Web Hosting အကြောင်းသိကောင်းစရာ (၆)

ဒီအပိုင်းမှာတော့ Hosting Database Technology အကြောင်းပြောပြချင်ပါတယ်။

 

MS SQL Server or Oracle ဟာဆိုရင် high traffic database-driven web site တွေအတွက် သင့်တော်ပါတယ်။

MySQL ကတော့ low-cost database-access အတွက်သင့်တော်ပါတယ်။

MS Access ကတော့ low traffic web site တွေအတွက် သင့်တော်ပါတယ်။

 

Web Databases

ကိုယ့်ရဲ့ Web Site ဟာ Web ပေါ်မှာပဲ information အမြောက်အမြားကို ကိုင်တွယ်ရဖို့လိုမယ်...update လုပ်ဖို့လိုမယ်ဆိုရင်... ဒီ information တွေကို store လုပ်ဖို့ database ကိုသုံးဖို့လိုအပ်လာပြီပေါ့ဗျာ။

Web hosting အတွက် available ဖြစ်တဲ့ database system တွေ အများကြီးရှိပါတယ်။

အသုံးအများဆုံး database system တွေကတော့ MySQL, SQL Server, Oracle နဲ့ MS Access တို့ပဲဖြစ်ပါတယ်။

 

Using the SQL Language

SQL ဆိုတာ database တွေကို access လုပ်ဖို့အတွက် langauge တမျိုးဗျ။

တကယ်လို့ ကိုယ်က ကိုယ့် web site ကို data တွေ databse ထဲမှာ store and retrieve လုပ်ချင်တယ်ဆိုပါစို့...

ဒါဆိုရင် ကိုယ့်ရဲ့ web server ဟာ SQL Language ကိုသုံးပြီး database-system ကနေ data ကို access လုပ်ရပါမယ်။

 

SQL Server

Microsoft ရဲ့ SQL Server ကတော့ popular ဖြစ်တ့ဲ database software တခုပါပဲ။

သူကတော့ high traffic database-driven web site တွေအတွက် popular ဖြစ်ပါတယ်။

နောက်တခုက သူက powerful ဖြစ်ပါတယ်။  ရှုပ်ထွေးပြီး featured အပြည့်အစုံပါဝင်တဲ့ SQL database system တခုလည်း ဖြစ်ပါတယ်။

 

Oracle

သူလဲ... high traffic database-driven web site တွေအတွက် popular ဖြစ်တဲ့ database software တခုဖြစ်ပါတယ်။

 

MySQL

သူလည်း popular ဖြစ်ပါတယ်။

Powerful , robust and full featured SQL database system တခုလဲ ဖြစ်ပါတယ်။

သူကတော့ Microsoft တို့ Oracle တို့လို expensive solution တွေလိုမျိုးမဟုတ်ပဲ inexpensive ဖြစ်တာ တခု အားသာပါတယ်။

 

Access

တကယ်လို့ Web site တခုအနေနဲ့ ရိုးရှင်းတဲ့ database တခုပဲ လိုတယ်ဆိုရင်တော့ Microsoft Access ဟာ solution တခုဖြစ်နိုင်ပါတယ်။

ဒါပေမယ့် Access ဟာ high-traffic အတွက်တော့ မသင့်တော်ပါဘူး။

MySQL, SQL Server နှင့် Oracle တို့လိုလည်း powerful မဖြစ်ပါဘူး။

 

ကဲ... ဒီလောက်ပါပဲဗျာ။

 

အပိုင်း (၇) မှာတော့ Hosting Type တွေ အကြောင်းရေးပါမယ်။

 

မှတ်ချက်။    ။ Web Developing လောကထဲကို ခုမှ စဝင်မယ့် beginner တွေအတွက် ရေးထားခြင်းဖြစ်ပါသည်။ ရေးထားတာ လိုအပ်ခဲ့လျှင် ဖြည့်စွက်ရေးသားခဲ့ကြပါရန် တိုက်တွန်းပါသည်။

 

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable,pass it on then)

No comments :

Post a Comment