လိုအပ်တာတွေ အားလုံးပြီးတဲ့အခါ Workstation တွေကနေ Direct Print ရပေမယ့် Department အလိုက် PIN တွေနဲ့ Print လုပ်တော့မှ မရမှန်းသိပါတော့တယ်။
Driver အပါအဝင် တခြား အကြောင်းအရာတော်တော်များများကို လိုက်ရှာပါတယ်။ ဒါပေမယ့် အဖြေမတွေ့ခဲ့ပါဘူး။
နောက်ဆုံးမှ ဖြေရှင်းနည်းကို သိပါတယ်။ ကိုယ့်လို တခြားသူတွေ အချိန်မကုန်ပဲ အလွယ်တကူ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်း ဝေမျှလိုက်ပါတယ်။
တခြားတော့ မဟုတ်ပါဘူး။
မိမိ အလုပ်မှာ အသုံးပြုနေတဲ့ Canon Multi-Functional Printer ရဲ့ Latest Driver ကို Download လုပ်ပါ (UFRII ဆိုတဲ့ Driver ဖြစ်ရပါမယ်)။ Download လုပ်ထားတဲ့ Folder မှာ misc ဆိုတဲ့ Folder ပါပါတယ်။
အဲဒီ Folder ထဲက DIASsetup.exe ဆိုတာကိုServer မှာ Install လုပ်ပါ။ ပြီးပြီဆိုရင် Workstation တွေဖက်မှာ Print ကို PIN Management နဲ့ စမ်းကြည့်ပါ။ သို့မဟုတ် Device Information တောင်းကြည့်ပါ။ အဆင်ပြေသွားတာတွေ့ရပါမယ်။
အဓိက အကြောင်းရင်းကတော့ Server ပေါ်မှာ Printer/Copier ရဲ့ Network Assistant Application install လုပ်ဖို့လိုတာပါပဲဗျာ။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
No comments :
Post a Comment