How to clear DNS cache in Windows,Linux and Mac

မနေ့က ကိုယ်ကြည့်နေကျ Website လေးတခု ကြည့်ရင်းကနေ... ဆက်ကြည့်လို့မရတော့ပဲ...
DNS errors ပေါ်လာလိုက်... 404 pages error ပေါ်လာလိုက်နဲ့... လူလည်း မျက်စိလည်သွားပါတယ်။
ဒါနဲ့ net connection များ ကြောင့်လားဆိုပြီး ပုံစံမျိုးစုံနဲ့ စစ်ဆေးပါတယ်...
net connection က ဘာမှ မဖြစ်ဘူးဗျ...
ဒါနဲ့... နောက်တကြိမ် ထပ်စမ်းကြည့်ပါတယ်... browser မှာ ပေါ်လာတာကတော့...
ကိုယ်က web site ရဲ့ owner ဆိုရင် cPanel ကနေ ဝင်ကြည့်ဖို့ ပြောလာပါတယ်...
ဒါမှ မဟုတ်ရင် DNS Cache ကို Clearing လုပ်ကြည့်ပါတဲ့...
မရရင်... admin တွေကို လှမ်းမေးပါတဲ့...
ဒါနဲ့ပဲ... cPanel အကြောင်းနည်းနည်း ပြန်ရှာလိုက်ပြီး... DNS Cache Clearing လုပ်ပုံလေး ပြန်ကြည့်ပြီး လုပ်ကြည့်လိုက်တော့မှ ပဲ ရသွားပါတော့တယ်။
ဒီတော့... ကိုယ့်လိုပဲ ကြုံမယ့်သူတွေကို အလွယ်တကူ ဖြေရှင်းလို့ရအောင် DNS Cache Clear လုပ်ပုံလေးကို ပြန်ဝေမျှလိုက်ပါတယ်...
DNS Cache Clear လုပ်တာကို Flush DNS Cache လို့လဲ ခေါ်ပါသေးတယ်...

Microsoft Windows OS တြွေဖစ်တဲ့ ... Win ME, Win XP, Win 2000 နဲ့ Win Vista တွေမှာဆိုရင်
- Start-> Run -> type cmd
  (Vista,Win 7 သမားတွေကတော့ Search bar မှာ run ကိုရိုက်ထည့်ပြီးရှာလိုက်ပါ။)
- command prompt ပေါ်လာရင် ipconfig /flushdns လို့ ရိုက်ထည့်ပါ။ Enter ပေါ့
  ဒါဆို ရပါပြီ။

Linux သများတွေကတော့... nscd daemon ကို restart လုပ်ပေးရပါမယ်။
- terminial ကိုသွားပါ ။ /etc/rc.d/init.d/nscd restart လို့ ရိုက်ထည့်ပါ။
  (command run ပြီဆိုရင် DNS Cache Flush ပြီးပါပြီ။)

Mac OS X Leopard သမားတွေကတော့...
- terminal မှာ lookupd -flushcache လို့ ရိုက်ထည့်လိုက်ပါ။
  ဥပမာ ... ဒီလိုပေါ့ ... bash-2.05a$ lookupd -flushcache
   (command run ပြီဆိုရင် DNS Cache Flush ပြီးပါပြီ။)

Mac OS X သမားတွေကတော့...
- terminal မှာ dscacheutil -flushcache ဆိုပြီး ရိုက်ထည့်လိုက်ပါ။
  (command run ပြီဆိုရင် DNS Cache Flush ပြီးပါပြီ။)


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment