Web Hosting အကြောင်းသိကောင်းစရာ (၈)

ဒီအပိုင်းမှာ Hosting နဲ့ e-commerce ရဲ့ ဆက်စပ်ပုံလေး ပြောချင်ပါတယ်။

Online ပေါ်ကနေ product တခု ဒါမှမဟုတ် service တခု ကို ရောင်းတာကို e-commerce လို့ခေါ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာတော့ mobile phone ပေါ်ကနေ လုပ်ဖို့ ခြေလှမ်းတွေ ပြင်နေတာတွေ့ရပါတယ်။

m-commerce လို့ ပြောသံတော့ကြားဖူးပါတယ်။

 

E-commerce Systems

ကိုယ်ပိုင် e-commerce system တခုတည်ဆောက်မယ်လို့ ကြံစည်နေတယ်ဆိုရင် ပြောချင်တာကတော့ ဒါ အကြံအစည်ကောင်းတခု ဖြစ်ဖို့ အချိန်မဟုတ်သေးဘူးပဲ ပြောရမှာပဲ။

ဘာလို့လဲဆိုတော့ e-commerce system တခု ဟာ complicated process ဆိုတဲ့ ရှုပ်ထွေးလှတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့် ရှိနေတာရယ်... error တော်တော်များများ ကို ရင်ဆိုင်ရမှာမို့လို့ပါပဲ။

ဖြစ်သင့်တာကတော့ ready-to-use system တခု ဝယ်ပြီး ကိုယ့်ကိုယ်ပိုင် server ပေါ်မှာ run လိုက်တာက ပိုကောင်းပါတယ်။

ဒီနေ့ခေတ်မှာ ကိုယ့်ရဲ့ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ order management and processing တွေ အတွက် cover ဖြစ်တဲ့ system တွေ အများကြီး ရှိနေပါပြီ။

ဒါပေမယ့် ... ကိုယ့်ကိုယ်ပိုင် web site နဲ့ ပဲ hosting ကို တောင် ရင်းနှီးကျွမ်းဝင်မှု မရှိပဲ e-commerce site တခု run ချင်တယ်ဆိုရင်တော့ အရင်ဆုံး အတွေ့အကြုံ စုဆောင်းစေချင်ပါတယ်။

အကောင်းဆုံးကတော့ ISP က ပေးတဲ့ e-commerce solution တခုကို ပဲရှာသုံးစေချင်ပါတယ်။

 

E-commerce and Hosting Providers

အပေါ်မှာ ပြောခဲ့သလိုပဲ e-commerce ဆိုတာ product or service တွေကို online ပေါ်ကနေ ရောင်းချတာပါ။ Range အများကြီးကို cover ဖြစ်ပါတယ်။

ISP အမျိုးမျိုးကနေ simple ကနေ complex solution အထိ system တွေကို ရှာဖွေရယူနိုင်ပါတယ်။

ISP အများစုကတော့  ရိုးရှင်းပြီး စျေးသက်သာတဲ့ solution မျိုးတွေကို ပေးထားတတ်ပါတယ်။ အဲ့လို solution မျိုးကနေ ကိုယ်က "virtual store" တခု run နိုင်တာပေါ့ဗျာ။

 

Your Checklist

ဟုတ်ပြီ... Online ပေါ်က တခုခု ရောင်းတော့မယ်ဆိုရင် Hosting Provider က အောက်က အချက်တွေကို ဘယ်လို စီမံပေးထားလဲဆိုတာ သိအောင် လုပ်ကြတာပေါ့...

ဒီလိုဗျ...

- customer

- product catalogs

- orders

- inventory

- back orders

- shipment

- accounts

- billing

- payment

- foreign currency

- credit cards

- taxes

- security

- integrity (encryption) စ တာတွေကို ဘယ်လို ပုံစံမျိုးတွေနဲ့ handle လုပ်လဲ ဆိုတာတွေကို သိအောင် လုပ်ထားသင့်ပါတယ်။

 

နောက်ပြီး time-consuming task တွေ လိုမျိုး ကိစ္စတွေမှာလည်း automated ဖြစ်ရဲ့လား ဆိုတာမျိုးအတွက် automated billing, invoice handling, accounting နဲ့ report generation စတာတွေကို လဲ စစ်ဆေးသင့်ပါသေးတယ်။

ဒီတော့ ရှေ့ပိုင်းမှာ ပြောခဲ့သလိုပါပဲ... Service Provider အမျိုးမျိုးရဲ့ service တွေကို စမ်းသပ်ကြည့်ပြီး ကိုယ်နဲ့ အဆင်ပြေဆုံးကိုပဲ ရွေးပေါ့ဗျာ။

 

Tax Issues

ဒါကလည်း အရေးကြီးတဲ့ အခန်း မှာ ပါတယ်ဗျ။

on-line store တွေအတွက် သူက ရှုပ်ထွေးတဲ့ ကိစ္စ တခု လည်းဖြစ်ပါတယ်။

အထူးသဖြင့် Value Added Tax ပေါ့...ကျွန်တော်တို့ နိုင်ငံမှာ ဒီအပိုင်း သိပ်မတွေ့ရပါဘူး။

(နိုင်ငံတော်တော်များများမှာတော့ VAT-Value Added Tax .... GST - Good and Service Tax ဆိုတာမျိုးတွေက နေရာတိုင်းလိုလိုမှာ ရှိပါတယ်)

Online က တခုခု ရောင်းပြီဆိုမှတော့ Door to Door စနစ်လိုမျိုး export လုပ်ရတာမျိုးတွေ ရှိလာပြီလေ...ဒီအတွက်ပါ charge ထည့်ရမှာပေါ့... ဒီလိုမျိုးကိုပဲ... Value Added Tax ခေါ်တယ်ပေါ့ဗျာ။

ဒီတော့ပြောချင်တာကတော့ ... online store တခုလုပ်တော့မယ်ဆိုရင် Tax ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ပြောချင်တာပါ။

 

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း သိပ်မဝေးတော့ဘူးလို့ ထင်ရတဲ့ အချိန်တခုမှာ e-commerce ဆိုတာကြီးဖြစ်လာတော့မယ်လို့ မြင်ပါတယ်...

လောလောဆယ်တော့ m-commerce နဲ့ စကြတာပေါ့ဗျာ...

e-commerce တို့ m-commerce တို့ကို လွန်ခဲ့တဲ့ ၁ နှစ်လောက်က ဖြစ်မယ်ထင်တယ် Myanmar Info-Tech မှာ Workshop တခုတုန်းက ကြားဖူးခဲ့ပါတယ်...

 

ကဲ... Web Hosting အကြောင်းကို ရေးလာတာ ဒီမှာ အဆုံးသတ်ပါပြီ...

အစကနေ အဆုံးထိ မငြီးမငွေ့လာဖတ်ကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။

 

ဒီ အကြောင်းကို ရေးနိုင်ဖို့ www.w3schools.com ကနေ Reference ယူထားရပါတယ်။

နောက်တခု က အပိုင်း(၇) မှာ ကျွန်တော်ပြောခဲ့ဖူးတဲ့ myanmartutorials ရဲ့ administrator ရေးထားတဲ့ Web Hosting တွေ အကြောင်းနဲ့ Web Site တခု အောင်မြင်ဖို့ လိုအပ်တဲ့ အကြောင်းတွေ ကို ထပ်ညွှန်းချင်ပါတယ်... အောက်က link တွေမှာ သွားဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။

 

http://www.myanmartutorials.com/articles/hostings-and-me/

http://www.myanmartutorials.com/articles/how-to-choose-hosting/

http://www.myanmartutorials.com/articles/talk-at-myid-camp-1/

http://www.myanmartutorials.com/articles/talk-at-myid-camp-2/

 

 

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable,pass it on then)

Web Hosting အကြောင်းသိကောင်းစရာ (၇)

Hosting တွေဟာဆိုရင် Free, Shared or Dedicated ဆိုပြီးရှိပါတယ်။

Free Hosting
တချို့ ISP တွေက free web hosting ကို offer လုပ်ပေးပါတယ်။
Low traffic ပဲလိုအပ်တဲ့ site အသေးစားလေးတွေ ဖြစ်ဖြစ်တယ်ဆိုရင် Free web hosting က သင့်တော်ပါတယ်။ ဥပမာဗျာ...personal site မျိုးပေါ့။
High traffic ဖြစ်နိုင်တဲ့ real business မျိုးအတွက်တော့ မသုံးသင့်ဘူးပေါ့ဗျာ။
သူက Technical support limit ရှိတယ်။ Option လည်း နည်းတယ်ဗျ။
ကိုယ့်ရဲ့ own domain name ကို free hosting မှာ host လုပ်တာကိုတော့ ကျွန်တော် recommend မလုပ်ပါဘူး။
ဘာလို့လဲဆိုတော့ free host တွေက ဒါမျိုး http://www.freesite.com/users/~yoursite.htm မျိုးပေးမှာလေ။
ဒီတော့ Browser ရဲ့ URL address မှာ ရိုက်ထည့်ဖို့ ခက်ခဲမယ်။ ရှည်လျားမယ်။ မှတ်မိဖို့လည်း မလွယ်ဘူး။ နောက်ပြီး ဘိုလိုပြောရင် not very professional ပေါ့ဗျာ။
အောက်မှာ Good နဲ့ Bad ကိုယှဉ်ပြထားပါတယ်။

Good:                                                              
Low cost. It's free.                                             
Good for family, hobby or personal sites.           
Free email is often an option.                            
                                           
Bad:
No domain names.
Few, limited, or no software options.
Limited security options.
Limited or no database support.
Limited technical support.
                          
                                                                       

Shared (Virtual) Hosting
သူကတော့ ငွေကြေးပိုင်းအရ တော်တော်သက်သာတယ်ဗျ။
Shared hosting မှာ ကိုယ်ပိုင် domain name နဲ့ရတယ်။
Powerful server တွေပေါ်မှာ host လုပ်ထားမယ်။
တခုတော့ရှိတယ် တခြား web site တွေနဲ့ shared လုပ်ပြီးသုံးထားရတယ်ဆိုပါတော့။
Shared solution တွေဟာဆိုရင် e-mail,database နဲ့ different editing option များအစရှိတဲ့ multiple software solution များပေးတတ်ပါတယ်။
အောက်မှာ Good နဲ့ Bad ကို ယှဉ်ပြထားပါတယ်။

Good:                                                                     
Low cost. Cost is shared with others.                       
Good for small business and average traffic.              
Multiple software options.                                        
Own domain name.                                                  
Good support

Bad:
Reduced security due to many sites on one server.
Restrictions on traffic volume.
Restricted database support.
Restricted software support.


Dedicated Hosting
Dedicated server လို့ခေါ်တဲ့ ကိုယ့်အတွက် သီးသန့် server ပေါ်မှာ host လုပ်ထားတာကိုခေါ်တာပါ။
သူကတော့ most expensive ဗျ။
သူ့ရဲ့ option တွေကလဲ high traffic သုံးတဲ့ web site အကြီးကြီးတွေ အတွက် အသင့်တော်ဆုံးပါပဲ။
Special software တွေ သုံးတဲ့ web site တွေ အတွက်လဲ အသင့်တော်ဆုံးပါပဲ။
Dedicated hosting ကနေ very powerful and secure solution တွေ ကိုယ့်ဖက်ကနေ ရနိုင်တယ်လို့ ပြောလို့ဖြစ်တယ်ပေါ့ဗျာ။
နောက်ပြီး unlimited software solution တွေ လည်း ပါတာပေါ့။
အောက်မှာ Good နဲ့ Bad ကို ယှဉ်ပြထားပါတယ်။

Good:                                                   
Good for large business.                        
Good for high traffic.                             
Multiple domain names.      
Powerful email solutions.      
Powerful database support.      
Strong (unlimited) software support.


Bad:
Expensive.
Requires higher skills.

Collocated Hosting
"co-location" လို့ အဓိပ္ပာယ်ရပါတယ်။
သူ့ကိုကျွန်တော်နားလည်တာတော့ ကိုယ့် ကိုယ်ပိုင် web server ကို ISP မှာ သွားထားတာကိုပြောတာဗျ။
ဒီလိုသွားထားလိုက်တာက ကိုယ့် office မှာ ထားတာထက်တော့ ပိုကောင်းတာပေါ့ဗျာ။ ဘာတွေ ကောင်းလဲဆိုတာတော့ ရှေ့ပိုင်းတွေမှာ ပြောခဲ့ပြီးပါပြီ။
နောက်ပြီး ISP တွေမှာက high-security ရှိတယ်။ Fire protection, Good ventilation system, regulated backup power , dedicated internet connection စတဲ့ အားသာချက်တွေ အများကြီးရနိုင်တယ်လေ။
အောက်မှာ Good နဲ့ Bad ကိုယှဉ်ပြထားပါတယ်။

Good:                                   
High bandwidth.                  
High up-time.                        
High security.                       
Unlimited software options.

Bad:
Expensive.
Requires higher skills.
Harder to configure and debug.

Your Checklist
Web hosting မရွေးခင် အောက်က အချက်လေးတွေ ကို သေချာသိထားသင့်တယ်ဗျ။
- hosting site ဟာ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား
- cost effective type မျိုးလား
- ပိုကောင်းတဲ့ Server ပေါ်ကို upgrade လုပ်ဖို့ ဖြစ်နိုင်ရဲ့လား
- လိုအပ်လာရင် dedicated server ပေါ်ကို upgrade လုပ်မယ်ဆိုရင် ဖြစ်နိုင်ရဲ့လား။

ပြီးတော့ ရှေ့ပိုင်းမှာ ပြောခဲ့သလို ISP တွေရဲ့ service တွေကို စိတ်ကြိုက်စမ်းသပ်ပေါ့ဗျာ။
ပြီးမှ အဆင်အပြေဆုံးကို ရွေးပေါ့။

ဥပမာ အနေနဲ့ hosting တခုခုကို ပြပါဆိုရင် eUKhost ကို ပြပါမယ်

သူကတော့ United Kingdom မှာတော့ leading web hosting company တခုပါ။
သူက နေ အောက်က services တွေကို ပေးတယ်ဗျ...
- Shared hosting
- Reseller hosting
- VPS hosting
- Dedicated Servers
- 24/7/365 Support
အပေါ်က service တွေကို Linux and Windows platform တွေအတွက် ရနိုင်ပါတယ်။ cPanel/WHM, Plesk နဲ့ DotNetPanel တို့လို control panel တွေနဲ့ပေါ့ဗျာ။

ကဲ... ဒါကတော့ hosting type တွေ အကြောင်း အခြေခံသိထားသင့်တာလေးတွေပါ။
ဒီထက် ပိုသိချင်ရင်တော့ www.myanmartutorials.com မှာ Administrator ကိုယ်တိုင်ရေးထားတဲ့ hosting ရွေးချယ်ပုံတွေ အကြောင်းကို ညွှန်းချင်ပါတယ်။
တော်တော်လေးကိုပြည့်စုံပါတယ်။ မဖြစ်မနေ သွားဖတ်စေချင်ပါတယ်။
ဒီမှာပါ ...
http://www.myanmartutorials.com/articles/how-to-choose-hosting/
http://www.myanmartutorials.com/articles/hostings-and-me/

နောက်ဆုံးအပိုင်းဖြစ်တဲ့ အပိုင်း(၈) မှာ e-commerce အကြောင်းရေးပါမယ်။

မှတ်ချက်။    ။ Web Developing လောကကိုစဝင်လာမယ့် beginner အတွက် ရေးထားခြင်းဖြစ်ပါတယ်။ လိုအပ်တာများရှိရင် ဝင်ရောက်ဖြည့်စွက်ပေးဖို့ တောင်းဆိုပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

Web Hosting အကြောင်းသိကောင်းစရာ (၆)

ဒီအပိုင်းမှာတော့ Hosting Database Technology အကြောင်းပြောပြချင်ပါတယ်။

 

MS SQL Server or Oracle ဟာဆိုရင် high traffic database-driven web site တွေအတွက် သင့်တော်ပါတယ်။

MySQL ကတော့ low-cost database-access အတွက်သင့်တော်ပါတယ်။

MS Access ကတော့ low traffic web site တွေအတွက် သင့်တော်ပါတယ်။

 

Web Databases

ကိုယ့်ရဲ့ Web Site ဟာ Web ပေါ်မှာပဲ information အမြောက်အမြားကို ကိုင်တွယ်ရဖို့လိုမယ်...update လုပ်ဖို့လိုမယ်ဆိုရင်... ဒီ information တွေကို store လုပ်ဖို့ database ကိုသုံးဖို့လိုအပ်လာပြီပေါ့ဗျာ။

Web hosting အတွက် available ဖြစ်တဲ့ database system တွေ အများကြီးရှိပါတယ်။

အသုံးအများဆုံး database system တွေကတော့ MySQL, SQL Server, Oracle နဲ့ MS Access တို့ပဲဖြစ်ပါတယ်။

 

Using the SQL Language

SQL ဆိုတာ database တွေကို access လုပ်ဖို့အတွက် langauge တမျိုးဗျ။

တကယ်လို့ ကိုယ်က ကိုယ့် web site ကို data တွေ databse ထဲမှာ store and retrieve လုပ်ချင်တယ်ဆိုပါစို့...

