်။
အဲဒီ Windows မှာ အခု လုပ်ထားတဲ့ Windows Defender Offline နဲ့ malware တွေကို scan and remove လုပ်မယ်ဆိုရင် မည်ကဲ့သို့ အသုံးပြုရမလဲ ဆိုတာကို ရှင်းပြထားတဲ့ အချက်တွေ မြင်ရပါမယ်။
လိုက်ဖတ်ကြည့်ပြီး မှတ်ထားပေါ့ဗျာ။ ပြီးရင်တော့ Finish ပေါ့။

ကဲ...  virus ထိ နေတဲ့ PC ကို ဒီ USB Drive လေးတပ်ပြီး Boot တက်လိုက်ပါ။
ပြီးရင် Scan လုပ်ပေါ့။ သူက OS နဲ့ Built-in ပါတဲ့ Windows Defender နဲ့ အကုန်တူပါတယ်။
ဒါကတော့ USB Drive နဲ့ Boot လုပ်ပုံလေးပါ။
တကယ်လို့များ... သင်က အလိုရှငိတယ်ဆိုရင်တော့... Bootable CD/DVD အဖြစ်ဖြင့် လဲ အသုံးချနိုင်ပါတယ်။
ISO file အနေနဲ့ CD/DVD လုပ်ပြီး သိမ်းထားချင်ရင်လည်း ရပါတယ်။

Reference URL: http://goo.gl/waefo

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to configure Lotus Notes email client for Beginners?


ဒီတခါ Lotus Notes ကို Configure လုပ်ပုံ ရှင်းပြပါမယ်
ပထမဆုံး Lotus Notes ကို ဖွင့်လိုက်ပါ။
ပွင့်လာရင် ပုံမှာ ပြထားသလို Contacts ကို Click လုပ်ပါ။
Advanced>Connections>New>Server Connection ကို Click လုပ်ပါ။
(တခြား Server , Port တွေ ရှိနေခဲ့ရင် အကုန်လုံးကို ဖျက်ပစ်ပါ။)





Basic မှာ Connection type : Local Area Network, Use LAN port TCPIP ဆိုတာကို ရွေးပေးပါ။
ှServer name နေရာမှာ Administrator က ပေးတဲ့ server name ပေးပါ။ (ဥပမာ elitem01/ygn/myn)



ပြီးရင် Advanced ကိုသွားပါ။
Destination server address မှာ Administrator က ပေးတဲ့ address ပေးပါ။ (ဥပမာ elitem01.myn.com)
ပြီးရင် Save & Close ကို နှိပ်ပါ။


နောက်အဆင့်မှာ ပုံ (၂) မှာ ပြထားတဲ့ Connection အောက်က Location ကို Click လုပ်ပါ။

Desktop များအတွက် ဆိုရင် Home, Travel , Offline တို့ကို ဖျက်ပစ်ပါ။ Laptop အတွက်ဆိုရင် Home,Travel ကို ဖျက်ပစ်ပါ။
Online ကိုရွေးပါ။ Edit ကို နှိပ်ပါ။
Basics Tab မှာ
Location type က Local Area Network
Location name က Online
Internet mail address က Administrator က သတ်မှတ်ပေးထားတဲ့ user name ပေါ့။
ကျန်တာတွေက Default အတိုင်းပဲ ထားပါ။



Servers Tab မှာလည်း Default အတိုင်းပဲ ထားပါ။
Ports Tab မှာ လည်း TCPIP ကို Tick လုပ်ထားပါ။
Mail Tab မှာ ဖြည့်ရမယ့် အပိုင်းတွေကို အောက်က ပုံ မှာ ဝိုင်းပြထားပါတယ်။
Internet domain for notes address when connectring directly to the Internet ဆိုတဲ့ နေရာမှာ Administrator ပေးတဲ့ Domain name ကို ထည့်ပေးပါ။
(ဥပမာ myn.com)


Replication Tab မှာ လည်း ဖြည့်ရမယ့် အပိုင်းတွေကိုအောက်က ပုံမှာ ဝိုင်းပြထားပါတယ်။
Repeat every ဆိုတဲ့ နေရာမှာတော့ Company ရဲ့ IT Policy မှာ သတ်မှတ်ထားတဲ့ အချိန်ကို ထည့်ပေးပါ။



ကျန်တဲ့ Tab တွေမှာ Default အတိုင်းထားပါ။
Save & Close ကို နှိပ်ပါ။

Laptop များကို Setting ချတဲ့ Offline အတွက် ကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်။ ပုံထဲက မှာ ဝိုင်းပြထားသလို လိုက်ပြီး Setting လုပ်ပေးလိုက်ရုံပါပဲ။
အားလုံးပြီးရင်  Save & Close ပေါ့ဗျာ။





ကျန်တာတွေကတော့... Replicate လုပ်တာတို့...Synchronize လုပ်မယ်တို့.. Message Sending and Receiving မှာ signature ထည့်မယ် မထည့်ဘူး စ တာတွေကို File>Preference မှာ သွားပြင်တာပါပဲ။
ဒါကတော့ Company ရဲ့ IT Policy ပေါ်မူတည်ပြီး ကွဲပြားပါတယ်။

ကဲ... ဒီလောက်ဆိုရင် Lotus Notes ကို အခက်အခဲ မရှိပဲ... Configure လုပ်တတ်ပြီလို့ ယူဆပါတယ်။
ဖော်ပြထားတဲ့ အချက်အလက်တွေဟာ... Reference လုပ်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။
တချို့ နေရာတွေမှာ Company တခုခုနဲ့ တခုခု မတူညီတဲ့ အပေါ်မူတည်ပြီး အနည်းငယ် ပြောင်းလဲ မှုတွေ ရှိကောင်းရှိနိုင်ပါတယ်။
ဒါပေမယ့် တော်တော်များများတော့ တူတယ်လို့ ပြောနိုင်ပါတယ်။

Lotus Notes နဲ့ မရင်းနှီးသော သူငယ်ချင်းများ အားလုံး အဆင်ပြေကြပါစေ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to find and solve bottlenecks in Windows 7?


တခါတလေ... Application တွေဟာ Not Responding ဖြစ်နေတာမျိုးကို သင်တို့ ကြုံဖူးမှာပါ။
ဒါမျိုးဘာကြောင့်ဖြစ်ရတာလဲ...ဘယ်လိုဖြေရှင်းရင်ရနိုင်မလဲ ဆိုတာကို သင် သိချင်မှာပေါ့။
ဒီအတွက် Windows 7 မှာ Resource Monitor ဆိုတာပါပါတယ်။
သင် ကွန်ပျူတာ သုံးနေရင်း အကြောင်းတခုခုကြောင့် Application တခု Not Responding ဖြစ်သွားပြီဆိုပါစို့...
Start>Run or WinKey+R > RESMON ဆိုပြီး OK လိုက်ပါ။
Resource Manager Windows ပေါ်လာပါလိမ့်မယ်။
Overview, CPU, Memory, Disk , Network ဆိုတဲ့ Tab လေးတွေ တွေ့ပါလိမ့်မယ်။
CPU ဆိုတဲ့ Tab ကတော့ သင့်ကို အကောင်းဆုံးကူညီပေးပါလိမ့်မယ်။
Not Responding ဖြစ်နေတဲ့ Application ကို လိုက်ရှာပြီး...
Right Click> Analyze Process ဆိုပြီး နှိပ်လိုက်ပါ။
Windows 7 က သင့်ကို ဘာကြောင့် သင်သုံးနေတဲ့ Application ဟာ Not Responding ဖြစ်နေပါတယ်ဆိုတာကို အဖြေထုတ်ပေးပါလိမ့်မယ်။
ဥပမာ အနေနဲ့ သင့်ရဲ့ Application ဟာ ဘယ် Process ကိုစောင့်နေရပါတယ်ဆိုတာမျိုးပေါ့။

ပျော်ရွှင်ပါစေ။
(Be knowledgeable, pass it on then)

How to install Lotus Notes email Client Program Properly for beginners?

