How to hack Android phone to move all Android apps to SD card?

Android ဖုန်းတွေဟာ internal phone memory ပေါ်မှာပဲ application တွေကို install လုပ်လို့ရပါတယ်။
ဒီတော့ internal phone memory ပြည့်လာတာနဲ့ အသုံးပြုသူမှာ ပြဿနာ (၂) ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။
၁) နောက်ထပ် application များ ထပ်မံ install လုပ်၍မရတော့ခြင်း။
၂) ဖုန်း က လိပ်ထက်တောင် နှေးကွေးလေးလံ သွားခြင်း တို့ပဲ ဖြစ်ပါတယ်။
ဖုန်း ရဲ့ လုပ်ဆောင်နှုန်းတွေ နှေးကွေးသွားရခြင်းကတော့ internal phone flash memory ကို အချက်အလက်တွေ သွားရေးရတဲ့ speed က free memory နည်းလာလေလေ နှေးလာလေလေ မို့လို့ပါ။
အဓိက က တော့ဗျာ internal memory ကို free space များများ ထားသင့်တယ်ဆိုတာပါပဲ။

ဒီတော့... ကိုယ်သုံးတဲ့ ဖုန်းရဲ့ internal memory သိပ်မကျန်တော့ဘူးဆိုရင် ဘာလုပ်မလဲ? ကိုယ်သိပ်မသုံးတဲ့ application ကို uninstall လုပ်တာကတော့ အလွယ်ဆုံး ဖြေရှင်းနည်းပေါ့ဗျာ။
ခုတော့ ဒီလိုလုပ်ဖို့ မလိုတော့ပါဘူး... apps2sd ဆိုတဲ့ Application တွေကို SD Memory Card ပေါ်ကို ရွှေ့တဲ့ feature တခု ပေါ်လာပါပြီ။ ဒီလိုရွှေ့နိုင်ဖို့အတွက် application
တခုတော့ရှိတာပေါ့... Application တွေ အားလုံးကိုတော့ မရနိုင်သေးပါဘူး။ ကန့်သတ်ချက်လေးတွေတော့ရှိပါတယ်။ဒါပေမယ့် ရသလောက် ရွှေ့ကြည့်တာပေါ့။
- Application တွေကို SD Memory card သို့ရွှေ့တဲ့အခါမှာ Application ရဲ့ အစိတ်အပိုင်းတချို့ကတော့ internal phone memory မှာ ကျန်နေပါမယ်။
  ဆိုလိုတာကတော့ internal phone memory ထဲမှာ ကျန်နေခဲ့တဲ့ Application အစိတ်အပိုင်းတချို့ က  memory space အနည်းငယ်တော့ ယူထားပါအုံးမယ်။
  ဥပမာ... Google Earth ဆိုရင် 20.5MB ကနေ 15 MB လောက်ထိ ကို  internal phone memory ထဲကနေ လျော့သွားစေတာမျိုးပါ။ ဒီတော့ internal phone memory ထဲမှာ 5.5 MB လောက်ပဲ ကျန်ခဲ့တာပေါ့။
- Application တခုကနေ Home screen ပေါ်မှာ ယူသုံးထားတဲ့ Widget မျိုးကို SD Memroy card ကို မရွှေ့သင့်ပါဘူး။ Widget အလုပ်မလုပ်တော့တာမျိုးဖြစ်တာကနေ ရှောင်ရှားဖို့အတွက်ပါ။
- Android OS တွေမှာ Application အားလုံးကို SD Memory Card ကို တကြိမ်တည်းနဲ့ ရွှေ့ပေးနိုင်တဲ့ batch tool မျိုးမရှိသေးပါဘူး။ ဒါကြောင့် application တခုကို တကြိမ် ရွှေ့ပေးဖို့ လိုပါတယ်။
- Maps နဲ့ Youtube လိုမျိုး system application တွေကိုလည်း SD Memory Card ထဲကိုရွှေ့လို့မရပါဘူး။ တချို့ဖုန်းတွေမှာဆိုရင် Adobe Flash Player ကို system application အနေနဲ့ pre-installed လုပ်ထားတတ်ပါတယ်။ဒါမျိုးကိုလည်း ရွှေ့လို့မရပါဘူး။
- တကယ်လို့ ကိုယ့်ဖုန်းရဲ့ firmware ကို re-flash လုပ်ခဲ့ရင်လည်း တချို့ SD Mermory Card ထဲကို ရွှေ့ထားပြီးသား application တွေကို internal phone memory မှာ ပြန် install လုပ်ဖို့ လိုပါတယ်။ ပြီးတော့မှ SD  Memory Card ထဲကို ပြန်ရွှေ့ရပါမယ်။
ကဲ...ဒီလောက်ဆို SD Memory Card ကို Application တွေ စတင်ရွှေ့ကြည့်ကြရအောင်။
- ပထမဆုံးအနေနဲ့ Android Debug Bridge ဆိုတာလေးကို လိုအပ်ပါတယ်။ သူ့ကို အသုံးပြုဖို့ရန် အတွက် root လုပ်ထားပြီးသား phone ဖြစ်နေဖို့ မလိုပါဘူး။
- ဒီတော့ Android Debug Bridge ပါဝင်ပြီးသား Android SDK ကို ဒီနေရာမှာ သွားယူပါ။ (http://developer.android.com/sdk/index.html)
- Android SDK ရပြီဆိုရင် unzip လုပ်ပြီး ကိုယ့် PC မှာ install လုပ်ပါ။ unzip လုပ်လို့ရလာတဲ့ Folder location path ကိုမှတ်ထားပြီး Folder နာမည်ကို sdk လို့နည်မည်ပေးတာပေါ့။Install လုပ်နည်းကို ဒီမှာသွားကြည့်ပါ။ (http://developer.android.com/sdk/installing.html)
- Windows မှာ install လုပ်မယ်ဆိုရင်တော့ USB driver ကို install လုပ်ထားဖို့ လိုပါသေးတယ်။ ဒီမှာ သွားယူပါ။ (http://developer.android.com/sdk/win-usb.html)
- ပြီးပြီဆိုရင် phone ကို USB cable သုံးပြီး PC နဲ့ ချိတ်ဆက်ပါ။ USB storage mode ကို enable မလုပ်ပါနဲ့။
- PC မှာ Command Prompt ကိုဖွင့်ပါ။
- Command Prompt ထဲမှာ Android SDK ကို unzip လုပ်ထားခဲ့တဲ့ sdk folder ဆီကို သွားပါ။ " cd full_path_to_sdk_tools " ဆိုတဲ့ command သုံးပြီးတော့ သွားတာပေါ့။
- အောက်က line နှစ်လိုင်း ကို Command Prompt ထဲမှာ တကြောင်းရိုက်ပြီးတိုင်း enter ခေါက်ပါ။
  " adb shell "
  " pm setInstallLocation 2"
- Phone မှာ Settings>Applications>Manage Applications>All လုပ်ပါ။
- Phone ရဲ့ Menu ခလုတ်ကို နှိပ်ပြီး Sort by Size ကို ရွေးပေးပါ။
- Application ရဲ့ Size အနည်းဆုံးလေးတွေကနေ စ ပြီး တခုချင်းစီ SD Memory Card ကို ရွှေ့ပါ။ တခုရွှေ့လို့ပြီးပြီဆိုရင် Back ခလုတ်ကို နှိပ်ပြီး နောက် Application ကို ထပ်ရွှေ့ပါ။
- (တကယ်လို့ပေါ့ဗျာ နောက်ထပ် install လုပ်မယ့် application တွေရဲ့ default location ကို internal phone memory ထဲကိုပဲ ပေးချင်တယ်ဆိုရင်တော့ PC ရဲ့ Command Prompt ကိုသွားပြီး အောက်က command line လေးကို ရိုက်ပါ။ Enter ခေါက်ပါ။
    " pm setInstallLocation 0 ")
- ကဲ... ပျော်ပျော်ကြီး လုပ်ကြည့်ပေတော့ဗျာ။

တခုပဲပြောချင်ပါတယ်... အခု အပေါ်မှာ ရေးခဲ့တဲ့ နည်းလမ်းဟာ Android 2.2 (aka Froyo) version အတွက်ပဲ ဖြစ်ပါတယ်။
ပြီးတော့...အပေါ်က နည်းလမ်းတွေကို မလုပ်ခင်မှာ Backup လုပ်ထားဖို့ မှာချင်ပါတယ်။ ဒါမှ တခုခု လွဲချော်ခဲ့ရင် ပြန်ပြီး Restore လုပ်လို့ရမှာပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)



AppLocker and how to use it?