ဒါဆိုရင် ကိုယ့်ရဲ့ web server ဟာ SQL Language ကိုသုံးပြီး database-system ကနေ data ကို access လုပ်ရပါမယ်။

 

SQL Server

Microsoft ရဲ့ SQL Server ကတော့ popular ဖြစ်တ့ဲ database software တခုပါပဲ။

သူကတော့ high traffic database-driven web site တွေအတွက် popular ဖြစ်ပါတယ်။

နောက်တခုက သူက powerful ဖြစ်ပါတယ်။  ရှုပ်ထွေးပြီး featured အပြည့်အစုံပါဝင်တဲ့ SQL database system တခုလည်း ဖြစ်ပါတယ်။

 

Oracle

သူလဲ... high traffic database-driven web site တွေအတွက် popular ဖြစ်တဲ့ database software တခုဖြစ်ပါတယ်။

 

MySQL

သူလည်း popular ဖြစ်ပါတယ်။

Powerful , robust and full featured SQL database system တခုလဲ ဖြစ်ပါတယ်။

သူကတော့ Microsoft တို့ Oracle တို့လို expensive solution တွေလိုမျိုးမဟုတ်ပဲ inexpensive ဖြစ်တာ တခု အားသာပါတယ်။

 

Access

တကယ်လို့ Web site တခုအနေနဲ့ ရိုးရှင်းတဲ့ database တခုပဲ လိုတယ်ဆိုရင်တော့ Microsoft Access ဟာ solution တခုဖြစ်နိုင်ပါတယ်။

ဒါပေမယ့် Access ဟာ high-traffic အတွက်တော့ မသင့်တော်ပါဘူး။

MySQL, SQL Server နှင့် Oracle တို့လိုလည်း powerful မဖြစ်ပါဘူး။

 

ကဲ... ဒီလောက်ပါပဲဗျာ။

 

အပိုင်း (၇) မှာတော့ Hosting Type တွေ အကြောင်းရေးပါမယ်။

 

မှတ်ချက်။    ။ Web Developing လောကထဲကို ခုမှ စဝင်မယ့် beginner တွေအတွက် ရေးထားခြင်းဖြစ်ပါသည်။ ရေးထားတာ လိုအပ်ခဲ့လျှင် ဖြည့်စွက်ရေးသားခဲ့ကြပါရန် တိုက်တွန်းပါသည်။

 

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable,pass it on then)

Web Hosting အကြောင်းသိကောင်းစရာ (၅)

ဒီအပိုင်းမှာတော့ Web Hosting တွေမှာ အသုံးများတဲ့ hosting technology တွေ အကြောင်းပြောပါမယ်။

Windows Hosting
ဒါကတော့ Windows Operating System ပေါ်မှာ run တဲ့ Web Service ကိုပြောတာပါ။
ကိုယ်က Server Scripting Language တမျိုးဖြစ်တဲ့ ASP (Active Server Pages) လိုမျိုးကိုရွေးမယ်ဆိုရင်ဖြစ်ဖြစ်...
Microsoft Access or Microsoft SQL Server လိုမျိုး database တွေ သုံးဖို့ အစီအစဉ်ရှိတယ်ဆို Windows Hosting ကိုရွေးချယ်သင့်တယ်ပေါ့ဗျာ။
Micorsoft Front Page ကိုသုံးပြီး Web Site ကို Develop လုပ်မယ်ဆိုရင်တော့ windows hosting က the best choice ပါ။

Unix Hosting
ဒါကတော့ Unix Operating System ပေါ်မှာ run တဲ့ web service ကို ပြောတာပါ။
သူ့ကို the first web server operating system အဖြစ် မှတ်ဖူးပါတယ်။
Unix OS ကတော့ reliable and stable ဖြစ်ပါတယ်။
နောက်တခုက သူ က windows OS တွေထက် စျေးသက်သာပါတယ်။

Linux Hosting
သူကတော့ Linux Operating System ပေါ်မှာ run တဲ့ Web Service ကိုခေါ်တာပါ။

CGI - Commong Gateway Interface
CGI scripts တွေက executable ဖြစ်ပါတယ်။
သူ က dynamic and interactive web page တွေ produce လုပ်ဖို့ရန်အတွက် server ပေါ်မှာ execute လုပ်ပါတယ်။
ISP တော်တော်များများက preistalled, ready to run, guest-books, page-counters တွေနဲ့ Chat-forums လိုမျိုး CGI capability တွေ ကို ပေးထားတတ်ပါတယ်။
CGI ကို Unix or Linux Server တွေမှာ အသုံးများပါတယ်။

ASP - Active Server Pages
သူ့ကိုတော့ Microsoft က develop လုပ်ထားတာပါ။ Server-side scripting technology ဖြစ်ပါတယ်။
HTML page တွေထဲမှာ ASP script code တွေ ထည့်သွင်းပြီး dynamic web page တွေကို ဖန်တီးနိုင်ပါတယ်။
သူ အလုပ်လုပ်တာက browser က request လုပ်တာကို server မှာ execute လုပ်ပါတယ်။ ပြီးမှ output ကို browser ဆီကို return ပြန်ပို့ပေးပါတယ်။
VBScript , JavaScript များကိုလည်း အသုံးပြုနိုင်ပါတယ်။
ASP ဟာဆိုရင် Windows 95,98,2000 န့ဲ XP တို့မှာ standard component အနေနဲ့ ပါဝင်ပါတယ်။
သူ့ကို Windows run နေတဲ့ computer တိုင်းမှာ activate လုပ်နိုင်ပါတယ်။

PHP - Hypertext Preprocessor

သူကတော့ ASP ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်တဲ့ server-side scripting တမျိုးပါပဲ။
Widely-used ဖြစ်ပါတယ်။ Free ဖြစ်ပါတယ်။
သူလည်း HTML code တွေထဲကို တိုက်ရိုက်ပဲ embedded လုပ်နိုင်ပါတယ်။
Web Development အတွက် perfectly suite ဖြစ်တယ်လို့တောင် ပြောကြပါတယ်။
သူ့ရဲ့ syntax က Perl နှင့် C တို့ နဲ့ တော်တော်ဆင်တူပါတယ်။
PHP ကို Operating System တော်တော်များများပေါ်မှာ Apache (Web Server) နဲ့ တွဲသုံးလေ့ရှိပါတယ်။
သူက ISAPI (Internet Server Application Program Interface) ကိုလဲ support လုပ်ပါတယ်။
 ပြီးတော့ Microsoft ရဲ့ IIS (Internet Information Server) မှာလည်း သုံးနိုင်ပါတယ်။
နောက်ပြီး သူက database တော်တော်များများကိုလည်း support လုပ်ပါတယ်။
MySQL, Informix, Oracle, Sybase, Solid, PostgreSQL နဲ့ Generic ODBC တို့လို database တွေပေါ့ဗျာ။

JSP - JavaServer Page
သူ့ကိုတော့ Sun က Develop လုပ်ပါတယ်။ Server-side scripting ပါပဲ။
သူလည်း HTML Page တွေထဲကို Java Code တွေ ထည့်သွင်းပြီး  dynamic web page တွေ ဖန်းတီးတာပါပဲ။
သူ အလုပ်လုပ်တာလဲ code ကို web server ပေါ်မှာ execute လုပ်တယ် ပြီးတော့မှ browser ကို return ပြန်ပေးတယ်။ ဒါပါပဲ။

Cold Fusion
သူ့ကိုတော့ Adobe ကနေ Develop လုပ်ပါတယ်။
သူလည်း Server-side scripting language တမျိုးပါပဲ။ Dynamic web page တွေ ဖန်တီးဖို့ သုံးပါတယ်။

Chili!Soft ASP
 Microsoft ရဲ့ ASP technology ဟာ Windows platforms တမျိုးပေါ်မှာပဲ run ပါတယ်။
ဒါပေမယ့် Chili!Soft ASP ကတော့ UNIX နဲ့ တခြား platforms တွေပေါ်မှာ run နိုင်အောင် လုပ်ပေးထားတဲ့ software product တခုပါ။

Microsoft FrontPage
သူကတော့ Microsoft က develop လုပ်ထားတ့ဲ website design tool တခုပါ။
Web Development နဲ့ ပတ်သက်တဲ့ knowledge အရမ်းအများကြီး မရှိပဲနဲ့တောင် web site တခု develop လုပ်နိုင်အောင် လုပ်ပေးထားပါတယ်။

Windows hosting solution တော်တော်များများဟာ FontPage ကိုသုုံးပြီး Web site ကို develop လုပ်မယ့် user တွေအတွက် FrontPage server extension ကို support ပေးထားပါတယ်။
ဒီတော့ အပြန်အလှန်အားဖြင့် FrontPage ကိုသုံးမယ်ဆိုရင် Windows hosting solution ကိုပဲရွေးရမယ်ပေါ့ဗျာ။

Adobe Dreamweaver

သူ့ကိုတော့ Adobe Systems က website design လုပ်ဖို့ develop လုပ်ထားတဲ့ tool ပါ။
သူလည်းပဲ Microsoft FrontPage လိုပါပဲ Web Development knowledge သိပ်မသိပဲ website develop လုပ်နိုင်အောင် လုပ်ပေးထားတာပါ။
Dreamweaver က CSS,JavaScript,ASP.NET,ColdFusion,JSP နဲ့ PHP အစရှိတဲ့ web technology တွေကို support ပေးပါတယ်။
Dreamweaver ဟာ Mac , Windows Operating System နှစ်ခုစလုံးအတွက် available ဖြစ်ပါတယ်။

Secure Server
ှSecure server ကတော့ data တွေကို encryption လုပ်ပြီး transmit လုပ်နိုင်ပါတယ်။
ကိုယ့်မှာ online ပေါ်ကနေ credit card transaction တွေ လုပ်ဖို့ အစီအစဉ်တွေ ရှိမယ်။
ဒါမှ မဟုတ် unathorized access ကို Protect လုပ်ဖို့ လိုအပ်တဲ့ web communication မျိုးကို လိုအပ်တယ်ဆိုရင် ကိုယ့်ရဲ့ ISP က secure server ကို provide ပေးမှကို ဖြစ်ပါမယ်။

ဒါကတော့ Web Hosting Technology အကြောင်းပါ။
ကျွန်တော်လည်း ဒီလောက်ပဲ သိပါတယ်။ သိတဲ့သူများရှိရင် ထပ်ပြီးဖြည့်စွက်ပေးဖို့ တောင်းဆိုပါတယ်။

မှတ်ချက်။    ။ Web Developing လောကထဲကို စဝင်မယ့် beginner တွေ အတွက်ရည်ရွယ်ပြီး ရေးထားခြင်းဖြစ်ပါတယ်။

အပိုင်း (၆) မှာ hosting database တွေ အကြောင်းရေးပါမယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

Web Hosting အကြောင်းသိကောင်းစရာ (၄)

Hosting Provider တွေကပေးတဲ့ Service တွေမှာ e-mail account တွေနဲ့ e-mail service တွေပါပါတယ်။

E-mail Accounts
Hosting solution တွေမှာဆိုရင် ကိုယ့် company domain extension နဲ့ company တွင်းက ဝန်ထမ်းတွေ အတွက် e-mail account တွေ ပါသင့်ပါတယ်။
E-mail address တွေက ဒီလိုမျိုးပေါ့ ...
zawzaw@mycompany.com
mgmg.ict@mycompany.com

POP E-mail
POP ကတော့ Post Office Protocol ပေါ့။
POP က e-mail တွေ sending and receive အတွက် client/server standard protocol တခုပါ။

ဒီ e-mail ပုံစံက receive လုပ်ထားတဲ့ message ကို internet server ပေါ်မှာပဲ ထိန်းသိမ်းထားပါတယ်။
ကိုယ်ကနေပြီး Microsoft Outlook ဒါမှမဟုတ် Mozilla Thunderbird လို client e-mail program တွေနဲ့ download မလုပ်မချင်းထိန်းသိမ်းထားတယ်ပေါ့ဗျာ။

IMAP E-mail
IMAP ကတော့ Internet Message Access Protocol ဖြစ်ပါတယ်။
သူကလဲ sending and receiving e-mail အတွက် နောက်ထပ် standard protocol တခုဖြစ်ပါတယ်။
သူလဲ...ကိုယ်က client e-mail program တွေနဲ့ download မလုပ်မချင်း message တွေကို internet server ပေါ်မှာ ထိန်းသိမ်းပေးထားပါတယ်။
IMAP မှာ POP ထက် ပိုကောင်းမွန်တာကတော့ IMAP Server ပေါ်မှာ Stored လုပ်ထားတဲ့ e-mail တွေကို computer တွေ အချင်းချင်း ၄င်း message တွေကို back and forth transfer လုပ်စရာ မလိုပဲ ကွန်ပျူတာတွေ အများကြီးကနေ manipulate လုပ်နိုင်တာပါပဲ။
ရှုပ်သွားလားမသိဘူး... ဒီလိုဗျ.... Office က computer ကနေပဲဖြစ်ဖြစ်... Home က computer ကနေပဲဖြစ်ဖြစ် inbox ကို ဖွင့်ကြည့်နိုင်တယ်ပြောတာပါ။
POP ကတော့ single computer ကနေပဲ e-mail ကို access လုပ်လို့ရအောင် design လုပ်ထားပါတယ်။

Web-based E-mail
ဒါကတော့ အားလုံးသိထားမယ်ထင်ပါတယ်။
Web-based e-mail services ဆိုတာ e-mail ကို web browser ကနေတဆင့် access လုပ်တာကိုပြောတာပါ။
ကိုယ်က e-mail သုံးချင်တယ်ဆိုရင် Web ပေါ်ကနေ ကိုယ့် e-mail account ကို log in အရင်ဝင်ရပါမယ်။
ပြီးတော့မှ send and retrieve e-mail လုပ်လို့ရမယ်ပေါ့ဗျာ။
ဒီလို service မျိုးကို hosting provider က သာ ပေးမယ်ဆိုရင် အကြိုက်ပေါ့ဗျာ။
ကြိုက်တဲ့နေရာကနေ...ကြိုက်တဲ့အချိန်မှာ ... e-mail access လုပ်နိုင်တာပေါ့။
Web-based e-mail service တွေကို ဥပမာ ပြရမယ်ဆိုရင်...
Gmail,Hotmail နဲ့ Yahoo Mail တို့ကတော့ လူသိများကျော်ကြားပါတယ်။
တခြား service တွေလည်းရှိပါသေးတယ်။

E-mail Forwarding
ဒါကတော့ သိပ်ပြောစရာလိုမယ်မထင်ပါဘူး...
ဒီ service လေး ပေးထားရင်... တခါတည်းနဲ့ ကိုယ် ပို့ချင်တဲ့ multiple e-mail တွေကို ပို့နိုင်တာပေါ့။

Mailing Lists
တချို့ service provider တွေက mailing list capility တွေ ပေးတတ်တယ်ဗျ။
ဒါလည်း အဖိုးတန်တယ်ဗျ။ ဘယ်လို အဖိုးတန်တာလဲဆိုတော့ .... တကယ်လို့ ကိုယ့်မှာ large number of user တွေဆီကို email ပို့ဖို့ plan ရှိတယ်ဆိုရင် ဒီ service ဟာ တကယ့်ကို အဖိုးတန်ပဲပေါ့။

ကဲ...ဒါကတော့ hosting တွေက ပေးနိုင်တဲ့ e-mail service တွေ အကြောင်းပါ။
ဒါကို ရေးရတာ သိပ်အားမရပါဘူး...ကိုယ်တိုင်လည်း သိပ်မသိလို့ပါ။
လိုအပ်တာတွေရှိရင်... ဝင်သာရေးသွားကြပါဗျာ။

Hosting တွေရဲ့ Technology တွေ အကြောင်းကို အပိုင်း (၅) မှာရေးပါမယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

Web Hosting အကြောင်းသိကောင်းစရာ (၃)

ဒီတခါတော့ Hosting တွေမှာ တွေ့ရမယ့် disk space နဲ့ traffice volume တွေအကြောင်းပြောပြပါမယ်။

အပိုင်း (၁) မှာတုန်းက ကိုယ့် Web Site ကို Web Server ပေါ်မှာ Store လုပ်ထားရတယ်လို့ ပြောခဲ့ပြီးပါပြီ။

ဒီတော့ ကိုယ့် Web Site အတွက် လိုအပ်တဲ့ disk space နဲ့ traffic volume တွေကို Hosting Provider က ပေးနိုင်လား မပေးနိုင်ဘူးလား ဆိုတာ သိအောင်လုပ်ရပါမယ်။


How Much Disk Space?

