Web Hosting အကြောင်းသိကောင်းစရာ (၅)

ဒီအပိုင်းမှာတော့ Web Hosting တွေမှာ အသုံးများတဲ့ hosting technology တွေ အကြောင်းပြောပါမယ်။

Windows Hosting
ဒါကတော့ Windows Operating System ပေါ်မှာ run တဲ့ Web Service ကိုပြောတာပါ။
ကိုယ်က Server Scripting Language တမျိုးဖြစ်တဲ့ ASP (Active Server Pages) လိုမျိုးကိုရွေးမယ်ဆိုရင်ဖြစ်ဖြစ်...
Microsoft Access or Microsoft SQL Server လိုမျိုး database တွေ သုံးဖို့ အစီအစဉ်ရှိတယ်ဆို Windows Hosting ကိုရွေးချယ်သင့်တယ်ပေါ့ဗျာ။
Micorsoft Front Page ကိုသုံးပြီး Web Site ကို Develop လုပ်မယ်ဆိုရင်တော့ windows hosting က the best choice ပါ။

Unix Hosting
ဒါကတော့ Unix Operating System ပေါ်မှာ run တဲ့ web service ကို ပြောတာပါ။
သူ့ကို the first web server operating system အဖြစ် မှတ်ဖူးပါတယ်။
Unix OS ကတော့ reliable and stable ဖြစ်ပါတယ်။
နောက်တခုက သူ က windows OS တွေထက် စျေးသက်သာပါတယ်။

Linux Hosting
သူကတော့ Linux Operating System ပေါ်မှာ run တဲ့ Web Service ကိုခေါ်တာပါ။

CGI - Commong Gateway Interface
CGI scripts တွေက executable ဖြစ်ပါတယ်။
သူ က dynamic and interactive web page တွေ produce လုပ်ဖို့ရန်အတွက် server ပေါ်မှာ execute လုပ်ပါတယ်။
ISP တော်တော်များများက preistalled, ready to run, guest-books, page-counters တွေနဲ့ Chat-forums လိုမျိုး CGI capability တွေ ကို ပေးထားတတ်ပါတယ်။
CGI ကို Unix or Linux Server တွေမှာ အသုံးများပါတယ်။

ASP - Active Server Pages
သူ့ကိုတော့ Microsoft က develop လုပ်ထားတာပါ။ Server-side scripting technology ဖြစ်ပါတယ်။
HTML page တွေထဲမှာ ASP script code တွေ ထည့်သွင်းပြီး dynamic web page တွေကို ဖန်တီးနိုင်ပါတယ်။
သူ အလုပ်လုပ်တာက browser က request လုပ်တာကို server မှာ execute လုပ်ပါတယ်။ ပြီးမှ output ကို browser ဆီကို return ပြန်ပို့ပေးပါတယ်။
VBScript , JavaScript များကိုလည်း အသုံးပြုနိုင်ပါတယ်။
ASP ဟာဆိုရင် Windows 95,98,2000 န့ဲ XP တို့မှာ standard component အနေနဲ့ ပါဝင်ပါတယ်။
သူ့ကို Windows run နေတဲ့ computer တိုင်းမှာ activate လုပ်နိုင်ပါတယ်။

PHP - Hypertext Preprocessor

သူကတော့ ASP ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်တဲ့ server-side scripting တမျိုးပါပဲ။
Widely-used ဖြစ်ပါတယ်။ Free ဖြစ်ပါတယ်။
သူလည်း HTML code တွေထဲကို တိုက်ရိုက်ပဲ embedded လုပ်နိုင်ပါတယ်။
Web Development အတွက် perfectly suite ဖြစ်တယ်လို့တောင် ပြောကြပါတယ်။
သူ့ရဲ့ syntax က Perl နှင့် C တို့ နဲ့ တော်တော်ဆင်တူပါတယ်။
PHP ကို Operating System တော်တော်များများပေါ်မှာ Apache (Web Server) နဲ့ တွဲသုံးလေ့ရှိပါတယ်။
သူက ISAPI (Internet Server Application Program Interface) ကိုလဲ support လုပ်ပါတယ်။
 ပြီးတော့ Microsoft ရဲ့ IIS (Internet Information Server) မှာလည်း သုံးနိုင်ပါတယ်။
နောက်ပြီး သူက database တော်တော်များများကိုလည်း support လုပ်ပါတယ်။
MySQL, Informix, Oracle, Sybase, Solid, PostgreSQL နဲ့ Generic ODBC တို့လို database တွေပေါ့ဗျာ။

