ဒီနေရာလေးကိုသွားလည်ကြပါ....

Blogger များလက်ဆင့်ကမ်းပေးပါဆိုလို့
လက်ဆင့်ကမ်းပေးလိုက်ပါတယ်.....
သူငယ်ချင်းတို့ဒီ blog လေးဆီကိုသွားပြီး
ကူညီကြပါစို့နော်

YOU CAN ACHIEVE THE UNACHIEVABLE


Firstly, you need to aim beyond what you are capable of.You must develop a complete disregard for where your abilities end. Try to do things you are incapable of. Make your vision of where you want to be a reality.
NOTHING IS IMPOSSIBLE.

REF:It's not how good you are,it's how good you want to be.
(The world's best-selling book by PAUL ARDEN)

လူတိုင်းမှာ ရည်မှန်းချက်တွေရှိကြပါတယ်။
တချို့တွေမှာ ထင်ရှားတဲ့ရည်မှန်းချက်ရှိတယ်။
တချို့တွေကတော့ မယုံမရဲခပ်ဝါးဝါးပေါ့။
ဘယ်လိုပဲဖြစ်နေပါစေ ကိုယ့်ရည်မှန်းချက်ကို ရကိုရ,ရမယ်ဆိုတဲ့ယုံကြည်ချက် မွေးပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ တစိုက်မတ်မတ်ကြိုးစားရင် တစ်နေ့မှာဖြစ်ကိုဖြစ်လာမှာပါ။ ကိုယ်ဘာလိုချင်သလဲဆိုတာသိဖို့တော့အရေးကြီးပါတယ်။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ်တကယ်လိုချင်တာ ဖြစ်ပါစေ။ ရမယ်လို့ယုံကြည်ပြီး တကယ်ကြိုးစားရင် ရကိုရမှာပါ။
ဘယ်ကစရမလဲ မသိဘူးဆိုပြီးစိတ်မပျက်ပါနဲ့။ တကယ်ဖြစ်ချင်တဲ့စိတ်နဲ့ ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်မွေးပြီး
အမြဲမျက်စိဖွင့်၊ နားစွင့်ထားရင် အခွင့်အရေးတွေ တွေ့လာမှာပါ။ ရောက်နေတဲ့နေရာကနေသာ စထားပါ။
စမိပြီဆိုတာနဲ့ ပန်းတိုင်နဲ့ ပိုနီးလာပါပြီ။