အသေးစားကနေ အလတ်စား web site တခုဟာ ပုံမှန်အားဖြင့် 10MB ကနေ 100MB အတွင်း နေရာယူလေ့ရှိပါတယ်။

တကယ်လို့...ကိုယ်က HTML page အနေနဲ့ စဉ်းစားမယ်ဆိုရင် ကိုယ့် web site ရဲ့ space size က တော်တော်လေး သေးပါလိမ့်မယ်။

ဒါမှမဟုတ်ပဲ... Image တွေ တခြား Size ယူနိုင်တဲ့ content တွေ အနေနဲ့ စဉ်းစားမယ်ဆိုရင်တော့ space size ကို ကြီးကြီး ခန့်မှန်းထားရပါမယ်။

ဒီတော့ HTML page တခုစီက... 5KB ကနေ 50KB လောက်ထိ web server ပေါ်မှာ နေရာယူတတ်ပါတယ်...ဒါက average တွက်ကြည့်တာပါ။

ကိုယ့် Web Site မှာ image တွေလိုမျိုး space-consuming element တွေ ပါရင် ပါသလို space size ကြီးနိုင်ပါသေးတယ်။

 

ပြောချင်တာကတော့ ကိုယ်လိုချင်တဲ့ space အတို်င်းအတာ ကို web host အတွက် မရွေးခင်ကတည်းက စဉ်းစားဖို့ပါပဲ။

 

Monthly Traffic

အသေးစားကနေ အလတ်စား web site တခုဟာ တစ်လ ကို 1GB ကနေ 5GB အထိ data transfer ရှိတတ်ပါတယ်။

data transfer rate ကို တွက်ပုံတွက်နည်း ကျွန်တော် နမူနာတွက်ပြပါမယ်...


Average page size * expected page views per month


ဥပမာအနေနဲ့...

ကိုယ့် web page ရဲ့ average page size က 30KB ဆိုပါစို့... web page ကို တစ်လအတွင်းလာကြည့်မယ့် အကြိမ်အရေအတွက်ကို 50,000 လို့ မျှော်လင့်ထားမယ်ဗျာ။

ဒါဆို အပေါ်က Formula နဲ့ တွက်ကြည့်လိုက်မယ်...

30KB * 50,000 = 1.5GB ရပါတယ်...

ဒီတော့ 30KB ရှိတဲ့ web page အတွက် traffic တနည်းအားဖြင့် data transfer rate က တစ်လကို 1.5GB ပေါ့။

 

ကျော်ကြားတဲ့ Web Site တွေ... Commercial Site တွေကတော့ တစ်လကို 100GB ထက်မနည်း data transfer လုပ်ရလေ့ရှိပါတယ်။

 

အခုပြောချင်တာကတော့...

Host provider တခုကို sign up မလုပ်ခင်မှာ...အောက်က အချက်တွေ သေချာအောင် မေးထားဖို့လိုပါတယ်။

(၁) တစ်လကို data transfer ဘယ်လောက်ပဲ လုပ်ခွင့်ရှိတယ်ဆိုတာမျိုး ကန့်သတ်ထားလား။ ဘယ်လိုမျိုးတွေ ကန့်သတ်ထားတာလဲ။

(၂) တကယ်လို့များ ကန့်သတ်ထားတဲ့ traffic volume ထက်ကျော်လွန်သွားတာမျိုးရှိခဲ့ရင် ကိုယ့် Web Site ကို ပိတ်ပစ်မှာလား။

(၃) ကန့်သတ်ထားတဲ့ traffic volume ကျော်သွားရင် ပိုက်ဆံ အများကြီး ပိုတောင်းမှာလား။

(၄) လိုအပ်လို့ Web Site ကိုပဲဖြစ်ဖြစ်..တခြား data transfer rate တွေကိုပဲဖြစ်ဖြစ် upgrade လုပ်ချင်တဲ့အခါ အလွယ်တကူ လုပ်လို့ရရဲ့လား။

 

ဆိုတဲ့ အချက်တွေ ကို သေချာမေးထားသင့်ပါတယ်။

 

Connection Speed

Internet connection တွေကို T1 ပဲရစဉ်အချိန်တုန်းက ကျွန်တော်တို့ တွေ ဒါကိုပဲ fast connection အဖြစ် စဉ်းစားခဲ့ရဖူးပါတယ်။

ဒီနေ့ခေတ်မှာတော့... အလွန်မြန်ဆန်တဲ့ transmission medium တွေရနေပါပြီ။

 

1 byte ဟာ 8 bits နဲ့ ညီမျှ ပါတယ်။ Low-speed modem တွေဟာ 14,000 bits per second ကနေ 56,000 bits per second အထိ data transfer လုပ်နိုင်ပါတယ်။

ဒီနှုန်းဟာဆိုရင် စာလုံးရေ... ၂၀၀၀ ကနေ ရ၀၀၀ အတွင်းမှာရှိပါတယ်။

စာမျက်နှာနဲ့ တွက်ပြရမယ်ဆိုရင် 1 page ကနေ 5 pages ထိ ရှိပါတယ်။

 

အောက်မှာ Connection Speed တွေနဲ့ပတ်သက်ပြီး ဒီကနေ့ခေတ်မှာ ရနိုင်တာကို ဖော်ပြပေးထားပါတယ်။

ဒါလေးကို ကြည့်ပြီး Hosting Provider တွေရဲ့ Connection Speed ကိုသိရှိနိှုင်းယှဉ်လို့ရသလို data transfer (or) traffic volume အတွက်လည်း စဉ်းစားနိုင်တာပေါ့။

အပေါ်မှာလည်း data transfer rate ကိုတွက်လို့ရအောင် နမူနာတွက်ပြထားပါတယ်။


            Name             Connection          Speed per second

           Modem             Analog                   14.4-56Kb

             D0              Digital (ISDN)              64Kb

             T1                  Digital                     1.55Mb

             T3                  Digital                     43Mb

           OC-1          Optical Carrier             52Mb

          OC-3           Optical Carrier             156Mb

         OC-12          Optical Carrier             622Mb

         OC-24         Optical Carrier             1.244Gb

         OC-48         Optical Carrier             2.488Gb


ဒီတော့ နောက်ဆုံးပြောပြချင်တာကတော့...

host provider တခုကို sign up မလုပ်ခင်မှာ... အဲ့ဒီ host provider ရဲ့ server တွေပေါ်မှာ run နေတဲ့ web site တွေကို surf လုပ်ကြည့်သင့်ပါတယ်။

ပြီးတော့...သူတို့ပေးထားတဲ့ service တွေ.. network speed တွေကို ကိုယ့်လိုအပ်ချက်မျိုးရှိရဲ့လား စမ်းကြည့်သင့်ပါတယ်။

နောက်တခုက တခြား host provider တွေနဲ့ နိှုင်းယှဉ်ကြည့်သင့်ပါတယ်။

စိတ်ကြိုက် နိှုင်းယှဉ်ကြည့်ပြီး...ကိုယ့် လိုအပ်ချက်နဲ့ အကိုက်ညီဆုံး... host provider ကိုရွေးချယ်ပေါ့ဗျာ။

 

ကဲ... ဒါကတော့... web hosting capacities တွေနဲ့ ပတ်သက်ပြီး အခြေခံအားဖြင့် သိထားသင့်တာလေးတွေပါ။

 

အပိုင်း (၄) မှာ host email နဲ့ ပတ်သက်ပြီး ရေးပါအုံးမယ်။

 

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable,pass it on then)

 

 




Web Hosting အကြောင်းသိကောင်းစရာ (၂)

အပိုင်း (၁) မှာ Web Hosting အတွက် လိုအပ်တဲ့ Host Provider တွေနဲ့ ပတ်သက်ပြီးပြောခဲ့ပြီးပါပြီ။

ဒီတခါ တော့ Hosting မှာ အရေးပါတဲ့ နောက်တခုဖြစ်တဲ့ Domain name ဆိုတာကို ပြောပြပါမယ်။

 

What is a Domain Name?

Domain name ဆိုတာကတော့ ကိုယ့် Web Site အတွက် unique name ပေါ့။

ဥပမာ ... facebook.com လိုမျိုးပေါ့။

Hosting Solution ရွေးရတော့မယ်ဆိုရင် domain name registration ပါ ပါလာပါပြီ။

Domain name တွေဟာ register လုပ်ရပါတယ်။

Register လုပ်ပြီးပြီဆိုတာနဲ့ ၄င်း domain name ဟာ အလွန်ကြီးမားတဲ့ Domain Name Register ထဲကို ပေါင်းထည့်ပြီးသားဖြစ်သွားပါပြီ။

ပြီးတာနဲ့ Web Site ရဲ့ information တွေ IP Address ရယ်ကို Domain Name System (DNS) Server မှာ သွားသိမ်းပါတယ်။

DNS Server က အင်တာနက်ပေါ်မှာ ရှိသမျှ Computer တွေကို Web Site Address နဲ့ Domain Name တွေကို Inform လုပ်ပေးတယ်ပေါ့ဗျာ။

နောက်တခုကတော့ ကိုယ့် Domain name ဟာ အလွယ်တကူ မှတ်မိရမယ်...

Browser မှာရိုက်ထည့်ရင်လည်း လွယ်လွယ်ကူကူရိုက်လို့ရတဲ့ နာမည်မျိုးဖြစ်ရမယ်ပေါ့ဗျာ။

 

Registering a Domain

Domain name ကို register လုပ်ပေးတဲ့ Company တွေ များစွာရှိပါတယ်။

အဲ့ ဒီ company တွေက available ဖြစ်တဲ့ domain name တွေကို ရှာဖွေဖို့ interface တွေ provide လုပ်ပေးပါတယ်။

ပြီးတော့ တချိန်တည်းမှာ register လုပ်လို့ရနိုင်တဲ့ တခြား domain name extension တွေကိုပါ offer လုပ်ပေးပါသေးတယ်။

 

Choosing a Domain Name

ဒီတခုကတော့ တဦးချင်းအတွက်ပဲဖြစ်ဖြစ်...အဖွဲ့အစည်းအတွက်ပဲဖြစ်ဖြစ်...အဓိက ကျတယ်ဗျ။

Domain name တခုရဲ့ ရည်ရွယ်ချက်တွေ ... ကိုယ့် web site ကို user တွေ အလွယ်မှတ်မိဖို့ရယ်...စတဲ့ အချက်အလက်ပေါင်းမြောက်မြားစွာကို စဉ်းစားရမှာဖြစ်ပါတယ်။

ဒီတော့ အောက်မှာ အကောင်းဆုံး domain တွေမှာ ရှိတတ်တဲ့ Characteristics တွေကို ပြောပြချင်ပါတယ်။

(၁) Short

     သိတယ်မဟုတ်လား ကျွန်တော် အပါအဝင် user တိုင်းဟာ စာအရှည်ကြီး ရိုက်ရတာ စိတ်မပါကြပါဘူး။

     Web Site ရဲ့ Domain Name တခုက အလွယ်တကူဖတ်လို့ရတယ်။မှတ်မိလွယ်တယ်။စာလုံးရိုက်ရတာ နည်းမယ်ဆိုရင်   

     အကြိုက်ပေါ့။

(၂) Meaningful

     ဟုတ်ပြီ အပေါ်က ပြောသလို တိုပါပြီဗျာ...အဓိပ္ပာယ် မရှိရင်လည်း မဟုတ်သေးဘူးပေါ့။ 34i4nh.com ဆိုတာမျိုး ကြတော့

     တိုတယ်...ဒါပေမယ့် မှတ်ရတာနဲ့ရိုက်ထည့်ရတာခက်တယ်လေ။

     Domain name က ကိုယ့် Web Site နဲ့ ဆက်စပ်မှုရှိပြီး user နားလည်ဖို့လိုပါတယ်။

(၃) Clear

     ဒါလည်း အရေးကြီးပါတယ်... Domain Name တခုက စာလုံးပေါင်းရတာခက်မယ် ဒါမှမဟုတ်...အသံထွက်ရတာ ခက်မယ်ဆိုတာမျိုးလဲ မဖြစ်ရပါဘူး။

(၄) Exposure

     နောက်တခုကတော့ ကိုယ့် Web Site Domain Name ကို user တွေ က Search Engine ကိုသုံးပြီး ရှာတဲ့အခါမျိုးတွေမှာလည်း အလွယ်တကူ ရှာတွေ့နိုင်အောင်ပေးတာပေါ့ဗျာ။

     ဒါကတော့ နည်းနည်း ရှုပ်တယ်ဗျ။ နောက် အဆင်ပြေရင် အသေးစိတ်ရှင်းပြတာပေါ့။

 

ကဲ... ဒီ လေး ချက်ကတော့ the characteristics of the best domain လို့ ပြောလို့ရပါတယ်။

 

Sub Domains

Sub Domain တွေကိုတော့ DNS Server ပေါ်မှာ Create လုပ်နိုင်ပါတယ်။

သူ့ကို Register လုပ်ဖို့မလိုပါဘူး။ ဒါပေမယ့် Original Domain Name ကိုတော့ register လုပ်ဖို့လိုတယ်နော်။

Sub Domain တွေက ဒီလိုမျိုးဗျ... http://portal-enics.blogspot.com/ ဆိုရင် blogspot.com ရဲ့ sub domain ပေါ့။

http://support.microsoft.com/ ဆိုရင် microsoft.com ရဲ့ sub domain ပေါ့။

Sub Domain တွေကို ကိုယ့်ရဲက Web Hosting Provider ဆီမှာ တောင်းခံနိုင်ပါတယ်။

 

False Domain Names - Directory Listings

Domain ရယူတဲ့နေရာမှာ တချို့ provider တွေက သူတို့ကိုယ်ပိုင် domain name အောက်က name မျိုးကို ပေးတတ်တယ်ဗျ...

