Bandwidth and Hosting Plan

Web Hosting အကြောင်းသိကောင်းစရာတွေ ရေးပြီးတော့မှ Bandwidth ပေါ်
မူတည်ပြီး Hosting Plan ရွေးပုံကို သေချာ ရှင်းမပြခဲ့ရတာ တွေ့မိပါတယ်…
ဒီတော့ Bandwidth နဲ့ Hosting Plan အကြောင်းကို နောက်ဆက်တွဲ အနေဖြင့်
ရှင်းပြလိုက်ပါတယ်။
Hosting company များဟာဆိုရင် သူတို့ရဲ့ Plan တွေမှာ Bandwidth option
တော်တော်များများကို ပေးထားတာတွေ့ရပါမယ်။
Bandwidth ဆိုတာကတော့ ကိုယ့်ရဲ့ Website နဲ့ အင်တာနက်ရဲ့ ကျန်ရှိတဲ့
အပိုင်းကြားမှာ တွေ့ရမယ့် amount of traffic ပါပဲဗျာ။
ဒီတော့ bandwidth ပမာဏကို hosting company တွေက သူတို့ရဲ့ internal
network (data center) နဲ့ external network (internet) တို့ရဲ့ network
connections ပေါ်မှာ မူတည်ပြီး ပေးပါတယ်။
Network Connectivity
ဒီလိုဗျ…ISP က 255 Mb connection ရှိတဲ့ bandwidth Provide လုပ်ထားတယ်ဆိုပါတော့…
ဒါဆို ကိုယ့်ရဲ့ အင်တာနက် connection bandwidth ပမာဏဟာ 1.54Mb ရှိပါတယ်…
ဒီ လို badwidth နဲ့ client ပေါင်း ၁၆၆ ခုကို အင်တာနက် access
ပေးထားတာပါ။ ဒီလို user တွေအများကြီးပါဝင်တဲ့ Internet line တခုမှာ
ကိုယ်အမှန်တကယ်ရထားတဲ့ Bandwidth က 1.54 Mega bit ပါပဲဗျာ။
Traffic
Bandwidth နဲ့ Traffic ကို အလွယ်ကူဆုံး ဥပမာပြရရင် High way
ကားလမ်းမကြီးတခုနင့်လမ်းပေါ် က ကားတွေနဲ့ ပဲတင်စားရပါမယ်။
Bandwidth ဟာ ကားလမ်းလို့ယူဆပြီး Traffic ဟာ ကားလမ်းပေါ်က ကားတွေလို့ ယူဆပါမယ်။
ကိုယ့်ကားတစ်စီးထဲ ကားလမ်းမပေါ်မှာရှိနေရင် လိုရာခရီးကို အမြန်ဆုံးရောက်မယ်။
တကယ်လို့ လမ်းတွေပေါ်မှာ တခြားကားတွေပါရှိနေမယ်ဆိုရင်တော့ လိုရာခရီးကို
ရောက်ဖို့ အချိန်တခုတော့ ကြာမယ်ပေါ့။
Traffic ကိုအရိုးဆုံး အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင် network connection
ပေါ်မှာ bit တွေ ဖြတ်သန်းသွားတာပါပဲ။
4 MB ရှိတဲ့ MP3 သီချင်းတပုဒ်ကို web site တခုကနေ ကိုယ့်ကွန်ပျူတာကို
download လုပ်ပြီဆိုပါစို့ 4MB ရှိတဲ့ traffic တခု ကို web site နဲ့
ကိုယ့်ကွန်ပျူတာ ကြားမှာ ဖန်တီးလိုက်တာပါပဲ။
Network connection ရဲ့ အမြန်နူန်းပေါ်မူတည်ပြီး downloading time က
မြန်နိုင်ပါတယ် ဒါမှမဟုတ် တခြား user တယောက်ကလဲ ကိုယ့်လိုပဲ ၎င်း MP3
သီချင်းကို တပြိုင်တည်း Download လုပ်နေပြီဆိုရင်တော့ downloading time
ကြာမှာပါ။
နောက်ဥပမာတခုနဲ့ ပြပါအုံးမယ်… တကယ်လို့ ကိုယ် download လုပ်နေတဲ့ MP3 web
site ရဲ့ Internet connection ဟာ 10MB ရှိတယ်… download လုပ်နေတာလဲ
ကိုယ်တယောက်တည်းဆိုရင် 10MB connection မှာ 4MB Traffic တခုပဲရှိတယ်ပေါ့။
ဒါပေမယ့် ကိုယ်တယောက်တည်း download လုပ်နေတာမဟုတ်ပဲ လူသုံးယောက်လောက် က
MP3 ကိုတပြိုင်တည်း download လုပ်နေတယ်ဆိုရင်တော့ 10MB connection မှာ
(4MB x 3 = 12MB ) Traffic ဖြစ်နေပါပြီ။ ဒီတော့ host မှာရှိတဲ့ bandwidth
က 10MB ပဲရှိတာလေ… လူသုံးယောက်ထဲက တယောက်ယောက်ကတော့ စောင့်ရပါတော့မယ်။
ဒီတော့ တပြိုင်တည်းမှာ download လုပ်နေတဲ့ သူ အရေအတွက်များလာလေလေ
စောင့်ရမယ့်အချိန်ကြာလေလေပါပဲ။