Windows XP နဲ့ Windows Server 2003 တွေမှာ ပါတဲ့ Software Restriction Policies တွေပေါ်မှာ အခြေခံထားတဲ့ AppLocker ဆိုတာလေးကို Windows 7 နဲ့ Windows Server 2008 R2 မှာ ပါလာပါတယ်။
AppLocker ဟာ application, file, EXE, DLL စ တာတွေကို execution လုပ်ခြင်းကနေ allow or deny လုပ်ဖို့ သုံးနိုင်ပါတယ်။
သူ က Software Resitriction Policies တွေထက် အောက်က အချက်လေးတွေကို ပိုမို ကောင်းမွန်စေပါတယ်တဲ့...
- file တခုရဲ့ attributed ပေါ်မှာ အခြေခံပြီး rule တွေ define လုပ်လို့ရပါတယ်။ ဥပမာ ဆိုရရင် file တခုရဲ့ execution ကို allow or deny လုပ်ဖို့ကို သူ့ရဲ့ publisher ပေါ်မှာ အခြေခံပြီး define လုပ်နိုင်တာမျိုးပေါ့။
- Audit Mode မှာ configure လုပ်နို်င်ပါတယ်။
- Interface ဟာလည်း new user တွေ အတွက် friendly ဖြစ်ပါတယ်။

AppLocker ကိုသုံးမယ်ဆိုရင် အောက်ပါ အချက်တွေ ပြည့်စုံဖို့တော့ လိုပါတယ်။

၁) အပေါ်မှာ ပြောခဲ့သလိုပါပဲ... AppLocker ဟာ Windows 7 , Windows Server 2008 R2 တွေမှာပဲ အလုပ်လုပ်ပါတယ်။
  အောက်မှာ ပြထားတဲ့ OS edition တွေမှာပဲ available ဖြစ်ပါတယ်။
  - Windows 7 Ultimate/Enterprise
  - Windows Server 2008 Standard/Enterprise/Datacenter

၂) AppLocker အလုပ်လုပ်ဖို့ အတွက် Application Identifier or AppID ဆိုတဲ့ service တခု background မှာ run နေဖို့ လိုပါတယ်။
    ဒီ Service က လည်း default အနေနဲ့ ဆိုရင် stop ဖြစ်နေပါတယ်။ ဒါကြောင့် AppLocker သုံးမယ်ဆိုရင် start လုပ်ပေးရပါမယ်။

၃) AppLocker ကို configure လုပ်ဖို့ဆိုရင် အောက် က အဆင့်တွေ လုပ်ပါ...
    - Start>Run>gpedit.msc
    - node/sub-node တွေကို အောက်မှာ ပြထားတဲ့ အဆင့်ရောက်တဲ့ အထိ expand လုပ်ပါ။
      Computer Configuration/Windows Settings/Security Settings/Local Policies/Application/ControlPolicies/AppLocker
      ဒါဆိုရင် ကျန်တာကို ဆက်လုပ်လို့ရပါပြီ။

၄) AppLocker ရဲ့ rule တွေက Software Restriction Policy ရဲ့ rule တွေနဲ့ လုံးဝ ကွဲပြားပါတယ်။ ဒါကြောင့် တခြား Windows version တွေမှာ manage လုပ်လို့မရပါဘူး။

၅) AppLocker နဲ့ Software Restriction Policy တို့ဟာ မတူပါဘူး။ ဒီတော့ AppLocker rule တွေ define လုပ်ပြီးပြီဆိုတာနဲ့ Software Restrictin Policies rule တွေ ကို ignore လုပ်ပါလိမ့်မယ်။
    သူတို့ နှစ်ခုထဲက တခုကိုပဲ apply လုပ်လို့ရပါတယ်။

ကဲ ... Windows 7 , Windows Server 2008 R2  တို့ရဲ့ System Administrator များ အဆင်ပြေပါစေဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)



How do intruders get passwords?

Intruder လို့ခေါ်တဲ့သူတွေဟာ password တွေကို နည်းလမ်း အမျိုးမျိုး နဲ့ ရယူကြပါတယ်။
အောက်မှာ တော့ Hacker တွေ အသုံးများတဲ့ popular အဖြစ်ဆုံး password
ရယူပုံ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။