ဘယ်လိုလဲဆိုတော့... www.theircompany.com/yourcompany/ လိုမျိုးပေါ့။

ဒါက တကယ့် domain name မဟုတ်ပါဘူး... directory လို့ခေါ်ပါတယ်။ ဒီလို name မျိုးကို လက်မခံရပါဘူး။

Directory domain တွေဟာဆိုရင် company တွေအတွက် တကယ့်ကို မရယူသင့်တဲ့ domain name မျိုးပါ။

တကယ်တော့... ဒီလို domain မျိုးဟာ personal web site လိုမျိုး၊ ISP တွေက free ပေးထားတဲ့ web site မျိုးတွေ အတွက် ပိုအဆင်ပြေပါတယ်။

ဘယ်လိုပုံစံမျိုးလဲဆိုတော့... www.theircompany.com/~username လိုမျိုးပေါ့။

ဒီတော့ Company အတွက်ပဲဖြစ်ဖြစ်... Personal ကိုပဲ Standard တခုထားပြီးသုံးချင်တယ်ဆိုရင်... Directory Domain မျိုးကိုတော့ ရှောင်ပေါ့ဗျာ။

Domain တခုအတွက် တနှစ်ကို ကန်ဒေါ်လာ ၁၀ လောက်ပဲရှိပါတော့တယ်... register ပဲလုပ်ပြီးသုံးတာ ကောင်းပါတယ်။

 

Expired Domains

တခါတခါ domain register လုပ်တ့ဲအခါမှာ ကျွန်တော်ကြုံရတာကတော့ ကိုယ်လိုချင်တဲ့ domain name ကို သူများယူထားတတ်တာပါပဲ။

ဘယ်လိုမျိုးတွေအဖြစ်များလဲဆိုရင် သရုပ်ဆောင်တွေ၊ နာမည်ကျော်ပုဂ္ဂိုလ်တွေ... စတဲ့ တချိန်ချိန်မှာ ဒီလိုပုဂ္ဂိုလ်တွေ Domain Name ကိုလိုမှာပဲလို့ ယူဆထားတဲ့သူတွေက ကြိုယူထားတတ်တာမျိုးပါ။

ဘာလို့ အဲ့လို လုပ်တာလဲဆိုတော့ ပြန်ရောင်းဖို့လေ.... ဒါပေမယ့်...တခါတခါ ထင်ထားသလို မဟုတ်တဲ့အခါ...သူတို့လည်း Domain Name အတွက်...နှစ်စဉ်ကြေးတွေ မတတ်နိုင်တဲ့အခါမျိုးတွေမှာ...

domain က expired ဖြစ်တယ်ပေါ့ဗျာ။

ဒါမျိုး domain မျိုးကို လည်း ကိုယ်က လိုချင်ရင် ယူနိုင်တာပေါ့။

တခုပဲဗျ... domain တခု register လုပ်ပြီဆိုရင် မှတ်ထားရမှာက domain ကို ကိုယ်က ငှားတယ်လို့ မှတ်ရမှာပဲ။ legal တွေ trademark တွေ မရှိဘူး။

ကိုယ် နှစ်စဉ်ကြေးပေးပြီး သုံးနိုင်နေသရွေ့ သုံးလို့ရတယ်။

 

Use Your Domain Name

တကယ်လို့ ကိုယ်က Domain တခု ကို register လုပ်လိုက်ပြီးပြီဆိုရင်တော့ အပြည့်အဝ အသုံးချပေတော့ဗျာ... Domain Name ကို Web Page တိုင်းမှာ သုံးမယ်။

 e-mail တွေကိုလည်း ကိုယ့် domain extension နဲ့ သုံးမယ်။

ဒါတွေက အရေးကြီးတယ်ဗျ... ဒါမှသာ ကိုယ့် domain name ကို user တွေ သတိထားမိမှာပေါ့။ ပြီးတော့ ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ဆက်စပ်တဲ့ သူတွေနဲ့ ကိုယ့်ရဲ့ customer တွေကို ကိုယ့် Web Site အကြောင်းပြောပြထားဖို့လိုတာပေါ့။

 

ကဲ.... ဒါတွေကတော့ Web Hosting ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ Domain Name နဲ့ ပတ်သက်ပြီး အခြေခံအားဖြင့် သိဖို့လိုတာလေးတွေပါ။

 

Host တွေရဲ့ Capacity နဲ့ပတ်သက်တဲ့ အပိုင်း (၃) ကို ဆက်ရေးပါမယ်။

 

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable,pass it on then)

Web Hosting အကြောင်းသိကောင်းစရာ (၁)

Web Site တခု ကို ကမ္ဘာကိုပြချင်ပြီဆိုပါတော့ ... Web Server ပေါ်ကို ကိုယ့် Web Site ကို သွားသိမ်းထားမြှဖစ်မှာပါ။

ဒါကိုပဲ Hosting လုပ်တယ်လို့ ဆိုပါတယ်။

ဒီတော့ Web Server ဆိုတာဘာလဲ... Web Hosting ဆိုတာဘာလဲသိဖို့ လိုလာပြီပေါ့လေ...

Web Server ဆိုတဲ့နေရာမှာ နှစ်မျိုး ရှိတယ်

(၁) ကိုယ်ပိုင် Server ရယ်

(၂) Internet Service Provider ဆီက Server ရယ် ပေါ့

 

ဒီတော့ ပထမဆုံး ကိုယ်ပိုင် Server ထောင်ထားမယ်ဆိုရင် စဉ်းစားဖို့လိုတာလေးတွေ ပြောပြပါမယ်။

 

(၁) Hardware Expenses

တကယ့် Web Site တခု run ဖို့ စွမ်းအင်ပြည့်ဝတဲ့ Server Hardware တွေဝယ်ဖို့လိုပါတယ်။

စျေးပေါပေါနဲ့ဝယ်လို့ရတဲ့ Server တွေက အလုပ်ကောင်းကောင်းလုပ်နိုင်မယ်လို့ ဘယ်တော့များမှ မစဉ်းစားပါလေနဲ့။

ဘာလို့လဲဆိုတော့ ၂၄ နာရီ လုံးလုံး High-speed connection နဲ့ Server က အလုပ်လုပ်ဖို့လိုအပ်လို့ပါပဲ။

 

(၂) Software Expenses

Server-licnese တွေဟာ client-license တွေထက် စျေးပိုများနေတတ်တာကိုလည်း မမေ့သင့်ပါဘူး။

 

(၃) Labor Expenses

ှServer ကို run ပေးနေဖို့ လိုအပ်တဲ့ ဝန်ထမ်းတွေအတွက် ကုန်ကျစရိတ်ကိုလည်း ဘယ်တော့မှ ချွေတာဖို့ မစဉ်းစားပါနဲ့။

ကိုယ့် အတွက် သူတို့တွေက လိုအပ်တာတွေ လုပ်ပေးနေရမယ်လေ။ ပြီးတော့ Virus ပြဿနာ တခြား bug ပြဿနာတွေလည်း ရင်ဆိုင်နေရမယ်ဆိုတာ ထည့်စဉ်းစားရပါမယ်။

နောက်တခုက Server က ဘာမဆို ဖြစ်နိုင်တဲ့ အခြေအနေတွေ ကြားထဲမှာ Run နေရတယ်ဆိုတာ သိထားဖို့ပါပဲ။

 

ဒါတွေက ကိုယ်ပိုင် Web Server ထောင်မယ်ဆိုရင် သိထားရမယ့် အခြေခံ အချက်တွေပါ။

 

ခု... Internet Service Provider က Server ကိုငှားသုံးမယ်ဆိုရင် စဉ်းစားရမယ့် အချက်တွေ ပြောပါမယ်။

မစဉ်းစားခင် အားသာတာလေးတွေ အရင်ပြောပါမယ်။ ဒီလိုဗျ...

 

(၁) Connection Speed

(ISP တွေဟာ Internet connection ပြောစရာမလိုအောင်ကောင်းပြီးသားပါ)

 

(၂) Powerful Hardware

(ISP တွေရဲ့ Web Server တွေဟာ စွမ်းအင်ပြည့်ဝပါတယ်... company အများကြီးကို share လုပ်ပေးနိုင်တယ်ပေါ့ဗျာ။

 ကိုယ်က ဘာတွေ စဉ်းစားရမလဲဆိုတော့ effective ဖြစ်တဲ့ load balancing ရယ်... လိုအပ်တဲ့ backup server တွေ အလုံအလောက်ရှိလားပါပဲ။)

 

(၃) Security and Stability

(ISP တွေက Web Hosting မှာတော့ Specialist တွေပါ။ သူတို့က သူတို့ရဲ့ Server တွေကို latest software patche တွေ the best virus protection တွေ နဲ့ ကာကွယ်ထားမယ်ဆိုတာ အသေအချာပဲလေ။)

 

အခု...Internet Service Provider က နေ Web Server ကို ငှားသုံးပြီဆိုရင် အောက်က အချက်လေးတွေ ထည့်စဉ်းစားရပါမယ်။

 

(၁) 24-hour support

ကိုယ့် ငှားထားတဲ့ Web Server ပိုင်ရှင် ISP က ၂၄ နာရီ Technical Support ပေးလားစဉ်းစားရပါမယ်။

ကိုယ့် web site down နေတာကို ပြန် recover ဖြစ်ဖို့ နောက်နေ့ထိစောင့်နေရမယ်ဆိုတာမျိုး ဘယ်အဖြစ်ခံရပါ့မလဲ။

ဖြစ်နိုင်မယ်ဆိုရင် အချိန်မရွေး ခေါ်လို့ရတဲ့ toll-free ဖုန်းလေးပါရမယ်ဆိုရင်ပိုကောင်းတာပေါ့။ ဒါမှ long distance call တွေ အတွက် အဆင်ပြေမယ်လေ။

 

(၂) Daily Backup

ဒါကတော့ရှင်းပါတယ်...ကိုယ့် Web Site က အချိန်နဲ့တပြေးညီ update ဖြစ်နေရင် backup တော့ လိုတာပေါ့။ update မဖြစ်လည်း လိုတာပါပဲ။

 

(၃) Traffic Volume

ကိုယ့် Web Site က လူသိများပြီဆိုရင် ဒါက ပိုစဉ်းစားရပါပြီ။ ဘာလို့လဲဆိုတော့ ISP တော်တော်များများက high traffic volume ကို ကန့်သတ်ထားလို့ပါ။

ဒါဆိုရင် ကိုယ့် Web Site ကိုလာကြည့်တဲ့ user တွေ download , upload လုပ်ချင်တိုင်း ဘယ်လုပ်လို့ရတော့မလဲနော်။

 

(၄) Bandwidth or Content Restrictions

ဒါလည်း အရေးကြီးတယ်ဗျ။ တချို့ ISP တွေက bandwidth နဲ့ content တွေကို ကန့်သတ်ထားတယ်။

ဥပမာ ... ကိုယ်က Video , Audio တွေ Web Site မှာတင်ချင်တယ် Bandwidth ကျော်နေတာမျိုးတို့၊ Picture အတင်မခံတာမျိုးတို့ပေါ့။ File Size Limit လုပ်ထားတာမျိုးတို့ပေါ့။

 

(၄) E-mail Capabilities

ဒါကတော့... user တွေနဲ့ အပြန်အလှန် email အဆက်အသွယ်လုပ်ဖို့ လိုအုံးမယ်လေ။

 

(၅) Front Page Extensions

တကယ်လို့ ကိုယ့်ရဲ့ Web Site ကို Frontpage သုံးပြီး Web Server ပေါ် develop လုပ်မယ်ဆိုရင်တော့ ISP က FrontPage server extension ကို support လုပ်ဖို့လိုတယ်နော်။

 

(၆) Database Access

တကယ်လို့ ကိုယ့် Web Site မှာ Data တွေကို Database နဲ့သုံးချင်ပါပြီတဲ့... ISP က database access ကို support လုပ်ဖို့ လိုလာပြီပေါ့။

 

ကဲ... ဒါလေးတွေကတော့ ISP ကနေ Web Server ငှားသုံးမယ်ဆိုရင် စဉ်းစားဖို့ပေါ့ဗျာ။

 

အပိုင်း (၂) ကိုဆက်ရေးပါအုံးမယ်။

 

ပျော်ရွှင်ပါစေဗျာ

(Be knowledgeable,pass it on then)

Google nexus S ကို hard reset ချနည်း

အခု Android ဖုန်းအမျိုးအစား ဖြစ်တဲ့ Google nexus S ကို Factory Default အတိုင်းဖြစ်အောင် Reset လုပ်နည်းကိုပြောပြချင်ပါတယ်။
ဒီလိုဗျ...
၁။ Main Home Screen ကနေ Menu ကို ရွေးပါ။
၂။ Settings ကိုရွေးပါ။ ပြီးရင် Privacy ကိုရွေးပါ။
၃။ Factory Data Reset ကိုရွေးပါ။
၄။ Reset Phone ကိုရွေးပါ။
၅။ Password မေးလာရင် ထည့်ပေးလိုက်ပါ။ ပြီးရင် Erase Everything ကိုရွေးပေးလိုက်ပါ။

ဒါက Soft Reset ပေါ့။ ဖုန်းက ကောင်းကောင်း Response လုပ်နေသေးတယ် ဆိုရင် ဒီနည်းက အဆင်ပြေပါတယ်။

တကယ်လို့ပေါ့ဗျာ... ဖုန်းက Response ဘာမှ မလုပ်တော့ဘူးဆိုရင် ဘိုလိုပြောရင် Frozen ဖြစ်နေတယ်ပေါ့။ ဒါဆိုရင် Hard Reset လုပ်မှရတော့မယ်ဗျ။

ကဲ လုပ်မယ်ဗျာ...

၁။ ဖုန်းကို Power ပိတ်လိုက်။ ပြီးရင် Battery ဖြုတ်မယ် ၅ စက္ကန့်လောက် စောင့်မယ် Battery ပြန်တပ်မယ်။
၂။ Volume Down ခလုတ်ကို နှိပ်ထားပါ။
၃။ Power ခလုတ်ကို နှိပ်ပြီး ပြန်လွှတ်လိုက်ပါ။
၄။ Fastbook,Recovery,Clear Storage, Simlock ဆိုတာတွေ ပါတဲ့ Menu တခု ပေါ်လာပါမယ်။
၅။ Clear Storage ကိုရွေးပြီး Volume Down ခလုတ်ကို နှိပ်ပါ။
၆။ Power ခလုတ်ကို နှိပ်ပြီး ပြန်လွှတ်ပါ။
၇။ Confirm လုပ်ဖို့မေးလာပါမယ်.... YES အတွက် Volume Up ဖြစ်ပြီး NO အတွက် Volume Down ခလုတ်ကို နှိပ်ပေးရပါမယ်။
   
တကယ်လို့မှ ... ဒီနည်းနဲ့ လုပ်တာ အဆင်မပြေဘူးဆိုရင်...

အောက် မှာ နောက်တနည်းရှိပါသေးတယ်...

၁။ ဖုန်းကို Power ပိတ်ပါ။
၂။ Volume Up ခလုတ်၊ Home ခလုတ်၊ Power ခလုတ်တို့ကို ပြိုင်တူ စုံ နှိပ်ပါ။
၃။ ဒါဆို Screen မှာ Logo Symbol ပေါ်လာပါလိမ့်မယ်... ပေါ်လာတာတွေ့တာနဲ့ Power ခလုတ်ကို လွှတ်လိုက်ပါ။
၄။ Boot Menu ပေါ်လာပါမယ်။ သူ့ကိုရွေးဖို့ကတော့ Volume up/down နဲ့ Home ခလုတ်တွေကို သုံးပေတော့ဗျာ။

ကဲ...နောက်ဆုံးပြောချင်တာကတော့
Reset လုပ်ပြီဆိုတာနဲ့ ဖုန်းထဲရှိသမျှ အားလုံး စက်ရုံက ထုတ်လိုက်တဲ့ အတိုင်းပြန်ဖြစ်သွားတာမို့လို့...
မိမိ အလိုရှိသော Software များ Setting များအားလုံး ပြန်လည် သွင်းယူရမှာ ဖြစ်ပါကြောင်း...
 အခု ပြောပြထားတဲ့ အတိုင်း မမှားအောင် လိုက်လုပ်ကြည့်ပါ အဆင်ပြေသွားပါလိမ့်မယ်။ မှားရင်တော့ at your own risk နော်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)




Singapore သွားပြီး အလုပ်ရှာမယ်ဆိုရင် ...

ခုတလော...သူငယ်ချင်းတော်တော်များများ စင်ကာပူကို ထွက်ပြီး အလုပ်ရှာကြပါတယ်။
အလုပ်ကတော့ ရကြပါတယ်....
Work Pass လို့ခေါ်တဲ့ (S-pass, EP) ကို MOM က မပေးလို့ ပြန်လာရတဲ့သူ များတာကိုလည်း မြင်နေ ကြားနေရပါတယ်။
ဒီတော့ ... စိတ်မကောင်းဘူးပေါ့ဗျာ။
အခု ပြောချင်တာကတော့ စင်ကာပူ ကိုသွားပြီး အလုပ်ရှာမယ်ဆိုရင်...
အောက်က Web Site လေးတွေမှာ အရင်သွားလေ့လာသင့်တယ်လို့ပဲ အကြံပေးချင်ပါတယ်။
တော်တော်လေး ပြည့်ပြည့်စုံစုံရေးထားပါတယ်။
ထပ်မှာချင်ပါသေးတယ်...