ဒီရက်ပိုင်း အလုပ်မှာ Lotus Note နဲ့ မရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ သိရပါတယ်။
ဒါနဲ့ ကိုယ့်တုန်းကလို မျိုး မဖြစ်ရလေအောင်...
Lotus Notes Client Program ကို ဘယ်လို Setup လုပ်ရတယ်ဆိုတာ ပုံလေးတွေနဲ့ ရှင်းပြလိုက်ပါတယ်။
တကယ်တော့ ဒါလေးက မခက်ပါဘူး...ဒါပေမယ့် မြန်မာပြည်မှာက ဒီ Lotus Notes ဆိုတာကို အသုံးနည်းတဲ့အတွက် စင်ကာပူကိုလာပြီး IT အလုပ်လုပ်တဲ့အခါ Lotus Notes ကို Setup လုပ်ပေးပါလို့ တောင်းဆိုလာခဲ့ရင် ကိုယ့်နိုင်ငံမှာလဲ မဟုတ်လို့ အနည်းငယ် ရှိန်ပြီး ဘာစလုပ်လို့ လုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ ကျတော် အလုပ်စဝင်တုန်းကလဲ ဖြစ်ပါတယ်။ နောက်နောင် အလုပ်လာလုပ်မယ့် သူငယ်ချင်းများ ဒီအဖြစ်မျိုးကနေ လွတ်အောင် ပြန်လည်မျှဝေလိုပါတယ်။

ကဲ...စ လိုက်ရအောင်
ပထမဆုံး Lotus Notes Client Program ဟာ ကိုယ့် Setup လုပ်မယ့် Computer ပေါ်မှာ Install လုပ်ဖို့အတွက် Installer လိုပါတယ်။ ဒါက လဲ Domino Administrator ဆီကနေ ရမှာပါ။ သင် ပူစရာမလိုပါဘူး။
Install လုပ်လိုက်ပါ။

ပြီးပြီဆိုတာနဲ့...
Desktop ပေါ်က Lotus Notes icon လေးကို Double Click လိုက်ပါ။




ပုံမှာ ပြထားသလိုပေါ်လာရင် Next နှိပ်ပါ။



Your Name မှာ အသုံးပြုမယ့် User Name ပေါ့
Domino Server မှာ Domino Server Administrator က ပေးတဲ့ Name ပေါ့ ။ (ဥပမာ Elitem01/YGN/MYN)
ပြီးရင် Next နှိပ်ပါ။



Notes ID File ရွေးပေးရတဲ့ နေရာရောက်ပါမယ်။ ဒါကလည်း Administrator က create လုပ်ထားတဲ့ ID File လေးကို ရှာထည့်ပေးလိုက်ရုံပါ။
ပြီးရင် Next ပေါ့။



တကယ်လို့ သင်ဟာ ID File ကို Lotus Notes ရဲ့ Default ID Location နေရာကို ရွေးပေးထားတာ မဟုတ်ရင် (ဥပမာ Desktop ပေါ်မှာ တင်ထားတဲ့ ID File ကို ရွေးပေးထားတာဆိုရင်) အောက်က ပုံ အတိုင်းပေါ်လာပါလိမ့်မယ်။
Yes  ပေါ့ဗျာ။



ဒါဆို Password တောင်းတဲ့ Windows ပေါ်လာပါလိမ့်မယ်။
Administrator ပေးထားတဲ့ password ထည့်ပြီး Log in လုပ်ပါ။



Instant Message ကို ပါ တခါတည်း ထည့်ပေးမယ်ဆိုရင် Setup instant messaging check box ကို အမှန်ခြစ်ပါ။
Instant message server name ထည့်ပေးပါ။ (ဥပမာ Elite01/YGN/MYN ) ဒါက သင့်ကို Administrator က ပေးထားပါလိမ့်မယ်။ ကျန်တာတွေက Default အတိုင်းပါပဲ။


ပြီးရင် Next ပေါ့။




ဒီအဆင့်မှာလည်း ဘာမှ ရွေးပေးစရာမလိုပဲ Next နှိပ်ပါ။




Notes Setup Complete ဖြစ်ပါပြီ။ OK ပေါ့။




Default Email Program မဟုတ်သေးတဲ့ အတွက် Default ဖြစ်အောင် Yes လုပ်ပေးလိုက်ပါ။

Program version ပေါ်မူတည်ပြီး အနည်းငယ် ပြောင်းလဲတာလေးတွေရှိပါတယ်။
ဒါပေမယ့် အခြေခံကတော့ အတူတူပါပဲ။
အခုရှင်းပြထားတာကတော့ Lotus Notes Client 8.0 ပါ။

နောက်ရက်တွေမှာ... Install လုပ်ပြီးတဲ့ Lotus Notes Client ကို User အတွက် ဘယ်လို Setup လုပ်ပေးရတယ်ဆိုတာ ရှင်းပြပေးပါအုံးမယ်။

ပျော်ရွှင်ပါစေ။
(Be knowledgeable, pass it on then)

UltraVNC ... Remote Control Software for lazy Network/System Administrator


Medium to Large Network တွေကို ကိုင်တွယ်နေရတဲ့ Network/System Administrator တွေအနေနဲ့... ပြဿနာဖြစ်တိုင်းသာ Client ဆီကို သွားရမယ်ဆိုရင်... အမောဖောက်ပြီး မြန်မြန်အသက်ထွက်မှာပေါ့ဗျာ။

ဒီတော့ Remote လှမ်းပြီး Monitor and Control လုပ်ဖို့ လိုလာတယ်ပေါ့။
ဒီအတွက် Remote Desktop ဆိုတာ Windows မှာ ပါတယ်။
ဒါပေမယ့် သူက Server ကို Remote Log on/Log off လုပ်လို့ အဆင်ပြေပေမယ့် Client ဖက်မှာ ကျတော့ အဆင်မပြေတော့ဘူး။ ဘယ်လိုအဆင်မပြေတာလဲဆိုတော့... Administrator က Log on ဝင်လိုက်ရင် Client က Log off ဖြစ်သွားလို့ပါ။

ဒီတော့ Client အနေနဲ့ အလုပ်ပျက်တာပေါ့။
Client နဲ့ Log off မဖြစ်ပဲ... ဆက် ပြီး အလုပ်လုပ်နေမယ်။ Administrator က လဲ Client စက်ကို ဝင်မွှေကြည့်ချင်တယ်... ဒီအတွက် မဖြစ်နိုင်ဘူးလား...

ဖြစ်နိုင်ပါတယ်။

ကျတော့် ရုံးမှာတော့ UltraVNC ဆိုတဲ့ Software ကိုသုံးပါတယ်။

တကယ်တော့ UltraVNC နဲ့ လုပ်နိုင်တဲ့ အလုပ်တွေက တော်တော်များပါတယ်။ Remote Control တခုတည်း အတွက်တင် မကပါဘူး။
စမ်းသပ်သုံးချင်သူများအနေနဲ့ ဒီနေရာမှာ သွားရောက်လေ့လာပြီး Download လုပ်နိုင်ပါတယ်။

သူက Windows Version အကုန်လုံးနီးပါးမှာ အလုပ်လုပ်ပါတယ်။
Linux , Mac တို့အတွက်လည်း Support လုပ်တယ်လို့ဆိုပါတယ်။

သူ့မှာ Server နဲ့ Viewer ဆိုပြီး နှစ်မျိုးရှိပါတယ်။
အလိုရှိရာကို ရွေးချယ်ပြီး သုံးပေါ့ဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Offical OS Version 2.2.2 for Huawei C8600 build number B279 and B280 have been release !

Huawei C8600 ကို OS Version upgrade လုပ်ချင်သူတွေအတွက်... Official Version အသစ်  ထွက်နေတာ ကြာပြီလို့ ပြောပါတယ်။ ၈ လပိုင်းလောက်ကတည်းက ထွက်နေတာလို့ သူငယ်ချင်းတယောက်က ပြောလာပါတယ်။
Build Number B279 နဲ့ B280 အတွက်ပဲ ရသေးတယ် ပြောပါတယ်။

ဒီကနေ Download လုပ်လို့ရပါတယ်။
ဒီမှာကတော့ Huawei ရဲ့ Offical Site တခုက တင်ထားတာပါ။


ပျော်ရွှင်ပါစေ။
(Be Knowledgeable, pass it on then)

New Web Address of ICT for Myanmar is already transferred !!!

ဒီနေ့တော့... www.itformyanmar.co.cc ကနေ www.ictformyanmar.com ကို အပြီးသတ်ပြောင်းလိုက်ပါပြီ။

Google Apps နဲ့ အရင် domain ကို setup လုပ်ထားတာတွေ က New Domain မှာ ပြဿနာ နည်းနည်း တက်နေတာနဲ့ တော်တော်လေး ပြန်လုပ်လိုက်ရပါသေးတယ်။

Google Apps နဲ့ သိပ်လည်းမရင်းနှီးတာဆိုတော့... စာတွေလိုက်ဖတ်လိုက်ရတာ တော်တော်အချိန်ပေးလိုက်ရပါတယ်။

Facebook,Twitter,Feed စတာတွေနဲ့ Site Link တွေ ပြန်ပြောင်းရပါတယ်။

အလုပ်က ဒီနေ့မှ နားရက်ဖြစ်လို့... မနေ့က Domain Register လုပ်ပြီး... ကျန်တာ ဘာမှ ဆက်မလုပ်ပဲ... ဒီနေ့ နားရက်ကြမှ အိပ်ရာ က နိုးကတည်းက အကုန်လိုက်ပြောင်းနေတာ... အခု မှပဲ ပြီးတော့တယ်။

ကဲ... Domain Name အသစ်နဲ့ စာ တွေ ဆက်ရေးပါအုံးမယ်ဗျာ။

ပျော်ရွှင်ပါစေ။
(Be knowledgeable, pass it on then)

My web site address (Domain Name) will be change soon !!!