Portal-electronics ဒီလို ` စ ´ခဲ့တယ်

အချိန်နှင့်နေရာ - ၂၀၀၆ ခုနှစ် ဇူလိုင်လ၊ မှော်ဘီအစိုးရနည်းပညာကောလိပ်
အဓိကဘာသာရပ်နှင့်စာသင်နှစ် - Electronic & Communication Engineering၊ နောက်ဆုံးနှစ်
`ကဲသူငယ်ချင်းတို့ ငါတို့တွေ ဒီတစ်ခါ စာမေးပွဲဖြေပြီးရင် ခွဲကြရတော့မယ် နောက်ဆိုရင်ဒီလို
တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ မလွယ်တော့ဘူး။´
`ဒါဆို ငါတို့ Address Book လုပ်ကြမယ် လေ။´
`Address Book ကတော့လုပ်မယ် ဒါပေမယ့် ငါတို့ဖြစ်ချင်သလို တစ်ယောက်ကို တစ်ယောက်
တွေ့ ဖို့ဆိုတာ မလွယ်သေးဘူး။ ´
`ဘာဖြစ်လို့လဲကွ ´
`ဒီလိုလေကွာ Address Book ကလိပ်စာတွေအတိုင်း နောင်တစ်ချိန် တို့သူငယ်ချင်းတွေက
ရှိနေချင်မှရှိမှာလေကွာ´
`အဲ့ဒီတော့ဘယ်လိုလုပ်မယ်လို့စိတ်ကူးထားကြလဲ ´
`ငါတော့ သူငယ်ချင်းတွေ အားလုံးကို email(gmail) account တစ်ခုစီလုပ်ပေးချင်တယ်ကွာ´
`ဒါဆို ငါတို့သူငယ်ချင်းတွေ ဘယ်နေရာပဲရောက်ရောက် online မှာ တွေ့နိုင်တယ်´
`အေးဒါဆို သူငယ်ချင်းအားလုံးအတွက် email (gmail) account တစ်ခုစီလုပ်ပေးပြီး
Address Book မှာထည့်ပေးလို်က်တာပေါ့´
`ငါကတော့ email အပြင် သူငယ်ချင်းတွေ ရေးချင်တာရေးလို့ရနိုင် တဲ့ social network
ဖြစ်ဖြစ်၊ free ရတဲ့ website ဖြစ်ဖြစ်၊ blog ဖြစ်ဖြစ် လုပ်ပေးချင်သေးတယ်ကွာ´
`အေးလေ လုပ်ကြတာပေါ့ တစ်ယောက်တစ်မျိုးစီလုပ်ကြည့်ကြတာပေါ့ ´
…………………………………………………………………………………………..
`ကဲအားလုံးလုပ်ထားကြတဲ့ social network တွေ၊ blog တွေက တော့ကောင်းတယ်
ဒါပေမယ့် gmail account ရှိတာနဲ့ သုံးလို့ရတဲ့ blogger ကို သုံးဖို့ ဆုံးဖြတ်လိုက်ပြီ။´
`Blog ရဲ့ နာမည်ကတော့ Portal-electronics လို့ပေးထားတယ် ´
`သူငယ်ချင်းတွေအားလုံးရေးချင်တာကိုရေးလို့ရတယ်….´
`ငါကတော့ ကျောင်းပြီးလို့ ရှိရင် သူငယ်ချင်းတွေအတွက် အလုပ်ခေါ်တဲ့ကြော်ငြာတွေ
ကိုဦးစားပေး ရေးမယ်ကွာ´
`အေးရေးချင်တာရေး ဒါပေမယ့် နိုင်ငံရေး နဲ့ ပတ်သက်တာ တွေကိုတော့ ရေးဖို့ လုံးဝ ခွင့်မပြုဘူးနော် ´
`အေးပါကွာ´
(ဒီလိုနဲ့ ၂၀၀၆ ခုနှစ် သြဂုတ် လ ၂၆ ရက်နေ့ က စပြီး Portal-enics မွေးဖွားလာခဲ့တာ ခုဆိုရင်
တစ်နှစ် ပင်ပြည့်ခဲ့ပါပြီ။
………………………….
Address Book လုပ်ဖြစ်အောင်အကြံပေးတိုက်တွန်းပေးခဲ့သော ကိုခြူးမင်း…..
Gmail account တစ်ခုရဖို့ခက်ခဲတဲ့ အချိန်မှာ ၉၅ ယောက်သော သူငယ်ချင်းတွေအတွက်
အချိန်ကုန်ခံပြီးလုပ်ပေးခဲ့ကြသောအချစ်ဆုံး သူငယ်ချင်းများဖြစ်ကြတဲ့
စာအရမ်းတော်တဲ့ ဇွဲဟိန်း
သူ့ကိုယ်သူ ရီဝေယံလို့ ပြောတတ်တဲ့ ညိုချော
အရမ်းချစ်ဖို့ခင်ဖို့ကောင်းတဲ့ ကိုကျော်ဇော
Portal-enics ကို နာမည်ရော Blog ကိုပါဖန်တီးပေးတဲ့ ကျော်လင်း
Portal-enics ဆိုတဲ့ Blog ရယ်၊ enics ဆိုတဲ့ သင်္ကေတလေးပါတဲ့ gmail account ပေါင်းများစွာ
ကို ထင်သလိုလုပ် ခွင့်ရအောင် ကူညီပေးတဲ့ Hypernet Internet Center ပိုင်ရှင်
သူငယ်ချင်း ညိုချော (ခ) ဇော်မောင်မောင်
လိုချင်တာတွေအားလုံးကို အကောင်အထည်ပေါ်အောင် လုပ်ပေး တဲ့ ရဲဝင်းကျော်
Portal-enics ဆီကိုလာလည်ကြတဲ့သူငယ်ချင်းအားလုံး….အထူးသဖြင့်မလေးမ
……….
သူတို့အားလုံးကို Portal-enics ရဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်မှာ ဒီ post လေးရေးပြီး
ကျေးဇူးအထူးတင် ပါကြောင်း……။)

အကြိုက်ဆုံးPost

Sparrow ကို မလေးမ က Tag ထားတာကြာပါပြီ.....အလုပ်ရှုပ်နေလို့မရေးဖြစ်တာပါ။
Lenten Memories ကို အကြိုက်ဆုံးပါပဲဗျာ....
၀ါတွင်းကာလ မှာဗုဒ္ဓဘာသာ တွေရဲ့ မွန်မြတ်တဲ့အလုပ်တွေကိုဂုဏ်ယူဝင့်ကြွားစွာနဲ့ရေးထားတာပါ။

သိစေချင်ပါသည်.......