စင်ကာပူကို သွားပြီး အလုပ်ရှာတော့မယ်ဆိုရင် ဒါလေးတွေကို သေသေချာချာ လေ့လာပြီး ပြင်ဆင်သွားကြပါ။
နောက်တခုက အခု အချိန် က အလုပ်ရဖို့ခက်ခဲနေတဲ့ ကာလလို့ ပြောချင်ပါတယ်။ ကံ နဲ့လည်း ဆိုင်ပါတယ်ဗျာ။
ဒါပေမယ့်... ကိုယ့်ဖက်က တတ်နိုင်သမျှ တော့ သေချာလုပ်သွားစေချင်ပါတယ်။

ကဲ...အောက်က Web Site လေးတွေမှာ သေချာ သွားဖတ်ကြည့်ဗျ... ဖြစ်နိုင်ရင် Print Out ပါ ထုတ်ထားသင့်ပါတယ်။

http://www.myanmartutorials.com/articles/singapore-1/
http://www.myanmartutorials.com/articles/%E1%80%BDsingapore-2/
http://www.itmgmg.com/myblog.aspx?ID=2008020401
http://www.itmgmg.com/myblog.aspx?ID=2008030201

ပျော်ရွှင်ပါစေ။
(Be knowledgeable,pass it on then)

Removable Drive များရဲ့ autorun နှင့် .exe မ run အောင် ပိတ်နည်း

ညီလေး တယောက် မေးထားတာကြာပါပြီ။
ခုတလော အလုပ်များနေတာနဲ့ ရေးမယ် ရေးမယ်နဲ့ Keyboard ပေါ်လက်မရောက်တာပါ။

ကဲ... ဒီလိုပါဗျာ... Computer မှာ Memory Stick လိုမျိုး Removable Drive တွေ တပ်ပြီဆိုရင်...
Autorun/Autoplay run ပါတယ် ဒါ Virus ဝင်ဖို့ အခွင့်အရေးကောင်းပေါ့ဗျာ...
သူ့ကို ပိတ်မယ်ဗျာ... ပိတ်ပုံက ဒီလိုဗျ

Start>Run>gpedit.msc  ဆိုပြီး ရိုက်လိုက်

Local Computer Policy မှာ Computer Configuration ဆိုတာတွေ့မယ်
Computer Configuration>Administrative Templates>System ကိုသွား
ညာဖက်မှာ Turn off Autoplay ဆိုတာကို လိုက်ရှာ

Select လုပ် Right Click>Properties ကိုရွေး
Enabled ကို ရွေး CD-ROM drives အစား All drives ကိုရွေး Apply>OK လုပ်


နောက်တခုက အောက်မှာ User Configuration ဆိုတာရှိတယ်
User Configuration မှာလည်း အပေါ်က အတိုင်း လုပ်

ဒါက Drive တွေရဲ့ Autoplay/Autorun ကို ပိတ်တာ

ပြီးရင် Computer Configuration>Windows Settings>Security Settings>Software Restriction Policies>Addition Rules ကိုသွား
Right Click > New Path Rule လုပ်

ပေါ်လာတဲ့ Window ရဲ့ Path မှာ Hard Disk ရဲ့ Partition တွေက လွဲပြီး Memory Stick ထိုး လိုက်ရင် ပေါ်လာမယ့် Driver Letter တွေ ကို အောက် က ပုံစံအတိုင်း ထည့်

Drive Letter\*.exe ဆိုပြီး ပေါ့

ပြီးရင် Security level မှာ Disallowed ပဲထား

ကျန်တာကတော့ Apply>OK ပေါ့

အားလုံး ပြီးပြီးဆိုရင်

Start>Run>gpupdate ဆိုပြီး ရိ်ုက််လိုက်...

ဒါက Drive တွေကနေ .exe တွေ run တာကို ပိတ်ထားတာ

Recycler လို Folder အယောင်ဆောင်ထားတဲ့ .exe လို Virus တွေကို ပိတ်ထားလို့ရတာပေါ့

မှားပြီး Double Click နှိပ်လိုက်ရင်လဲ... Policy က Deny လုပ်မှာလေ။

ဒါဆို နောက် ပိုင်း Memory Stick ကနေ Virus ဝင်ဖို့ ရာခိုင်နှုန်း တော်တော်နည်းသွားပြီ။

Drive Letter နေရာမှာ CD Drive တွေ... Hard disk ရဲ့ Windows တင်မထားတဲ့ တခြား Partition တွေ... Memory Stick တပ်လိုက်ရင် ပေါ်လာမယ့် Drive Letter တွေ ကို ထည့်ပေးလို့ရတယ််။

Windows ရှိတဲ့ Partition မှာ ပိတ်ထားမိရင်တော့ ဘယ် Software မှာ run မရဖြစ်သွားလိမ့်မယ်။

Drive Letter တခု အတွက် Setting တကြိမ် လုပ်ပေးရတယ်....

Drive Letter ၄ ခု လုပ်ချင်ရင် Setting လေးကြိမ် လုပ်ပေးရတယ်ပေါ့....


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

Base64 Encoding

ကျောင်းသားဘဝတုန်းက Encoding အကြောင်းတွေ သင်တော့ အိပ်ငိုက်နေခဲ့ဖူးပါတယ်။နားမလည်လို့ပါ။
လုပ်ငန်းခွင်ရောက်တော့လဲ သူက ကင်းမရပြန်ပါဘူး... ထပ်တွေ့ပါတယ်။
ဒီတော့ နားလည်အောင်ကြိုးစားရတော့တာပေါ့။
အခု လည်း ကိုယ်သိထားတာတွေ ကိုယ့်အတွေ့အကြုံတွေကို ပြန်ပြောပြဖို့ အချိန်ရောက်ပြီလို့ ယူဆမိပါတယ်။
ဒါကြောင့် Base64 Encoding ဆိုတာကို နည်းနည်း ပြန်မျှလိုပါတယ်။
သူ့ကို Multipurpose Internet Mail Extensions (MIME) အတွက်လဲ သုံးပါတယ်။
Email တွေ Network ပေါ်မှာ ဖြတ်သန်းသွားလာတဲ့အခါမှာ Base64 Encoding ကို သုံးတယ်ပေါ့ဗျာ။
နောက်ပြီး HTTP Based Basic Authentication တွေမှာလည်း သူ့ကို သုံးတယ်ဗျ။
ဘယ်လိုသုံးတာလဲ ဆိုတော့ Web Server တွေက username , password တောင်းတာ တွေ့ဖူးကြမယ်ထင်တယ်။ အဲ့လိုသုံးတာပေါ့။
ကဲ...ထားပါတော့ ပြောချင်တာက တော့ Base64 Encoding ဟာ အရေးပါတယ်ဆိုတာလေးသိစေချင်တာပါ။

စမယ်ဗျာ...
Base64 က Character တလုံးကို 6 bit ယူထားတဲ့ US-ASCII Charater Set ထဲက Character (၆၅) လုံးကို သုံးထားတယ်။
ဥပမာအနေနဲ့ပြောရမယ်ဆိုရင် m ဆိုတဲ့ Character ကိုယူမယ်ဆိုပါတော့။ m ရဲ့ base64 တန်ဖိုးက (၃၈) ဗျာ။
ဒီတန်ဖိုးဘယ်ကရလဲ မေးစရာရှိတယ်... Base64 Alpahbet Chart ဆိုတာကနေရတယ်ဗျ။ သူ့မှာ သက်ဆိုင်ရာ Character တလုံးချင်းစီအတွက် တန်ဖိုးတွေ ပါရှိပါတယ်။
ဒီတော့ Character တလုံးအတွက် Base64 တန်ဖိုးလိုချင်တဲ့အခါတိုင်း Base64 Chart ကို ကြည့်ရမယ်ပေါ့။
ကဲ.... m ဆိုတာကို ၃၈ လို့ သိထားပြီး သူ့ကို binary ပုံစံပြောင်းမယ် 100110 ရတယ်။

နောက်တမျိုးပြောကြည့်မယ်ဗျာ...

mne ဆိုတဲ့စာလုံးကို encode လုပ်ကြည့်တာပေါ့။

mne ကို ပထမဆုံး base64 decimal value ပြောင်းမယ်။

m = 109
n = 110
e = 101

ဒီတော့ mne က 109 110 101 ဖြစ်သွားပြီနော်...
တခါထပ်ပြီး binary value ပြောင်းမယ်။

109     110     101 = 01101101     01101110     01100101

8-bits ၃ ခု ပါတဲ့ binary value ရမယ်ဗျာ။ အဲ့ဒါကို 24-bit stream ဖြစ်အောင် တဆက်တည်းချရေးလိုက်ဗျာ။

011011010110111001100101 ဒီလိုရမယ်။

ရလာတဲ့ 24-bit binary value ကို ညာဖက် ကနေစပြီး 6 bits စီ ခွဲထုတ်မယ်ဗျာ။

011011      010110      111001      100101

ခွဲပြီးတဲ့ အခါ ရလာတဲ့ binary value တွေကို decimal value ပြန်ပြောင်းမယ်။

011011      010110      111001      100101 = 27    22    57    37

ရလာတဲ့ decimal value တွေကိုမှ Base64 Alphabet Chart သုံးပြီး Character တွေ အဖြစ်ပြန်ပြောင်းမယ်။

27 = b
22 = W
57 = 5
37 = l

ကဲ... အခု mne ဆိုတာကို Base64 နည်းနဲ့ encode လုပ်လိုက်တာ bW5l ဖြစ်သွားပြီ။ မြင်တယ်နော်။ ဒါပါပဲ encoding ဆိုတာ။

ရှင်းပြထားတာ ရှည်တယ် အတိုမှတ်ချင်တယ်ဆိုတဲ့သူတွေအတွက် အတိုမှတ်ဖို့ပြောပြမယ်။

၁။ Character တွေကို Base64 decimal value ပြောင်းပါ။
၂။ ရလာတဲ့ decimal value တွေကို binary value ပြောင်းပါ။
၃။ ပြောင်းထားတဲ့ binary value (8-bits ၃ ခု) တွေကို 24-bits stream ဖြစ်အောင် ချရေးပါ။
၄။ ရလာတဲ့ 24-bits stream ကို ညာဖက်ကနေစပြီး 6-bits စီခဲွထုတ်ပါ။
၅။ 6-bits စီ ခွဲပြီးတဲ့ ရလာတဲ့ binary value တွေကို decimal value ပြန်ပြောင်းပါ။
၆။ ရလာတဲ့ decimal value တွေကို base64 Alphabet Chart သုံးပြီး US-ASCII Character ပြန်ပြောင်းပါ။

ကဲ... ဒီလောက်ဆို ရှင်းပြီထင်ပါတယ်။
ပြောချင်တာ တခုကတော့ binary to decimal/ decimal to binary ပြောင်းဖို့အတွက် Scientific Calculator ရှိရင်ရပါပြီ။
Engineer တွေနဲ့ ကွန်ပျူတာသမားတွေကတော့ မလိုလောက်ပါဘူး။
Base64 Alphabet Chart ကို အပေါ်မှာ ကြည့်လို့ရပါတယ်။

Decoding ပြန်လုပ်ချင်တယ်ဆိုရင် အခု ပြောပြထားတဲ့ အဆင့်တွေကို ပြောင်းပြန်ပြန်လုပ်လိုက်ရုံပေါ့ဗျာ။

ဒါက Manual နည်းနဲ့ encode/decode လုပ်တာပါ။

Program သုံးပြီး encode/decode လုပ်ချင်သူများအတွက် အောက်က C program လေးကို သုံးနိုင်ပါတယ်။

#include <appletdefs.h>

#include <iac.h>

#include "base64.h"

 

static char encodingTable [64] = {

 

    'A','B','C','D','E','F','G','H','I','J','K','L','M','N','O','P',  

    'Q','R','S','T','U','V','W','X','Y','Z','a','b','c','d','e','f',  

    'g','h','i','j','k','l','m','n','o','p','q','r','s','t','u','v',  

    'w','x','y','z','0','1','2','3','4','5','6','7','8','9','+','/'

                };

 

static unsigned long gethandlesize (Handle h) {

 

                return (GetHandleSize (h));

                } /*gethandlesize*/

 

 static boolean sethandlesize (Handle h, unsigned long newsize) {

                 SetHandleSize (h, newsize);

                return (MemError () == noErr);

                } /*sethandlesize*/

 

 static unsigned char gethandlechar (Handle h, unsigned long ix) {

 

                return ((*h) [ix]);

                } /*gethandlechar*/

 

 static void sethandlechar (Handle h, unsigned long ix, unsigned char ch) {

 

                (*h) [ix] = ch;

                } /*sethandlechar*/

 

 static boolean encodeHandle (Handle htext, Handle h64, short linelength) {

 

                /*

                encode the handle. some funny stuff about linelength -- it only makes

                sense to make it a multiple of 4. if it's not a multiple of 4, we make it

                so (by only checking it every 4 characters.

                further, if it's 0, we don't add any line breaks at all.

                */

 

                unsigned long ixtext;

                unsigned long lentext;

                unsigned long origsize;

                long ctremaining;

                unsigned char ch;

                unsigned char inbuf [3], outbuf [4];

                short i;

                short charsonline = 0, ctcopy;

                ixtext = 0;

                lentext = gethandlesize (htext);

                while (true) {

 

                                ctremaining = lentext - ixtext;

                                                if (ctremaining <= 0)

                                                break;

                                                              

                                for (i = 0; i < 3; i++) {

                                                                unsigned long ix = ixtext + i;

                                                                if (ix < lentext)

                                                                inbuf [i] = gethandlechar (htext, ix);

                                                else

                                                                inbuf [i] = 0;

                                                } /*for*/

                              

                                outbuf [0] = (inbuf [0] & 0xFC) >> 2;

                                outbuf [1] = ((inbuf [0] & 0x03) << 4) | ((inbuf [1] & 0xF0) >> 4);

                                outbuf [2] = ((inbuf [1] & 0x0F) << 2) | ((inbuf [2] & 0xC0) >> 6);

                                outbuf [3] = inbuf [2] & 0x3F;

                                origsize = gethandlesize (h64);

              

                                if (!sethandlesize (h64, origsize + 4))

                                                return (false);

                              

                                ctcopy = 4;

                                switch (ctremaining) {

                                                case 1:

                                                                ctcopy = 2;

                                                                break;

                              

                                                case 2:

                                                                ctcopy = 3;

                                                                break;

                                                } /*switch*/

 

                                for (i = 0; i < ctcopy; i++)

                                                sethandlechar (h64, origsize + i, encodingTable [outbuf [i]]);

                                for (i = ctcopy; i < 4; i++)

                                                sethandlechar (h64, origsize + i, '=');

                              

                                ixtext += 3;

                                charsonline += 4;

                                if (linelength > 0) { /*DW 4/8/97 -- 0 means no line breaks*/

                                                                if (charsonline >= linelength) {

                                              

                                                                charsonline = 0;

                                                                origsize = gethandlesize (h64);

                                              

                                                                if (!sethandlesize (h64, origsize + 1))

                                                                                return (false);

                                                                sethandlechar (h64, origsize, '\n');

                                                                }

                                                }

                                } /*while*/

                return (true);

                } /*encodeHandle*/

 

 static boolean decodeHandle (Handle h64, Handle htext) {

 

                unsigned long ixtext;

                unsigned long lentext;

                unsigned long origsize;

                unsigned long ctremaining;

                unsigned char ch;

                unsigned char inbuf [3], outbuf [4];

                short i, ixinbuf;

                boolean flignore;

                boolean flendtext = false;

                ixtext = 0;

                lentext = gethandlesize (h64);

                ixinbuf = 0;

                while (true) {

              

                                if (ixtext >= lentext)

                                                break;

                              

                                ch = gethandlechar (h64, ixtext++);

                                flignore = false;

              

                                if ((ch >= 'A') && (ch <= 'Z'))

                                                ch = ch - 'A';

                                else if ((ch >= 'a') && (ch <= 'z'))

                                                ch = ch - 'a' + 26;

                                else if ((ch >= '0') && (ch <= '9'))

                                                ch = ch - '0' + 52;

                                else if (ch == '+')

                                                ch = 62;

                                else if (ch == '=') /*no op -- can't ignore this one*/

                                                flendtext = true;

                                else if (ch == '/')

                                                ch = 63;

                                else

                                                flignore = true;

              

                                if (!flignore) {

              

                                                short ctcharsinbuf = 3;

                                                boolean flbreak = false;

                                                 if (flendtext) {

                                              

                                                                if (ixinbuf == 0)

                                                                                break;

                                                                if ((ixinbuf == 1) || (ixinbuf == 2))

                                                                                ctcharsinbuf = 1;

                                                                else

                                                                                ctcharsinbuf = 2;

                                              

                                                                ixinbuf = 3;

                                              

                                                                flbreak = true;

                                                                }

                                                inbuf [ixinbuf++] = ch;

                                                if (ixinbuf == 4) {

                                                                ixinbuf = 0;

                                                                outbuf [0] = (inbuf [0] << 2) | ((inbuf [1] & 0x30) >> 4);

                                                                outbuf [1] = ((inbuf [1] & 0x0F) << 4) | ((inbuf [2] & 0x3C) >> 2);

                                                                outbuf [2] = ((inbuf [2] & 0x03) << 6) | (inbuf [3] & 0x3F);

                                                                origsize = gethandlesize (htext);

                                              

                                                                if (!sethandlesize (htext, origsize + ctcharsinbuf))

                                                                                return (false);

                                                                for (i = 0; i < ctcharsinbuf; i++)

                                                                                sethandlechar (htext, origsize + i, outbuf [i]);

                                                                }

                                                if (flbreak)

                                                                break;

                                                }

                                } /*while*/

 

                exit:

                return (true);

                } /*decodeHandle*/

 

 

void base64encodeVerb (void) {

                Handle h64, htext;

                short linelength;

 

                if (!IACgettextparam ((OSType) keyDirectObject, &htext))

                                return;

                if (!IACgetshortparam ((OSType) 'line', &linelength))

                                return;

                h64 = NewHandle (0);

                if (!encodeHandle (htext, h64, linelength))

                                goto error;

              

                DisposHandle (htext);

                IACreturntext (h64);

                return;

                error:

 

                IACreturnerror (1, "\perror encoding the Base 64 text");

                } /*base64encodeVerb*/

 

 void base64decodeVerb (void) {

                Handle h64, htext;

                if (!IACgettextparam ((OSType) keyDirectObject, &h64))

                                return;

                htext = NewHandle (0);

                if (!decodeHandle (h64, htext))

                                goto error;

                DisposHandle (h64);

                IACreturntext (htext);

                return;

                error:

                 IACreturnerror (1, "\perror decoding the Base 64 text");

                } /*base64decodeVerb*/

ကိုယ်တိုင်ရေးထားတာတော့မဟုတ်ပါ။အင်တာနက်က ရထားတာလေးပါ။ ဒီတော့ စမ်းကြည့်ချင်ရင် စမ်းကြည့်နိုင်ပါတယ်။ ဒါပေမယ့် ထုံးစံ အတိုင်း at your own risk နော်။

ပျော်ရွှင်ပါစေဗျာ။
( Be knowledgeable,pass it on then)








Youtube Video Downloader Add-ons for Mozilla Firefox

ဒီနေ့ Youtube Video Site က Video Song လေး တခု တအားကြည့်ချင်နေတာနဲ့
ဝင်ကြည့်ပြီး Download ချဖို့ ကြိုးစားပါတယ်...
ခက်တာက... မြန်မာပြည်ရဲက ရွှေဉာဏ်ရှင်များက ပိတ်ထားပါတယ်ဗျာ...
ဒါနဲ့ ထုံးစံအတိုင်း ကျော်ခြွပီးဝင်တယ်ပေါ့ဗျာ...
ဝင်လို့တော့ရပါတယ်... Video Streaming ကျရင် ရပ်နေပါလေရော....
ဒါနဲ့ ဘယ်လိုမှ Download လည်း မရ... ဒီအတိုင်း ကြည့်လို့လည်း မရ ဖြစ်နေတယ်ပေါ့ဗျာ...

