Portable ပဲကြိုက်တယ်

အင်တာနက်ဆိုင်တွေမှာ အင်တာနက်သုံးရတာ အခုနောက်ပိုင်း Privacy မရှိသလိုခံစားလာရပါတယ်...

အထူးသဖြင့် browser တွေရဲ့ add-ons တွေက တော်တော်ကြောက်ဖို့ကောင်းပါတယ်...

ကိုယ့်ရဲ့ အချက်အလက်တွေကို ကိုယ်မသိအောင် နောက်ကွယ်ကနေ ခိုးယူဖို့ အရမ်းကို လွယ်ကူနေပါတယ်...

ဒီတော့...ဒီလို အဖြစ်မျိုးတွေက ကင်းလွတ်အောင် ဘယ်လိုလုပ်ရမလဲ...စဉ်းစားကြည့်မိတော့...

အင်တာနက်သုံးတဲ့ အချိန်မှာ ကိုယ် လိုအပ်တဲ့ Browser, Office Application စတဲ့... Application လေးတွေကို Portable လုပ်ပြီးပဲ ဖြစ်ဖြစ်... Portable Version လေးတွေပဲ ဖြစ်ဖြစ် memory stick, thumb drive ထဲ ကို ထည့်သွားပြီး ... သုံးတာ က အရင်က ထက် ပိုပြီး စိတ်ချရစေတယ်လို့...ခံစားမိပါတယ်...

ဒါကြောင့်... Browser တွေထဲမှာ ... အကြိုက်ဆုံး mozilla firefox ရဲ့ portable edition လေးရဲ့ download လုပ်နိုင်တဲ့ link လေးကို ပြန်လည် ဝေမျှ ပေးလိုက်ပါတယ်...

ဒီအောက်မှာ ပါဗျာ...

http://portableapps.com/apps/internet/firefox_portable

ပြီးတော့.... gmail ကို offline စစ်လို့ရဖို့ အတွက် google gears portable add on လေးကို လဲ  အောက်မှာ download လုပ်နိုင်တဲ့ link လေး ပြန်လည် ဝေမျှပေးလိုက်ပါတယ်...

https://addons.mozilla.org/en-US/firefox/addon/google-gears-portable/eula/85025?src=addondetail


Source : http://forum.mmitd.com/forum/topics/network-8?xg_source=msg_mes_network


ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable, pass it on then)

No comments :

Post a Comment