Virus Warning !!!

ဒီမနက် သူငယ်ချင်းတယောက်က Gmail Chat ကနေ အောက်က စာသားပေးပို့လာပါတယ်။

haha foto http://www.fastinternet.cz/album.php?Facebook.com-IMG176019.JPG

ဝင်လာကတည်းက ပုံမှန်မဟုတ်ဖူးဆိုတာ သိလိုက်ပါတယ်။

ဒါပေမယ့် သေချာ သိချင်လို့ အဲဒီ Link ကို သွားကြည့်ပါတယ်။

ပေါ်လာတာကတော့ Download လုပ်နေတာပါ။

Picture14.JPG.zip ဆိုတာကို Download လုပ်ပါတယ်။

ZIP ကို ဝင်ကြည့်လိုက်တော့ Picture14.JPG_www.facebook.com ဆိုပြီးတွေ့တယ်ဗျ။

File Type ကို စစ်ပြန်တော့ MS-DOS Application ပါတဲ့။

ဒါနဲ့ File Size ကို ထပ်စစ်ပါတယ်။ 148KB ပဲရှိတယ်။

သေချာပြီ ဒါဟာ မရိုးသားတဲ့ လက္ခဏာပဲ။ Google ကနေ File Name နဲ့ ရှာကြည့်တော့ Virus ဖြစ်ပါတယ်တဲ့။

ဒီတော့ ထုံးစံအတိုင်း http://r.virscan.org/ ကို ဖွင့် Download လုပ်ထားတဲ့ File ကို Upload တင်ပြီး စစ်တာပေါ့။

ထင်တဲ့ အတိုင်းသေချာသွားပါပြီး Virus ပါ။ အောက်မှ Result ကို Screen Shot လုပ်ထားတာပါ။


Google က ရှာကြည့်လို့ တွေ့တဲ့ Result မှာလဲ Virus ဆိုပြီး တွေ့ပါတယ်။

အောက်မှာ Screen Shot ပါ။

ဒီတော့ သူငယ်ချင်းတို့ရေ... ဒါလေး ကို သတိထားပေတော့ ဗျို့။

ပျော်ရွှင်ပါစေ။
(Be knowledgeable, pass it on then)

No comments :

Post a Comment