ဒီတော့လည်း Firefox ရဲ့ Add-ons တွေဘက်ကို မျက်စောင်းထိုးကြည့်ရပါတော့တယ်....

ကဲ... ဒီအောက်က ဟာလေးတွေကတော့ တော်တော် ကောင်းတယ်ဗျ...
ကျွန်တော်တော့ အမြင်ကပ်ကပ်နဲ့ အကုန် ယူထားတယ်...
တခုမရ တခု နဲ့ Download ချတယ်ဗျာ...

1) Easy YouTube Video Downloader (https://addons.mozilla.org/en-US/firefox/addon/10137)

2) Fast Video Download (https://addons.mozilla.org/en-US/firefox/addon/3590)

3) NetVideoHunter Video Downloader (https://addons.mozilla.org/en-US/firefox/addon/7447)

4) Flash Video Downloader (https://addons.mozilla.org/en-US/firefox/addon/6584)

5) MP4 YouTube Downloader (https://addons.mozilla.org/en-US/firefox/addon/9915/)

6) YouTube Video Downloader (https://addons.mozilla.org/en-US/firefox/addon/12642/)

7) Youtube Downloader (https://addons.mozilla.org/en-US/firefox/addon/6986/)

8) Ultimate YouTube Downloader (https://addons.mozilla.org/en-US/firefox/addon/12046)

9) Video Downloader plugin (https://addons.mozilla.org/en-US/firefox/addon/12984)

10) Convert and download online videos (https://addons.mozilla.org/en-US/firefox/addon/12207)

11) FlashCatch (https://addons.mozilla.org/en-US/firefox/addon/13605)

12) YouTube to MP3 (https://addons.mozilla.org/en-US/firefox/addon/11047)

13) Download YouTube As MP4 (https://addons.mozilla.org/en-US/firefox/addon/14861/)

14) Download YouTube Videos as MP4 and FLV (https://addons.mozilla.org/en-US/firefox/addon/11869/)

15) 1 Click YouTube Video Downloader (https://addons.mozilla.org/en-US/firefox/addon/13990/)

16) YouTube Download (https://addons.mozilla.org/en-US/firefox/addon/15002/)


ကျန်တဲ့ သုံးပုံသုံးနည်းတွေကိုတော့ သက်ဆိုင်ရာ link မှာ ရှင်းပြထားပါတယ်...ကျွန်တော်မရှင်းပြတော့ပါဘူး။


အားလုံးပဲ ... ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable,pass it on then)


Multipoint Server

ဒီ Server က Microsoft က တီထွင်ခဲ့တာပါ
သူ့ရဲ့ ရည်ရွယ်ချက်ကတော့ စာသင်ခန်းတွေ နဲ့ Labs,Libraries တွေမှာ Increase access ရဖို့အတွက်ပါတဲ့။

သူ့ကိုယ် သုံးရင်... Multiple user တွေဟာ တူညီတဲ့ ကွန်ပျူတာ တလုံးမှာပဲ ကိုယ်ပိုင် Monitor, Mouse , Keyboard တွေ ကိုယ်စီနဲ့ အသုံးပြုနိုင်မှာပါ။
ဒီတော့ဗျာ... Labs, Libraries တွေနဲ့ စာသင်ခန်းတွေမှာ user တယောက်ချင်းစီအတွက် စက်တစ်လုံး စီ စီစဉ်ပေးစရာမလိုတော့ဘူးပေါ့။
Multipoint Server တလုံးရယ်... Keyboard,Mouse, Monitor တွေရယ် ဝယ်လိုက်မယ်ဆိုရင် ငွေကုန်ကြေးကျ ပိုသက်သာတာပေါ့။

Microsoft ကတော့ Multipoint Server Operating System တခုမှာ user (၁၀) ယောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။

Multipoint Server တလုံးကို သုံးရင် ရမယ့် အကျိုးကျေးဇူးတွေက...
၁။ User တိုင်း ကိုယ်ပိုင် Computing Experience ရနိုင်တယ်။
၂။ User တိုင်း ကိုယ့် စိတ်ကြိုက် Setting တွေ လုပ်ထားနိုင်တယ်။
၃။ User Account တွေကို Manage လုပ်နိုင်တယ်။
၄။ User တွေရဲ့ Group တြွေကားမှာ Data Sharing ကို လွယ်ကူစွာ လုပ်နိုင်တယ်။
၅။ User တွေက သူတို့ရဲ့ ကိုယ်ပိုင် Data တွေကို ကိုယ်ပိုင် Folder လုပ်ပြီး သိမ်းထားနိုင်တယ်။
၆။ Multimedia ပိုင်းတွေ လုပ်ဆောင်ရာမှာလဲ တခြား user တွေကို အနှောက်အယှက် မဖြစ်အောင် လုပ်လို့ရပါတယ်။ ဥပမာ - Video ကြည့်တာ၊ သီချင်းနားထောင်တာပေါ့။
၇။ Server ပေါ်မှာ Application တခု တစ်ကြိမ် install လုပ်လိုက်တာနဲ့ ကျန်တဲ့ user station တွေ အားလုံး သုံးလို့ရပါတယ်။
၈။ Disconnect Feature ဆိုတာကြောင့် ကိုယ်လုပ်နေတဲ့ အလုပ်ကို Pause လုပ်ထားနိုင်တာကြောင့် Time Saving ဖြစ်ပါတယ်။
၉။ Station ဘယ်နှစ်ခု သုံးနေလဲ၊ ဘယ် user က ဘယ် system ကို သုံးနေလဲဆိုတာကို ကြည့်နိုင်ပါတယ်။

Multipoint Server ကို တပ်ဆင် အသုံးပြုပုံကို အပေါ်က ပုံလေးနဲ့ကြည့်လိုက်ရင် သိသာသွားပါလိမ့်မယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Callback Services: What is it?

Callback ဆိုတာ က Telecom Service Provider Company တခုရဲ့ Network က Authentication Server ကို Company Network အပြင်ကနေပြီးတော့ user က လှမ်း connect လုပ်တာပါပဲ။
သူ့ကို ဖုန်းဝန်ဆောင်ခ စျေးကြီးတဲ့ နိုင်ငံတွေမှာ သုံးပါတယ်။
သူ့ အလုပ်လုပ်ပုံက ဒီလိုပါ...
Suscriber(ဖုန်းအသုံးပြုသူ) က နေ Service Provider ရဲ့ Authentication Server ကို PIN နံပါတ် တခု သုံးပြီး ဆက်သွယ်လိုက်ပါတယ်။
( ၄င်း PIN နံပါတ်ကို Callback Service Provider များမှ ရောင်းချပေးသော Callback Card များမှ ရရှိပါတယ်။)
အဆက်အသွယ်ရပြီဆိုရင် Authentication Server က Callback System မှာ register လုပ်ထားတဲ့ PIN နံပါတ် ဟုတ် မဟုတ် စစ်ဆေးပါတယ်။ Valid user ဟုတ်မဟုတ် စစ်ဆေးတာပါ။
( ထိုကဲ့သို့ စစ်ဆေးနေချိန်မှာ user နဲ့ ချိတ်ဆက်ထားမှု ကို ဖြတ်တောက်လိုက်ပါတယ်။)
Valid ဖြစ်တယ်။ မှန်တယ်ဆိုရင် User ကို call back ပြန်လုပ်ပါတယ်... User က Server နဲ့ ချိတ်ဆက်မိပြီဆိုတာနဲ့... ကိုယ် ခေါ်ချင်တဲ့ ဖုန်းနံပါတ်ကို ခေါ်ဆိုနိုင်ပြီဖြစ်ပါတယ်။
သူ့မှာ အားနည်းချက်ကတော့ ကိုယ်ခေါ်လိုက်တဲ့ ဖုန်းရဲ့ Caller ID description မှာ ကိုယ့် ဖုန်းနံပါတ် မပေါ်တာပါ။
Callback Service Provider က ချပေးတဲ့ နံပါတ်ပဲ ပေါ်ပါတယ်။
သူ့ ရဲ့ အားသာချက်ကတော့ ဖုန်းဝန်ဆောင်ခ တော်တော်လေး သက်သာတာပါပဲ။

အပေါ်မှာ ပုံလေးပြထားပါတယ်...ကြည့်ကြည့်ပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒီ စနစ် ကျင့်သုံးတော့မယ်လို့ သတင်းတော့ ကြားမိလိုက်သလိုပဲ။
ဘယ်တော့လဲ တော့မသိပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

D-DoS: The easy way to server down

ခုတလော... D-DoS Attack ဆိုတာတွေ နားနဲ့ မဆံ့အောင် ကြားရလွန်းလို့...

D-DoS Attack အကြောင်း အနည်းအကျဉ်း ပြန်မျှဝေလိုပါတယ်...

D-DoS Attack ဆိုတာ Distributed Denial of Services Attack ပါတဲ့။

ဘယ်လို တိုက်ခိုက်မှုမျိုးလဲဆိုတော့...

ကွန်ပျူတာ တွေ အများကြီးက နေ Server ဆီကို request တွေ တပြိုင်တည်း အကြိမ်ကြိမ် လုပ်ပြီး Server ရဲ့ အလုပ်လုပ်နိုင်စွမ်းတွေ နှေးကွေးသွားအောင်...

နောက်ဆုံး Shutdown ချလိုက်ရတဲ့ အထိ လုပ်တာပါ။

သူက အချိန် အပိုင်းအခြားနဲ့ တိုက်ခိုက်တဲ့ စနစ်တခုလို့လဲ ပြောလို့ရပါတယ်။

ဘယ်အချိန်ကနေ ဘယ်အချိန်ထိ တိုက်ခိုက်တယ်ဆိုတာမျိုးပေါ့။

ဒါ အကြမ်းမျဉ်းပြောပြတာပါ။

 

ဘာလို့ Attack လုပ်ရတာလဲ...

ဘယ်လို ရည်ရွယ်ချက်တွေနဲ့ Attack လုပ်ရတာလဲ...

စဉ်းစားကြည့်တော့ ဒီအချက်တွေကြောင့်လို့ အကြမ်းမျဉ်း တွေးမိတယ်...

 

1. Sub-cultural status ( Hacker အများစု ဟာ သူတို့ရဲ့ အလုပ်ကို ဒီနည်းနဲ့ စတင်တတ်ကြတယ်)

2. To gain access ( တခါတလေမှာတော့ System တွေကို access လုပ်နိုင်ဖို့.. ဝင်ရောက်မွှေနှောက်နိုင်ဖို့ )

3. Revenge ( System တခုခု ကို အတူတူ လုပ်ခဲ့ဖူးတဲ့ User (or) Administrator တယောက်ယောက်က မကျေနပ်လို့ လက်စားပြန်ချေတာ )

4. Political reasons ( နိုင်ငံရေး အရ တိုက်ခိုက်တာ )

5. Economical reasons ( စီးပွားရေးအရ တိုက်ခိုက်တာ )

6. Nastiness ( လူညစ်ပတ်တွေ လက်တည့်စမ်းတာ )

 

ကျွန်တော်ကတော့ ဒီလောက်ပဲ တွေးမိတယ်ဗျာ။

ဒီအထဲကမှ အခုနောက်ပိုင်း နံပါတ် (၂) ကနေ (၅) အထိ ရည်ရွယ်ချက်မျိုးနဲ့ တိုက်ခိုက်မှုမျိုးကို ပိုတွေ့လာရပါတယ်။

 

D-DoS Attack က Server ရဲ့ ဘယ်လိုအပိုင်းတွေကို တိုက်ခိုက်တာလဲ လေ့လာကြည့်ရအောင်။

(၁) Server ရဲ့ SWAP space ကို သူ့ရဲ့ Request တွေနဲ့တင် ပြည့်သွားအောင် လုပ်တယ်။    

     (SWAP space က client request များကို service ပေးဖို့အတွက်ပါ)

 

(၂) Bandwidth တွေကို အများကြီး ယူသုံးပစ်လိုက်တယ်။

 

(၃) Server ရဲ့ Kernel Memory Allocation Tables ကို Overflow ဖြစ်အောင်လုပ်တယ်။    

     ( Kernel မှာ Kernelmap limit ရှိပါတယ်။ သူ့ limit ကျော်သွားတာနဲ့ system reboot ဖြစ်တာပါပဲ။)

(၄) Server ရဲ့ RAM ကို ပြဿနာတက်အောင် လုပ်တယ်။  

  

     ( NFS Server တို့ mail server တို့က RAM နည်းနည်းနဲ့ အလုပ်လုပ်တာပါ။ သူ့ကို ပြဿနာရှာပြီဆိုတာနဲ့ User တွေ   

       ပြဿနာတက်တာပါပဲ။)

(၅) Server ရဲ့ Hard Disks space ကို ပြည့်သွားအောင် လုပ်တယ်။    

      ( Hard Disk Space သိပ်နည်းသွားရင် overload ဖြစ်ပြီပေါ့။)

 

(၆) Server ရဲ့ Caches ကို ပြဿနာရှာတယ်။

 

(၇) Server ရဲ့ running services တွေကိုလည်း အလုပ်ကောင်းကောင်း မလုပ်နိုင်အောင် လုပ်တယ်။

 

သူ့ရဲ့ တိုက်ခိုက်တဲ့ ပုံစံက ဘယ်လိုလဲ လေ့လာကြည့်ရအောင်။

 

အပေါ်မှာ ပုံနဲ့ပြပေးထားပါတယ်...

(၁) Attacker ဆိုတဲ့သူက ကိုယ် attack လုပ်ချင်တဲ့ Target ရဲ့  Security Management ပိုင်းအားနည်းတဲ့ Network Site ကိုရှာပါတယ်။

(၂) တွေ့ပြီဆိုတာနဲ့ အပေါ်က ရှင်းပြခဲ့တဲ့ အခြေအနေမျိုးတွေ ဖန်တီးနိုင်တဲ့ Illegal Program ကို install လုပ်ပါတယ်။

(၃) ပြီးပြီဆိုတာနဲ့... Program ကို သတ်မှတ်ထားတဲ့ အချိန်တွေမှာ အလုပ်လုပ်ဖို့  Set up လုပ်ပါတယ်။

(၄) ကဲ... အားလုံးပြီးပြီဆိုရင်တော့... Server ကို လှမ်းပြီး Attack လုပ်ပြီပေါ့ဗျာ။

 

Denial of Service Attack တွေထဲမှာ..

 

- SYN Flood Attack

- Land Attack

- Ping of Death

- Smurf            စတာတွေ ပါပါတယ်။

 

ကဲ... ဒီလောက်ဆို D-DoS Attack ဆိုတာကို အခြေခံအားဖြင့် သိလောက်ပြီလို့ ယူဆပါတယ်။

ကျွန်တော် အခု ပြောပြတာက အခြေခံပါ... နောက်တခု ဝန်ခံချင်တာက...ပြည့်စုံတဲ့ ရှင်းလင်းချက် တော့ မဟုတ်ဘူးဆိုတာပါပဲ။

ဒီထက် ပိုသိချင်ရင်တော့ Google ကိုသာ အားကိုးပေတော့ဗျို့

 

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable,pass it on then)

 

ပြည်တွင်း Blogger တို့အတွက် Phzilla: Add-ons for Firefox

ကဲ...လာပါပြီ mozilla firefox ရဲ့ add-on တခု..