အခု www.itformyanmar.co.cc ဟာ သိပ်မကြာခင်ကာလမှာ Expire ဖြစ်တော့မှာမို့...
ဒီနေ့ ည ပဲ... www.ictformyanmar.com ကို Register လုပ်လိုက်ပါတယ်။
ဒီတော့ နောက်ရက်များက စပြီး www.ictformyanmar.com ကို ပဲ အသုံးပြုတော့မည်ဖြစ်ကြောင်းကို
အသိပေးကြေငြာပါတယ် ခင်ဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

My Windows is upside down !!!

ဒီနေ့... ပြဿနာပေါင်းများစွာကို ဒိုင်ခံထိုင်ရှင်းရတဲ့နေ့တစ်နေ့ပါ။
Server နဲ့ connection မရတဲ့သူ...
Share Drive ဝင်မရတဲ့သူ...
Wireless မရတဲ့သူ...
စုံနေတာပါပဲ...

လူပေါင်း ၅၀၀ ကျော်လောက် သုံးနေတဲ့ Network တခုမှာ ပြဿနာကလဲ ကုန်တယ်ရယ်လို့မရှိပါဘူး...

ဒါပေမယ့်... ရုံးဆင်းခါနီးမှ...အင်မတန်ထူးဆန်းသော ပြဿနာ တခုပေါ်လာပါတယ်...

မှတ်မှတ်ရရ...ဒီပြဿနာမျိုးကို...ကိုယ်တိုင် Windows ကို ကလိ တုန်းက တခါပဲ ကြုံဖူးပါတယ်။

ဒါတောင် Log in ဝင်ပြီး Graphics ကို ကလိရင်းမှ ဖြစ်တာပါ။

အခု ကြံုရတာကတော့... Log on screen ပေါ်နေတုန်းမှာပဲ... ဖြစ်နေတာပါ။

ဖြစ်တာက hp Elitebook 8440P Laptop ပါ။ Windows 7 Professional ကို သုံးထားပါတယ်။

သုံးတဲ့ သူက ဘယ်လိုများ လုပ်လိုက်တယ် မသိ...

အောက်က ပုံအတိုင်းဖြစ်နေတာပါ။



ရုံးမှာက Capture ဖမ်းလို့ အဆင်မပြေတာနဲ့ ကိုယ့်အိမ်ပြန်ရောက်မှ ကိုယ့်စက်နဲ့ ပြန်လုပ်ပြီး ဒီပုံကို တင်ထားတာပါ။ ဖြစ်တာက တော့ အပေါ်က ပုံအတိုင်း အတူတူပါပဲ။

ဒါကို ရှင်းတာကတော့ လွယ်ပါတယ်...

Ctrl + Alt + Up Arrow Key ကို နှိပ်လိုက်ရင် အတည့် ပြန်ဖြစ်သွားပါတယ်။

ဒါမျိုးကြံုခဲ့ရင် ... ဒီဖြေရှင်းနည်းလေးကို သတိရပေါ့။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to control Fast User Switching mode in Windows 7 logon options and why?

Windows 7 မှာ Fast User Switching mode ဆိုတာပါလာပါတယ်။
အဲဒီ Feature ကို Customer Company တော်တော်များများက Disable လုပ်ခိုင်းတတ်ပါတယ်။
ဘာလို့ လုပ်ခိုင်းတာလဲဆိုတော့...

Domain ထဲမှာ သုံးနေတဲ့ ကွန်ပျူတာဆိုရင်..
Log on လုပ်တိုင်း Active Directory မှာ လုပ်ရတဲ့ လုပ်ငန်းစဉ်တွေ အများကြီး လုပ်ဆောင်ရလို့ပါ။

နောက်တခုက... User နောက်တယောက်က Log on ဝင်ဖို့ Switch User လုပ်လိုင်းတိုင်း ပထမ User က log off ဖြစ်မသွားပဲ Session က run နေသေးလို့ပါ။

ဒီအချက်က Company ရဲ့ Security ပိုင်း Regulation တွေနဲ့ ငြိနေတတ်ပါတယ်။

ထို့အပြင် User ၃ ယောက် ၄ ယောက်လောက် Log on ဝင်လိုက်တာနဲ့ ကွန်ပျူတာရဲ့ Performance၊ Network ရဲ့ Performance က သိသိသာသာ ကျဆင်းလာပါတယ်။

ဒီတော့ Fast User Switching ဆိုတာကြီးကို Disable လုပ်ခိုင်းတယ်ပေါ့ဗျာ။

ကဲ... ဘယ်လိုလုပ်ကြမလဲ...

လွယ်ပါတယ်...

GUI နဲ့ သွားမလား...

Registry ကနေ လုပ်မလား...

Group Policy နဲ့ ထိန်းမလား...

ကြိုက်တာနဲ့ လုပ်နိုင်ပါတယ်။

GUI ကတော့ Windows XP , Windows Vista Beta Version တွေမှာပဲ ရတယ်လို့ ဆိုပါတယ်။ Windows 7 မှာတော့ မရပါဘူး။

အခု Windows 7 မှာ လုပ်ချင်တာဆိုတော့

Registry အတွက် ဒီလိုလုပ်ပါ...

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\System အထိရောက်အောင် သွားပါ
HideFastUserSwitching ရဲ့ Default Value (0) ကို (1) ပြောင်းပြီး Restart ချလိုက်ပါ။ Windows ပြန်တက်လာတဲ့အခါ Switch User ဆိုတာလေး ပေါ်မလာတော့တာ တွေ့ရမှာပါ။

Group Policy ကနေ လုပ်ချင်ရင်တော့...
Start>Run>gpedit.msc ကိုသွားပါ။
Computer Configuration>Administrative Templates>System>Logon ထိသွားပါ။
Right Pane ထဲက Hide entry points for Fast User Switching ဆိုတာကို Right Click>edit>Enable လုပ်ပေးလိုက်ပါ။

ပြီးရင် Start>Run>gpupdate လုပ်လိုက်ပါ။

Switch User ဆိုတာလေး Disable ဖြစ်သွားပါပြီ။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

My favorite one ... Ninite



အောက်မှာ ပြထားတဲ့ Application အားလုံးကို တခါတည်း Installation လုပ်နိုင်တဲ့ Installer ရှိတယ်ဆိုရင် သင်တို့ လိုချင်မှာ အမှန်ပဲ မဟုတ်လား...

Web Browsers
Chrome,Firefox,Safari,Opera

Messaging Application
Skype,Google Talk,Yahoo,AIM,Pidgin,Messenger

Media
iTunes,VLC Player, KM Player, Winamp , Quick Time

Runtimes
Flash, Flash for IE, Java, .Net, Shockwave Player

Imaging
Picasa, GIMP, IrfanView, Paint.NET

Documents
Office (Trial), OpenOffice,Adobe Reader, Foxit Reader

Security
Microsoft Security Essentials, Avast, AVG

File Sharing
uTorrent, eMule

Other
Dropbox, Google Earth

Utilities
ImgBurn, Auslogics, CDBurnerXP

Compression
7-Zip, WinRAR

Developer Tools
Python, FileZilla , Notepad++, JDK, WinSCP, PuTTY, WinMerge, Eclipse

ကဲ... ဒါတွေ အားလုံးကို တခုချင်းစီ Install လုပ်ရမယ်ဆိုရင် အချိန်တော်တော်လေးပေးရမှာတော့ အမှန်ပဲဗျ... ဒါပေမယ့် မပူပါနဲ့...အားလုံးကို စုပေါင်းပြီး Installer လုပ်ပေးတာလေးကို ပေးချင်လို့...ဒီပို့စ်လေးကို ရေးတာပါ....
ကဲပါ... ဒီအောက်က Link ကိုသွားလိုက်ပါ...
http://ninite.com/
မိမိလိုချင်တာလေးတွေကို Check လုပ်လိုက်ပါ...
အားလုံးပြီးရင် အောက်နားက Get Installer ဆိုတာလေးကို နှိပ်လိုက်ပါ... မကြာမှီအချိန်လေးအတွင်းမှာပဲ သင်လိုချင်တဲ့ Application တွေအားလုံးကို စုစည်းပေးထားတဲ့ Installer တခုသင့်စက်ထဲကို အလိုအလျောက် download လုပ်ပေးပါလိမ့်မယ်။

