I can buy Kindle eBook Reader from my Country (Myanmar) but cannot from Singapore. That's Great !!!

ဒီနေ့ ဘာရယ်မဟုတ်... အလုပ်ပိတ်ရက်ဆိုတော့ ပျင်းပျင်းရှိတာနဲ့ အင်တာနက်မှာ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် လုပ်ရာကနေ ... Amazon က ထုတ်တဲ့ Kindle eBook Reader လိုချင်လာပါတယ်။
ဒါနဲ့ Amazon.com ကိုသွားတယ်ပေါ့။
ပြီးတော့ Kindle Touch ဆိုတာလေး သဘောကျလို့... Order လုပ်ပါတယ်။
ဘယ်နိုင်ငံကို ပို့ပေးရမှာလဲ ဆိုတာကို Singapore ဖြည့်လိုက်တော့ အောက် က ပုံလေးအတိုင်းပေါ်လာပါတယ်။


ဒါနဲ့ Myanmar ဆိုပြီး ပြန်ပြောင်းဖြည့်လိုက်တော့ အောက် က ပုံလေးအတိုင်း ပြန်ပေါ်လာတယ်။

နည်းနည်းသဘောကျသွားတယ်ဗျာ။

စင်ကာပူ...စင်ကာပူ နဲ့ လက်မထောင် ချင်သလိုလို ဖြစ်နေတာ။

ကိုယ့်နိုင်ငံကနေတောင် Kindle ကို ဝယ်လို့ရသေးတယ်။ စင်ကာပူကနေ ဝယ်လို့မရဘူးဗျာ။

ဟားဟား ... ဒီတခုတော့ သဘောကျတယ်ဗျာ။


ပျော်ရွှင်ပါစေ။
(Be knowledgeable, pass it on then)

Phishing ! Please be aware this not to loose your money !!!


Phishing အကြောင်းကို တော်တော်များများကြားဖူးကြမှာပါ။

ဒါပေမယ့် ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးဖို့ ကြုံဖူးဖို့ကျတော့ နည်းနည်းခက်မယ် ထင်ပါတယ်။

အောက်မှာ ကျတော့်ဆီကို ဝင်လာတဲ့ Phishing email တစောင်ကို နမူနာ ပြပေးထားပါတယ်။

Paypal ကနေ ပို့လာတဲ့ email အသွင်အယောင်ဆောင်ထားတာပါ။ email ထဲမှာ ပါတာကတော့

ပိုက်ဆံ ပြန်လွှဲပေးဖို့ အတွက် အောက်မှာ Attach လုပ်ပေးလိုက်တဲ့ Form ကို ဖြည့်ပေးဖို့ ပြောထားတာပါ။

Gmail ကို ကျတော်သုံးထားတဲ့ အတွက် Google ကတော့ ဒီ email ကို မယုံကြည်ဖို့ သတိပေးထားပါတယ်။

တကယ်လို့များ... Internet အတွေ့အကြံုနည်းပါးတဲ့ သူတယောက်အနေနဲ့ ဒါမျိုးကို လက်ခံရရှိမယ်ဆိုရင်

တကယ့် Paypal လို့ ထင်ပြီး Form ကို ဖြည့်ပြီး Submit လုပ်မိမှာ ပါပဲ။

တကယ်တော့ ဒီ email မှာ သတိထားရမယ့် အချက်အလက်တွေကို အောက်က ပုံ တွေမှာ နမူနာ ပြထားပါတယ်။

မူရင်း Paypal က ပို့လာတဲ့ email ပုံစံနဲ့ Phishing Site က ပို့လာတဲ့ email ပုံစံ သိသိသာသာ ကွာခြားပါတယ်။

မူရင်း Paypal က service@paypal.com အနေနဲ့လာပါတယ်။ ဒီနေရာမှာ နိုင်ငံ ပေါ်မူတည်ပြီး နောက်က .com ကတော့ လိုက်ပြောင်းနိုင်ပါတယ်။

ကျတော့် email မှာဆိုရင် service@paypal.com.sg ပေါ့။

အခု ကျတော့် ဆီ ပို့လာတဲ့ Phishing Site က email ကတော့ paypal@servicionline.com ပါတဲ့လေ။

ဒါက သိသာ ထင်ရှားဆုံး အချက်ပါ။

နောက်ကျန်တာတွေကတော့ Email Signature , Web Address စတာတွေ အပါအဝင်ပေါ့ဗျာ။

ကျတော် အနီရောင် လေးတွေနဲ့ ဝိုင်းပြထားပါတယ်။

တကယ်ကတော့ ဒီလို email မျိုးကို email service တော်တော်များများက spam mail ထဲကို အလိုအလျောက်ထည့်ပေးတတ်ပြီးသားပါ။

သို့ပေမယ့် တစောင်တလေ များ Inbox ထဲ ရောက်လာခဲ့ရင် သတိထားနိုင်အောင်လို့ပါ။

စာဖတ်သူ များ အနေနဲ့ ဒါမျိုး Phishing ရန်မှ ကင်းဝေးစေလို တဲ့ စေတနာနဲ့ တင်ပြခြင်းဖြစ်ပါတယ်။

Phishing email ရဲ့ ပုံစံ


Phishing email ကနေ သွားခိုင်းတဲ့ Web Address နှင့် ဖြည့်ခိုင်းတဲ့ Form ပုံစံ


တကယ့် Paypal email ရဲ့ ပုံစံ



တကယ့် Paypal Website ကို တော့ မြင်ဖူးကြမှာပါ။
မမြင်ဖူးတဲ့သူများကတော့ www.paypal.com လို့သာ Browser မှာ ရိုက်ကြည့်ပေတော့ဗျို့။ :P


ပျော်ရွှင်ပါစေ။
(Be knowledgeable, pass it on then)

Virus Warning !!!