ရန်ကုန်မှာ လိုင်းကားခတွေ စျေးတက်ကုန်ပြီလို့သိတာ လေးရက်လောက်တော့ရှိပါပြီ။
ကိုယ်တိုင် မကြုံသေး သဖြင့် သိပ်သတိမထားမိ ၊ ဂရုမစိုက်မိပါ။
မနေ့ကအလုပ်ကိစ္စဖြင့် ပန်းဆိုးတန်းသို့ သွားရသော အခါ ယခင် `၅၀ ကျပ်´ သာပေးရသည့်
ခရီးကို `၁၅၀ ကျပ် ´ပေးလိုက်ရပါသည်။ထိုအခါမှပင် လိုင်းကားခတွေဘာလို့ ဒိလောက်တောင်
စျေးတက်သွားရပါလိမ့်ဆို ပြီး စုံစမ်းမိပါသည်။ ကျွန်တော်တို့မြန်မာနိူင်ငံတွင်အလွန်ပင်ပေါပါသည်ဟုဆိုသော
သဘာဝဓာတ်ငွေ့များစျေးတက်သွား၍ဟူသတတ်.........။
ထိုသဘာဝဓာတ်ငွေ့ သုံးမော်တော်ကားများကြောင့်ပင် ရန်ကုန်နှင့်မှော်ဘီ ကျောင်းသွားကျောင်းပြန်တနေ့လျှင်
`၆၀ ကျပ်´အစား `၃၀၀ကျပ်´ ပေးရသည့်အဖြစ်ကိုကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရပါသည်။
ယခုတဖန်ကျွန်တော့်ထက်ကံဆိုးရှာသော ညီငယ်၊ညီမငယ် များသည် ကျောင်းသွားကျောင်းပြန်တနေ့လျှင်
`၈၀၀ ကျပ်´ မှ `၁၀၀၀ ကျပ်´ ၀န်းကျင်တွင်ကုန်ကျနေသည်မှာစိတ်မကောင်းစရာပါ။
ထိုမျှလောက်သော ငွေပမာဏ ကို နေ့တိုင်းပေးနိုင်ရန်ကြိုးစားနေရသောမိဘများအတွက်လည်းရင်မောစရာပါ။
ထို့ထက်ပိုဆိုးသည်မှာလိုင်းကားနှစ်ဆင့်၊သုံးဆင့်စီးပြီးမှလုပ်ငန်းခွင်သို့လာကြရသော
နေ့စားအလုပ်သမားများ နှင့် လခစား အလုပ်သမားများပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ အလုပ်သမား အများစု ၏ဝင်ငွေမှာပျမ်းမျှ တနေ့လျှင် အများဆုံး`၂၀၀၀ ကျပ် ´ ၀န်းကျင်တွင်သာရှိရာ
ရှာလို့ရသမျှသည် အိမ်ကို်ပြန်ပါလာဖို့ပင်မလွယ်တော့ပါ။
ဒီလိုပုံစံဖြင့်သာ ဆက်လက်သွားမည်ဆိုှလျှင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ဘဝသည်နွမ်းပါးသည်ထက်နွမ်းပါးဖို့သာရှိတော့သည်။
ထို့ကြောင့်ပင် လိုင်းကားခ များကိုထိထိရောက်ရောက်ထိန်းချုပ်နိုင်လျှင်သော်လည်းကောင်း ၊ ကုန်စျေးနှုန်းကို တသမတ်
တည်းဖြစ်အောင်ထိန်းချုပ်နိုင်လျှင်သော်လည်းကောင်း ၊ အလုပ်သမားများ၏ဝင်ငွေကိုတိုးစေခြင်းဖြင့်သော်လည်းကောင်း
ပြုလုပ်ပေးနိုင်ပါက အင်မတန်မှကောင်းမွန်ပေလိမ့်မည်ဟုထင်မြင်မိပါသည်။