ကဲ...ဘာလိုသေးလဲဗျာ။ (Antivirus ကောင်းကောင်းတခုတော့ လိုမယ်ထင်တယ်ဗျ... Download လုပ်ထားတာလေးကို စစ်ဖို့)

တခုတော့ရှိပါတယ်.... သူက သင် Check လုပ်ခဲ့တာတွေကို Internet ကနေ Download လုပ်ပြီးမှ Install လုပ်မှာဖြစ်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Toshiba e-STUDIO 2330c Color Copier and me

ဒီကနေ့ Customer company တခုက ဖုန်းဆက်လာပါတယ်။ Old Desktop တစ်လုံးကို New Desktop တစ်လုံးနဲ့ လဲချင်လို့ပါတဲ့။ ဒါနဲ့...လိုအပ်တဲ့ ပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေ ယူပြီး ရုံးကနေ ထွက်ခဲ့ပါတယ်။
ဟိုရောက်တော့... Old Desktop ကို Backup လုပ် New Desktop မှာ လိုအပ်တာတွေ Install လုပ်... အားလုံးပြီးတာနဲ့ အရေးအကြီးဆုံး တွေဖြစ်တဲ့ Outlook, Network Device တွေကို စတင် Migrate လုပ်ပါတော့တယ်။
ကျန်တာတွေ အားလုံးအဆင်ပြေပေမယ့်... ဒီ အရေးကြီးတာ ၂ ခု ကျမှ အဆင်မပြေဖြစ်ပါတယ်။
ဖြစ်တာက ဒီလိုဗျ... ပထမတခု... Outlook 2003 ကနေ Outlook 2010 ကို ပြောင်းတုန်းက တခါ Outlook 2010 နဲ့ သိပ်မရင်းနှီးလို့ အချိန်အတော်ပေးလိုက်ရတယ်။
နောက်တခုက Toshiba E-Studio 2330c Color Copier Network printer ပါ... သူ့ကို Install လုပ်ပြီး တဲ့နောက် test print ထုတ်ကြည့်ပါတယ် မရပါဘူး... Server ကနေ print ထုတ်ကြည့်ပါတယ် ရပါတယ်... တခြား PC တွေကနေ print လုပ်ကြည့်ပါတယ် ရပါတယ်။
ဒါနဲ့ ရှိသမျှ ဖြစ်နိုင်တာတွေ အကုန်မွှေနှောက်ရှာပြီး လုပ်ကြည့်ပြီး တခါ ပြန် Test print လုပ်ကြည့်ပါတယ်... မရပါဘူး... ကျတော် အတော်လေး ခေါင်းခြောက်သွားပါတယ်။ ရုံးလည်းဆင်းချိန်ရောက်နေပါပြီ။ ဘယ်လိုမှ အဆင်မပြေသေးပါဘူး။
နောက်ဆုံး ဝန်ထမ်း တယောက်က လာပြောပါတယ်။ ဒီ Copier/Printer က user တယောက် တခါမှ Print မထုတ်ရသေးတဲ့ user ဆိုရင် Copier/Printer မှာ အရင် log in ဝင်ပေးရတယ်လို့ ပြောလာပါတယ်။ ဒီတော့မှ user name, password , Department code စတာတွေနဲ့ ၄င်း Copier မှာ တကြိမ် log in ဝင်လိုက်ပါတယ်။
ပြီးတော့... New Desktop ကနေ print ထုတ်ကြည့်လိုက်တာ စာရွက်လေး ထွက်လာပါတော့တယ်။
ကဲ...ဒါပါပဲဗျာ...
နောက်နောင်များ... ဒီလို Copier/Printer မျိုးကို Setup လုပ်ရတော့မယ်ဆိုရင် ဒီအဖြစ်လေးကို သတိရကြပါလို့... သတိပေးရင်း....

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

University education is a must. Training course ??? It is not a mandatory.

အခုရက်ပိုင်း facebook မှာ ပညာရေးနဲ့ ပတ်သက်ပြီး အငြင်းပွားတာလေး တခု ဖတ်လိုက်မိပါတယ်။
တက္ကသိုလ်ကျောင်းတွေက ပဲ သုံးမရတဲ့ပုံမျိုး ရေးထားတာလေးတွေ့တာနဲ့ ဒီ စာလေး ရေးလိုက်တာပါ။
တက္ကသိုလ်ကျောင်းတွေက ကိုယ့်အတွက် လိုအပ်တာတွေကို တကယ်သင်မပေးလိုက်နိုင်တာ ပညာရေးစနစ်မကောင်းလို့ပါ...ဒါပေမယ့် သင်ရိုးညွှန်းတမ်းတွေနဲ့ ပြဌာန်းစာအုပ်တွေ က ကောင်းပါတယ်။
လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချရမယ့် ပညာရပ်တွေကို သင်မပေးလိုက်နိုင်တာ ဆရာတွေရဲ့ အပြစ်လဲ မဟုတ်ပါဘူး… ခေတ်မမှီတဲ့ ပညာရေးစနစ်ကြောင့်ပါ။
ဒီတော့ဗျာ… ပညာတခုတကယ်တတ်ဖို့ အတွက်… ဟိုဟာမရှိဘူး။ ဒီဟာမရှိဘူး။ ဟိုဆရာက သေချာမသင်ပေးလို့။ ဒီစာအုပ်တွေ လိုတယ်။ သင်တန်းတက်မှပဲ တက်မယ်ထင်တယ်… စသည်ဖြင့် ပညာကို ဘယ်တော့မှ တန်ဖိုးမဖြတ်ပါနဲ့။ ပညာတကယ်တတ်ဖို့ ဆိုတာ ဆင်ခြေတွေပေးနေလို့ တတ်မလာနိုင်ဘူးလေ။
မရှိဘူးဆိုတာတွေကလဲ အမြဲတမ်းတော့ မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ သူများသင်ပေးတာကို ပဲ လဲ စောင့်မနေနဲ့ပေါ့ဗျာ။ ကိုယ်က တကယ်တတ်ချင်ရင် ကိုယ်ကိုယ်တိုင်လဲ အားစိုက်ရမှာပေါ့။ ဘိုလိုပြောရရင် Self-study … ဒီထက် ပိုလာရင် further study ပေါ့ဗျာ။ ဒီတော့ကာ… ဆင်ခြေတွေပေးတာတွေကို ရပ်လိုက်ပါတော့။ ဘယ်သူ့ကိုမှ လည်း အပြစ်တွေ တင်မနေပါနဲ့လေ။ ကိုယ့်ဘဝ အတွက်ပဲဗျာ… ကိုယ့်ကိုယ်တိုင်ပဲ ကြိုးစားလိုက်စမ်းပါ။ ဆင်ခြေတွေပေးနေရင်တော့ ပညာကို တကယ်လိုလားပြီး တကယ်လဲ ကြိုးစားတဲ့ သူ တွေကြားထဲမှာ သင် ကျန်ခဲ့မှာပါပဲ။ …
ဒါဆို ဘယ်လိုလုပ်ရမတုန်း ???
ရှင်းပါတယ်… ဆင်ခြေမပေးနဲ့။ အပြစ်မရှာနဲ့။ တကယ်တော့ ကိုယ့်ကိုယ်ကိုသာ အားထားရာပါတဲ့။
ဒီစာကို ရေးနေတဲ့ ကျတော်က အင်ဂျင်နီယာတယောက်ပါ။ တချိန်က ကျတော်လည်း တက္ကသိုလ်ပညာရေးကို ဝေဖန်ခဲ့တဲ့ အထဲမှာ ပါတဲ့ သူပေါ့။
နောက်ပိုင်း မှ လုပ်ငန်းခွင်ဝင်တော့ သဘောပေါက်လာတာက…တကယ့်အကြောင်းရင်းအမှန်သည် ကိုယ်အသုံးမကျလို့ ဆိုတာ သိလာရတာပါပဲ။
သင်တန်းဆိုတာ တက္ကသိုလ်တွေလောက် အသေးစိတ် လိုအပ်တာကို သင်မပေးနိုင်တာတော့ သေချာပါတယ်။
တကယ်တမ်းပြောရမယ်ဆိုရင် တက္ကသိုလ်က သင်ပေးလိုက်တာကို ဘယ်လို Applied လုပ်မလဲ ဆိုတာတွေကို သင်ပေးတဲ့ မွမ်းမံသင်တန်းလို့ ပြောရင်မှန်မလားပဲ။
ဒီတော့ နှစ်ပေါင်းများစွာ တက္ကသိုလ်မှာ သင်ရတဲ့ ဘယ်ပညာရပ်ကိုမှ သင်တန်းတွေက လ ပိုင်းလောက်နဲ့ ပြည့်စုံအောင် သင်မပေးနိုင်ဘူးဆိုတာ ကိုတော့ သင် သိထားဖို့လိုပါတယ်။
ကဲပါ… ဒီလောက်ဆို စာဖတ်သူ လဲ ဆိုလိုရင်းကို သဘောပေါက်လောက်ပြီထင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)



 

File name is too long to copy ...