နာမည်လေးကတော့ Phzilla တဲ့ဗျာ

ပြည်တွင်း ကနေ Blog တွေကို ကြည့်နေတဲ့သူတွေ...

Blogger တွေ ဝမ်းသာလိုက်တော့ဗျာ...

ဒီ add-ons လေး တော်တော် ကောင်းတယ်ဗျာ...

ပိတ်ထားတာတွေ ကို ကျော်တာကတော့ လေးစားစရာကောင်းတယ်...

သုံးကြည့်ပါ... သဘောကျမှာပါ...

ဝမ်းသာပြီး မနေနိုင်လွန်းလို့ install လုပ်ပြီးတော့ တွေ့ရမယ့် ပုံလေးတွေနဲ့ သုံးတဲ့အခါ တွေ့ရမယ့် Screen shot လေးတွေတောင် တင်ပေးလိုက်တယ်ဗျာ။

အပေါ်မှာကြည့်တော့...

ပထမဆုံးပုံက URL Address ရဲ့ ညာဘက်နားမှာ P ပုံ icon လေးပေါ်နေတဲ့ပုံ

ဒုတိယပုံက Browser ရဲ့ Status Bar ညာဘက် အောက်ထောင့်မှာ P ပုံ icon လေးပေါ်နေတဲ့ပုံ

တတိယပုံက ဒုတိယပုံရဲ့ icon ပေါ်မှာ Right click လုပ်ရင် ပေါ်လာတဲ့ပုံ

ကျန်တာတော့ နည်းနည်းကလိကြည့်ကြတော့ဗျာ။

သုံးပုံသုံးနည်းကိုတော့ ရှင်းမပြတော့ဘူး။

ဒီမှာ သာ သွားဖတ်ကြည့်တော့။

ဒီနေရာကို သွားပြီး အရင် Download လုပ်လိုက်ပါဗျာ။

ကဲ...အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဗျာ။

မြန်မာပြည်သားများ အင်တာနက်ကို အတားအဆီး အပိတ်အပင်မရှိ သုံးနိုင်ပါစေဗျာ။

(Be knowledgeable,pass it on then)


Public key cryptography

ကဲ..လာပြန်ပါပြီ နောက်တမျိုး... သူက တော့ secret key နဲ့ pubic key နှစ်မျိုးလုံးကို Encryption အတွက်ကော Decryption အတွက်ပါ သုံးပါတယ်။
Secret key ကတော့ personal သုံးအတွက်ဖြစ်ပြီး third party ကို လုံးဝ share မလုပ်ပါဘူး။
Pulic key ကတော့ third party တွေကိုပါ pubish လုပ်ပြီးသုံးတာပါ။
Publish လုပ်ဖို့အတွက်ကိုလဲ Certification authority organization တွေဆီမှာ register လုပ်ရပါတယ်။
Public key cryptography က  RSA (Rivest, Shamir and Adleman) method ကို အသုံးပြုပါတယ်။
(RSA အကြောင်းကိုတော့ ဒီနေရာမှာ မရှင်းပြတော့ပါဘူး။)

Public key cryptography ရဲ့ Framework က ဒီလိုပါ...
Recipient က secret key နဲ့ publick key ကို generate လုပ်ပါတယ်။
ပြီးတော့ public key တွေကို list လုပ်ထားတဲ့ certification authority ဆီမှာ သူ့ရဲ့ public key ကို register လုပ်ပါတယ်။
ပြီးတာနဲ့ recipient က certificate ရပါပြီ။
Sender ဘက်က recipient ရဲ့ public key ကို certification authority ဆီက နေ ရယူပါတယ်။
Sender ကပဲ recipient ရဲ့ public key ကိုသုံးပြီး encrypted လုပ်ထားတဲ့ ciphertext ကို send လုပ်ပါတယ်။
Recipient က သူ့ရဲ့ ကိုယ်ပိုင် secret key ကို သုံးပြီး ciphertext ကို decrypt ပြန်လုပ်ပါတယ်။

Public key cryptography ရဲ့ Characteristics တွေက တော့
- recipient အများကြီးနဲ့ အဆင်ပြေပြေ communicate လုပ်နိုင်မယ့် pubilc key ကိုသုံးတာပါ။
- key တွေကို manage လုပ်ရတာ လွယ်ကူပါတယ်။
- ဒါပေမယ့် encryption and decryption လုပ်တဲ့အခါမှာတော့ speed နှေးပါတယ်။

အပေါ်မှာ ပုံလေးနဲ့ ရှင်းပြထားပါတယ်။ ကြည့်လိုက်ရင်ရင် ရှင်းသွားမှာပါ။

Public key cryptography ကို
- Secure RPC
- SSL
- Cisco encrypting router တွေမှာ သုံးပါတယ်တဲ့ဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

ရတနာပုံ Website Hack လုပ်ခံရခြင်း

မကြာသေးခင်က ဖွင့်လှစ်လိုက်သော ရတနာပုံ Website သည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် ည ၁၂ နာရီ ၂၃ မိနစ်ခန့်တွင် Hack လုပ်ခံလိုက်ရပါသည်။

"ညနေကမှပဲ ဖွင့်လို့ရသေးတယ်။ ဒီနေ့ည www.yatanarpon.com.mm ဆိုပြီး ဖွင့်ကြည့်လိုက်တော့ ဖွင့်မရတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ပုံ ပေါ်လာတယ်" ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတစ်ဦးက အွန်လိုင်းမှတစ်ဆင့် ပြောကြားသည်။

ရတနာပုံ Website ကို လူအင်အား၊ ငွေအင်အားများစွာသုံးကာ အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ် တည်ထောင်ထားခြင်း ဖြစ်ပြီး မြန်မာ့အကြီးဆုံး Web Portal တစ်ခုလည်း ဖြစ်ပါသည်။ ထို Website စတင်ပေါ်ပေါက်လာကတည်းက ရတနာပုံ Web Server ကို အဆက်မပြတ်တိုက်ခိုက်မှုများ ရှိနေခဲ့သည်။



မှတ်ချက်။    ။ (၁၉) ရက်နေ့ တုန်းကလဲ ဝင်ကြည့်တော့ Access has been denied ဆိုပြီးပေါ်လာတာ ကြုံခဲ့ရပါသေးတယ်...

                   ခုတလော ဝင်ကြည့်လိုက်တိုင်း လိုအပ်တာထက် ပိုမိုလေးလံတာကိုလည်းသတိထားမိပါတယ်...


Source: http://www.myanmaritmen.com


Common key cryptography

ဒီတခါ Encryption & Decryption Process မှာသုံးတဲ့ Common Key Cryptography
ဆိုတာကို ပြောပြချင်တယ်...

Common key cryptography က encryption နဲ့ decryption လုပ်ငန်းစဉ်မှာ Same Key
ကိုပဲ အသုံးပြုတာကိုခေါ်တာပါ။

အဲ့ဒီ Key ကို Sender နဲ့ Recipient က share လုပ်ပြီး သုံးပါတယ်။

ဒီတော့ Sender နဲ့ Recipient မဟုတ်တဲ့ တခြား third party က ဒီ Key တွေ
မရသွားအောင်အတွက်တော့ ဂရုစိုက်ရပါတယ်။

Common key cryptography ကို Secret key cryptography သို့မဟုတ် Shared key
cryptography လို့လဲခေါ်ပါသေးတယ်။

Common key cryptography ဟာ Data Encryption Standard ကို
အများဆုံးအသုံးပြုပါတယ်။

သူ့ရဲ့ Framework က ဒီလိုဗျာ...

ပထမဆုံး... Sender က common key ကို generate လုပ်ပါတယ်။

ပြီးတာနဲ့ recipient ဘက်ကို confidentially transmit လုပ်ပါတယ်။

နောက်တော့မှ Sender က Common Key နဲ့ encrypted လုပ်ထားတဲ့ Ciphertext ကို send
လုပ်ပါတယ်။

နောက်ဆုံးမှာ Recipient က Ciphertext ကို Common key ကို သုံးပြီး decrypt
ပြန်လုပ်ပါတယ်။

သူ့ရဲ့ Characteristics တွေက တော့...

Encryption နှင့် Decryption speed မြန်ဆန်ခြင်း။

Common key အား transmit လုပ်ချိန်တွင် third party မှ ရယူသွားနိုင်ခြင်း။

Communicate လုပ်မည့် partner တခုစီအတွက် Separate common keys များ
ပြင်ဆင်ရခြင်း တို့ပဲဖြစ်ပါတယ်။

အပေါ်က ပုံလေးကို ကြည့်လိုက်ရင် ပိုနားလည်မှာပါ။


ပျော်ရွှင်ပါစေဗျာ။

(Be Knowledgeable,pass it on then)

Proxy site for banned website

ကျော်ဖို့ခွဖို့ Site လေး (၂) ခုတွေ့တာနဲ့ ပြန်မျှပေးလိုက်တယ်ဗျာ...

ဒီမှာပါ

http://anonymouse.org/anonwww.html

http://alienproxy.com

အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

ပျော်ရွှင်ပါစေ။

(Be Knowledgeable,pass it on then)

ကိုယ့်ရဲ့ Blog ကို Google,Yahoo နဲ့ Bing Search Engines တွေမှာ ထည့်မယ်

ကိုယ့် Blog လေးကို သူများတွေ Search Engine ကနေရှာရင် တွေ့ဖို့ဆိုတာ
ကိုယ်က Search Engine တွေရဲ့ database မှာ သွားထည့်ပေးထားမှ ဖြစ်မှာပေါ့။
ဘယ်လိုထည့်ရလဲဆိုတာ ပြောပြချင်တယ်ဗျ။
အောက်က Link လေးတွေမှာ သွားလုပ်ကြည့်လိုက်ပါဗျာ...
အဆင်ပြေသွားမှာပါ

Google အတွက်
http://www.google.com/addurl.html

Yahoo အတွက်
http://siteexplorer.search.yahoo.com/submit

Bing အတွက်
http://www.bing.com/webmaster/SubmitSitePage.aspx

တခုတော့ပြောချင်တယ်ဗျ...ကိုယ့်ရဲ့ Blog Site Map ကိုတော့ Google ကို Submit လုပ်ဖို့ လိုတယ်ဗျ။

ဒီနေရာက က Post ကို ပြန်ရေးထားတာပါ။

ပျော်ရွှင်ပါစေဗျာ

Unbuntu ကို အစိမ်းလိုက်ဝါးစားခြင်း

မှတ်မှတ်ရရ ၂၀၀၆ ခုနှစ်လောက်က ဖြစ်မယ်ထင်တယ်...

Open source Open source နဲ့ အသံတွေထွက်လာပြီးနောက်ပိုင်း ကျွန်တော်လည်း... Red Hat Linux ကို စမ်းသုံးကြည့်ဖြစ်ပါတယ်...မဆိုးပါဘူး... တော်တော်လေး Stable ဖြစ်တယ်ဗျ...

ဒါပေမယ့်... အသုံးပြုရန် Software ရှားပါးခြင်း၊ Used to မဖြစ်ခြင်း၊ လက်ရှိ Window platform များနှင့်

လုပ်ငန်းလုပ်ရာတွင်အဆင်ပြေနေသေးခြင်း... စသော အကြောင်းအမျိုးမျိုးကြောင့် စမ်းသပ်သုံးစွဲခြင်းကို ရပ်တန့်ပစ်ခဲ့ပါတယ်။

အခုတော့... Windows OS တွေ သုံးလာရတာ ငြီးငွေး ရိုးအီလာတာရယ်...

ခုတလော... Windows သုံးရင်းနဲ့ စက်က မကြာခဏဆိုသလို Hang နေတတ်တာနဲ့ အရင်က Stable ဖြစ်တယ်လို့ ကိုယ်တိုင်သတ်မှတ်ထားတဲ့ Linux OS ကိုပြောင်းသုံးဖို့ စတင် ပြင်ဆင်တယ်ပေါ့ဗျာ...

ဒါနဲ့ပဲ... ရှာဖွေရေး ဆင်းကြည့်ပါတယ်...

သူငယ်ချင်းတယောက်က သူ Unbuntu သုံးတာ တော်တော် ကောင်းကြောင်း ညွှန်းလာပါတယ်။

ကိုယ်လဲ သုံးကြည့်တာပေါ့ဆိုပြီး စမ်းပါတော့တယ်...

အဲဒီမှာ စတွေ့တာပဲဗျ...

ူသူပြောသလို တကယ်လဲ သုံးရတာ အဆင်ပြေမယ့်ပုံပဲဗျ... OS install လုပ်ရတာလဲ လွယ်ကူပါတယ်...

Graphic ပိုင်းတွေလဲ Window ထက်ကို သာလွန်ပါတယ်... နောက်ပြီး...interface တွေလည်း ကြိုက်ပါတယ်...

ပြဿနာ က ဒီလိုဗျ... OS installation ပြီးတဲ့အချိန်မှာပဲ... Hardware device တွေအတွက် လိုတဲ့ update တွေ download လုပ်ဖို့... internet connection တောင်းတာပဲ... ဒီမှာ ကိုယ့် စက်ရဲ့ Network adapter ကို သူက မသိ...

ကဲ...ဘယ်လို လုပ်မလဲ... ဘာမှ ဆက်လုပ်လို့မရတော့ဘူးဗျာ...

ဒါနဲ့... နောက်စက်တလုံးနဲ့ စမ်းတင်ကြည့်တယ်...

အဲ...ကံကောင်းတယ်ဗျ...Network adapter ကို သိတယ်... ဒီတော့ Internet connection ရပြီပေါ့ဗျာ...

Browser ကိုဖွင့်လိုက်တယ်... blog ကို သွားတယ်... ဒီမှာ လာပါပြီ နောက်ထပ်ပြဿနာ... plug-in update လုပ်ခိုင်းပါတယ်...

လုပ်ကြည့်တယ်...မရဘူးဗျာ.... ဘာလိုတယ်...ဘာတော့မရှိဘူး... ဘာတော့ဖွင့်ပါ...ပြောတယ်ဗျ... ကိုယ်ပဲ ည့ံလို့လားမသိဘူးဗျာ...တခုမှ မသိဘူး...

ဒါနဲ့ပဲ... Browser လေး အသာပိတ်ပြီး... Media player ဖွင့်ကြည့်တယ်... MP3 file လေး Play ကြည့်တယ်... မရပြန်ပါဘူး...

ဒီမှာတင်ပဲ... နားလည်လိုက်ပါတယ်... ငါ ရှေ့ဆက်လို့ မဖြစ်ချေဘူးပေါ့...

ဒါနဲ့ ...ဖွင့်ထားတဲ့  Media player ကို ပိတ်တယ်...လားလားဗျာ...မောင်မင်းကြီးသားက လုံးဝ မလှုပ်တော့ဘူး...

ဘာမှ ကို Respond မလုပ်တော့ဘူး...ဘယ်ခလုပ်နှိပ်နှိပ်...Mouse နဲ့ ဘယ်နေရာ Click Click တုတ်တုတ်မှ မလှုပ်တော့ပါဘူး...

Windows သာဆိုရင်တော့ ... လှုပ်လာအောင် စွမ်းနိုင်ကောင်း စွမ်းနိုင်မယ်ထင်တယ်...အခုတော့...

ဒါနဲ့... Power ခလုပ်ကို နှိပ်ကြည့်တယ်... Shutdown,Reboot,Sleep,Hibernate လေးခုပေါ်လာတယ်...တခုမကျန်လိုက် ရွေးကြည့်တယ်...ဘာမှ မဖြစ်ဘူး...

ဒါနဲ့ပဲ...နောက်ဆုံးမှာတော့... Stable ဖြစ်တယ်လို့ ခံယူထားတဲ့... သူငယ်ချင်းလုပ်သူ အရမ်းညွှန်းတဲ့... Unbuntu လေးကို ဝမ်းနည်းစွာနဲ့ Hard disk ပေါ်ကနေ မောင်းထုတ်လိုက်ရပါတော့တယ်ဗျာ...


မိုးလဲ လင်းခါနီးပြီလေ...


မကျေနပ်သေးဘူး... Red Hat ကို ပြန်သုံးကြည့်အုံးမယ်ဗျာ...