အကာအကွယ်တွေဒီမှာရပါတယ်

Virus တွေအကြောင်းသိသွားလို့ကြောက်သွားပြီလားသူငယ်ချင်း…?။
ဒါဆိုရင်တော့မကြောက်နဲ့သူငယ်ချင်း…………………………………….
Virus တွေကိုအပြတ်ချေမှုန်းနေတဲ့ အဖွဲ့အစည်းတွေရဲ့လိပ်စာတွေကို
သူငယ်ချင်းအတွက် လက်ဆောင်ပေးလိုက်ပါတယ်နော်….
ရော့………ယူလိုက်
www.bitdefender.com
www.kaspersky.com
www.f-secure.com
www.trendmicro.com
www.eset.com
www.mcafee.com or www.softpedia.com
www.symantec.com
www.free.grisoft.com
www.ca.com
www.norman.com
www.antiviruslab.com
www.avast.com
www.pandasoftware.com
www.f-prot.com
www.pctools.com
www.microsoft.com
ဒါတွေကတော့ Virus တွေအတွက်နော်..ထိပ်ဆုံးကတော့ အကောင်းဆုံးပေါ့။
တချို့ program တွေကို free ပေးတယ်။ တချို့ ကိုတော့ ၀ယ်ရလိမ့်မယ်။
Internet သုံးတဲ့သူဆိုတော့ Spyware တွေကလည်း ဒုက္ခပေးတတ်လွန်းလို့
ဒီလိပ်စာလေးတွေလည်းမှတ်ထားအုံးနော်…….
www.webroot.com/tools
www.counterspy.com
www.trendmicro.com/anti-spyware

Source:Computer Journal (March 2007/No. 157)

ကျွန်တော်သိသောComputer Virus များအကြောင်း

လွန်ခဲ့သော ၆ လ ခန့်က သူငယ်ချင်းတစ်ယောက်ဖွင့်ထားတဲ့
Cyber cafe မှာကျွန်တော်တို့သူငယ်ချင်းတစ်စုMP3 player
တစ်ခုကနေပါလာတဲ့ virus တစ်မျိုးနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။
Internet နဲ့ ချိတ်ဆက်ထားတဲ့ computer ထဲကိုရောက်သွားတဲ့
အဲဒီ့ virus ဟာ အတွေ့အကြုံမရှိသေးတဲ့ကျွန်တော်တို့ကိုပညာ
တြွေပလိုက်တာ ဆိုင်ကိုလာတဲ့ customer ကိုတောင်တောင်းပန်
ပြီးပြန်လွှတ်ရတဲ့အထိဖြစ်သွားရပါတယ်။
သုံးနာရီလောက်ကြိုးစားအားထုတ်လိုက်တော့မှပဲအလယ်အလတ်
အဆင့်လောက်သာ computer ကိုဒုက္ခပေးနူိင်တဲ့ ထို virus ကို
ရှင်းထုတ်လို့ရသွားပါတယ်။Virus လေးရဲ့နာမည်လေးက တော့
Worm တစ်မျိုးဖြစ်တဲ့ W32 ပါတဲ့လေ။
အဲဒီလိုဖြစ်ပြီးနောက်မှာတော့…..ကျွန်တော်တို့လိုအတွေ့အကြုံမရှိသေး
တဲ့သူငယ်ချင်းတွေဒါမျိုးမဖြစ်ရအောင်………..
Virus နဲ့ပတ်သက်တဲ့ Data တွေစုစည်းပြီး Blog ပေါ်တင်မယ်ဆိုပြီး
မေ့နေခဲ့ပါတယ်။ဒီလိုနဲ့ပဲသူငယ်ချင်းရဲ့ Cyber cafe တစ်နှစ်ပြည့်တဲ့နေ့
ကိုရောက်လို့ သူ့computer ထဲကို antivirus programအသစ် တစ်ခု install လုပ်ပေး
နေရင်းနဲ့မြှပန်သတိရလာပါတယ်။
ကဲ…. IT နယ်ပယ်မှာကြုံတွေ့နေရတဲ့၊ကြုံတွေ့လာနူိင်တဲ့အဖျက် Programတွေ၊
software တွေကတော့ဒီလိုပါတဲ့ဗျာ……………………..