File တွေ Folder တွေကို ဟိုပြောင်းဒီရွှေ့ လုပ်ကြတဲ့အခါ...တခါတလေ...“File name too long to copy” ဆိုတဲ့ အမြင်ကပ်စရာကောင်းတဲ့ error မျိုး Windows တွေမှာ တက်လာတာ ကြုံဖူးကြမှာပါ...အဲဒီ error တက်လာတာနဲ့ Copy or Cut လုပ်နေတာကို ရပ်ပစ်လိုက်ရတာပါပဲ။
ခက်တာက လဲ အဲဒီ error ကို ဖြေရှင်းနည်းကို ခုထိ မတွေ့သေးဘူးဗျ။ တိတိကျကျပြောရရင် Direct Fix မရှိသေးဘူးတဲ့။
ဒါ က လည်း ကို်ယ့်ရဲ့ File Path , File name က Windows က သတ်မှတ်ထားတဲ့ Character Limit ကျော်သွားလို့ ပါတဲ့လေ။
ဒီတော့ နောက်ဆို အခုလို ဆတ်တငန့်ငန့် ကြီး မဖြစ်အောင် File Path, File name တွေကို သူသတ်မှတ်ထားတဲ့ အတိုင်း ပဲ ပေးပေါ့ဗျာ။ ကျော်ပြီးမပေးနဲ့ပေါ့။ တကယ်တမ်းကျတော့ သူပြောထားတဲ့ Character Limit ပြည့်ပြီလား သိအောင် လိုက်ရေတွက်ထားဖို့ ဘယ်သူမှ စိတ်ကူးမရှိပါဘူးလေ။ :P
အောက်မှာကတော့ Windows Version နဲ့ Character Limit တွေပါဗျာ။ သိထားတော့လည်း လိုက်ရေတွက်ထားချင်တဲ့စိတ်ကူးများရှိရင် အသုံးချလို့ရတာပေါ့။ :P

Windows Vista / Windows 7 /Windows Server 2008

Path limit is 248 characters.
Path+Filename limit is 260 characters

Windows XP /2003

Path+Filename limit is 255 characters

Windows 2000

Path+Filename limit is 254 Characters

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to make Bootable USB Drive or DVD Using Official “Windows 7 USB/DVD Download Tool” from Microsoft for Windows 7 and Windows 8


Windows 7 ထည့်သွင်းထားတဲ့ Notebook တွေမှာ အကြောင်းတခုခုကြောင့် Windows ပြန်တင်ရတော့မယ်/ ပြန်ပြင်ရတော့မယ် ဆိုရင် ပြဿနာက CD/DVD Drive မပါတာပါ။
ဒီတော့ ကျတော်တို့ က USB Drive တခုခုနဲ့ Boot တက်ရပါတော့မယ်။
ဒီအခါမှာ ကိုယ့်ဆီမှာက External USB CD/DVD or External Hard Disk လဲ မရှိခဲ့ဘူး။ Thumb Drive ပဲ ရှိတယ်။
Notebook ကလဲ Model နိမ့်နေလို့ Thumb Drive နဲ့ Boot တက်တဲ့ Option ပါမလာဘူးဆိုရင် အခက်တွေ့ပါပြီ။
ဒီလိုအခြေအနေမျိုးအတွက် Microsoft က နေ Windows 7 USB/DVD Download Tool ဆိုတဲ့ Tool တခု လုပ်ပေးထားပါတယ်။ သူက Bootable USB Drive တခုဖြစ်အောင် ဖန်တီးပေးပါတယ်။ DVD ကိုပါ Bootable ဖြစ်အောင် လုပ်ပေးပါတယ်တဲ့။
ဒီလိုမျိုး Bootable USB Drive ဖြစ်အောင် လုပ်ပေးတဲ့ အခြား Tool တွေလည်းရှိပါသေးတယ်။
ကျတော်ကတော့ ဒါလေးကို ပိုကြိုက်ပါတယ်။
မသိသေးတဲ့ သူတွေကို ပြန်လည်ဝေမျှတဲ့ သဘောပေါ့ဗျာ။
သူ့ကို သုံးရတာ အရမ်းလွယ်ကူပါတယ်။ ဒါပေမယ့် Windows 7 copy ကို .iso format နဲ့ Download လုပ်ပြီးသား ကိုယ့်မှာရှိဖို့တော့လိုပါတယ်။
ကဲ… လိုချင်သူများကတော့ ဒီမှာ Download လုပ်နိုင်ပါတယ်ဗျာ။

အသုံးပြုရတာ လွယ်ကူလွန်းလို့ သုံးပုံသုံးနည်းကို ရှင်းမပြတော့ပါဘူး။

နောက်တခုက သူက Windows 8 အတွက်လည်း အသုံးပြုနိုင်ပါတယ်တဲ့ဗျာ။

System Requirement ကတော့

    Windows XP SP2, Windows Vista, or Windows 7 (32-bit or 64-bit)
    Pentium 233-megahertz (MHz) processor or faster (300 MHz is recommended)
    50MB of free space on your hard drive
    DVD-R drive or 4GB removable USB flash drive

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Is air-conditioning required in shelters housing GSM BTS?

အစည်းအဝေးတခုမှာ...မြန်မာပြည် GSM Project အတွက် လိုအပ်တဲ့ Power ကို Solar Panel တွေသုံးမယ်လို့ စဉ်းစားပြီး Solar Panel တင်သွင်းတဲ့ Company က တာဝန်ရှိသူအချို့ နဲ့ စကားပြောတဲ့ အထဲမှာ ကျတော် ဝင်ရောက်နားထောင်ခွင့် ရခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ယင်း Solar Panel Company မှ တာဝန်ရှိသူက မြန်မာပြည်မှာ လက်ရှိ အလုပ်လုပ်နေတဲ့ GSM ရေဒီယိုစခန်းတွေမှာ Air-con စနစ်တပ်ဆင်ထားပေမယ့် အလုပ်လုပ်နေတဲ့ ရေဒီယိုစခန်း အနည်းငယ်မျှကိုမှ မတွေ့မိကြောင်း... ၄င်းအခြေအနေသည် ရေဒီယိုစခန်းများတွင် တပ်ဆင်ထားသော ပစ္စည်းများ၏ အရည်အသွေးနှင့် ကြာရှည်ခံမှုများကို ထိခိုက်စေကြောင်း၊ Network Quality ကို ကျဆင်းစေကြောင်းစသည်ဖြင့် တင်ပြဆွေးနွေးပါတယ်။
ထိုသို့ ဆွေးနွေးသည်ကို ကျတော်တို့ Company ဖက်မှ တာဝန်အရှိဆုံး...GSM စနစ်နှင့်ပတ်သက်လာလျှင် အတွေ့အကြုံ အရှိဆုံး ပုဂ္ဂိုလ်ဆိုသူက Telecom ပစ္စည်းများသည် အပူချိန်အားဖြင့် ၅၀ ~ ၆၀  ဒီဂရီစင်တီဂရိတ် ခန့်အထိ ခံနိုင်ရည်ရှိကြောင်း ပြန်လည်ချေပပြောဆိုပါတယ်။

ဒီအချက်ကို ကျတော့်အနေနဲ့ ဘဝင်မကျဖြစ်မိတာတော့ အမှန်ပါပဲ။
အချို့ Telecom ပစ္စည်များဟာ အပူချိန် အတော်အသင့်မြင့်မားတာကို ခံနိုင်ရည်ရှိတယ်ပဲ ထားပါတော့... Electronics ပစ္စည်းများဟာ အပူချိန်မြင့်မားတာနဲ့ အမျှ အလုပ်လုပ်နိုင်စွမ်း အနည်းငယ် ကျဆင်းတတ်တာကိုတော့ ငြင်မရပါဘူး...ထို့ အတူ... GSM ရေဒီယိုစခန်းများမှာ Power ပြတ်တောက်သွားခဲ့လျှင် Backup Power ရရှိနိုင်ရန် Battery Bank များလဲ တပ်ဆင်ထားတာရှိပါတယ်။ ၄င်း Battery များက အပူချိန်မြင့်မားမှုကို ခံနိုင်ရည်ရှိပါသလား...
Humidity ဆိုတာကို ရော ထည့်တွက်ထားပါသလား...စ တဲ့ မေးခွန်းတွေကို ကျတော် စိတ်ထဲ မှာ တကိုယ်တည်း မေးနေမိပါတယ်။....

