Removable Drive များရဲ့ autorun နှင့် .exe မ run အောင် ပိတ်နည်း

ညီလေး တယောက် မေးထားတာကြာပါပြီ။
ခုတလော အလုပ်များနေတာနဲ့ ရေးမယ် ရေးမယ်နဲ့ Keyboard ပေါ်လက်မရောက်တာပါ။

ကဲ... ဒီလိုပါဗျာ... Computer မှာ Memory Stick လိုမျိုး Removable Drive တွေ တပ်ပြီဆိုရင်...
Autorun/Autoplay run ပါတယ် ဒါ Virus ဝင်ဖို့ အခွင့်အရေးကောင်းပေါ့ဗျာ...
သူ့ကို ပိတ်မယ်ဗျာ... ပိတ်ပုံက ဒီလိုဗျ

Start>Run>gpedit.msc  ဆိုပြီး ရိုက်လိုက်

Local Computer Policy မှာ Computer Configuration ဆိုတာတွေ့မယ်
Computer Configuration>Administrative Templates>System ကိုသွား
ညာဖက်မှာ Turn off Autoplay ဆိုတာကို လိုက်ရှာ

Select လုပ် Right Click>Properties ကိုရွေး
Enabled ကို ရွေး CD-ROM drives အစား All drives ကိုရွေး Apply>OK လုပ်


နောက်တခုက အောက်မှာ User Configuration ဆိုတာရှိတယ်
User Configuration မှာလည်း အပေါ်က အတိုင်း လုပ်

ဒါက Drive တွေရဲ့ Autoplay/Autorun ကို ပိတ်တာ

ပြီးရင် Computer Configuration>Windows Settings>Security Settings>Software Restriction Policies>Addition Rules ကိုသွား
Right Click > New Path Rule လုပ်

ပေါ်လာတဲ့ Window ရဲ့ Path မှာ Hard Disk ရဲ့ Partition တွေက လွဲပြီး Memory Stick ထိုး လိုက်ရင် ပေါ်လာမယ့် Driver Letter တွေ ကို အောက် က ပုံစံအတိုင်း ထည့်

Drive Letter\*.exe ဆိုပြီး ပေါ့

ပြီးရင် Security level မှာ Disallowed ပဲထား

ကျန်တာကတော့ Apply>OK ပေါ့

အားလုံး ပြီးပြီးဆိုရင်

Start>Run>gpupdate ဆိုပြီး ရိ်ုက််လိုက်...

ဒါက Drive တွေကနေ .exe တွေ run တာကို ပိတ်ထားတာ

Recycler လို Folder အယောင်ဆောင်ထားတဲ့ .exe လို Virus တွေကို ပိတ်ထားလို့ရတာပေါ့

မှားပြီး Double Click နှိပ်လိုက်ရင်လဲ... Policy က Deny လုပ်မှာလေ။

ဒါဆို နောက် ပိုင်း Memory Stick ကနေ Virus ဝင်ဖို့ ရာခိုင်နှုန်း တော်တော်နည်းသွားပြီ။

Drive Letter နေရာမှာ CD Drive တွေ... Hard disk ရဲ့ Windows တင်မထားတဲ့ တခြား Partition တွေ... Memory Stick တပ်လိုက်ရင် ပေါ်လာမယ့် Drive Letter တွေ ကို ထည့်ပေးလို့ရတယ််။

Windows ရှိတဲ့ Partition မှာ ပိတ်ထားမိရင်တော့ ဘယ် Software မှာ run မရဖြစ်သွားလိမ့်မယ်။

Drive Letter တခု အတွက် Setting တကြိမ် လုပ်ပေးရတယ်....

Drive Letter ၄ ခု လုပ်ချင်ရင် Setting လေးကြိမ် လုပ်ပေးရတယ်ပေါ့....


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

No comments :

Post a Comment