Sniffing : Ethernet သို့မဟုတ် Wireless network ပေါ်မှာ
ဖြတ်သန်းသွားလာတဲ့ Data မှန်သမျှ ကို ကြားဖြတ်ပြီး ကြည့်လို့ရပါတယ်။
ဘယ်လိုကြည့်တာလဲဆိုတော့ protocol anaylyzer လို tool
တွေကိုသုံးပြီးကြည့်တာပါ။
သူက network card ကို promiscuous mode ကို
ပြောင်းပစ်လိုက်ပြီး data တွေကို filtering မလုပ်စေပဲ network ကနေ OS
ဆီကို ဖြတ်သန်းလာစေတာပါ။
POP3, FTP နဲ့ Telnet တို့လို protocol တွေလိုမျိုး clear
text protocol တွေကို sniffing လုပ်တာ များပါတယ်။
ဒီလို အခြေအနေမျိုးမှာ network ကို ဖြတ်သန်းနေတဲ့ Password
တွေဟာ encryption မလုပ်ထားပါဘူး။ ခုနောက်ပိုင်းခေတ်မှာတော့ protocols
တော်တော်များများဟာ encryption လုပ်လာကြပါပြီ။
Encrypted password တွေကို sniffing လုပ်ဖို့ခက်ပါတယ်။
ဒါပေမယ့်လည်း Dictionary Attack, Brute force Attack လို Attack များက
အလွယ်တကူပဲ ချိုးဖျက်နိုင်နေပြန်ပါတယ်။
Sniffing ဟာ hacker , attacker တွေ အတွက် အလွန်
အသုံးတည့်တဲ့ attacking method တခုဖြစ်ပါတယ်။ Detect လုပ်ဖို့လည်း
ခက်ပါတယ်။
Replay attack: တချို့နေရာတွေမှာတော့ intruder တွေဟာ password ကို
decryption ပြန်မလုပ်တော့ပါဘူး။ သူတို့ဟာ system ထဲကို login လုပ်ဖို့
encrypted form တွေ သုံးကြပါတယ်။
Encrypted from တွေ အတွက် Tool တွေကလည်း
အင်တာနက်မှာ တပုံတပင်ရှိပါတယ်။ ဒီ attacking method ကတော့ web
application တွေကို attack လုပ်ရာမှာ အလွန်ရေပန်းစားပါတယ်။
Password file stealing: System password တွေကို ပုံမှန်အားဖြင့် windows
registry မှာ file အနေနဲ့ သိမ်းထားလေ့ရှိပါတယ်။ Window NT 2000 နဲ့ XP
တွေမှာဆိုရင် password ကို encrypted from အနေနဲ့ SAM file မှာ
သွားသိမ်းပါတယ်။
Unix system တွေမှာတော့ password
တွေကို ပုံမှန်အားဖြင့် " /etc/passwd or /etc/shadow " မှာ
သိမ်းထားလေ့ရှိပါတယ်။
Attacker တယောက်က ၄င်း password file
ကိုသာ ရသွားပြီဆိုလို့ကတော့ Dictionary or Brute force attack
ကိုသုံးပြီး password ကို decryption လုပ်ပြီပဲပေါ့ဗျာ။
Observation: ဒီတခုကတော့ "Shoulder surfing" လို့ ခေါ်တယ်ဗျ။
အလွယ်ကူဆုံးနည်းလမ်းတခုထဲမှာပါပါတယ်။ Keyboard နဲ့ password
ရိုက်ထည့်နေတဲ့အချိန်မှာ မသိမသာ လှမ်းချောင်းကြည့်နေတာကိုခေါ်တာပါ။
ဒါမှမဟုတ် တချို့ဆိုရင် ကိုယ့် password ကို Sticky
note လေးနဲ့ ရေးပြီး Monitor ပေါ်မှာ ရေးထားတာမျိုးပေါ့။ တခါတုန်းက Bank
တခုရဲ့ Computer monitor ပေါ်မှာ password ကို စာရွက်နဲ့ရေးပြီး
ကပ်ထားတာကို တွေ့ဖူးပါတယ်။
Social Engineering: ဒီနည်းလမ်းကလည်း အလွယ်ကူဆုံးနည်းလမ်းတခုထဲက တခုပါပဲ။
ဘယ်လိုမျိုးလဲဆိုတော့ ကိုယ်နဲ့ရင်းနှီးအောင် ပေါင်းပြီး ကိုယ့်ဆီကနေ
သူတို့ လိုချင်တဲ့ အချက်အလက်တွေကို မသိမသာ နိှုက်ထုတ်ယူလိုက်တာပါပဲ။
Default passwords: တချို့ နေရာတွေကျပြန်တော့လည်း password ကို
ခန့်မှန်းရတာ သိပ်လွယ်ပါတယ်။ တချို့ user တွေဟာ hardware or software
vendor တွေ ထည့်ပေးလိုက်တဲ့ default ကို မပြောင်းပဲ ဒီအတိုင်းပဲ
ထားသုံးတတ်ကြပါတယ်။
ဥပမာဗျာ... switch တခု ဒါမှမဟုတ် router
တခုရဲ့ default password ဟာဆိုရင် admin ပဲဖြစ်နေတတ်တာမျိုးပေါ့။
ဒါမျိုးကို hacker တွေ attacker တွေ ဟာ သိထားပြီးသားပါ။

ကဲ...ဒါလေးတွေကတော့ အခြေခံအားဖြင့် hacker, attacker တွေရဲ့ password ကို
ရယူနည်းတွေပါပဲ။ နည်းနည်းသိထားတော့ ဘာပဲဖြစ်ဖြစ် ဗဟုသုတရတာပေါ့ဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း

အခုရက်ပိုင်း...မိမိအကြောင်းကို သေချာမသိတဲ့သူတွေရဲ့ ချီးမွမ်းခြင်းနဲ့
ကဲ့ရဲ့ခြင်းတွေကို တော်တော်မျာများခံရပါတယ်။

တချို့ကတော့...လည်း မိမိအကြောင်းကို သေချာသိလို့ ချီးမွမ်းပါတယ်။ ကဲ့ရဲ့ပါတယ်။

ဒီတော့ ... မိမိရဲ့ စာဖတ်သူ သူငယ်ချင်းများကို ထိုသူများကဲ့သို့
တဦးတယောက်အကြောင်းကို သေချာမသိသေးပဲ

အချီးမွန်း မစောရအောင် ... အကဲ့ရဲ့ မစောရအောင် ဘုရားရှင်ကိုယ်တော်မြတ်က
ဒီလိုမျိုးသတိပေးခဲ့တာကို ပြန်လည် ဝေမျှပေးလိုပါတယ်။

ရဟန်းတို့လေးပါးသောတရားတို့နှင့် ပြည့်စုံသော လူဖျင်း၊
လူမိုက်တို့သည် တူးဖြိုဖျက်ဆီးထားပြီးသော မိမိကိုယ်ကို
ပြုစုစောင့်ရှောက်နေသည် မည်၏။

အပြစ်နှင့်တကွ ဖြစ်၏။

ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့ဖွယ် ဖြစ်၏။ များစွာသော
မကောင်းမှုကိုလည်း တိုးပွားစေ၏။ အဘယ်တရားလေးပါးနည်းဟူမူ ...

- မစူးမစမ်း ဉာဏ်ဖြင့် မဆင်ခြင်ဘဲ မချီးမွမ်းထိုက်သောသူကို ချီးမွမ်း၏။

- မကဲ့ရဲ့တိုက်သောသူကို ကဲ့ရဲ့၏။

- မကြည်ညိုသင့်သော အရာဌာနကို ကြည်ညို၏။

- ကြည်ညိုသင့်သော အရာဌာန ကို မကြည်ညို။

ဤ တရားလေးပါးတို့တည်း။

(အဂုင်္တ္တရ နိကာယ၊ စတုက္ကနိပါတ၊ ပဌမ ခတသုတ်)

အကြင်လူမိုက်သည်

ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း၏

ချီးမွမ်းထိုက်သူကို ကဲ့ရဲ့၏

ထိုလူမိုက်သည် နှုတ်ဖြင့် အကုသိုလ်အပြစ်ကို ဆည်းပူးစုဆောင်းနေ၏

ထိုအကုသိုလ် အပြစ်ကြောင့်

ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကို မရနိုင်

(သံယုတ္တ နိကာယ၊ သဂါထာဝဂ်၊ တုရူဗြဟ္မသုတ်)

(အလှူတကာ့ အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံး)

Vacancy announcement

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ

ပြန်ကြားရေးဝန်ကြီးဌာန

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

နေပြည်တော်

လျှောက်လွှာခေါ်ယူခြင်း

၁။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် အောက်ဖော်ပြပါ
(လစာနှုန်းကျပ်၅၉၀၀၀-၁၀၀၀-၆၄၀၀၀)ရာထူးနေရာများ လစ်လပ်နေပါ၍
သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူများ လျှောက်ထားနိုင်ပါသည်-

(က) အသံလွှင့်ကျွမ်းကျင်(၂)

( ခ) ရုပ်သံကျွမ်းကျင်(၂)

( ဂ) အီလက်ထရွန်နစ်ကျွမ်းကျင်(၂)

၂။ လျှောက်ထားသူသည်-

(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ ) ၃၁-၁-၂၀၁၁ ရက်တွင် အသက်(၃၀)နှစ် ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်ရ။

( ဂ ) အအေးခန်းတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

(ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်ရမည်။

( င) နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်ရမည်။

( စ) အသံလွှင့်ကျွမ်းကျင် (၂)ရာထူးအတွက်- ဘွဲ့ရပြီးသူဖြစ်ရမည်။

(ဆ) ရုပ်သံကျွမ်းကျင်(၂)ရာထူးအတွက်- ဘွဲ့ရပြီးသူဖြစ်ရမည်။

M.A (English) (သို့မဟုတ်) B.A (English)

For Professional Proposes, EPP) Diploma in English Language Teaching,
Diploma in Global English, Diploma in SEAMEO English , B.A (English)
အောင်မြင်ပြီးသူများနှင့် အင်္ဂလိပ်ဘာသာ