ဒါတွေကိုတွေးရခြင်းကတော့ ကျတော်တို့ မြန်မာပြည်မှာ ခုနောက်ပိုင်းသုံးတာတွေက တရုတ်နိုင်ငံထုတ် ပစ္စည်းတွေဖြစ်နေလို့ပါ။ အမှန်အတိုင်းပြောရရင် စိတ်မချပါဘူး။

ဒါကို အခဲမကျေတဲ့ ကျတော် က အင်တာနက်မှာ ရှာကြည့်ပါတယ်...
ကျတော်တွေးသလို တခြားသူတွေ တွေးထားတာကို တွေ့မိပါတယ်။
မူရင်း အတိုင်း ဖော်ပြပေးလိုက်ပါတယ်။


Tawqir A.
Dy Chief Signal &Telecommunication Engineer at Indian Railways


Is air-conditioning required in shelters housing GSM BTS?

Jim P.
Senior Manager at AT&T


Dependent upon the operating temperature of the equipment in the shelter and the max. temperature in the region. Another consideration: BBU Battery life can be extended by maintaining the environment.

Paul M.
at Advance Wireless Capital


Indoor BTS units will require an air conditioned space. The electronics can put out enough heat load during busy hours that they will require AC even in colder climates. AC units can be operated more economically by installing an economizer unit that circulates cooler ambient air from the outside when possible instead of engaging the compressor.

Outdoor BTS units usually have their own heat exchangers but are not recommended for indoor (in shelter) use as the ambient air in the shelter will become hotter and hotter.

Maria B.
Director, Strategy, Marketing, Government & Industry Relations at Ericsson


In general yes, but there are many conditions that need to be considered:
- the BTS brand (different manufacturers support different temperature ranges for different BTS models). For example, Ericsson offers today GSM BTS models that can operate even at +50 C without active cooling required.
- the ambient temperature
- what other equipment is housed together with the BTS in the shelter. For example, the type of batteries used maybe the most important factor, as today's BTSs may operate even at 50 C without a/c but batteries instead usually have much more stringer requirements with regards to temperature, humidity etc. However, there are new, innovative types of batteries that can operate without a/c and are totally recyclable. Ericsson can offer such batteries in conjunction with its products.
In addition, there is a number of solutions available that can minimize or even make obsolete the use of air-conditioning units in
GSM BTS shelters. Indicatively, one can mention: free cooling (which takes advantage of low ambient temperatures at night in order to reduce a/c operation time & end temperature during the day, combination of site temperature remote monitoring and free cooling, geothermal cooling which takes advantage of the rather stable temperature that the soil has at a depth of 3-5 m etc. In addition, one can use alternative sources of energy (photovoltaics, wind generators, fuel cells, hybrid diesel generators/batteries etc.) in order to power both the BTS and other equipment in the shelter (like the a/c). Again, Ericsson has developed a very comprehensive solution porfolio in the area of Energy Efficiency for telecom networks.

Links:

Roberto Giovanni B.
Fixed Services Provisioning and Assurance Manager at Wind


Yes. If you are using GSM/DCS/UMTS elements probably your power comsumption is near XX kW, so you must use a Conditioning System with XX+YY kW to maintain internal temperature near 25°C according to manifacturer requests (i.e. operative temperature of equipments, batteries, Flexi, Modems and so on)
Probably you can use a Conditioning / Free Cooling system that can optimize global power consumption. Conditioning when outside Temp is 28/40 °C, free cooling when outside is 10/5 °C, Heat system when above 5°C.

In fact, more vendors (///, NSN, ALU and other) provieds GSM outdoor systems that do not use conditioning equipment for maintain acceptabile temperature, just internal fan and simple circulating air systems.

Aparts for equipment faultness linked to temperature, batteries used to supply BTS during out of service of power line are tipically sensible to high temperature. Their lifecycle can be really reduced if temperature is far from 20°C standard operative status.

My opinion ? : shelter (mini o standard one) must be used just when other Equipment (Radio.Link racks is shelter is a grooming site) need to be hosted inside BTS. Otherwise, outdoor BTS is the best choise (less k€, less space, less problems in realization, some trouble in faultness)
Shelter is "mandatory" when grooming site needs a good performance in authonomy from "power line holes" avoiding "business loss due to traffic loss"
Today quite lazy, english form really bad. Sorry
Cheers
bob 


ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ...
မြန်မာပြည်ရဲ့ ဆက်သွယ်ရေး ကို အမှန်တကယ် အရည်အသွေးပြည့်မှီတဲ့ Network တခု ဖြစ်စေချင်တာတော့ အမှန်ပါပဲ။

ဒီတော့ အဓိက တာဝန်ရှိသူတွေ အနေဖြင့်လဲ... မိမိတို့ ပဲ သိတယ် တတ်တယ်... ဆိုတဲ့ တလွဲမာနတွေကို အခုချိန်မှာ စွန့်လွှတ်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။

မူရင်း Link က ဒီမှာပါ http://www.linkedin.com/answers/technology/wireless/TCH_WIR/598827-34717259

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable , pass it on then)

Useful BIOS Access Keys for Laptops and Desktop PCs


အခုနောက်ပိုင်း Laptop/ PC တွေမှာ Core i3,i5,i7 စတဲ့ မြန်နှုန်းဖြင့် Processor တွေနဲ့ စျေးကွက်ထဲ ဝင်လာခဲ့ပါတယ်။
ဒီအခါမှာ  ကွန်ပျူတာ Power ဖွင့်လိုက်တာနဲ့ ဖလပ်ခနဲ Windows Loading က တန်းတန်းတက်လာပါတယ်။
ကိုယ်က BIOS ကိုဝင်ချင်တဲ့ အခါမျိုးဆိုရင် ပြဿနာက စ တက်ပါတော့တယ်။
ကိုယ်သိထားတဲ့ Manufacturer ဆိုရင် လွယ်ကူစွာ နဲ့ BIOS ထဲကို ဝင်လို့ရပါတယ်။
ကိုယ့်အနေနဲ့ သိပ်ပြီး မသုံးဖူးတဲ့ Manufacturer ရဲ့ Product ဆိုရင် BIOS ထဲကို ဝင်ဖို့ အတော်လေး ကြိုးစားရပါတယ်။
ဒီတော့ ဒီလိုမျိုး မဖြစ်ရလေအောင် နှင့် ကိုယ်တိုင်လဲ မကြခဏ ကြုံတွေ့ရတဲ့ အဖြစ်မျိုးဖြစ်နေတာရယ်ကြောင့် တတ်နိုင်သမျှ BIOS Access Keys လေးတွေကို အင်တာနက်ကနေ ရှာဖွေ ပြီး တင်ပေးလိုက်ပါတယ်ဗျာ။
လိုတာလေးများ မပြည့်စုံတာလေးများရှိရင် နားလည်ပေးစေလိုပါတယ်။

Acer - Aspire, Power, Veriton, Extensa, Ferrari, TravelMate, Altos
Press Del or F2 immediately after powering on.
The BIOS on the Acer Altos 600 server uses the Ctrl+Alt+Esc key and the F1 key for       advanced options.
Older Acer computers may use also use the F1 or Ctrl+Alt+Esc keys to access BIOS.

Compaq - Presario, Prolinea, Deskpro, Systempro, Portable
Press F10 while the cursor in the top right corner of the screen is blinking.
Older Compaq computers may use the F1, F2, F10, or Del key to give access to BIOS.

Dell - XPS, Dimension, Inspiron, Latitude. OptiPlex, Precision, Vostro
Press F2 when the Dell logo appears. Press every few seconds until the message Entering Setup appears.
Older Dell desktops and laptops may instead use Ctrl+Alt+Enter or Del to enter BIOS.
Older Dell laptops may use Fn+Esc or Fn+F1.

eMachines - eMonster, eTower, eOne, S-Series, T-Series
 Press Tab or Del while the eMachine logo displays on screen.
 Other eMachine computers may use F2 to enter BIOS.

Fujitsu - LifeBook, Esprimo, Amilo, Tablet, DeskPower
Press F2 once the Fujitsu logo appears.

Gateway - DX, FX, One, GM, GT, GX, Profile, Astro
 Press the F1 key repeatedly after restarting the computer.
 Some older Gateway computers use F2 to access the BIOS Setup utility.

Hewlett-Packard (HP) - Pavilion, TouchSmart, Vectra, OmniBook, Tablet
 Press the F1, F10, or F11 key after restarting the computer.
 HP Tablet PCs may use F10 or F12.
 Other HP computers may allow access to BIOS using the F2 or Esc keys.

IBM - PC, XT, AT
 Press F1 immediately after powering on the computer.
 Older IBM computers (including some laptops) may utilize the F2 key for BIOS entry.

