Why Google Chrome appear a lot in task manager even open only one tab?


မနေ့က ပေါက်ပေါက်ရှာရှာမေးတတ်တဲ့ User တယောက်ကမေးတဲ့ မေးခွန်းလေးပါ။
သူက လက်တွေ့လုပ်ပြပါတယ်။
Google Chrome ကို ဖွင့်တယ်။
ပြီးတော့ Task Manager ကို ဖွင့်ပြီး Processes Tab အောက်က chrome.exe တွေကို လက်ညှိုးထိုးပြပါတယ်။
နောက်ဆက်တွဲ Why??? ဆိုတာလေး ပါ ပါလာတာပေါ့။ သူ့ ကွန်ပျူလေးတာ ဒါတွေကြောင့်လား ဆိုပြီးလဲ မေးပါတယ်။



ဒါနဲ့ ကျတော်လဲ ပြုံးပြီး သူ့ကို ရှင်းပြဖို့ ကြိုးစားပါတယ်။
သူဖွင့်ထားတဲ့ Google Chrome ရဲ့ New Tab ဘေးက new tab ဖွင့်တဲ့ နေရာလေးပေါ်မှာ Right Click> Task Manager (shift + esc)  လုပ်ပြီး ပေါ်လာတဲ့ Task Manager - Google Chrome Windows လေးကို သူ့ကို ပြလိုက်ပါတယ်။



Google Chrome အတွက် Extension , Plug in တွေ ဘယ် နှစ်ခု run နေတယ် ဘယ်ဟာက Memory နှင့် CPU ကို ဘယ်လာက်သုံးနေလဲ ဆိုတာတွေကို ရှင်းပြလိုက်တော့မှ လက်ခံသွားပါတယ်။



သင်လဲ အခုလို ပေါက်ပေါက်ရှာရှာမေးတတ်တဲ့ User နဲ့တွေ့တဲ့ အခါ ဖြေနိုင်အောင် ပြန်လည် ဝေမျှပေးတာပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Exchange Server 2010 for Newbies - 1



Exchange Server 2010 ကို ခုမှ စတင်လေ့လာမယ့် သူတွေအတွက်ရည်စူးပြီး တီးမိခေါက်မိ အောင် အနည်းအကျဉ်းဝေမျှချင်ပါတယ်။

Requirement တွေနဲ့ ပြည့်စုံတဲ့ Exchange Server 2010 ကို Install လုပ်ပြီးပြီဆိုကြပါစို့။

Server ထဲမှာ Hard Disk (၅) လုံး သို့မဟုတ် System Partition, Mailbox Database Log 1, Mailbox Database Log 2, Mailbox Database 1 နှင့့် Mailbox Database 2 ဆိုပြီး Partition (၅) ခု ရှိထားရပါမယ်။ (နောက်ပိုင်းမှာ Mailbox , Mailbox Database တွေ Mount, Unmount, Move တွေ လုပ်ကြည့်ဖို့အတွက်ပါ။)

ကဲ...အခု Exchange Server 2010 အသစ်စက်စက်လေး Install လုပ်ပြီးတဲ့နောက်... Mailbox Database စတင် Create လုပ်ပါမယ်။

- Start Menu ကနေ Exchange Management Console ကိုသွားပါ။ Microsoft Exchange On-Premises ကို Expand လုပ်ပါ။ Organization Configuration ကို Expand လုပ်ပါ။

- Mailbox ကို Select လုပ်ပါ။ Actions Pane အောက်မှ New Mailbox Database ကို Click လုပ်ပါ။



- Mailbox database name: အောက်တွင် mailbox database name ပေးပါ။ Server Name နေရာတွင် မိမိ Exchange Server ကိုရွေးပြီး OK နှိပ်ပါ။ Next နှိပ်ပါ။



- Database file path: နှင့် Log folder path: နေရာများတွင် မိမိ Create လုပ်ထားတော့ Mailbox Database Log နှင့် Mailbox Database Hard Disk/ Partition များကို ညွှန်းပေးပါ။ ( သက်ဆိုင်ရာ Hard Disk/Partition ထဲတွင် Folder create လုပ်ထားနိုင်လျှင် ပိုမို ကောင်းမွန်ပါသည်။)
 *** Mount this database checkbox လေးကို အမှန်ခြစ်ခဲ့ပါ။ ***



 - New ကို Click လုပ်ပါ။ Mailbox Database Creation လုပ်ပြီးတဲ့အထိစောင့်ပါ။ Finish လုပ်ပါ။





New Mailbox Database Creation ပြီးပါပြီ။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)