(ရေး၊ ဖတ်၊ ပြော)ကျွမ်းကျင်သူကို ဦးစားပေးမည်။)

( ဇ ) အီလက်ထရွန်နစ်ကျွမ်းကျင်(၂)ရာထူးအတွက်

-A.G.T.I (EP/EC) (သို့မဟုတ်) B.Sc (Physics), D.A.P

(သို့မဟုတ်)M.Sc (Physics) ဖြစ်ရမည်။

၃။ လျှောက်လွှာကို ကိုယ်ရေးရာဇဝင်အကျဉ်းနှင့်အတူ အောက်ပါစာရွက်စာတမ်း

များ ပူးတွဲလျက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နေပြည်တော်သို့ ၂၈-၂-၂၀၁၁

ရက် နောက်ဆုံးထား၍ အရောက်ပေးပို့ရမည်။

(က) ဘွဲ့လက်မှတ်မိတ္တူ

( ခ ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်း အောင်လက်မှတ်မိတ္တူ

( ဂ ) သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှ လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း
ရရှိထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း

(ဃ) လိုင်စင်ဓာတ်ပုံ(၂)ပုံ (ဓာတ်ပုံနောက်ကျောတွင် အမည်နှင့်
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)

( င) အလုပ်သမားမှတ်ပုံတင်မိတ္တူ

(စ ) ဝင်ကြေးငွေကျပ်-၅၀၀/-ပေးသွင်းသည့်
ချလန်မူရင်း(သို့မဟုတ်)စာတိုက်ပေးပို့လွှာ (Money Order)ပြေစာမူရင်း

၄။ ဝန်ထမ်းများသည် မိမိတို့၏လျှောက်လွှာများကို တာဝန်ထမ်းဆောင်ရာ ဌာန

အဖွဲ့အစည်းများမှတစ်ဆင့် ၂၈-၂-၂၀၁၁ ရက် နောက်ဆုံးထား၍ မြန်မာ့အသံနှင့်

ရုပ်မြင်သံကြား နေပြည်တော်သို့ ပေးပို့ရမည်။

(ကြိုတင်မိတ္တူကို တိုက်ရိုက်ပေးပို့ရမည်။)

၅။ စာမေးပွဲဝင်ကြေးငွေကျပ် ၅၀၀/-ကို မြန်မာ့စီးပွားရေးဘဏ်၊ တပ်ကုန်းမြို့

ငွေစာရင်းအမှတ်အမ်ဒီ-၃၉သို့လည်းကောင်း၊ ရန်ကုန်မြို့အတွက် မြန်မာ့စီးပွားရေး

ဘဏ်၊ ကမာရွတ်ငွေစာရင်းအမှတ် အမ်ဒီ-၀၀၀၆၆၉သို့လည်းကောင်း၊ ကျန်ပြည်

နယ်/တိုင်းမြို့နယ်များအတွက် သက်ဆိုင်ရာ စာတိုက်မှတစ်ဆင့် ဤဌာနသို့ ငွေပို့

လွှာ (Money Order)ဖြင့် ပေးသွင်းရမည်။

၆။ အသေးစိတ်အကြောင်းအရာများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နေပြည်

တော် တယ်လီဖုန်းအမှတ် ဝ၆၇-၇၉၁၈၅၊ ရ၉၄၇၁ တွင် စုံစမ်းနိုင်ပါသည်။

LikeUnlike · · Share · Delete

How do I avoid getting tracked while I am online?

တကယ်လို့များ ကိုယ့်ရဲ့ computer's address ကို online တက်နေတဲ့အချိန်မှာ သူများတွေ မသိစေချင်ဘူးဆိုပါတော့...

နည်းလမ်း (၂) ခု ရှိပါတယ်...

 

၁) Choices for P2P File Sharing တဲ့... သူကတော့ ကိုယ်က file တွေကို အမည်မဖော်လိုပဲ download/upload လုပ်ချင်တယ်ဆိုရင် သုံးတာပါ။

    ဒီ service က IP address ကို mask လုပ်ပေးပါတယ်...ဒါပေမယ့် ပိုက်ဆံ အနည်းငယ်တော့ပေးရပါလိမ့်မယ်။ ဒါပေမယ့် bandwidth တော့ ကြီးကြီးပေးပါတယ်။

   ဒီ service ကို www.anonymizer.com , www.the-cloak.com , www.inetprivacy.com/a4proxy/index.htm တို့ က ပေးထားတာပါ။

 

၂) Choices for Web Surfing and Email Anonymity တဲ့...

    တကယ်လို့ ကိုယ့်နိုင်ငံက အင်တာနက် လွတ်လပ်ခွင့် မရှိပဲ...ဟို site ပိတ်ထား... ဒီ site ပိတ်ထားတာမျိုးဆိုရင်...

    free proxy server လိုမျိုး Bypassing service တွေကို သုံးနေရတာပေါ့ဗျာ...

    ဒါတွေကလည်း ဒီနေ့ သုံး နောက်နေ့ အပိတ်ခံရတာပဲ လေ...

    ဒီတော့... freeware လေး တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... Tor-Privoxy တဲ့ဗျာ...

    သူ့ကို ထုတ်လုပ်ပေးထားတဲ့ အဖွဲ့အစည်းကတော့ ဒီလိုပြောထားတယ်ဗျ

    " To protect the democratic freedoms of private citizens. " တဲ့

 

" Tor " နဲ့ " Privoxy " ဆိုတာက " anonymizer " platform တခုပါတဲ့...ကိုယ့် ကွန်ပျူတာမှာ install လုပ်ရတာပါ။

  Tor ဆိုတာ EFF ဆိုတဲ့ အဖွဲ့ အစည်း ရဲ့ web server တွေပေါ်မှာ run တဲ့ special network တခုပါ။ ၄င်း network ကို volunteer server administrator ပေါင်းမြောက်မြားစွာက ထိန်းကျောင်းပေးနေပါတယ်။

  Privoxy ကတော့ Tor network နဲ့ ချိတ်ဆက်ဖို့ လိုအပ်တဲ့ software ပါ။

 

Tor Network နဲ့ Privoxy software က ကိုယ့် ကွန်ပျူတာရဲ့ IP address ကို hide လုပ်ပေးဖို့ ပူးပေါင်းဆောင်ရွက်ပေးတာပါ။

အခုလို မျိုးလုပ်ပေးဖို့ အတွက်... Tor "onion routers" ဆိုတဲ့ internet servers တွေကို သုံးပါတယ်။

ကဲ...ဒီတော့ ပြောချင်တာကတော့ Privoxy software ကိုသုံးပြီး Tor network ကို ဖြတ်သန်း အသုံးပြုတာနဲ့ ကိုယ့်ရဲ့ တကယ့် IP အစစ်ကို hide လုပ်ပေးတယ်ပေါ့ဗျာ။

 

တခုတော့ ပြောချင်ပါတယ်.... Tor network နဲ့ Privoxy ဟာလည်း... ပြည့်စုံတဲ့ အခြေအနေတခုမှာမရှိသေးပါဘူး...

ကိုယ့်ရဲ့ လိုအပ်ချက်ကို ၈၀ % လောက်တော့ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

 

စမ်းကြည့်ချင်တယ်ဆိုသူများအတွက်...အောက်က link တွေမှာ သွားရောက် download လုပ်ကြည့်ပါ

 

Software for windows users (http://www.torproject.org/dist/torbrowser/tor-browser-1.3.17_en-US.exe)

Installation instruction for windows users (http://www.torproject.org/documentation.html.en)

 

Software for Machintosh users (http://torproject.org/easy-download.html.en)

Installation instruction for Machintosh users (http://www.torproject.org/documentation.html.en)

 

Privoxy နဲ့ ပတ်သက်လို့ အသေးစိတ်သိချင်ရင် အောက်က link ကိုသွားကြည့်ပါ။

http://www.privoxy.org/

 

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable,pass it on then)

URL doesn't exist ဆိုပါလား...ဘယ်လိုဖြစ်တာပါလိမ့် ???