Rootkits
ပုံစံအမျိုးအစား - လည်ပတ်နေသောလုပ်ငန်းစဉ်ဖြစ်စေ files များကို
ဖြစ်စေ၊system data များကိုဖြစ်စေ ထထကြြွကွမလုပ်နူိင်စေရန်ဖုံးအုပ်
ပေးထားရေးအတွက်တီထွင်ထားသော software တစ်ခုပါ။
အန္တယ်ရာယ်အဆင့် - မြင့်မား
ကြုံတွေ့နူိင်သည့်အနေအထား - အသင့်အတင့်
အဓိကပစ်မှတ် - Windows အသုံးပြုသူများ
Ransomware
ပုံစံအမျိုးအစား - တောင်းဆိုသည့်ပိုက်ဆံမပေးမပေးချင်းမိမိ၏ files များကို
ပြန်ပေးဆွဲထားသကဲ့သို့ data များအားဓားစာခံအဖြစ်ပြုလုပ်ထားနူိင်သည့်
software ဖြစ်သည်။
အန္တယ်ရာယ်အဆင့် - အသင့်အတင့်
ကြုံတွေ့နူိင်သည့်အနေအထား - နည်းပါး
အဓိကပစ်မှတ် - Windows အသုံးပြုသူများ
Phishing
ပုံစံအမျိုးအစား - မိမိနှင့်ဆက်နွှယ်နေသည့်ဘဏ်တစ်ခုခု သို့မဟုတ်
online auction တစ်ခုခု သို့မဟုတ် shopping site တစ်ခုဖြစ်နေစေမည့် website တစ်ခုပေါ်လာလိမ့်မည်။၎င်းသည်အတုဖြစ်သည်။၎င်းမှမိမိ၏တန်ဖိုးရှိသော
ကိုယ်ရေးအချက်အလက်များ data များကိုငါးစာဖြင့်မျှားယူသည့်ပုံစံအတိုင်း လှုံ့ဆော်တောင်းဆိုလာတတ်သည်။
အန္တယ်ရာယ်အဆင့် - မြင့်မား
ကြုံတွေ့နူိင်မည့်အနေအထား - မြင့်မား
အဓိကပစ်မှတ် - အင်တာနက်အသုံးပြုသူတိုင်း
Human fallibility
ပုံစံအမျိုးအစား - social engineering ပုံစံတစ်ခုကဲ့သို့ links များ သို့မဟုတ်
တစ်ဦးဦးထံမှ အီးမေးလ်များ သို့မဟုတ် ယုံကြည်လောက်သည့် site တစ်ခု၏အသွင်အပြင် လက္ခဏာမျိုးကိုဖန်တီးထားသည်။အမှန်တကယ်မှာ
၎င်းသည် clone ပြုလုပ်ထားခြင်း သို့မဟုတ် supplementary links များ ထည့်ထားခြင်းများ ရှိနေသည်။
အန္တယ်ရာယ်အဆင့် - မြင့်မား
ကြုံတွေ့နူိင်သည့်အနေအထား - မြင့်မား
အဓိကပစ်မှတ် - အင်တာနက်အသုံးပြုသူအားလုံး
Mobile viruses
ပုံစံအမျိုးအစား - သာမန်အားဖြင့် Bluetooth မှတဆင့်တယ်လီဖုန်းများက
တိုက်ခိုက်ယူ၍ရံဖန်ရံခါ SMS မှတဆင့်တိုက်ခိုက်ယူသောအဘိဇ္ဈာ software တစ်ခုဖြစ်သည်။၎င်းသည် OS ကိုဖျက်ဆီးမှုပြူတတ်၍ mobile phone များကိုသုံးမရသည့် အခြေအနေ မျိုးအထိဖြစ်သွားစေသည်။
အန္တယ်ရာယ်အဆင့် - အသင့်အတင့်
ကြုံတွေ့နူိင်သည့်အနေအထား - အတော်အသင့်