JSP - JavaServer Page
သူ့ကိုတော့ Sun က Develop လုပ်ပါတယ်။ Server-side scripting ပါပဲ။
သူလည်း HTML Page တွေထဲကို Java Code တွေ ထည့်သွင်းပြီး  dynamic web page တွေ ဖန်းတီးတာပါပဲ။
သူ အလုပ်လုပ်တာလဲ code ကို web server ပေါ်မှာ execute လုပ်တယ် ပြီးတော့မှ browser ကို return ပြန်ပေးတယ်။ ဒါပါပဲ။

Cold Fusion
သူ့ကိုတော့ Adobe ကနေ Develop လုပ်ပါတယ်။
သူလည်း Server-side scripting language တမျိုးပါပဲ။ Dynamic web page တွေ ဖန်တီးဖို့ သုံးပါတယ်။

Chili!Soft ASP
 Microsoft ရဲ့ ASP technology ဟာ Windows platforms တမျိုးပေါ်မှာပဲ run ပါတယ်။
ဒါပေမယ့် Chili!Soft ASP ကတော့ UNIX နဲ့ တခြား platforms တွေပေါ်မှာ run နိုင်အောင် လုပ်ပေးထားတဲ့ software product တခုပါ။

Microsoft FrontPage
သူကတော့ Microsoft က develop လုပ်ထားတ့ဲ website design tool တခုပါ။
Web Development နဲ့ ပတ်သက်တဲ့ knowledge အရမ်းအများကြီး မရှိပဲနဲ့တောင် web site တခု develop လုပ်နိုင်အောင် လုပ်ပေးထားပါတယ်။

Windows hosting solution တော်တော်များများဟာ FontPage ကိုသုုံးပြီး Web site ကို develop လုပ်မယ့် user တွေအတွက် FrontPage server extension ကို support ပေးထားပါတယ်။
ဒီတော့ အပြန်အလှန်အားဖြင့် FrontPage ကိုသုံးမယ်ဆိုရင် Windows hosting solution ကိုပဲရွေးရမယ်ပေါ့ဗျာ။

Adobe Dreamweaver

သူ့ကိုတော့ Adobe Systems က website design လုပ်ဖို့ develop လုပ်ထားတဲ့ tool ပါ။
သူလည်းပဲ Microsoft FrontPage လိုပါပဲ Web Development knowledge သိပ်မသိပဲ website develop လုပ်နိုင်အောင် လုပ်ပေးထားတာပါ။
Dreamweaver က CSS,JavaScript,ASP.NET,ColdFusion,JSP နဲ့ PHP အစရှိတဲ့ web technology တွေကို support ပေးပါတယ်။
Dreamweaver ဟာ Mac , Windows Operating System နှစ်ခုစလုံးအတွက် available ဖြစ်ပါတယ်။

Secure Server
ှSecure server ကတော့ data တွေကို encryption လုပ်ပြီး transmit လုပ်နိုင်ပါတယ်။
ကိုယ့်မှာ online ပေါ်ကနေ credit card transaction တွေ လုပ်ဖို့ အစီအစဉ်တွေ ရှိမယ်။
ဒါမှ မဟုတ် unathorized access ကို Protect လုပ်ဖို့ လိုအပ်တဲ့ web communication မျိုးကို လိုအပ်တယ်ဆိုရင် ကိုယ့်ရဲ့ ISP က secure server ကို provide ပေးမှကို ဖြစ်ပါမယ်။

ဒါကတော့ Web Hosting Technology အကြောင်းပါ။
ကျွန်တော်လည်း ဒီလောက်ပဲ သိပါတယ်။ သိတဲ့သူများရှိရင် ထပ်ပြီးဖြည့်စွက်ပေးဖို့ တောင်းဆိုပါတယ်။

မှတ်ချက်။    ။ Web Developing လောကထဲကို စဝင်မယ့် beginner တွေ အတွက်ရည်ရွယ်ပြီး ရေးထားခြင်းဖြစ်ပါတယ်။

အပိုင်း (၆) မှာ hosting database တွေ အကြောင်းရေးပါမယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

No comments :

Post a Comment