How to calculate EIGRP Metric?

Route Redistribution တွေလေ့လာရင် ခေါင်းစားရတဲ့ အပိုင်းကတော့ တခြား Routing Protocol တွေကနေ EIGRP ထဲကို Redistribute လုပ်တဲ့အခါ Bandwidth , Delay, Load, Reliability နဲ့ MTU တန်ဖိုးတွေကို ထည့်ရတာပါပဲ။

အဲဒီမှာ တချို့ Lab တွေမှာ Interface က တန်ဖိုးတွေကို ထည့်ပြီး၊ တချို့ Lab တွေမှာ ထည့်ပေးရမယ့် တန်ဖိုးတွေ အကုန်လုံးကို 1 တွေချည်းပဲ ထည့်တာကို နားမလည်ကြတဲ့သူ အတော်များပါတယ်။

ဒါက ဒီလိုရှိတယ်ဗျ။

EIGRP အကြောင်းလေ့လာရင် Metric တွက်တဲ့အခါ Cisco က သတ်မှတ်ထားတဲ့ Variable တွေဖြစ်တဲ့ K1, K2, K3, K4, K5 တွေနဲ့ Bandwidth, Delay, Load, Reliability, MTU စတဲ့ တန်ဖိုးတွေကို  တွဲပြီး တွက်ပါတယ်။

ပုံမှန်အားဖြင့် Cisco က recommend လုပ်တဲ့ K1 နဲ့ K3  တန်ဖိုးနှစ်မျိုးနဲ့ ပဲ တွက်တဲ့ အခါမှာ

ဒီအောက် က Formula ကို သုံးပြီး

Metric = (256 * ((10^7/Minimum Bandwidth)+(Cumulative Delay)))

K1 ကနေ K5 အထိ သုံးပြီး တွက်တဲ့အခါမှာ ဆိုရင်တော့ အောက်က Formula ကိုသုံးပါတယ်။

Metric = [K1 * bandwidth + (K2 * bandwidth) / (256 - load) + K3* delay] * [K5 /(reliability +K4)]


(Minimum Bandwidth ဆိုတာ ကိုယ် Redistribution လုပ်ရမယ့် Network ထဲက Bandwidth အနည်းဆုံး Bandwidth တန်ဖိုးကို ပြောတာ ဖြစ်ပြီး။
Cumulative Delay ဆိုတာကတော့ Network ထဲက တန်ဖိုးအမြင့်ဆုံး (တနည်းအားဖြင့် Total Delay) Delay ကို ပြောတာပါ။
Router တခုချင်းစီမှာ သူတို့တန်ဖိုးကို သိချင်ရင် "show ip protocols" ဆိုပြီး ရိုက်ကြည့်လို့ရတယ်ဗျ။)

ဒီတော့ဗျာ ဘာလို့ 1 တွေချည်းပဲ ထည့်တွက်တာလဲ။ ဘာလို့ 1 တွေ မထည့်ပဲ တွက်တာလဲ ဆိုတာကို ကွဲကွဲပြားပြား သိချင်ရင်တော့ Lab သေးသေးလေးဆောက်၊ ပြီးရင် အပေါ်က Formula လေးကို သုံးပြီး နည်းမျိုးစုံ စမ်းကြည့်ဗျ။
Bandwidth က နေ MTU ထိကို 1 တွေချည်းပဲ ထည့်ပြီး တွက်ကြည့်လိုက်၊
တကယ့် တန်ဖိုးတွေ ထည့်တွက်ကြည့်လိုက် လုပ်ကြည့်လိုက်ရင် ဘာတွေဘယ်လိုဖြစ်တယ်ဆိုတာ စိတ်ဝင်စားဖွယ်ရာ တွေ့လိမ့်မယ်။

:D :D :D

ကျေးဇူးတင်ပါတယ်။
(Be knowledgeable, pass it on then)