Cisco IOS images for GNS3 Simulator


Cisco နဲ့ ပတ်သက်ပြီး မလုပ်ဖြစ်တော့တာကြာနေပြီဖြစ်တဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး Refresh လုပ်မယ်ကြံစည်ပြီး GNS3 ကို Install လုပ်... IOS တွေလိုလာတော့မှပဲ နည်းနည်းပြန်ရှာရတယ်။

တွေ့ပြီဆိုတော့ ကိုယ့်လိုပဲ လိုမယ့်သူတွေ ရှိရင် အလွယ်တကူ ရပါစေဆိုပြီး တင်ပေးလိုက်ပါတယ်။

FTP နဲ့ မို့လို့... ဖြစ်နိုင်မယ်ဆိုရင် Filezilla လို Software မျိုးနဲ့ သုံးပြီး Download လုပ်တာ ပိုအဆင်ပြေပါတယ်။

Anonymous access နဲ့ရပါတယ်။

Directory တခုလုံး Download လုပ်နိုင်ရင် ပိုအဆင်ပြေတာပေါ့ဗျာ။

ကဲကဲ...ပြောနေကြာပါတယ်...အောက်က လင့်မှာ သွား ယူပေတော့ဗျာ။

ftp://ftp.unikon-ua.net/pub/Cisco/IOS/

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to solve if your Sophos Enterprise Console is not updated?


How to solve if your Sophos Enterprise Console is not updated?

သင့်ရဲ့ Sophos Enterprise Console က updated မဖြစ်တော့ဘူးဆိုတာကို သတိထားမိတဲ့အခါ သင်ဘယ်လိုဖြေရှင်းမလဲ...

လွယ်ပါတယ်... အောက်က အတိုင်းလုပ်ကြည့်ပါ။

ပထမဆုံး ... Sophos Update SourceURL တွေ အလုပ်လုပ်မလုပ် စစ်ပါ။

Update Managers မှာ သွားပြီး Source နေရာမှာ Username , Password တွေ မှန်မမှန် စစ်ပါ။ မှန်တယ် ဆိုရင် အောက်က အဆင့်ကို ဆက်သွားပါ။

dci.sophosupd.com
d1.sophosupd.com
d2.sophosupd.com

ဒီ URL သုံးခုကို Browser မှာ ရိုက်ထည့်ပြီး ပေါ်တာတဲ့ Page ကို စစ်ပါ။
"it works - authed" or "it works"  ဆိုတာ သင်မြင်ရရင် Sophos Update Source တွေနဲ့ သင့် Network နဲ့ ချိတ်ဆက်ထားမှု မှာ ပြဿနာမရှိပါဘူး။

ဒါဆို သင့် SEC မှာ ပြဿနာ တက်နေတာပါ။

၁) SEC ကို ပိတ်လိုက်ပါ။
၂) Start | Run | type: services.msc ဆိုပြီး Service ကိုသွားပါ။
၃) Sophos services တွေဆီ ရောက်တဲ့အထိ Scroll Down လုပ်ပါ။
၄) အောက်ပါ Service တွေကို အစီအစဉ်အတိုင်း Stop ပါ။
Sophos Message Router
Sophos Agent
Sophos Update Manager
Sophos Management service (ဒီ Service က တချို့ SEC Version တွေမှာ မပါပါဘူး)
၅) 'SophosUpdateMgr.exe' အလုပ်မလုပ်တာ သေချာအောင် စစ်ပါ။

၆) ပြီးပြီဆိုရင် အောက်က Path ကို ရောက်အောင် သွားပါ။

- XP/2003: C:\Documents and Settings\All Users\Application Data\Sophos\Update Manager\Update Manager
- Windows 7/2008: C:\ProgramData\Sophos\Update Manager\Update Manager

Warehouse နှင့် CIDS ဆိုတဲ့ Folder ၂ ခုတွေ့ပါမယ်။

၄င်း Folder ၂ ခုကို Warehosue.old , CIDS.old ဆိုပြီး နာမည်ပြောင်းပါ။ နာမည် တူ Folder အသစ် ၂ ခု ပြန် Create လုပ်ပါ။

၇) အောက်ပါ Service တွေကို အစီအစဉ်အတိုင်း Start ပြန်လုပ်ပါ။
Sophos Message Router
Sophos Agent
Sophos Update Manager
Sophos Management service (ဒီ Service က တချို့ SEC Version တွေမှာ မပါပါဘူး)

၈) SEC ကိုဖွင့်ပြီး parent update manager ပေါ်မှာ right click လုပ်ပါ။ Update Now ကို Select လုပ်ပါ။

9) Parent Update Manager Update ဖြစ်တာနဲ့ Child Update Manager ပေါ်မှာ Right Click လုပ်ပြီး Update Now လုပ်ပါ။

မိနစ် ၃၀ ခန့်စောင့်ပါ။ Warehouse , CIDS Folder အသစ်တွေထဲမှာ file တွေ တခုချင်း ဝင်လာတာကို သင်တွေ့ပါမယ်။

မိနစ် ၃၀... ၄၅ မိနစ်ခန့် စောင့်ပြီးတဲ့အခါ သင့် SEC Update ဖြစ်နေတာကို တွေ့ပါမယ်။

သင့်အနေနဲ့ ပိုမိုစိတ်ချစေချင်ရင်တော့ Warehouse.old , CIDS.old ထဲက File တွေကို Copy လုပ်ပြီး Warehouse, CIDS Folder တွေထဲ ပြန်ကူးထည့်ပါ။

သင့် SEC Update ဖြစ်သွားပါပြီ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)