Lenovo (formerly IBM) - ThinkPad, IdeaPad, 3000 Series, ThinkCentre, ThinkStation
  Press F1 or F2 after powering on the computer.
  Older Lenovo products allow access to BIOS using Ctrl+Alt+F3, Ctrl+Alt+Ins, or Fn+F1.

 Micron (MPC Computers) - ClientPro, TransPort
 Press F1, F2 or Del immediately after powering on the PC.

NEC - PowerMate, Versa, W-Series
 Press F2 to enter the BIOS Setup.

Packard Bell - 8900 Series, 9000 Series, Pulsar, Platinum, EasyNote, imedia, iextreme
 Press F1, F2, or Del to enter BIOS.

Sharp - Notebook Laptops, Actius UltraLite
 Press F2 after the computer starts.
 Some very old Sharp PCs require a Setup Diagnostics Disk to access BIOS.

Shuttle - Glamor G-Series, D'vo, Prima P2-Series, Workstation, X Mini XPC, Surveillance
 Press F2 or Del on startup.

Sony - VAIO, PCG-Series, VGN-Series
 Press F1, F2 or F3 after turning on the computer.

Toshiba - Portégé, Satellite, Tecra, Equium
 Press F1 or Esc after powering on to access BIOS.
 Press F12 on a Toshiba Equium.

Toshiba Notebook [Newer models]:
 Turn on computer by Holding down power button while pressing the ESC key.
 The machine will beep, then display:
 Check System, then press [F1] key.
 Release ESC key
 Press F1 key

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Why they don't do Soil Test for Tower Erection???

ဆက်သွယ်ရေး သင်တန်းကျောင်းမှာ သင်တန်းတက်တော့…
ရေဒီယိုစခန်း BTS တခု တည်ဆောက်တော့မယ်ဆိုရင်…
လုပ်ဆောင်ရမယ့် အချက်တွေထဲမှာ… soil test လို့ခေါ်တဲ့…
မြေကြီးကို စမ်းသပ်ရတဲ့ အလုပ်တခုပါပါတယ်။
ဘာလို့ ဒီလုပ်ငန်းစဉ်ကို လုပ်ရတာလဲဆိုရင်…
Antenna နှင့် အခြားစပ်ဆက် ပစ္စည်းများ (Outdoor Unit များ ) တပ်ဆင်ဖို့အတွက် လိုအပ်သော Tower တည်ဆောက်ရန်၊ Indoor Unit များထည့်သွင်းတပ်ဆင်ရမည့် စက်မှု အဆောက်အဦး Technical Building တည်ဆောက်ရန် တို့အတွက်ပဲ ဖြစ်ပါတယ်။
ယင်း အဆောက်အဦးများတည်ဆောက်ရန် အတွက် လျာထားသော မြေနေရာများ၏ မြေသားကြံ့ခိုင်မှု အား စစ်ဆေးရန်လိုအပ်ပါတယ်။
Geologist များ Lab ခန်းမှ စစ်ဆေးရရှိလာတဲ့ Soil Test Result ပေါ်မူတည်ပြီး Tower တည်ဆောက်ရန် Foundation ကို မည်ကဲ့သို့ ပြုလုပ်သင့်တယ်၊ Technical Building တည်ဆောက်ရန် Foundation ကို မည်သို့ ပြုလုပ်သင့်တယ် ဆိုတာကို သိရပါတယ်။
ဒါပေမယ့်…ဒီလုပ်ငန်းစဉ်တွေကို ကျတော် စာမှာပဲ သင်ခဲ့ရပါတယ်…လက်တွေ့မှာ…ကျတော်တို့ မြန်မာပြည် ရဲ့ BTS တည်ဆောက်ခြင်းလုပ်ငန်းများ မှာ Soil Test ကို လုပ်တယ်ဆိုတာ မတွေ့မိသလောက်ကို ရှားပါးပါတယ်။
ဒီ Soil Test လုပ်ဖို့ကိစ္စကို ကျနော်တို့ နိုင်ငံမှာရှိတဲ့ ဆက်သွယ်ရေးပိုင်းက လူကြီးတော်တော်များများက သူတို့ အတွေ့အကြုံအရ လုပ်ဖို့ မလိုဘူးလို့ ပြောပြောပြီး ဒီလုပ်ငန်းစဉ်ကို ကျော်ခဲ့တာကို လဲ တွေ့ရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျတော် အစည်းအဝေးတခုမှာတုန်းက ကျတော်တို့ ဆီကို Hardware & Technology Support လုပ်ပေးတဲ့ နိုင်ငံခြား Company တခုက နိုင်ငံခြားသား က Soil Test လုပ်ဖို့ တိုက်တွန်းလာတာ ကို တခါကြံုဖူးပါတယ်။
အဲဒီတုန်းကလဲ ကျတော်တို့ဆီက လူကြီးက ငါ့အတွေ့အကြံု အရ ဒါကို လုပ်ဖို့ မလိုအပ်ပါဘူး။
ပြီးတော့ ငါတို့မှာ အချိန်မလုံလောက်တဲ့ ပြဿနာလည်းရှိနေပါတယ်။ ငါ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ BTS စခန်းတွေ ခုထိ ဘာမှ မဖြစ်သေးတာကို ကြည့်တာနဲ့ သိနိုင်တယ်ဆိုပြီး ပြောတာကိုလည်း ကြံုခဲ့ရပါတယ်။
အဲဒီလိုပြောလိုက်တဲ့ စကားကို နိုင်ငံခြားသားက ဘယ်လိုပြန်ပြောလဲဆိုတော့… မင်းမလုပ်ချင်လို့ မလုပ်ခဲ့တာက ကိစ္စမရှိဘူး…တကယ်လို့ မင်းဒါကို မလုပ်ပဲ ကျော်ခဲ့ပြီး လုပ်ငန်းအားလုံးပြီးမှ Tower တိုင်ကြီး အကြောင်းတခုခုကြောင့် ပြိုလဲသွားတာတို့ တိမ်းစောင်းယိုင်လဲ သွားတာတို့ ဖြစ်ရင် ဒီတာဝန်ကို ဘယ်သူယူမှာလဲ… မင်းယူနိုင်လားမေးပါတယ်။
ဒီအခါမှာလည်း… အဆိုပါ လူကြီးက ငါ တာဝန်ယူတယ်ဆိုပြီး ပြောခဲ့တာကို မှတ်မိပါသေးတယ်။
ဒီနေရာမှာ ကျတော်ပြောချင်တာကတော့… Soil Test လုပ်တဲ့ လုပ်ငန်းစဉ်ဟာ အချိန်အားဖြင့် ၊ ငွေအားဖြင့် သိပ် ပေးရတဲ့ လုပ်ငန်းမဟုတ်ပါဘူး။
မြေသားဆိုတာ အပေါ်ယံ ၄ ပေ ၅ ပေလောက် တူးကြည့်လိုက်တာနဲ့ အောက် ပေ ၄၀၊ ပေ ၅၀ လောက်မှာ ဘာတွေရှိနိုင်လဲ ခန့်မှန်းဖို့ ခက်ခဲပါတယ်။
အပေါ်ယံ မြေသားက Tower ဆောက်ဖို့ အဆင်ပြေပေမယ့်… Foundation အတွက် တူးလိုက်တော့မှ…အမှိုက်တွေထွက်လာတာတို့… အောက်မှာ ရေကြောရှိတာတို့ ဖြစ်လာနိုင်ပါတယ်။
နောက်ဆုံး… ကိုယ့် Foundation အောက်…ပေ ၄၀၊ ပေ ၅၀ လောက်မှာ Tower တိုင် ပြိုလဲ သွားနိုင်တဲ့ အချက်အလက် များရှိနေခဲ့ရင် … ပြဿနာ မဖြစ်နိုင်ပေဘူးလားဗျာ။
မြေကြီးဆိုတာ သဘာအလျောက် ငလျင်လှုပ်ရင် ဖြစ်စေ၊ တခြားအကြောင်းကြောင်းတွေကြောင့် ဖြစ်စေ အတွင်းပိုင်းမှာ ပြောင်းလဲ သွားနိုင်ပါတယ်။
ဒီအချက်တွေကို တွေးဆ ပြီး ဘာမှ အပန်းမကြီး တဲ့ Soil Test ကို မလုပ်ပဲ ကျော်လွှားပစ်တာကို ကျတော်ကတော့ သိပ်ဘဝင်မကျပါဘူး။
အဆိုးဆုံးကတော့…လူကြီးဆိုသူတွေရဲ့ အတွေ့အကြံုတွေကိုပါပဲ။ အထူးသဖြင့်… ကျတော်တို့ နိုင်ငံရဲ့ အစိုးရပိုင်းက ထွက်လာတဲ့ လူကြီးဆိုသူတွေဟာ…ပိုက်ဆံ ရဖို့လောက် ပဲ ခေါင်းထဲ ရှိတဲ့သူတွေက များပါတယ်။
Technical ပိုင်းအရ သိပ်နားမလည်ကြတာ များပါတယ်။
တကယ်လည်း နားမလည်လို့သာ…အခုလို မကျော်လွှားသင့်တဲ့ လုပ်ငန်းစဉ်ကို ကျော်ပစ်ခဲ့တာပေါ့ဗျာ။
ဒီတော့…ကျတော်လည်း… အခုလက်ရှိလုပ်နေတဲ့ GSM Project ကြီးမှာ တည်ဆောက်နေသော Tower တိုင်များ… သတ်မှတ်ထားတဲ့ အချိန်ကာလ အထိ ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)


Contract of Service ??? What is it ???

