How to delete RSA Key in Cisco ASA Firewall?

Network တခုကို ကိုင်တွယ်စီမံနေရတဲ့ Experience Network Administrator တယောက်အနေနဲ့ အမှုမဲ့ အမှတ်မဲ့ အပျင်းကြီးပြီး Cisco ASA Firewall ပေါ်မှာ RSA Key label မှားပေးမိတာမျိုး။

Fresher Network Administrator တယောက်အနေနဲ့ သေသေချာချာမသိသေးလို့ Cisco ASA Firewall ပေါ်မှာ RSA Key label လွဲပေးမိတာမျိုး မလွဲမသွေ ကြုံရ မှာပါ။ ကြံုဖူးမှာပါ။

အဲလိုကြံုလာရင် ပြန်ဖျက်ဖို့ ဘယ်လိုပြန်ဖျက်ရမှန်းမသိတဲ့ သူ အတော်များများကို ကျတော်တွေ့ဖူးပါတယ်။ ဘာလို့လဲ ဆိုတော့ အတော်များများက ASDM ကိုသုံးပြီး GUI နဲ့ Key create လုပ်ကြတာလေ။

GUI မှာက Create ပဲလုပ်ရပြီး ပြန်ဖျက်ချင်ရင် Command Line Interface က ပဲ ရတာ တော်တော်များများ မသိကြလို့ပါ။

အဲလို အဖြစ်မျိုးကြံုတဲ့သူတွေ အတွက် မှားသွားတဲ့ RSA Key ကို ပြန်ဖျက်ပုံကို ပြန်လည်ဝေမျှချင်ပါတယ်။

ဒီလိုပါ...

ပထမဆုံး Global Configuration Mode ကို သွားပြီး အောက်ပါအတိုင်းလေး Command ရိုက်ပေါ့ဗျာ။

ciscoasa>enable
ciscoasa#configure terminal
ciscoasa(config)#crypto key zeroize rsa label key-name
ciscoasa(config)#exit
ciscoasa#write memory

key-name ဆိုတဲ့နေရာမှာ သင်မှားပြီး Create လုပ်ထားတဲ့ RSA Key Name ကို အစားထိုးပါ။

ကဲဒါဆိုရင် သင် မှားသွားတဲ့ Key ကို ပြန်အသစ် ပြန် Create လုပ်နိုင်ပါပြီဗျာ။

Label ဆိုတာ မေ့ကျန်ခဲ့ရင် အရင်က Create လုပ်ထားတဲ့ Default RSA Key ကို ဖျက်ပစ်မယ်ဆိုတာကိုတော့ မမေ့ဖို့ သတိပေးလိုပါတယ်ဗျာ။

ကျတော်လုပ်ပြထားတာကတော့ Cisco ASA 5520 ပေါ်မှာပါဗျ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)




How to solve Canon Multi-Functional Printer unable to print with PIN Management via Print Server?

Print Management Server အသစ်လုပ်ဖို့ အကြောင်းပေါ်လာတဲ့ အတွက် Windows Server 2008 Standard Edition R2 Service Pack 1 တင်ပြီး Print Server Role တင်ပါတယ်။

လိုအပ်တာတွေ အားလုံးပြီးတဲ့အခါ Workstation တွေကနေ Direct Print ရပေမယ့် Department အလိုက် PIN တွေနဲ့ Print လုပ်တော့မှ မရမှန်းသိပါတော့တယ်။

Driver အပါအဝင် တခြား အကြောင်းအရာတော်တော်များများကို လိုက်ရှာပါတယ်။ ဒါပေမယ့် အဖြေမတွေ့ခဲ့ပါဘူး။

နောက်ဆုံးမှ ဖြေရှင်းနည်းကို သိပါတယ်။ ကိုယ့်လို တခြားသူတွေ အချိန်မကုန်ပဲ အလွယ်တကူ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်း ဝေမျှလိုက်ပါတယ်။

တခြားတော့ မဟုတ်ပါဘူး။

မိမိ အလုပ်မှာ အသုံးပြုနေတဲ့ Canon Multi-Functional Printer ရဲ့ Latest Driver ကို Download လုပ်ပါ (UFRII ဆိုတဲ့ Driver ဖြစ်ရပါမယ်)။ Download လုပ်ထားတဲ့ Folder မှာ misc ဆိုတဲ့ Folder ပါပါတယ်။

အဲဒီ Folder ထဲက DIASsetup.exe ဆိုတာကိုServer မှာ Install လုပ်ပါ။ ပြီးပြီဆိုရင် Workstation တွေဖက်မှာ Print ကို PIN Management နဲ့ စမ်းကြည့်ပါ။ သို့မဟုတ် Device Information တောင်းကြည့်ပါ။ အဆင်ပြေသွားတာတွေ့ရပါမယ်။

အဓိက အကြောင်းရင်းကတော့ Server ပေါ်မှာ Printer/Copier ရဲ့ Network Assistant Application install လုပ်ဖို့လိုတာပါပဲဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)