အဓိကပစ်မှတ် - mobile phone အသုံးပြုသူများနှင့် smart phone အသုံးပြုသူများ
Keylogger
ပုံစံအမျိုးအစား - မိမိ computer အတွင်းလျှို့ဝှက်စွာ install လုပ်ယူလိုက်ပြီး
logs လုပ်ယူသည်။ထို့နောက် စာလုံးရိုက်သွင်းပြုစုထားသမျှ အကြောင်းအရာ
အားလုံးကို ဖန်တီးသူထံ ပို့ပေးသည်။အဓိကမှာ မိမိ online banking စနစ်သုံး password များနှင့် credit card ၏အသေးစိတ်မှတ်တမ်းများကိုရယူ
သွားတတ်သည်။
အန္တယ်ရာယ်အဆင့် - မြင့်မား
ကြုံတွေ့နူိင်သည့်အနေအထား - အသင့်အတင့်
အဓိကပစ်မှတ် - Windows အသုံးပြုသူများ
Botnet
ပုံစံအမျိုးအစား - Click တစ်ချက်နှိပ်ရုံမျြှဖင့် spam များ ပွားများလာခြင်း သို့မဟုတ် အင်တာနက် ပေါ်ရှိ computer များ၊ ကွန်ရက်ခိျတ်ဆက်ထား
သော server များအားလုံးကို နှောင့်ယှက်ဖျက်စီးခြင်း ၀င်ရောက်ဖတ်ရှုခြင်းများပြုလုပ်နူိင်သော software ဖြစ်သည်။
အန္တယ်ရာယ်အဆင့် - မြင့်မား
ကြုံတွေ့နူိင်သောအနေအထား - မြင့်မား
အဓိကပစ်မှတ် - Windows အသုံးပြုသူများအားလုံး
DNS attacks
ပုံစံအမျိုးအစား - Domain name system ကိုတိုက်ခိုက်သောအန္တယ်ရာယ်ဖြစ်သည်။မိမိ၏ ISP(internet service provider) သို့မဟုတ် ကုမ္ပဏီ server သည် scan website တစ်ခု၏ အသုံးချခံခြင်းဖြစ်သွားစေသည်။
အန္တယ်ရာယ်အဆင့် - မြင့်မား
ကြုံတွေ့နူိင်မည့်အနေအထား - မြင့်မား
အဓိကပစ်မှတ် - စီးပွားရေးလုပ်ငန်းများ
Passport Malware
ပုံစံအမျိုးအစား - Passport တွင်ဖြစ်စေ၊ ယာဉ်မောင်းလိုင်စင်တွင်ဖြစ်စေ
computer chips အသေးစားလေးများမြှုပ်နှံ၍ ကိုယ်ရေးအချက်အလက်များ
ကို သိမ်းဆည်း သိုမှီးထားခိုင်းတတ်သည်ကို ၀င်ရောက်အနှောင့်အယှက်ပေးနူိင်သော software ဖြစ်သည်။
အန္တရာယ်အဆင့် - အသင့်အတင့်
ကြုံတွေ့နူိင်သည့်အနေအထား - နည်းပါး
ပစ်မှတ် - စားသောက်ကုန် ၀ယ်ယူအသုံးပြုသူများ
All-platform Treats
ပုံစံအမျိုးအစား - Windows အပြင်အခြား operating system များဖြစ်သော Mac နှင့် Linux ထံသို့ပင်တိုက်ခိုက်လာသော software ဖြစ်သည်။
အန္တယ်ရာယ်အဆင့် - မြင့်မား
ကြုံတွေ့နိုင်သောအနေအထား - နည်းပါး
အဓိကပစ်မှတ် - Windows,Mac,Linux အသုံးပြုသူအားလုံး