ဒီမနက် သူငယ်ချင်းတယောက်က Gmail Chat ကနေ အောက်က စာသားပေးပို့လာပါတယ်။

haha foto http://www.fastinternet.cz/album.php?Facebook.com-IMG176019.JPG

ဝင်လာကတည်းက ပုံမှန်မဟုတ်ဖူးဆိုတာ သိလိုက်ပါတယ်။

ဒါပေမယ့် သေချာ သိချင်လို့ အဲဒီ Link ကို သွားကြည့်ပါတယ်။

ပေါ်လာတာကတော့ Download လုပ်နေတာပါ။

Picture14.JPG.zip ဆိုတာကို Download လုပ်ပါတယ်။

ZIP ကို ဝင်ကြည့်လိုက်တော့ Picture14.JPG_www.facebook.com ဆိုပြီးတွေ့တယ်ဗျ။

File Type ကို စစ်ပြန်တော့ MS-DOS Application ပါတဲ့။

ဒါနဲ့ File Size ကို ထပ်စစ်ပါတယ်။ 148KB ပဲရှိတယ်။

သေချာပြီ ဒါဟာ မရိုးသားတဲ့ လက္ခဏာပဲ။ Google ကနေ File Name နဲ့ ရှာကြည့်တော့ Virus ဖြစ်ပါတယ်တဲ့။

ဒီတော့ ထုံးစံအတိုင်း http://r.virscan.org/ ကို ဖွင့် Download လုပ်ထားတဲ့ File ကို Upload တင်ပြီး စစ်တာပေါ့။

ထင်တဲ့ အတိုင်းသေချာသွားပါပြီး Virus ပါ။ အောက်မှ Result ကို Screen Shot လုပ်ထားတာပါ။


Google က ရှာကြည့်လို့ တွေ့တဲ့ Result မှာလဲ Virus ဆိုပြီး တွေ့ပါတယ်။

အောက်မှာ Screen Shot ပါ။

ဒီတော့ သူငယ်ချင်းတို့ရေ... ဒါလေး ကို သတိထားပေတော့ ဗျို့။

ပျော်ရွှင်ပါစေ။
(Be knowledgeable, pass it on then)

Free Opener, very useful application for IT related persons !



သင့်အနေနဲ့ တကယ့်လုပ်ငန်းခွင်ထဲမှာ... အလုပ်လုပ်ပြီဆိုရင် တခါတရံ သင့်စက်ထဲမှာ မရှိတဲ့ Program မျိုးနဲ့ ဖွင့်ရတဲ့ file တခုခုကို ဖွင့်ရဖို့ ကြုံလာနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ သင်... အဲဒီ file ကိုဖွင့်ဖို့ Program ကို ဝယ်ဖို့ စဉ်းစားမှာလား ???

သေချာပါတယ် သင် မဝယ်ဖူးဆိုတာ...
ဒီတော့ သင်က Free ဖြစ်ရမယ်... file ကိုလဲ ဖွင့်နိုင်တဲ့ Program ကို အသုံးပြုမှာ သေချာပါတယ်။
တကယ်လို့များ သင့်အနေနဲ့ ဒီလို အခြေအနေတွေ ခဏခဏ ကြံုလာပြီဆိုပါစို့... သင် Program တွေ အများကြီး အသုံးပြုရတော့မှာပေါ့။

သင့်စက်ထဲမှာ Program တွေ အများအပြား သွင်းထားရတာ တကယ်တော့ အဆင်မပြေပါဘူး။

ဒီလို အခြေအနေက နေ သက်တောင့်သက်သာ ရှောင်လို့ရတဲ့... Free Opener ဆိုတဲ့ Program လေး တခုနဲ့ သင့်ကို မိတ်ဆက်ပေးချင်ပါတယ်။

" avi, bmp, docx, gif, pdf, mov, pps, xlsx, wmv, ppt, csv, zip, pptx, png, rar, mpeg " အစရှိတဲ့ file တွေ အပါအဝင် file အမျိုးအစား ပေါင်း (၈၀) ကျော်လောက်ကို တခုတည်းနဲ့ ဖွင့်ကြည့်နိုင်တဲ့ Program လေးပါ။

သင့်အတွက် အတော်လေး အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။

စမ်းသပ် အသုံးပြုချင်တယ် ဆိုရင် တော့ ဒီမှာ Download  လုပ်ပါ။

Program အကြောင်းသိချင်တယ်ဆိုရင်တော့ သူ့ရဲ့ Website ကို သွားကြည့်နိုင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)