Contract of Service ဆိုတာ
တစ််စုံ တစ်ယောက်က တခြား တစ််စုံ တစ်ယောက် အတွက်
အလုပ်ရှင်အဖြစ် လုပ်မယ် သို့မဟုတ်
တစ်စုံတစ်ယောက်က တခြား တစ််စုံ တစ်ယောက် အတွက် အလုပ်သမား လုပ်မယ် စသည်ဖြင့်
သဘောတူညီမှု ယူထားတာကို နှုတ်နဲ့ဖြစ်စေ...စာနဲ့ဖြစ်စေ... ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

အလုပ်သင် ဝန်ထမ်း အဖြစ် ခန့်အပ်တဲ့ စာချုပ်မျိုးကို လည်း Contract of Service ထဲမှာ ထည့်သွင်း နိုင်ပါတယ်။


တနည်းအားဖြင့် Contract of service တစ်ခုကို Appointment / Employment letter အနေနဲ့ လည်း မြင်ကြည့်လို့ ရပါတယ်။


Contract of service မှာ ပါတဲ့ အချက်အလက် များကို သဘောတူယူထားတဲ့ အလုပ်သမား ရဲ့ ခွင့် ပြုချက်

မပါပဲ နဲ့ အလုပ်ရှင်ဖက်မှ ပြောင်းလဲခွင့် မရှိပါဘူး။

Contract of service တခုမှာ ပါဝင်တဲ့ Terms & Conditions တွေဟာ အလုပ်သမား တွေ အတွက် ချမှတ်ထားသော အလုပ်သမား

ရပိုင်ခွင့် ဥပဒေမှာ ပါတဲ့ အချက် တွေထက် လျော့နည်းမနေရပါဘူး။ လျော့နည်းနေတယ်ဆိုရင် ဒါဟာ ဥပဒေ အရ အပြစ်ရှိပါတယ်။

သို့ပေမယ့် အစမ်းခန့်ကာလ အတွင်းမှာတော့ လျော့နည်းပိုင်ခွင့်ရှိပါတယ်။


Contract of service တခု အနေဖြင့် မဖြစ်မနေ ထည့်သွင်းချုပ်ဆိုရမယ့် အချက်တွေကတော့...

    Commencement of employment; ( အလုပ်စဆင်း တဲ့ နေ့စွဲ )
    Appointment – job title and job scope; ( ရာထူးနှင့် လုပ်ငန်းတာဝန်)
    Hours of work; ( အလုပ်လုပ်ချိန် - ရုံးတက်ချိန် နှင့် ရုံးဆင်းချိန် )
    Probation period, (အစမ်းခန့် ကာလ ကြာချိန်)
    Remuneration; ( အလုပ်သမား ဖက်က ရနိုင်ခွင့် ရှိသော အခကြေးငွေ)
    Employee's benefits (e.g. sick leave, annual leave, maternity leave); ( အလုပ်သမား ခံစားခွင့်များ)
    Termination of contract – notice period; ( အလုပ်ထွက်/ဖြုတ် လျှင် အလုပ်ရှင်/အလုပ်သမား မှ အသိပေးရမည့် အချိန်ကာလ) နှင့်
    Code of conduct (e.g. punctuality, no fighting at work). (လုပ်ငန်းခွင်တွင်း စည်းကမ်းများ နှင့် အပြစ်ပေးပုံများ)

စသည့် အချက် များ မဖြစ်မနေ ပါဝင်သင့် ပါတယ်။


ဒါတွေကို တကယ်နားလည်တတ်ကျွမ်းတဲ့ Human Resource & Administration Manager တွေက ကောင်းစွာ သိပါတယ်။ သိတဲ့ အတိုင်းလဲ... လုပ်ဆောင်ကြပါတယ်။


သို့ပေမယ့်... ကျွန်တော် လုပ်ခဲ့ဖူးတဲ့ Company တခုမှာတော့ ဒါမျိုးကို နားမလည်တာလား...

နားလည်ရက်နဲ့ မသိချင်ယောင်ဆောင်နေ တာလား မသိရတဲ့ HR manager ကို တွေ့ဖူးပါတယ်။
ထို့ အပြင် Contract of service ကို အမျိုးမျိုး ပြင်ဆင် တတ်တဲ့ သူတွေကို လည်း မြင်ခဲ့ရပါတယ်။
သူတို့က အလုပ်သမားဥပဒေနဲ့ လုပ်ရိုးလုပ်စဉ် တွေကို ချိုးဖောက်နေတာတောင် အလုပ်သမားတွေကို ဖြဲခြောက် တာမျိုးကိုလည်း မြင်ဖူး ကြုံ ဖူးခဲ့ပါတယ်။

ဒီတော့ အခု ကျွန်တော် ပြောတဲ့ အချက် တွေကို နောင်လုပ်ငန်း ခွင်ဝင်မယ့် သူတွေ... မသိသေးတဲ့သူတွေ သိသွားအောင်

အတိုဆုံး ရေးပြထားတာပါ။

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable, pass it on then)


Service Provider...Vendor...and Trader

- Service Provider (known as Operator) is not a Equipment Manufacturer.
- The Service Provider has a license to operate in a geographical boundary (state/division/country).
- It busy equipment from OEM Suppliers these we known as Vendors.
- Service Provider do Installs & Commissions the equimpent thus making it's own Network.
- And Provides the desired service to it's subscribers.

- Vendor is a Equipment Manufacturer.
- It supplies Product, Consultancy and Trainings.
- Service provider has the option of taking the Consultancy and Training.

In here, I wanna says " Service Provider is MPT and Vendors are Huawei & ZTE."
How to call " Elite Tech " ????
May be "Trader " I think. :P :P :P

- Trader do trading between Vendors and Service Provider.
- It doesn't do Installs & Commissions like Service Provider.
- And Consultancy & Training like Vendors.

Shall we work for Service Provider or Vendors???
Or Trader ???
NO !!!
I already decided that I won't work for Trader. Never again !!!

This post is intends to my friends who working for Trading Company (most of my friends known as Big company and best in Myanmar)  that I've been work for over two years. But nothing was improved. :)

ပျော်ရွှင်ပါစေ။
(Be Knowledgeable, pass it on then)



How to backup windows activation keys?


အခုနောက်ပိုင်း PC/Laptop တော်တော်များများမှာ License Windows တွေကို ထည့်သွင်းရောင်းချလာပါတယ်။
ဒီတော့...ကိုယ့်စိတ်ကြိုက် Windows ကို တင်လိုက်ပြန်ချလိုက် လုပ်တဲ့ အခါ... ပြဿနာက Activation လုပ်ရတာပါပဲ။ Recovery ပြန်လုပ်မယ်ဆိုရင် ကိုယ်လုပ်ထားတဲ့ အခြေအနေလေးတွေ ပျောက်ကုန်မယ်ဆိုတော့...
အဆင်မပြေပါဘူး။
ဒီအတွက် Windows Reinstall လုပ်တိုင်း Activation ပြန်လုပ်နေရတဲ့ ဒုက္ခကနေ ကင်းဝေးသွားအောင်...
Advanced Token Manager ဆိုတဲ့ Windows Activation ကို Backup လုပ်ပေးတဲ့ software လေး နဲ့ မိတ်ဆက်ချင်ပါတယ်။
ဒီနေရာ မှာ Download လုပ်နိုင်ပါတယ်။
Freeware ဖြစ်လို့ ပိုက်ဆံ ပေးဖို့မလိုပါဘူး။ Office Application အပါအဝင် Windows 7 Version အကုန်လုံးကို Backup လုပ်နိုင်တယ်လို့ ဆိုပါတယ်။
အသုံးပြုပုံကိုတော့ ဒီမှာ ရှင်းပြထားပါတယ်။

ပျော်ရွှင်ပါစေ။
(Be Knowledgeable, pass it on then)