ကဲသူငယ်ချင်းတို့ရေ Sparrowကတော့ဒီလောက်ပဲသိသေးတယ်နော်…………
သူငယ်ချင်းတို့သိထားတာလေးတွေရှိရင်လည်း ပြန်ပြောပြအုံးနော်။
Soruce:Computer Journal (March 2007)

မဖြေနူိင်ခဲ့သောမေးခွန်းနှစ်ခု……………..

(၁၉၉၈ ခုနှစ်နောက်ပိုင်းတွင်ရန်ကုန်နည်းပညာတက္ကသိုလ်၊
မန္တလေးနည်းပညာတက္ကသိုလ်များသို့တက်ရောက်ချင်ပါသော်လည်း
ကျောင်းဝင်ခွင့်မပေးတော့သဖြင့်အစိုးရနည်းပညာကောလိပ်(GTC)နှင့်
သာကျေနပ်ခဲ့ရသောကျောင်းသားများ၏ရင်ထဲတွင်ဒီမေးခွန်းလေးနှစ်ခု
ရှိခဲ့ဖူးပါတယ်……………………။
ကောလိပ်နှင့်တက္ကသိုလ်ဘာကွာခြားသနည်း…..?။
ကောလိပ်နှင့်တက္ကသိုလ်တွင်မည်သည့်ခြားနားချက်ရှိပါသနည်း…..?။)
ကောလိပ်နှင့်တက္ကသိုလ်များတွင် ဘုံတူညီချက်များစွာရှိသည်။
နှစ်မျိုးစလုံးက ကမ္ဘာကြိီးကိုကောင်းစွာနားလည်စေပြီိး ကမ္ဘာ့အတိတ်သမိုင်းကိုလည်းသိရှိစေသည်။နှစ်မျိုးစလုံးက အဆင့်မြင့်ဝိဇ္ဇာ၊
သိပ္ပံပညာရပ်များကိုသင်ကြားပေးသည်။လူငယ်များအနာဂတ်ဘဝရှင်သန်ရပ်တည်
ရေးအတွက်လိုအပ်သည်များကို ကူညီပြင်ဆင်ပေးသည်။
ကောလိပ်တွင်ဖြစ်စေ၊ တက္ကသိုလ်တွင်ဖြစ်စေ လေးနှစ်ကြာ ပညာသင်ယူမှုပြီးဆုံးသောကျောင်းသားများသည် ဘွဲ့ရရှိကြသည်။
ဤတွင် ကွာခြားချက်တစ်ခုမှာ ကောလိပ်များတွင် မဟာဘွဲ့ အတွက်ဆက်လက်
သင်ယူနူိင်မှု မရှိခြင်းပင်ဖြစ်သည်။(အစိုးရနည်းပညာကောလိပ်(မှော်ဘီ)တွင်
မဟာဘွဲ့အတွက်ဆက်လက်ပညာသင်ယူနေသောSeniorကြီးများကို
ကျွန်တော်တွေ့ခဲ့ဖူးပါသည်။ယခုတော့နည်းပညာတက္ကသိုလ်(မှော်ဘီ)ရယ်လို့
ဖြစ်နေပါပြီ။)
တက္ကသိုလ်များမှာ ယေဘုယျအားဖြင့် ကောလိပ်များထက် ပိုမိုကြီးမားပြီး ဘဲွ့မျိုးစုံ
အတွက်သင်ကြားပေးနူိင်ကြသည်။သုတေသနများစွာကိုလည်း ဆောင်ရွက်နူိင်ကြသည်။
ယနေ့ခေတ်မီ တက္ကသိုလ်ကြီးများမှာ အလယ်ခေတ် ဥရောပတက္ကသိုလ်ကြီးများကို
ပုံတူယူပြီး ဖြစ်ထွန်းခဲ့ကြခြင်းဖြစ်သည်။
တက္ကသိုလ်ဟူသော အင်္ဂလိပ် ဝေါဟာရ university မှာလက်တင်ဘာသာ universitas မှ မွေးစားယူခဲ့ခြင်းဖြစ်သည်။အဓိပ္ပာယ်မှာ `ရည်ရွယ်ချက်တစ်ခုအတွက်
လူတစ်စု စုရုံးကြခြင်း´ ဖြစ်သည်။
ကောလိပ် college မှာလည်း လက်တင်ဘာသာ collegium မှပင် လာခဲ့သည်။
အင်္ဂလန်တွင် ကောလိပ်များကို ကျောင်းသားများ စာသင်ရန်နှင့်နေထိုင်နူိင်ရန် တည်ဆောက်ထားခဲ့ကြသည်။ကျောင်းသား အုပ်စု တစ်အုပ်စုသည် တူညီသော
အကြောင်းအရာ တစ်ခုကို လေ့လာခဲ့ကြသည်။ထို့ကြောင့် ကောလိပ်အဓိပ္ပာယ်မှာ
`လေ့လာရန်နေရာ´ ဟူ၍ဖြစ်လာခဲ့သည်။
ကောလိပ်တစ်ခုသည် တက္ကသိုလ်တစ်ခု၏အစိတ်အပိုင်းလည်းဖြစ်နူိင်သည်။ကနဦး
အမေရိကန်တက္ကသိုလ်များသည် သင်ကြားပေးသောဘာသာရပ်များအလိုက် နေရာများခဲွထားပြီး နေရာတစ်ခုစီကို ကောလိပ်ဟု ခေါ်ခဲ့ကြသည်။ယနေ့တိုင် ယင်းကဲ့သို့ခေါ်နေဆဲဖြစ်သည်။အဆင့်မြင့်ပညာရပ်များကို သင်ကြားပေးသော
အစီအစဉ်များ၊ သင်တန်းဖွင့်လှစ်ပေးသော နေရာများကို school (ကျောင်း) ဟုလည်းခေါ်ကြသည်။ဥပမာအားဖြင့် တက်ဆန်(အမေရိကန်)တွင် ဖွင့်လှစ်ထားသော အာရီဇိုးနားတက္ကသိုလ်တွင် ကောလိပ်ပေါင်း ၁၈ ခုနှင့် ကျောင်းပေါင်း ၁၀ ကျောင်း ပါ၀င်ဖွဲ့ စည်းထားသည်။
ယင်းတို့တွင် ဆေးဝါးပညာကောလိပ် ၊ ပညာရေးကောလိပ် ၊ အင်ဂျင်နီယာကောလိပ် ၊ ဥပဒေကောလိပ် နှင့်အတူ ဗိသုကာကျောင်း ၊ အကသင်တန်းကျောင်း နှင့်ပြည်သူ့ ရေးရာစီမံခန့်ခဲွမှုကျောင်း တို့ပါ၀င်ကြသည်။
ယေဘုယျအားဖြင့် အဆင့်မြင့်ပညာရပ်များကို သင်ကြားပေးလျှင် ကောလိပ်ဟုသာ
ခေါ်ဝေါ်သည်။
Reference: လင်းရောင်ခြည်USA (2007-1/No.180)

The Meaningful Signs

အဓိပ္ပာယ်ရှိသောသင်္ကေတလေးများ

Google Talk နဲ့ Chatting လုပ်တဲ့သူငယ်ချင်းတွေအတွက်

Gtalk နဲ့ Gmail မှာ အသုံးများတဲ့ Chatting Signs တွေကိုတတ်နူိင်သလောက်စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်To get this!.............................. Type this