Hosting Bandwidth
အပေါ်မှာ ပြခဲ့တဲ့ ဥပမာအတိုင်းပါပဲ… web site ကို တကြိမ်ကြည့်တိုင်း
traffic ကိုဖန်တီးနေတာပါ။ ဘာလို့လဲဆိုတော့ web page ကိုကြည့်တယ်ဆိုတာ
တကယ်က အဲ့ဒီ web page ကို ကိုယ့်ကွန်ပျူတာထဲကို download လုပ်လိုက်တာပါ။
ပြီးတော့မှ browser က ပြန်ပြပေးတာပါ။
ဒါကြောင့် web site ကိုကြည့်တာကလဲ MP3 ကို download လုပ်တာနဲ့ traffic
ဖန်တီးတာခြင်းအတူတူပါပဲ… traffic size ပဲကွာပါတယ်။
Web page တခုရဲ့ file size ဟာ MP3 file တခုထက်တော့ နည်းပါတယ်။ သူ့မှာ
ပါဝင်တဲ့ စာသားများနှင့် ရုပ်ပုံများ၏ အရည်အသွေးပေါ်မှာမူတည်ပါတယ်။
How much Bandwidth is enough?
ဒီမေးခွန်းလေးကို မှန်မှန်ကန်ကန်ဖြေနိုင်ဖို့လိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ hosting plan price တွေဟာ bandwidth များရင်များသလို
ပိုက်ဆံပိုပေးရလို့ပါ။
ဒီတော့ ကိုယ့်အတွက် လိုအပ်မယ့် bandwidth ကို ို့ အောက်က Formula လေးနဲ့
Estimate လုပ်ကြည့်ရအောင်…
တကယ်လို့ကိုယ်က ကိုယ့် web site ကနေ download ပေးမလုပ်ဖူးဆိုရင် အောက်က
ပုံစံနဲ့ တွက်ပါမယ်…
Required Bandwidth = (Average Daily Visitors ) x (Average Page Views) x
(Average Page Size) x (31) x (Fudge Factor)
Download ပေးလုပ်ဖို့ ရည်ရွယ်ထားရင်တော့ အောက်က ပုံစံနဲ့ တွက်ရပါမယ်…
Required Bandwidth = {[(Average Daily Visitors) x (Average Page Views) x
(Average Page Size)] + [(Average
Daily File Downloads) x
(Average File Size)] x (31) x
(Fudge Factor)}
Average Daily Visitors ဆိုတာကတော့ ပျမ်းမျှ ကိုယ့် Web Site
ကိုနေ့စဉ်လာလည်မယ့် သူအရေအတွက်ပါ။
Average Page Views ကတော့ လူတယောက်ချင်းစီက Web page ကို ကြည့်မယ့်
ပျမ်းမျှ အရေအတွက်ပါ။ ကိုယ့် Web Site မှာ Web Page ပေါင်း ၅၀ ရှိတယ်…
လူတယောက်က ပျမ်းမျှ တကြိမ်ကို ၅ မျက်နှာကြည့်တယ်ပေါ့ဗျာ။
ဒါမျိုးကိုပြောတာ။
Average Page Size ကတော့ ကိုယ့် web page ရဲ့ပျမ်းမျှ size ပါ။ ဒါကိုတော့
Web Site Design ကို ဆွဲထားပြီးသားဆိုရင် တိုက်ရိုက်အတိအကျကို
တွက်ထုတ်နိုင်ပါတယ်။
Average Daily File Downloads ကတော့ ကိုယ့် Web Site က file တခုကို
Visitor ဘယ်နှစ်ယောက်က တနေ့မှာ ဘယ်နှစ်ကြိမ် download လုပ်တယ်ဆိုတာကို
ပျမ်းမျှယူတာပါ။
Fudge Factor ကတော့ ပုံမှန်အားဖြင့် 1.5 ဆိုရင်လုံလောက်ပါတယ်။
ဒီထက်ပိုသေချာချင်ရင်တော့ 2 , 3 ထားပေါ့… Bandwidth ကို
ပိုတွက်ချင်ရင်သုံးတာပါ။
31 ကိုတော့ သိကြမှာပါ။ Hosting Plan တွေက Bandwidth ကို တစ်လစာ တွက်ကြတာလေ။
ကဲ… ဒီလောက်ဆိုရင် Personal အတွက်၊ Small Business အတွက် နဲ့ တကယ့်
လုပ်ငန်းတွေ အတွက် Hosting Plan ကိုဘယ်လိုမျိုးရွေးချယ်ရမယ်ဆိုတာကို
အနည်းငယ် သိသွားလောက်ပြီလို့ ယူဆပါတယ်။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
မှတ်ချက်။ ။ Web Development နယ်ပယ်ထဲကို စ ဝင်လာမယ့် Beginner
များသိစေရန် အတွက် ရေးသားခြင်းဖြစ်ပါတယ်။ လိုအပ်တာများရှိခဲ့လျှင်
ရေးသားသူ မိမိ ၏ တာဝန်သာဖြစ်ပါကြောင်း ဝန်ခံပါသည်။

No comments :

Post a Comment