လောလောဆယ်တော့ Windows လေးရဲ့ မျက်နှာကို မကြည့်ချင်ကြည့်ချင် ပြန်ကြည့်ရအုံးမှာပေါ့။

နည်းနည်းတော့ ပေါက် လာပြီဗျာ...

ခုတလော... မြန်မာပြည်ရဲ့ အင်တာနက် ကွန်နက်ရှင်တွေ ဘာတွေ ဘယ်လိုဖြစ်တယ်မသိဘူးဗျာ...
တက်လိုက်... ကျလိုက်နဲ့...
ရတနာပုံ တယ်လီပို့ဆိုလားပဲ... ဘာတွေလုပ်နေတယ်တော့မသိဘူး...
သိချင်စိတ်ပြင်းပြနေတာနဲ့သွားကြည့်မိပါတယ်...
လားလား...ငချွတ်လေးတွေ... က Control လုပ်ဖို့ စိုင်းပြင်းနေတာပါလား... (အခုတော့ နိုင်ငံခြားသားတွေ မလွှဲပေးလို့တဲ့)
အရင် ... ကိုယ်နဲ့သိတ့ဲ အကိုတွေ တယောက်မှ တယ်လီပို့မှာ မရှိတော့ဘူး...
ဘယ်နှယ့်ဗျာ...ဘာတွေလုပ်နေတယ်မသိဘူး...
အင်တာနက်ရဲ့ တကယ်အသုံးတည့်ပါတယ်ဆိုတဲ့ Mediafire, 4shared ... အစရှိတဲ့ Download Site တွေ ကိုပိတ်ထားတယ်...
ဘာစိတ်ကူးတွေနဲ့ပါလိမ့်... သူတို့ကျတော့ အမှန်အကန်သုံးနေလိုက်ကြတာ...
ကိုယ်တွေမှာတော့... blog ကိုလည်း တိုက်ရိုက်ဝင်မရ... post တင်မယ်ကြံတိုင်း ကျော်ခွရလွန်းလို့...
email ကနေ post တင်နိုင်အောင်လုပ်ရတယ်... ဒါကလည်း သိပ် မနိပ်ပါဘူးဗျာ...
သိတယ်မဟုတ်လား email နဲ့က Screen Shot လို ပုံလေးတွေကို တင်ချင်ရင် သူ့နေရာနဲ့ သူ့စာ ဖြစ်ချင်လို့မရဘူးလေ...
ဒါပေမယ့် မတတ်နိုင်တော့လဲ ဒါလေးနဲ့ပဲ ကျေနပ်နေရတယ်...
Youtube လည်း ပိတ်လိုပိတ်...
အင်တာနက်ကနေ ဖုန်းခေါ်လို့ရတဲ့ Skype ကိုလည်း ပိတ်...
Paypal site လည်းဝင်ရင် တော်တော်နဲ့ပေါ်မလာ...
ဒါတွေ ပိတ်ထားတာ ထားအုံးဗျာ... မျက်စိစုံမှိတ်ပြီး နားလည်ပေးအုံးမယ
အင်တာနက် ကွန်နက်ရှင်လေးတော့ မြန်မှပေါ့ဗျ..
ခုတော့ဗျာ... အလုပ်အတွက် အရေးကြီး အီ်းမေးလ်လေး ရောက်နေပါတယ်...
ဖွင့်ဖတ်လို့မရ... attachment file ကို Download ချဖို့ အိပ်မက်တောင်မမက်ရဲဘူး..
ကဲ...ဘာဆက်လုပ်ရမလဲ...
ဘာတွေကို ဘယ်လိုလုပ်နေတယ်မသိဘူး...

တော်တော် တော့ ပေါက် လာပြီ

Encryption နှင့် Decryption အကြောင်းတစေ့တစောင်း

Encryption ဆိုတာက Data တွေကို Secret Code တွေ အဖြစ်
ပြောင်းလဲပေးလိုက်တာကို ခေါ်တာပါ။
Encryption ကို သုံးရင် ဘာဖြစ်လဲ... Data တွေ ပိုမိုလုံခြုံမှုရရှိစေတာပေါ့ဗျာ။
ဘာလို့လဲဆိုတော့ Encrypted လုပ်ထားတဲ့ Data တွေကို ဖတ်ချင်တယ်ဆိုရင်...
Decrypt ပြန်လုပ်နိုင်ဖို့ Key တွေရှိမှရမှာလေ။
Encrypt လုပ်ထားတဲ့ Data နဲ့ မလုပ်ထားတဲ့ Data ကိုဘယ်လိုတွေ ခေါ်လဲဆိုတော့
ဒီလိုခေါ်တယ်ဗျ
Encrypt မလုပ်ထားရင် Plain Text... လုပ်ထားရင် Cipher Text တဲ့...
Encryption လုပ်တဲ့ပုံစံကို ဥပမာပြပြီးပြောမယ်ဗျာ...

ကွန်ပျူတာ နှစ်လုံးရှိတယ်ဗျာ...သူတို့ နှစ်လုံးကို Network ချိတ်ထားတယ်ပေါ့
တလုံးက Sender နောက်တလုံးက Receiver ဆိုပါတော့
သူတို့ကြားမှာ Network တခု ခံနေတယ်ဗျာ... (ဥပမာနော်)
ဒါဆို Data ပို့ရင် ကြားထဲကနေ...ခိုးကြည့်တာမျိုးတွေ ရှိလာနိုင်တာပေါ့...
ဒီတော့ ဒါမျိုး မဖြစ်အောင် Data တွေကို Encryption လုပ်ပြီး
ပို့မယ်ဗျာ... ကဲဒါပဲ...
နားလည်လားတော့ မသိဘူး...

ဟုတ်ပြီ Encryption လုပ်ပြီးတော့ Data တွေကို ပို့လိုက်ပါပြီ ... လက်ခံတဲ့ဘက်မှာ...
Encryption လုပ်ထားတာကို ဒီအတိုင်းတော့ ဘယ်ကြည့်လို့ရမလဲ... ပြန်ဖြည်ရသေးတာပေါ့
အဲ့လို ပြန်ဖြည်တဲ့လုပ်ငန်းစဉ်ကိုတော့ Decryption လို့ခေါ်တယ်ဗျ
Encryption နဲ့ Decryption လုပ်ဖို့ Common Key (Secret Key/Shard Key)
ဒါမှမဟုတ်ရင် Public Key တွေတော့လိုတယ်ဗျ
ဒါက သုံးတဲ့အပေါ်လိုက်ပြီး ကွာခြားပါတယ်
Encryption Key နှင့် Decryption Key တွေ က Sender နဲ့ Receiver မှာ
ကိုက်ညီမှုရှိနိုင်သလို...ကွဲပြားမှုလည်း ရှိနိုင်ပါတယ်..
ဒါပေမယ့်... သူတို့တွေက တခုနဲ့တခု အချိန်အဆက်လုပ်ထားပြီးသားပါ....
ကဲဒီလောက်ဆို Encryption နဲ့ Decryption အကြောင်း တီးခေါက်မိလောက်ပြီထင်ပါတယ်။
အပေါ်မှာ Encryption & Decryption Algorithm ကိုပုံလေးနဲ့ပြထားပါတယ်။
ကြည့်လိုက်ရင်ပိုရှင်းသွားမှာပါ...
ပုံလေးက အပြည့်အစုံတော့မဟုတ်ဘူးဗျ
ေဩာ်...တခုမေ့သွားတယ်... Encryption မှာ symmetric encryption နဲ့ asymmetric encryption ဆိုပြီး အဓိကအားဖြင့် (၂) မျိုးရှိတယ်တဲ့။

ပျော်ရွှင်ပါစေဗျာ

မှတ်ချက်။ ။ အခြေခံအဆင့်များအတွက်သာရည်ရွယ်ပါသည်။ ထို့အပြင်
အပြည့်အစုံရှင်းပြထားခြင်းလဲ မဟုတ်ပါ။

(Be Knowledgeable, pass it on then)

Removable device တွေကို access deny လုပ်ကြည့်မယ်

ရုံးတွေမှာ Data တွေ လုံခြုံမှုရှိစေဖို့ USB Storage Device, CDROM Drive နဲ့ FLOPPY Drive တွေကို System Administrator ကပိတ်ထားရတာမျိုးတွေရှိပါတယ်။
ဒီလိုပိတ်တဲ့အခါမှာ တချို့က Group Policy ကိုသုံးပြီးပိတ်တယ်၊ တချို့က Third-Party Software တွေကို သုံးပြီးပိတ်တယ်၊ တချို့က Registry မှာ သွားပိတ်တယ်။
အားသန်ရာ သန်ရာပေါ့ဗျာ။ ကျွန်တော်က တော့ အောက်က နည်းလေးကို ပိုကြိုက်တယ်ဗျ။

ဒီလိုဗျ...
Start>Run>regedit.exe ကနေ

    * HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR (For USB Storage Device)
    * HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\CDROM    (For CDROM Drive)
    * HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\FLOPPY    (For FLOPPY Drive)

တွေကို ရောက်တဲ့အထိသွားဗျာ...

ပြီးရင် Folder တခုချင်းစီပေါ်မှာ Right Click>Permission လုပ်ဗျာ။
ဒါဆိုရင် Permission for USBSTOR ဆိုတဲ့ Window တခုပေါ်လာမယ်ဗျ...
(Device တခုစီအတွက် Folder တခုစီမှာ လုပ်ရမှာပါ)
Security Tab မှာ Group or user names အောက်က

- SYSTEM
-Administrators
- Users
- Domain Users (Domain တပ်ထားမှ ပေါ်ပါတယ်)

တွေကို Full Control မပေးတော့ပဲ Deny ပေးလိုက်ပေါ့ဗျာ...
ပြီးရင်တော့ Apply > OK ပေါ့
ကဲ... ဒါဆိုရင် Removable device တွေ ကွန်ပျူတာမှ လာတပ်လို့မရတော့ဘူးပေါ့ဗျာ...
ဒါပေမယ့် တခုတော့ရှိတယ်နော်... Client Computer တွေအကုန်လုံးကို တော့ လိုက်လုပ်ပေးဖို့လိုပါတယ်။
ခြေတော့ညောင်းမယ်ဗျ... :P

ဒါလေးကိုပဲ notepad နဲ့ CMD Script ရေးပြီး Start up မှာ Run အောင် ရေးထားချင်ရင်လည်းရပါသေးတယ်။

ပျော်ရွှင်ပါစေဗျာ...
(Be Knowledgeable, pass it on then)

RADIUS Server ဆိုတာ...

လွန်ခဲ့တဲ့ (၁) နှစ်ကျော်က Phone Billing System အတွက် လေ့လာရတော့ RADIUS Server ဆိုတာ ပါလာတယ်...
သိပ်နားမလည်ခဲ့ဘူးဗျ...ခုလည်းနားလည်လားဆိုတော့ မရှင်းမရှင်းပါပဲ..
ဒါပေမယ့်...တချို့ မသိသေးတဲ့သူတွေအတွက် ကိုယ်သိထားတဲ့နည်းနည်းဆိုတာကိုပဲ ပြောချင်တာနဲ့ ပြောပြလိုက်တယ်ဗျာ...
ဒီလိုဗျ...

RADIUS Server ဆိုတာကတော့ Remote Authentication Dial In User Service လို့ အဓိပ္ပါယ်ရပါတယ်။
သူက Centralized Authentication တွေ၊ Authorization တွေနဲ့ Accounting
(AAA) Management တွေကို Support လုပ်ပေးနိုင်ပါတယ်။
အဓိကကတော့ဗျာ... Centralized Management အတွက် အသုံးပြုတယ်ပေါ့။
သူ့ကို Internet Service Provider တွေ၊ Enterprise Level ရှိတဲ့ Network တွေ၊ Wireless Network တွေ နဲ့ Integrated email service တွေရဲ့ လုပ်ဆောင်ချက်တွေကို Control လုပ်ဖို့သုံးပါတယ်။
အပေါ်က ပြောခဲ့တဲ့ Network တွေက Modems, DSL, Access Points, VPN, Network Ports နဲ့ Web Server တွေကို ပေါင်းစပ်ဖွဲ့စည်းထားတာဗျ။
ပြောချင်တာကတော့ဗျာ RADIUS Server ကို VPN, Dial-Up (Modem), Wireless (Access Point) အစရှိတဲ့ Network တွေနဲ့ တွဲဖက်အသုံးပြုတယ်ပေါ့။
အဲဒီ Network တွေဟာ RADIUS Server ကနေတဆင့် Active Directory (AD) ထဲမှာရှိတဲ့ User Database တွေကိုယူပြီး အသုံးပြုရပါတယ်။
ဒါကြောင့် RADIUS Server ကိုသုံးမယ်ဆိုရင်တော့ အရင်ဆုံး Active Directory Infrastructure Network ရှိရမယ်ပေါ့ဗျာ။
ဘာလို့လဲဆိုတော့ RADIUS Server က Active Directory ရဲ့ Database နဲ့ တွဲဖက်အလုပ်လုပ်လို့ပါ။
ဒီတော့ VPN Client, Dial-Up Client တွေနဲ့ Wireless Client တွေ RADIUS Server ရဲ့ လက်အောက်မှာပဲ ဝင်ရောက်ချိတ်ဆက်ရမယ်ပေါ့ဗျာ။

RADIUS က Client/Server Protocol တခုဖြစ်ပါတယ်။ Application Layer မှာ အလုပ်လုပ်ပါတယ်။
အပေါ်မှာပြောခဲ့သလို.. Dial-Up အတွက် Remote Access Server, VPN Server, Network Switch (with port-based authentication) တွေအပါအဝင် Network Access Server တွေအားလုံးရဲ့
Network Gateway ဟာ RADIUS Server နဲ့ Connected လုပ်ထားတာပါ။
RADIUS Server ကနေ ဘယ်အချိန်တွေ connect ပေးလုပ်မယ် မလုပ်ဘူး...ဘယ် Communication ကိုတော့ ခွင့်ပြုမယ် ဘယ် Communication ကိုတော့ ခွင့်မပြုဘူး... စသဖြင့် သတ်မှတ်လို့ရတဲ့
Authentication တွေ အမျိုးမျိုးရှိပါတယ်။

RADIUS Protocol ကို အသုံးပြုတဲ့ OS Platform တွေကတော့

1. FreeRADIUS
2. GNU RADIUS
3. Cistron RADIUS
4. Radiator RADIUS
5. Microsoft IAS
6. Advanced RADIUS တို့ဖြစ်ပါတယ်။

RADIUS Protocol ကို အသုံးပြုတဲ့ Client တွေဘက်မှာကတော့ Network Access Server (NAS) လို့ခေါ်တဲ့ Connection အမျိုးမျိုးရှိတယ်ဗျ။
NAS ဆိုတာက User တွေရဲ့ Connection တွေကို တိုက်ရိုက်လက်ခံတဲ့ အစိတ်အပိုင်းတစ်ခုပါ။
ဘယ်လိုလဲဆိုတော့... Wireless Access Point ဟာ Wireless User တွေရဲ့ Connection ကို တိုက်ရိုက်လက်ခံပေးရတာမျိုးပေါ့။
Dial-Up Network တွေမှာဆိုရင်လည်း Modem တွေက Dial-Up Service ကို ထောက်ပံ့ရင်းနဲ့ Dial-Up User တွေရဲ့ Connection တွေကို လက်ခံပေးရတာမျိုးပေါ့။
ဒီတော့ NAS ဆိုတာ Wireless Access Point တို့၊ Modem တို့လို ဟာ ကိုပြောတာပါ။

RADIUS မှာ Officially အရ UDP Port တွေကို သတ်မှတ်ထားတာရှိတယ်ဗျ။
RADIUS Authentication အတွက် Port နံပါတ် 1812 နဲ့
RADIUS Accounting အတွက် Port နံပါတ် 1813 တို့ဖြစ်ပါတယ်။
RADIUS Protocol က NAS နဲ့ RADIUS Server ကြားမှာ Password တွေကို ပို့တဲ့အခါ Cleartext နဲ့ မပို့ပေးပါဘူး။
Pre-Shared Key တွေကို သုံးပြီး Encrypt လုပ်ပြီးမှ ပို့ပေးပါတယ်။
Security ကောင်းတယ်ပေါ့ဗျာ။
ဘာလို့ Pre-Shared Key ကို သုံးတာလဲ မေးရင် RADIUS Server နဲ့ RADIUS Client ကြားမှာ လုံခြုံမှုရှိစေရန်လို့ ပြောရမှာပဲ။
ကဲ... ဒီလောက်ဆို RADIUS Server အကြောင်း တီးမိခေါက်မိလောက်ပြီထင်ပါတယ်။

Encryption အကြောင်း အချိန်ရရင် ရေးပေးပါအုံးမယ်။
(Be Knowledgeable, pass it on then)