Fortigate guide for Begineer - 8


ဒီတခါတော့ SSL VPN တခု Setup လုပ်ပြပါမယ်။

လိုချင်တဲ့ Configuration Setting ကတော့ ပုံမှာပြထားသလို Email Server ကို Company Network မဟုတ်တဲ့ Outside Network ကနေသုံးလို့ရအောင် လုပ်မှာပါ။

ဒီတော့ ပထမဆုံး ကိုယ့်ရဲ့ Fortigate unit ကို SSL VPN enable လုပ်ထား မထားကို Command Line Command သုံးပြီးစစ်ပါမယ်။
အောက်ပါ အတိုင်း စစ်ပါ။

config vpn ssl settings
set sslvpn-enable enable
end

Mail Server အတွက် Firewall Address တခု ဖန်တီးပါမယ်။

၁) Firewall Objects>Address>Address ကိုသွားပါ။ Create New ကို ရွေးပြီး email server address ကို ထည့်ပေးပါ။

Address Name
Email Server
Type
Subnet / IP Range
Subnet / IP Range
192.168.1.12
Interface
Internal


၂) OK ကို ရွေးပေးပါ။

SSL VPN portal တခု ဖန်တီးပါမယ်။

၁) VPN>SSL>Config ကိုသွားပါ။ IP Pools ကို Edit လုပ်ရန် Edit ကို ရွေးပါ။ Selected table မှာ Test VPN ကို ထည့်ပါ။
၂) VPN>SSL>Portal ကိုသွားပါ။ Portal ဖန်တီးရန်အတွက် Create New ကို select လုပ်ပါ။

Name
Internal_company_sites_portal
Applications
HTTP/HTTPS
Portal Message
Internal Company Sites


၃) Edit Settings windows ကို ပိတ်ရန် OK ကိုရွေးပါ။
၄) Default web portal မှာ Bookmarks widget ကို Remove icon ကို သုံးပြီး delete လုပ်ပါ။
၅) Add Widget ကိုသုံးပြီး Bookmarks ကို ရွေးပါ။
၆) Bookmarks widget ပေါ်လာရင် Edit ကိုရွေးပါ။
၇) မိမိ အဆင်ပြေသော Name ကို edit လုပ်ပါ။ Application ကို HTTP/HTTPS နှင့် အသုံးပြုနိုင်ရန် Set လုပ်ပါ။
၈) OK ကိုရွေးပါ။
၉) Bookmarks widget အထဲမှာပဲ email server web page ကို link လုပ်ပေးမယ့် bookmark ပေါင်းထည့်ဖို့ Add ကို ရွေးပေးပါ။

Name
Email
Type
HTTP/HTTPS
Location
Description
Corporate email system


၁၀) OK ကိုရွေးပါ။
၁၁) web portal configuration ကို save လုပ်ရန် Apply ကို ရွေးပါ။

SSL VPN user နှင့် user group ဖန်တီးပါမယ်။

၁) User>User>User ကိုသွားပြီး Create New ကို ရွေးပါ။

User Name
Test VPN
Password
password


၂) User>User Group>User Group ကိုသွားပြီး Create New ကို ရွေးပါ။ Test VPN ကို SSL VPN User Group ထဲ ထည့်ဖို့ပါ။

Name
Sales
Type
Firewall
Allow SSL-VPN Access
Internal Company Sites


၃) Test VPN ကို Members list ထဲသို့ ရွှေ့ပါ။
၄) OK ကိုရွေးပါ။

SSL VPN Security Policy ကို ဖန်တီးပါမယ်။

၁) Policy>Policy>Policy ကိုသွားပါ။ SSL VPN Security Policy ထည့်ရန် Create New ကိုရွေးပါ။


Source Interface/Zone
WAN1
Source Address
All
Destination Interface/Zone
Internal
Destination Address
Email
Action
SSL-VPN


၂) Configure SSL-VPN Users ကိုရွေးပြီး Add ကို ရွေးပါ။ Remote SSL VPN user တွေအတွက် Authentication rule ထည့်ပေးရန်အတွက်ပါ။

Selected User Groups
Sales
Selected Services
HTTP
HTTPS
Destination Interface/Zone
Internal


၃) OK ကိုရွေးပါ။


SSL VPN Connection, User Account တည်ဆောက်ခြင်းများ ပြီးပါပြီ။
င်္Fortigate Unit Model ပေါ်မူတည်ပြီး အဆင့်လေးတွေ အနည်းငယ်ကွာခြားနိုင်ပါတယ်။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)