ဒီစာမရေးခင်က...ကိုယ်လုပ်ထားတဲ့ Web Site လေးတွေ blog လေးတွေရဲ့ loading time ကို စမ်းကြည့်နေတာပါ

့ Tool လေး နာမည်က...pingdom ပါ... ဒီနေရာက Web based tool လေးပါ http://tools.pingdom.com/.... ဒါလေးနဲ့... စမ်းကြည့်ပြီး... သဘောကျတာနဲ့... မြန်မာနိုင်ငံရဲ့ နာမည်ကြီး အမျိုးသားအဆင့် web portal ကြီးကို စမ်းသပ်ကြည့်ချင်စိတ်ပေါ်လာပါတယ်...

ဒါနဲ့ စမ်းကြည့်လိုက်တော့...အပေါ်က ပုံလေးတွေအတိုင်း မြင်ရပါတယ်... အ့ံဩသွားပါတယ်...

ဘယ်လိုဖြစ်တယ်မသိပါဘူး... browser မှာ URL ထည့်ပြီး surf လုပ်ကြည့်တော့ Web page တက်လာပါတယ်...

မစဉ်းစားချင်တော့ပါဘူးဗျာ...တခုခုတော့ လွဲနေတာ သေချာတယ်...ဘယ်နေရာမှာ လွဲနေတာလဲတော့ မသိဘူး..


ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable,pass it on then)

How to clear DNS cache in Windows,Linux and Mac

မနေ့က ကိုယ်ကြည့်နေကျ Website လေးတခု ကြည့်ရင်းကနေ... ဆက်ကြည့်လို့မရတော့ပဲ...
DNS errors ပေါ်လာလိုက်... 404 pages error ပေါ်လာလိုက်နဲ့... လူလည်း မျက်စိလည်သွားပါတယ်။
ဒါနဲ့ net connection များ ကြောင့်လားဆိုပြီး ပုံစံမျိုးစုံနဲ့ စစ်ဆေးပါတယ်...
net connection က ဘာမှ မဖြစ်ဘူးဗျ...
ဒါနဲ့... နောက်တကြိမ် ထပ်စမ်းကြည့်ပါတယ်... browser မှာ ပေါ်လာတာကတော့...
ကိုယ်က web site ရဲ့ owner ဆိုရင် cPanel ကနေ ဝင်ကြည့်ဖို့ ပြောလာပါတယ်...
ဒါမှ မဟုတ်ရင် DNS Cache ကို Clearing လုပ်ကြည့်ပါတဲ့...
မရရင်... admin တွေကို လှမ်းမေးပါတဲ့...
ဒါနဲ့ပဲ... cPanel အကြောင်းနည်းနည်း ပြန်ရှာလိုက်ပြီး... DNS Cache Clearing လုပ်ပုံလေး ပြန်ကြည့်ပြီး လုပ်ကြည့်လိုက်တော့မှ ပဲ ရသွားပါတော့တယ်။
ဒီတော့... ကိုယ့်လိုပဲ ကြုံမယ့်သူတွေကို အလွယ်တကူ ဖြေရှင်းလို့ရအောင် DNS Cache Clear လုပ်ပုံလေးကို ပြန်ဝေမျှလိုက်ပါတယ်...
DNS Cache Clear လုပ်တာကို Flush DNS Cache လို့လဲ ခေါ်ပါသေးတယ်...

Microsoft Windows OS တြွေဖစ်တဲ့ ... Win ME, Win XP, Win 2000 နဲ့ Win Vista တွေမှာဆိုရင်
- Start-> Run -> type cmd
  (Vista,Win 7 သမားတွေကတော့ Search bar မှာ run ကိုရိုက်ထည့်ပြီးရှာလိုက်ပါ။)
- command prompt ပေါ်လာရင် ipconfig /flushdns လို့ ရိုက်ထည့်ပါ။ Enter ပေါ့
  ဒါဆို ရပါပြီ။

Linux သများတွေကတော့... nscd daemon ကို restart လုပ်ပေးရပါမယ်။
- terminial ကိုသွားပါ ။ /etc/rc.d/init.d/nscd restart လို့ ရိုက်ထည့်ပါ။
  (command run ပြီဆိုရင် DNS Cache Flush ပြီးပါပြီ။)

Mac OS X Leopard သမားတွေကတော့...
- terminal မှာ lookupd -flushcache လို့ ရိုက်ထည့်လိုက်ပါ။
  ဥပမာ ... ဒီလိုပေါ့ ... bash-2.05a$ lookupd -flushcache
   (command run ပြီဆိုရင် DNS Cache Flush ပြီးပါပြီ။)

Mac OS X သမားတွေကတော့...
- terminal မှာ dscacheutil -flushcache ဆိုပြီး ရိုက်ထည့်လိုက်ပါ။
  (command run ပြီဆိုရင် DNS Cache Flush ပြီးပါပြီ။)


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Guide to Jailbreak iOS 4.2.1 with Greenpois0n RC 5

 Jailbreak မလုပ်ခင် ပထမဆုံး backup လုပ်ထားပါ။ Greenpois0n က ပထမဆုံးအကြိမ်ထုတ်လုပ်ထားခြင်းဖြစ်တဲ့အတွက် bugs များစွာရှိနေနိုင်ပါတယ်တဲ့။

Jailbreak လုပ်ဖို့ အောက်က အချက်လေးတွေ လိုပါမယ်...
- Greenpois0n RC 5 (http://www.mediafire.com/?1kdf96u59b12zte)

- Update:Greenpois0n RC5-2 Released (http://mirrors.ih8sn0w.com/greenpois0n-osx_rc5_2.zip)

- Update: Greenpois0n RC5-2 Released for Windows (http://mirrors.ih8sn0w.com/gp_win_rc5_b2.zip)

- iOS 4.2.1 for iPhone 3G (http://appldnld.apple.com/iPhone4/061-9853.20101122.Vfgt5/iPhone1,2_4.2.1_8C148_Restore.ipsw)
  iOS 4.2.1 for iPhone 3GS (http://appldnld.apple.com/iPhone4/061-9895.20101122.Cdew2/iPhone2,1_4.2.1_8C148a_Restore.ipsw)
  iOS 4.2.1 for iPhone 4 (http://appldnld.apple.com/iPhone4/061-9858.20101122.Er456/iPhone3,1_4.2.1_8C148_Restore.ipsw)
  iOS 4.2.1 for iPod touch 2G (http://appldnld.apple.com/iPhone4/061-9855.20101122.Lrft6/iPod2,1_4.2.1_8C148_Restore.ipsw)
  iOS 4.2.1 for iPod touch 3G (http://appldnld.apple.com/iPhone4/061-9860.20101122.Xsde3/iPod3,1_4.2.1_8C148_Restore.ipsw)
  iOS 4.2.1 for iPod touch 4G (http://appldnld.apple.com/iPhone4/061-9859.20101122.$erft/iPod4,1_4.2.1_8C148_Restore.ipsw)
  iOS 4.2.1 for iPad 3G and Wi-Fi (http://appldnld.apple.com/iPad/061-9857.20101122.VGthy/iPad1,1_4.2.1_8C148_Restore.ipsw)

