WSUS Offline Update downloader for IT Professionals




ကျတော် အလုပ်များနေလို့ Post အသစ်မတင်နိုင်တာ တော်တော်လေးကြာသွားပါတယ်။

ဒီနေ့တော့ အမှန်တကယ် လိုအပ်ပြီး အသုံးတည့်တဲ့ Tool လေးတခု ဝေမျှချင်ပါတယ်။

တခြားတော့မဟုတ်ပါဘူး။ System ပိုင်း Network ပိုင်း အစရှိသည်ဖြင့် အလုပ်လုပ်နေရတဲ့ IT သမားတိုင်း Windows နဲ့ ကင်းလို့မရပါဘူး။

ဒီတော့ Windows နဲ့ သူ့ရဲ့ Office Application တွေအတွက် Update တွေ အမြဲ Patch လုပ်ပေးဖို့လိုပါတယ်။

ဒီအတွက် Auto Download နဲ့ အဆင်ပြေတယ်ဆိုပေမယ့် မကောင်းတဲ့ အချက်တွေလဲ အများကြီးရှိပါတယ်။

Bandwidth အလွန်အကျွံသုံးစွဲရခြင်း၊ Old Version များ အတွက် တကူးတက အချိန်ပေး၍ Patch လုပ်ရခြင်း စတာတွေ ပေါ့ဗျာ။

ဒီအတွက် တချို့ကလဲ Update အတွက် သီးသန့် Server ထားသုံးလေ့ရှိပါတယ်။

သီးသန့် Server မရှိတဲ့ IT သမားများအတွက် WSUS Offline Update Downloader Tool လေး မိတ်ဆက်ပေးချင်ပါတယ်။

Microsoft Windows Operating System တွေနဲ့ Office Application တွေအတွက် သူက Download လုပ်ပေးနိုင်ပါတယ်။

အကောင်းဆုံးကတော့ Windows XP လို OS အတွက် လိုအပ်တဲ့ Patch အားလုံးကို download လုပ်ထားနိုင်တာပါ။

XP Supporting ကို 8th April 2014 မှာ Microsoft က ရပ်တော့မယ်ဆိုတဲ့အတွက် ဒါလေးနဲ့ အကုန် download လုပ်ထားဖို့လိုအပ်ပါတယ်။

တချို့နေရာတွေမှာ XP ကို သုံးဖို့လိုအပ်နေအုံးမှာပါ။

ကဲပြောနေတာကြာပါတယ်။ အောက်က လင့်လေးမှာ download လုပ်နိုင်ပါတယ်။

မူရင်းဆိုဒ်မှ လင့် - http://download.wsusoffline.net/

Dropbox မှ လင့် - https://dl.dropboxusercontent.com/u/19356519/wsusoffline85.zip

သူနဲ့ Download လုပ်နိုင်တာတွေကတော့ အောက်ပါအတိုင်းပါတဲ့ဗျာ။

Microsoft Windows Operating System

Windows Server 2003

Windows XP

Windows Vista

Windows Server 2008
Windows Server 2008 R2

Windows 7

Windows 8

Windows Server 2012


Microsoft Office

Office 2003

Office 2007

Office 2010


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)