1. wink ………………………….......... ;)

2. straight face………………………… :-l

3. big smile ………………………….... =)

4. nose grin …………………………. :-D

5. big nose wink……………………… ;^)

6. nose wink ………………………… ;-)

7. nose smile ………………………… :-)

8. skeptical ………………………...... :-/

9. sticking tongue out………………. :P

10. heart ……………………….......... <3

11. monkey ………………………..... :(l)

12. rock out! ………………………… \m/

13. shocked ………………………… :-o

14. grin …………………………...... ;D

15. frown ………………………….... :(

16. angry ………………………….... x-(

17. cool …………………………….... B-)

18. crying ……………………………. :’(

19. big grin …………………………… =D

ဒီ Sign လေးတွေဟာ Gtalk နဲ့ Gmail မှာတင် သုံးလို့ရတာမဟုတ်ပါဘူး။

Other Instant Messaging program တွေနဲ့ Chat room တွေမှာပါ သုံးလို့ရပါတယ်။

Moblie phone နဲ့ Message ပို့ရင်လည်း သုံးလို့ရပါတယ်။

တခြား အသုံးများတဲ့ Sign တွေလည်းရှိပါသေးတယ်။

နောက်များမှာ စိတ်ပါရင် ဖော်ပြပေးသွားပါအုံးမယ်။

(Please: ဒီ Signs လေးတွေထဲမှာ မှားနေတာလေးတွေရှိရင်သိတဲ့သူကပြင်ပေးပါနော်။)

I don't want to say....but.....

မပြောချင်ပါ....သို့သော်....

(30.7.07)နေ့ကကျွန်တော့်ရဲ့သက်တမ်းကုန်သွားတဲ့စက်ပြင်လိုင်စင်

လေးကိုသက်တမ်းတိုးဖို့တောင်ဒဂုံဆိပ်ကမ်းမှာရှိတဲ့

ဆက်သွယ်ရေးရုံးကိုသွားခဲ့ပါတယ်။

ကံမကောင်းတာကတော့ဗျာ…..ရုံးကိုလည်းရောက်ရောရုံး

တံခါးတွေပိတ်ထားတာကိုတွေ့လို့ရုံးနောက်ကဝန်ထမ်းအိမ်ရာ

ကိုသွားပြီးမေးကြည့်တော့မှပဲရုံးက`နေပြည်တော််´ကိုပြောင်း

သွားတာကိုသိရပါတယ်ဗျာ………………………..။

(`နေပြည်တော််´ပြောင်းရတဲ့ ရုံး၊ဌာန တွေထဲမှာဆက်သွယ်ရေးရုံး

ပါသွားတယ်ဆိုတာကိုမသိတဲ့ကိုယ့်ကိုယ်ကိုပဲအပြစ်တင်နေ

မိပါတယ်။)

ဒီလိုနဲ့အိမ်ပြန်ရမလား….`နေပြည်တော်´ ပဲသွားရမလားစဉ်းစားနေတုန်း…

လူတစ်ယောက်ရောက်လာ

ပြီး`နေပြည်တော်´ကိုသွားမယ့်လူရှိတယ်လိုင်စင်ကိုလူကြုံထည့်

ပေးလို့ရတယ်ဆိုလို့တနှစ်စာလိုင်စင်ခွန် `၂၄၀ကျပ်´နှင့်

သုံးနှစ်စာ`၇၂၀ကျပ်´အစား `၃၀၀၀ကျပ်´ပေးလိုက်ရပါတယ်ဗျာ…………….။

ကံကောင်းတာပေါ့ဗျာ…မဟုတ်ရင် `၃၀၀၀´ နဲ့မပြီးပဲ `၃၀၀၀၀´ နဲ့

မှ ပြီးမှာလေ……………….။

(ရှေ့ကSenior အကိုတွေပြောတာကတော့သူတို့လက်ထက်တုန်းက

ပန်းဆိုးတန်းကရုံးမှာတင်ပြီးတယ်တဲ့…အခုကျွန်တော်တို့က

တော့တောင်ဒဂုံဆိပ်ကမ်းနဲ့တင်မပြီးလို့`နေပြည်တော်´ရောက်

သွားပြန်ပါရောလား...။)

ဒီလိုနဲ့ကျွန်တော်တွေးလိုက်မိတာက `eGovernment´ဆိုတာကြီးဖြစ်လာ

မှပဲ ကောင်းမှာပါလေလို့။