- Update: Greenpois0n RC5 b4 Released for Windows (http://cache.greenpois0n.com/dl/gp_win_rc5_b4.zip)

- Update: Greenpois0n RC5 b4 Released for Mac (http://cache.greenpois0n.com/dl/gp_mac_rc5_b4.zip)

Supported Device တွေကတော့ ...
- iPhone 4
- iPhone 3GS
- iPhod Touch 4/3G/2G
- Apple TV/2G

Important Note:

Carrier Unlock rely လုပ်ထားတဲ့ iPhone 4 user တွေ လုပ်လို့မရပါဘူး။

Step by Step Guide:
Step 1. အပေါ်က Download လုပ်ရမယ့် ဟာ တွေ အကုန် Download လုပ်ပါ။

Step 2. iPhone နဲ့ Computer ကို USB cable နဲ့ ချိတ်ဆက်ပါ။ Greenpois0n ကို Lunch လုပ်ပါ။   
          Prepare to Jailbreak DFU ကို Click လုပ်ပါ။

Step 3. iPhone ကို DFU mode ကိုထားပါ။
           iTunes ကိုဖွင့်ပါ။ iPhone ကို Power off ထားပြီး iTune နဲ့ ချိတ်ဆက်ပါ။ Home button နှင့်
           Sleep/Awake button ကို တပြိုင်တည်း ၁၀ စက္ကန့် ကြာအောင် နှိပ်ထားပါ။
           ၁၀ စက္ကန့် ပြည့်တာနဲ့ Sleep/Awake button ကို လွှတ်လိုက်ပါ။ iTunes ကနေ " iTunes has
           detected an iPhone in Recovery Mode" ဆိုပြီး pops up message ပေါ်လာပါမယ်။
           iPhone Screen လဲ blank ဖြစ်သွားပါမယ်။ ဒါ DFU mode ပါပဲ။

Step 4. DFU mode ရပြီဆိုတာနဲ့ Greenpois0n မှာ Jailbreak ဆိုတာကို Press လုပ်လိုက်ပါ။
           Processing လုပ်နေတာတွေ့ရပါမယ်။

Step 5. Jailbreak complete ဖြစ်ပြီဆိုရင် Application ကို finish လုပ်ဖို့ Complete ကို click လုပ်ပါ။
           Homescreen မှာ "Loader" icon ပေါ်နေတာတွေ့ရပါမယ်။ Launch လုပ်ပါ။ Cydia ကို install
           လုပ်ပါ။ Jailbreak လုပ်ခြင်း ပြီးဆုံးပါပြီ။


Reference: http://ijafri.com/2011/02/04/greenpoison-greenpois0n-rc5-jailbreak-ios-4-2-1-untethered-guide/

ပုံလေးတွေနဲ့ ရှင်းပြထားတာကို ဒီမှာ http://www.facebook.com/note.php?created&&note_id=153127078074582 ဖတ်နိုင်ပါတယ်... blog ကို email ကနေ post တင်တာမို့လို့ ပုံတွေ ထည့်လို့ အဆင်မပြေလို့ပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Unicode...the way to go for the future !!!

အပေါ်မှာ ပြထားတဲ့ error မျိုး တနေ့က ယွန်းချိုဖောင့်ကို install လုပ်တုန်းမှာ ပေါ်လာပါတယ်...

တော်တော်လေး အံ့ဩသွားပါတယ်... အရင် Window မှာ ရပြီး...အခု Window မှာ ဘာလို့ ဒီလိုဖြစ်လဲပေါ့...

ဒါနဲ့ ဒီနေရာ http://www.yunghkio.com/unicode/ ကိုသွားပြီး font ကို ပြန် download လုပ်ပြီး install လုပ်တော့မှ ရသွားပါတယ်...

ဘာမှားတယ်တော့မသိ...ဖြစ်နိုင်တာကတော့...ဖြစ်နိုင်တာပေါ့လေ... :)

ပြောချင်တာကတော့ ဒီလိုဗျ...

၂၀၀၆ ခုနှစ်လောက်မှာ မြန်မာယူနီကုဒ် အကြောင်းစပြီး လေ့လာမိပါတယ်...

အဲ့ဒီအချိန်တုန်းကတော့ သေသေချာချာမသိခဲ့ပါဘူး...

Website တွေမှာတော့ လိုက်ပြီးဆွေးနွေးဖူးပါတယ်။

အခု...Popular ဖြစ်တဲ့ Myanmar Website တော်တော်များများ ZawGyi ကနေ Unicode ကိုပြောင်းပစ်လိုက်တာကိုတွေ့တော့...ကိုယ်လဲ လိုက်ပြောင်းချင်မိတာနဲ့...

Unicode အကြောင်းတွေ လက်လှမ်းမှီသလောက် လိုက်ဖတ်ဖြစ်ပါတယ်...

ဒီတော့... Unicode စနစ်ကို မိမိ အမြင်မှာတော့ ပြောင်းလဲသင့်ပြီလို့ထင်ပါတယ်...

ဘာလို့လဲဆိုတော့... Website တွေဆိုရင်လဲ... နောက်ပိုင်း Data Management လုပ်ဖို့ အချိန်ကြာလာလေလေ ခက်ခဲလာလေလေ ဖြစ်မယ်လို့ မြင်မိပါတယ်။

ZawGyi နဲ့ တည်ဆောက်ထားတဲ့ Website တွေဆိုရင် Data များလာလေလေ Unicode ပြောင်းဖို့ ခက်ခဲလေလေ ဖြစ်လာမှာပါ။

Blog တွေဆိုရင်လည်း Post များလေလေ Unicode ပြောင်းလဲဖို့ ခက်လေလေ ပါပဲ။

ဒီမှာ ပြောစရာရှိလာပါတယ်... Converter တွေနဲ့ ပြောင်းရင် အဆင်မပြေနိုင်ဘူးလားပေါ့...

လက်ရှိ လက်လှမ်းမှီသလောက် Converter တွေနဲ့ ပြောင်းကြည့်ပါတယ်... သိပ်အဆင်မပြေသေးတာတွေ့ရပါတယ်။

ZawGyi to Unicode , Unicode to ZawGyi Converter တွေကို Programmer တွေ ကြိုးစားပြီး ရေးထားတာတွေရှိပါတယ်...

သုံးကြည့်တော့ ပြောင်းတော့ပြောင်းတယ်ဗျ...ပေါ်လာတာတွေက...စာလုံးပေါင်းတွေ လွဲနေတာမျိုးတို့.....လေးထောင့်လေးတွေ ပေါ်နေတာတို့


....

ဒီတော့... Unicode စနစ်ကို တကယ်ကို ပြောင်းလဲသင့်နေပြီဖြစ်ပါတယ်။ ခုကတည်းက စပြီး အသုံးပြုသင့်နေပြီလို့ ထင်ပါတယ်။

Unicode Keyboard တွေဟာဆိုရင်လည်း မြန်မာစာ စ ရိုက်မယ့် သူတွေအတွက် အလွန်လွယ်ကူပါတယ်။

မှတ်ရတာလည်း သိပ်မများပါဘူး။

Data Processing လုပ်ရတာလည်း Unicode ဖြစ်တဲ့ အတွက်လွယ်ကူပါတယ်။

File size တွေကို လျှော့ချနိုင်ပါတယ်။

Searching , Sorting လုပ်ဖို့ အရင်ကထက် လွယ်ကူသွားပါပြီ။

Unicode စနစ်နဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင်...အများကြီးပါ...

 

ကိုယ်တိုင် ပြောပြနေတာထက်...အောက်က Link တွေမှာ ပြောပြထားတဲ့ Unicode အကြောင်းတွေက တော်တော် ပြည့်စုံနေပါတယ်။

ဖတ်ကြည့်စေလိုပါတယ်ဗျာ...

 









( FAQ About Uni) http://www.saturngod.net/knowledgebase/faq-about-uni

(Unicode ဘယျလိုသုံး) http://www.saturngod.net/knowledgebase/unicode-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%9e%e1%80%af%e1%80%b6%e1%80%b8

( Myanmar Fonts which follow Unicode rules) http://www.myanmarlanguage.org/unicode/myanmar-fonts-which-follow-unicode-rules

(Keymagic Portable) http://www.saturngod.net/news/keymagic-portable

( Change Unicode in Blogspot) http://www.saturngod.net/knowledgebase/change-unicode-in-blogspot

(MM Unicode font on cydia) http://www.saturngod.net/news/mm-unicode-font-on-cydia

(Python ZG To Uni Converter) http://www.saturngod.net/news/python-zg-to-uni-converter

( Unicode , Zawgyi And Me) http://www.saturngod.net/knowledgebase/unicode-zawgyi-and-me

( download yunghkio font) http://www.yunghkio.com/unicode/

( download unicode converter) http://www.myanmarnlp.org.mm/images/stories/download/unicodeconvertersetup.zip

( download Microsoft Words 2007 Addon for Unicode Converter Part 1) http://www.myanmarnlp.org.mm/images/stories/download/ms_2007_addin.part1.rar

( download Microsoft Words 2007 Addon for Unicode Converter Part 2) http://www.myanmarnlp.org.mm/images/stories/download/ms_2007_addin.part2.rar

( download Ekaya Keyboard Installer) http://www.myanmarnlp.org.mm/images/stories/download/ekaya-0.1.5_x86.zip

( download Myanmar3 Fonts) http://www.myanmarnlp.org.mm/images/stories/download/mm3_05-jan-2011.zip

( download NHM Keyboard) http://www.myanmarlanguage.org/tools/nhm-keyboard-unicode

( download Keyboard and Font for Mac) http://code.google.com/p/zawgyi-keyboard/downloads/detail?name=KMZ.pkg

 

For about unicode in detail

www.myanmarlangauage.org

www.thanlwinsoft.org

www.unicode.org

 

မှတ်ချက်။     ။ ဒီ post ကို ZawGyi နဲ့ရေးထားတာကတော့...Unicode အကြောင်းကိုသိစေချင်လို့ လူတိုင်းဖတ်ရစေချင်လို့ပါ... Link တွေရဲ့ ရှေ့ပိုင်း စာလုံးတွေကို Yunghkio font သုံးထားပါတယ်။

 

 

 

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable, pass it on then)

Portable ပဲကြိုက်တယ်

အင်တာနက်ဆိုင်တွေမှာ အင်တာနက်သုံးရတာ အခုနောက်ပိုင်း Privacy မရှိသလိုခံစားလာရပါတယ်...

အထူးသဖြင့် browser တွေရဲ့ add-ons တွေက တော်တော်ကြောက်ဖို့ကောင်းပါတယ်...

ကိုယ့်ရဲ့ အချက်အလက်တွေကို ကိုယ်မသိအောင် နောက်ကွယ်ကနေ ခိုးယူဖို့ အရမ်းကို လွယ်ကူနေပါတယ်...

ဒီတော့...ဒီလို အဖြစ်မျိုးတွေက ကင်းလွတ်အောင် ဘယ်လိုလုပ်ရမလဲ...စဉ်းစားကြည့်မိတော့...

အင်တာနက်သုံးတဲ့ အချိန်မှာ ကိုယ် လိုအပ်တဲ့ Browser, Office Application စတဲ့... Application လေးတွေကို Portable လုပ်ပြီးပဲ ဖြစ်ဖြစ်... Portable Version လေးတွေပဲ ဖြစ်ဖြစ် memory stick, thumb drive ထဲ ကို ထည့်သွားပြီး ... သုံးတာ က အရင်က ထက် ပိုပြီး စိတ်ချရစေတယ်လို့...ခံစားမိပါတယ်...

ဒါကြောင့်... Browser တွေထဲမှာ ... အကြိုက်ဆုံး mozilla firefox ရဲ့ portable edition လေးရဲ့ download လုပ်နိုင်တဲ့ link လေးကို ပြန်လည် ဝေမျှ ပေးလိုက်ပါတယ်...

ဒီအောက်မှာ ပါဗျာ...

http://portableapps.com/apps/internet/firefox_portable

ပြီးတော့.... gmail ကို offline စစ်လို့ရဖို့ အတွက် google gears portable add on လေးကို လဲ  အောက်မှာ download လုပ်နိုင်တဲ့ link လေး ပြန်လည် ဝေမျှပေးလိုက်ပါတယ်...

https://addons.mozilla.org/en-US/firefox/addon/google-gears-portable/eula/85025?src=addondetail


Source : http://forum.mmitd.com/forum/topics/network-8?xg_source=msg_mes_network


ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable, pass it on then)

Bandwidth and Hosting Plan

Web Hosting အကြောင်းသိကောင်းစရာတွေ ရေးပြီးတော့မှ Bandwidth ပေါ်
မူတည်ပြီး Hosting Plan ရွေးပုံကို သေချာ ရှင်းမပြခဲ့ရတာ တွေ့မိပါတယ်…
ဒီတော့ Bandwidth နဲ့ Hosting Plan အကြောင်းကို နောက်ဆက်တွဲ အနေဖြင့်
ရှင်းပြလိုက်ပါတယ်။
Hosting company များဟာဆိုရင် သူတို့ရဲ့ Plan တွေမှာ Bandwidth option
တော်တော်များများကို ပေးထားတာတွေ့ရပါမယ်။
Bandwidth ဆိုတာကတော့ ကိုယ့်ရဲ့ Website နဲ့ အင်တာနက်ရဲ့ ကျန်ရှိတဲ့
အပိုင်းကြားမှာ တွေ့ရမယ့် amount of traffic ပါပဲဗျာ။
ဒီတော့ bandwidth ပမာဏကို hosting company တွေက သူတို့ရဲ့ internal
network (data center) နဲ့ external network (internet) တို့ရဲ့ network
connections ပေါ်မှာ မူတည်ပြီး ပေးပါတယ်။
Network Connectivity
ဒီလိုဗျ…ISP က 255 Mb connection ရှိတဲ့ bandwidth Provide လုပ်ထားတယ်ဆိုပါတော့…
ဒါဆို ကိုယ့်ရဲ့ အင်တာနက် connection bandwidth ပမာဏဟာ 1.54Mb ရှိပါတယ်…
ဒီ လို badwidth နဲ့ client ပေါင်း ၁၆၆ ခုကို အင်တာနက် access
ပေးထားတာပါ။ ဒီလို user တွေအများကြီးပါဝင်တဲ့ Internet line တခုမှာ
ကိုယ်အမှန်တကယ်ရထားတဲ့ Bandwidth က 1.54 Mega bit ပါပဲဗျာ။
Traffic
Bandwidth နဲ့ Traffic ကို အလွယ်ကူဆုံး ဥပမာပြရရင် High way
ကားလမ်းမကြီးတခုနင့်လမ်းပေါ် က ကားတွေနဲ့ ပဲတင်စားရပါမယ်။
Bandwidth ဟာ ကားလမ်းလို့ယူဆပြီး Traffic ဟာ ကားလမ်းပေါ်က ကားတွေလို့ ယူဆပါမယ်။
ကိုယ့်ကားတစ်စီးထဲ ကားလမ်းမပေါ်မှာရှိနေရင် လိုရာခရီးကို အမြန်ဆုံးရောက်မယ်။
တကယ်လို့ လမ်းတွေပေါ်မှာ တခြားကားတွေပါရှိနေမယ်ဆိုရင်တော့ လိုရာခရီးကို
ရောက်ဖို့ အချိန်တခုတော့ ကြာမယ်ပေါ့။
Traffic ကိုအရိုးဆုံး အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင် network connection
ပေါ်မှာ bit တွေ ဖြတ်သန်းသွားတာပါပဲ။
4 MB ရှိတဲ့ MP3 သီချင်းတပုဒ်ကို web site တခုကနေ ကိုယ့်ကွန်ပျူတာကို
download လုပ်ပြီဆိုပါစို့ 4MB ရှိတဲ့ traffic တခု ကို web site နဲ့
ကိုယ့်ကွန်ပျူတာ ကြားမှာ ဖန်တီးလိုက်တာပါပဲ။
Network connection ရဲ့ အမြန်နူန်းပေါ်မူတည်ပြီး downloading time က
မြန်နိုင်ပါတယ် ဒါမှမဟုတ် တခြား user တယောက်ကလဲ ကိုယ့်လိုပဲ ၎င်း MP3
သီချင်းကို တပြိုင်တည်း Download လုပ်နေပြီဆိုရင်တော့ downloading time
ကြာမှာပါ။
နောက်ဥပမာတခုနဲ့ ပြပါအုံးမယ်… တကယ်လို့ ကိုယ် download လုပ်နေတဲ့ MP3 web
site ရဲ့ Internet connection ဟာ 10MB ရှိတယ်… download လုပ်နေတာလဲ
ကိုယ်တယောက်တည်းဆိုရင် 10MB connection မှာ 4MB Traffic တခုပဲရှိတယ်ပေါ့။
ဒါပေမယ့် ကိုယ်တယောက်တည်း download လုပ်နေတာမဟုတ်ပဲ လူသုံးယောက်လောက် က
MP3 ကိုတပြိုင်တည်း download လုပ်နေတယ်ဆိုရင်တော့ 10MB connection မှာ
(4MB x 3 = 12MB ) Traffic ဖြစ်နေပါပြီ။ ဒီတော့ host မှာရှိတဲ့ bandwidth
က 10MB ပဲရှိတာလေ… လူသုံးယောက်ထဲက တယောက်ယောက်ကတော့ စောင့်ရပါတော့မယ်။
ဒီတော့ တပြိုင်တည်းမှာ download လုပ်နေတဲ့ သူ အရေအတွက်များလာလေလေ
စောင့်ရမယ့်အချိန်ကြာလေလေပါပဲ။
Hosting Bandwidth
အပေါ်မှာ ပြခဲ့တဲ့ ဥပမာအတိုင်းပါပဲ… web site ကို တကြိမ်ကြည့်တိုင်း
traffic ကိုဖန်တီးနေတာပါ။ ဘာလို့လဲဆိုတော့ web page ကိုကြည့်တယ်ဆိုတာ
တကယ်က အဲ့ဒီ web page ကို ကိုယ့်ကွန်ပျူတာထဲကို download လုပ်လိုက်တာပါ။
ပြီးတော့မှ browser က ပြန်ပြပေးတာပါ။
ဒါကြောင့် web site ကိုကြည့်တာကလဲ MP3 ကို download လုပ်တာနဲ့ traffic
ဖန်တီးတာခြင်းအတူတူပါပဲ… traffic size ပဲကွာပါတယ်။
Web page တခုရဲ့ file size ဟာ MP3 file တခုထက်တော့ နည်းပါတယ်။ သူ့မှာ
ပါဝင်တဲ့ စာသားများနှင့် ရုပ်ပုံများ၏ အရည်အသွေးပေါ်မှာမူတည်ပါတယ်။
How much Bandwidth is enough?
ဒီမေးခွန်းလေးကို မှန်မှန်ကန်ကန်ဖြေနိုင်ဖို့လိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ hosting plan price တွေဟာ bandwidth များရင်များသလို
ပိုက်ဆံပိုပေးရလို့ပါ။
ဒီတော့ ကိုယ့်အတွက် လိုအပ်မယ့် bandwidth ကို ို့ အောက်က Formula လေးနဲ့
Estimate လုပ်ကြည့်ရအောင်…
တကယ်လို့ကိုယ်က ကိုယ့် web site ကနေ download ပေးမလုပ်ဖူးဆိုရင် အောက်က
ပုံစံနဲ့ တွက်ပါမယ်…
Required Bandwidth = (Average Daily Visitors ) x (Average Page Views) x
(Average Page Size) x (31) x (Fudge Factor)
Download ပေးလုပ်ဖို့ ရည်ရွယ်ထားရင်တော့ အောက်က ပုံစံနဲ့ တွက်ရပါမယ်…
Required Bandwidth = {[(Average Daily Visitors) x (Average Page Views) x
(Average Page Size)] + [(Average
Daily File Downloads) x
(Average File Size)] x (31) x
(Fudge Factor)}
Average Daily Visitors ဆိုတာကတော့ ပျမ်းမျှ ကိုယ့် Web Site
ကိုနေ့စဉ်လာလည်မယ့် သူအရေအတွက်ပါ။
Average Page Views ကတော့ လူတယောက်ချင်းစီက Web page ကို ကြည့်မယ့်
ပျမ်းမျှ အရေအတွက်ပါ။ ကိုယ့် Web Site မှာ Web Page ပေါင်း ၅၀ ရှိတယ်…
လူတယောက်က ပျမ်းမျှ တကြိမ်ကို ၅ မျက်နှာကြည့်တယ်ပေါ့ဗျာ။
ဒါမျိုးကိုပြောတာ။
Average Page Size ကတော့ ကိုယ့် web page ရဲ့ပျမ်းမျှ size ပါ။ ဒါကိုတော့
Web Site Design ကို ဆွဲထားပြီးသားဆိုရင် တိုက်ရိုက်အတိအကျကို
တွက်ထုတ်နိုင်ပါတယ်။
Average Daily File Downloads ကတော့ ကိုယ့် Web Site က file တခုကို
Visitor ဘယ်နှစ်ယောက်က တနေ့မှာ ဘယ်နှစ်ကြိမ် download လုပ်တယ်ဆိုတာကို
ပျမ်းမျှယူတာပါ။
Fudge Factor ကတော့ ပုံမှန်အားဖြင့် 1.5 ဆိုရင်လုံလောက်ပါတယ်။
ဒီထက်ပိုသေချာချင်ရင်တော့ 2 , 3 ထားပေါ့… Bandwidth ကို
ပိုတွက်ချင်ရင်သုံးတာပါ။
31 ကိုတော့ သိကြမှာပါ။ Hosting Plan တွေက Bandwidth ကို တစ်လစာ တွက်ကြတာလေ။
ကဲ… ဒီလောက်ဆိုရင် Personal အတွက်၊ Small Business အတွက် နဲ့ တကယ့်
လုပ်ငန်းတွေ အတွက် Hosting Plan ကိုဘယ်လိုမျိုးရွေးချယ်ရမယ်ဆိုတာကို
အနည်းငယ် သိသွားလောက်ပြီလို့ ယူဆပါတယ်။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
မှတ်ချက်။ ။ Web Development နယ်ပယ်ထဲကို စ ဝင်လာမယ့် Beginner
များသိစေရန် အတွက် ရေးသားခြင်းဖြစ်ပါတယ်။ လိုအပ်တာများရှိခဲ့လျှင်
ရေးသားသူ မိမိ ၏ တာဝန်သာဖြစ်ပါကြောင်း ဝန်ခံပါသည်။